Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
“မြန်မာမှာပဲရှိတဲ့ Burma Syrup လေးတစ်ခု”
သံဘူး ဆိုတာ
ခုတော့ တစ်ပြည်လုံး အအေးဆိုင်တွေမှာ ရနေပါပြီ...
သူ့ရဲ့ အစ ကြံဆတီထွင်ခဲ့သူက
တက္ကသိုလ်မြေထဲက အီကိုကင်တင်းကြီး(စီနီယာ)
(ပန်းချီခန်းဆောင် အနောက်) မှ ဦးယမ်းဘီလူး ပဲ
ဖြစ်ပါတယ်...သူက တက္ကသိုလ်ဓမ္မာရုံနောက်က ဝန်ထမ်းလိုင်းမှာနေပါတယ် ...၁၉၇၄.၇၅ ဇာတ်ရှိန်တွေမြင့်နေစဥ်..
နေပူပူမှာ အမောတွေပြေစေဖို့ ...ဇီးအဆီနဲ့သစ်ခွအဆီတို့ကို
အချိုးအမျိုးမျိုးနဲ့ပေါင်းစပ် တ်ိုက်တြေးရှင်းကြည့်ရာက
တစ်ကြိမ်မှာ လိုချင်တဲ့ ကွန်ဆင်န်တြေးရှင်း ကိုရပြီး...
ဖျော်စပ်ရောင်းကြည့်တော့ အရင် လိမ္မော်ရည်
ဇီးဖျော်ရည် သစ်ခွရည် သံပုရာရည် တွေထက်
သိသိသာသာ ပိုမိုရောင်းရတာကိုတွေ့ရသတဲ့...
ခေတ်မှီအောင် သံပုရာသီးစိတ်လေးလည်းပါသပေါ့...
နာမည်တစ်ခုခုတော့ပေးမှဆိုပြီး အီကိုမိန်းမလှကျွန်းသူတွေ
ကိုကင်ပွန်းတပ်ခိုင်းတော့ တစ်နေ့မှာကျောင်းသူတွေက
သံဘူး လို့အမည်ပေးလိုက်တာ ဦးယမ်းဘီလူးကြီးလည်း
သဘောကျလက်ခံရာက သူ့ဆိုင်မှာလက်မလည်တော့သတဲ့..
နောက်တော့ အဲဒီ့ကျောင်းသူတွေကို သံဘူး အဓိပ္ပါယ်
လက်တို့ မေးကြည့်မှ..အဲဒီ့ မဆလခေတ်ကာလ
မှောင်ခိုစျေးမှာစဝင်လာတဲ့ အလွန်စျေးကြီးတဲ့...
ကိုကာကိုလာသံဖြူဘူးတွေကို တုပပြီး...သံဘူး...ရယ်လို့
လွယ်လွယ်ထိထိ မှည့်ခေါ်လိုက်ကြတာဖြစ်ကြောင်း
ရှေးဟောင်းနှောင်းဖြစ် လွမ်းစရာဗဟုသုတကလေးကို
တင်ပြလိုက်ရပါကြောင်း...။ ။
ကိုကြီးပိန်(ဘူမိ)
မန္တလေးဆောင်
(Credit...fb Photo နှင့် စီနီယာတို့ပြောပြချက်များ..မဂ္ဂဇင်းအချို့ )
ချဲလ်ဆီးအသင်းဟာ FFP စည်းမျဉ်းကို
ရှောင်ရှားဖို့အတွက် လက်တစ်လုံးခြား
လုပ်ကွက်တစ်ခုကို ပြသခဲ့ပါတယ်။
ချဲလ်ဆီးပိုင် ဟော်တယ်တစ်ခုကို
BlueCo 22 လို့ နာမည်ရတဲ့
ကုမပ္ဏီတစ်ခုဆီကို ပေါင် (၇၆.၃)သန်းနဲ့
ရောင်းချခဲ့တာပါ။
ကစားသမားရောင်းတဲ့ပိုက်ဆံနဲ့ဆိုရင်
FFP ငြိတော့မယ့် အနေအထားမှာ
အခုလိုမျိုး ဟော်တယ်ရောင်းရငွေပါ
ပေါင်းထည့်နိုင်ခဲ့တဲ့အတွက်
ချဲလ်ဆီးဟာ စည်းမျဉ်းနဲ့လွတ်သွားပါပြီ။
ပိုပြီး အံ့အားသင့်ဖို့ကောင်းတာက
BlueCo 22 ဆိုတဲ့ ကုမ္ပဏီကလည်း
ချဲလ်ဆီးပိုင်ရှင် တော့ဒ်ဘိုလေပဲ
ပိုင်တာလို့ သိရပါတယ်။
ကိုယ်ပိုင်တဲ့ ဟော်တယ်ကို
ကိုယ်ပိုင်တဲ့ ကုမ္ပဏီကိုပဲ
ပြန်ရောင်းချပြီး၊ နှစ်ပေါက်တစ်ပေါက်
ရိုက်လိုက်တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပရီးမီးယားလိဂ်ကလည်း
ဒီလို လုပ်တာဟာ တရားဝင်တယ်လို့
အသိအမှတ်ပြုခဲ့ပါတယ်။
အခုဆိုရင် သူများအသင်းတွေ
FFP ကြောင့် အမှတ်တွေ လျှော့တာမျိုး
ကြုံရနိုင်ပေမဲ့ (၁)ဘီလျံဖိုး
လူဝယ်ထားတဲ့ ချဲလ်ဆီးဟာ
လုံးဝ FFP မငြိနိုင်တော့ပါဘူး။
ကိုယ့်ဟော်တယ် ကိုယ်ပြန်ဝယ်အကွက်နဲ့
လက်တစ်လုံးတခြား လုပ်ပြနိုင်ခဲ့လို့ပါပဲ။