Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တန့်ယန်းမြို့နယ်အတွင်း ကျားဖျန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၇၆၂) ဦးကို UWSA မှ တရုတ်ထံလွှဲပြောင်း
နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်အတွင်း ကျားဖျန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၇၆၂ ဦးကို UWSA မှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း WSTV မှ ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိသူများထဲတွင် ကျားဖျန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၇၆၂ ဦးအပြင် Starlink ဂြိုလ်တု ၇၆ ခု၊ ဖုန်း ၁၅၄၉ လုံးနှင့် ကွန်ဗျူတာ ၈၂ လုံးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများကို သက်သေပစ္စည်းများနှင့်အတူ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
Credit - NV News
#သတင်းဟင်းလေးအိုးကြီး
ကိုးကန့်တပ် ခေါင်းဆောင် ဆေးကုသနေခြင်းသာဖြစ်ဟု တရုတ်အစိုးရပြော
နိုဝင်ဘာ ၂၀
တရုတ်ဘက်မှ အကျယ်ချုပ် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သတင်းထွက်ပေါ်နေသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ခေါင်းဆောင် ဖုန်တာရွှင်သည် ဆေးကုသမှုခံယူနေခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာ ၁၉ ရက်နေ့က ပေကျင်းမြို့တော်၌ပြုလုပ်သည့် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ Lin Jian က ပြောကြားခဲ့ကြောင်း South China Morning Post တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lin Jian က "MNDAA အဖွဲ့ ခေါင်းဆောင် ဖုန်တာရွှင် ဟာ တရုတ်နိုင်ငံမှာ ဆေးကုသဖို့ခွင့်တောင်းခဲ့တာဖြစ်ပြီး အခုအခါ ဆေးကုသမှုခံယူပြီး ပြန်လည်နာလန်ထူလာနေပြီ" ဟု ပြောသည်။
ဖုန်တာရွှင်သည် ပြီးခဲ့သည့် အောက်တိုဘာလက တရုတ်အစိုးရ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံရန် တရုတ်နိုင်ငံ သို့ ခရီးထွက်ခဲ့ပြီးနောက် ယနေ့အချိန်ထိ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်မရောက်လာသေးခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဖုန်တာရွှင်ကို တရုတ်က အကျယ်ချုပ် ဖမ်းထားသည်ဆိုသော သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ပုံ - နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ Lin Jianနှင့် ကိုးကန့်တပ်ခေါင်းဆောင်
#centralnewsnaypyitaw
Sasi ပါးနီ ထဲ အစ်မအကြိုက်ဆုံးအရောင်…
တော်တော်လှတာပါကွယ် 🥹
ကျောင်းသွား / ရုံးတက် daily looks နဲ့ပိုလိုက်တယ်
Blend လုပ်ရလည်း တအားလွယ်တာ
Cream သားအိအိလေးနဲ့
eyeshadow လိုပါ သုံးလို့ရတယ်
အဖုထွက်တာ ဘာညာ လုံးဝကိုမရှိဘူး
တစ်နှစ်နီးပါးအသုံးခံတယ်
#sweetbeautyworld
ကံပိုင်တည် နယ်စပ်ဂိတ်အနီးနားတွင် တိုက်ပွဲဖြစ်ပွားနေ
နိုဝင်ဘာ ၂၀
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကံပိုင်တည်မြို့ နယ်စပ်ကုန်သွယ်ရေး ဂိတ်အနီးနားတွင် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်ဖြစ်သည့် ကံပိုင်တည်မြို့အနီးက တပ်နှင့် ရဲတပ်ဖွဲ့တို့ လုံခြုံရေး ယူထားသည့် တပ်စခန်းအား KIA ဦးဆောင်သည့်အဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လာခြင်းကြောင့် တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံပြည်သူများလည်း ပြန်လည်စစ်ဘေးရှောင်နေရကြောင်း မြို့ခံပြည်သူတစ်ဦးက ပြောသည်။
"ဒီမနက်မှာ စဖြစ်လာတာဟုတ်တယ်။ ကံပိုင်တည်မြို့နဲ့ နီးတဲ့ ရဲကင်းနဲ့ တပ်စခန်းကို KIA က လက်နက်ကြီးနဲ့ လာတိုက်တာ။ အခုတိုက်ပွဲဖြစ်နေတယ်။ ပြည်သူတွေလည်း နယ်စပ်ဂိတ်ဘက်ကို ပြန်စစ်ရှောင်နေရတယ်" ဟု ၎င်းကပြောသည်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်ဖြစ်သည့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးဂိတ်အား လုံခြုံရေး ဆောင်ရွက်ပေးနေသည့် စင်ကြိုင် အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်အား KIA၊ PDF ပူးပေါင်း အဖွဲ့က အောက်တိုဘာ ၂၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့၍ ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်ကိုလည်း ပိတ်ပင်ထားခဲ့ကြောင်းသိရသည်။
ယင်းကဲ့သို့ တိုက်ပွဲများပြန်လည် ဖြစ်ပွားခဲ့၍ ဒေသခံပြည်သူအများအပြား နယ်စပ်ဂိတ်အနီး စစ်ဘေးတိမ်း ရှောင်ရခြင်းနှင့် ကုန်စည်ကားများအားလုံးလည်း ကံပိုင်တည် နယ်စပ်ဂိတ်တွင် ပိတ်မိနေကြောင်းသိရသည်။
Credit - NV Media
#သတင်းဟင်းလေးအိုးကြီး
မြန်မာနိုင်ငံသားတွေတင်ဆောင်လာတဲ့ကား တိမ်းမှောက်ပြီး (၇) ဦးသေဆုံး
နိုဝင်ဘာ ၂၀
ထိုင်းနိုင်ငံ၊ ဘန်လန်းခရိုင်အတွင်းမှာ မြန်မာနိုင်ငံသားတွေ တင်ဆောင်မောင်းနှင်လာတဲ့ ကား တိမ်းမှောက်ပြီး (၇) ဦးသေဆုံးသွားခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
သူတို့တွေဟာ တရားမဝင် နည်းလမ်းနဲ့ ဝင်ရောက်လာကြတာဖြစ်ပြီး ဘန့်ပလာရဲစစ်ရေးဂိတ် အရောက် အမြန် မောင်းနှင် ထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲ့လို ထွက်ပြေးမှုကြောင့် လမ်းကွေ့မှာ အရှိန်မထိန်းနိုင်ပဲ လမ်းဘေးမှာရှိတဲ့ လျှပ်စစ်မီးတိုင်ကို ဝင်တိုက်မိပြီး ကားဟာ ရေမြောင်းအတွင်း ပြုတ်ကျသွားခဲ့တယ်လို့ သိရပါတယ်။
ယာဉ်ပေါ်ပါလာတဲ့ မြန်မာနိုင်ငံသား အမျိုးသား (၂)ဦးနဲ့ အမျိုးသမီး (၅) ဦးသေဆုံးသွားခဲ့ပြီး ရုပ်အလောင်းတွေကို နခွန်ပတုန်ခရိုင်အတွင်းက ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်နိုင်ဖို့အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က လုပ်ဆောင်နေတယ်လို့လဲ သိရပါတယ်။
#centralnewsnaypyitaw
နာဒယ်လ်ရဲ့ တင်းနစ်ကစားသမားဘဝ အဆုံးသတ်
နိုဝင်ဘာ ၂၀
၂၀၂၄ Davis Cup ကွာတားဖိုင်နယ်ပွဲစဉ်မှာ စပိန်အသင်းဟာ နယ်သာလန်အသင်းကို အရေးနိမ့်ပြီးနောက် နာဒယ်လ်ရဲ့ ထင်ရှားကျော်ကြားတဲ့ တင်းနစ် ကစားသမားဘဝဟာ အဆုံးသတ်သွားခဲ့ပါတယ်။
ဂရမ်းဆလမ်း ဆုဖလားကို ၂၂ ကြိမ်အထိ ရရှိခဲ့တဲ့ စပိန်တင်းနစ် အကျော်အမော် နာဒယ်လ်က Davis Cup ပြိုင်ပွဲ ဟာ သူ့ရဲ့ကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲလို့ ကြေညာထားတာပါ။
အသက် ၃၈ နှစ်အရွယ်ရှိ နာဒယ်လ်ဟာ ကွာတားဖိုင်နယ်ပွဲစဉ်မှာ နယ်သာလန်တင်းနစ်သမား ဘိုတစ်ကို ၄-၆၊၄-၆ နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
စပိန်အသင်းဖော် အယ်လ်ကာရက်ဇ်က တယ်လွန်ကို ၇-၆၊ ၆-၃ နဲ့ ပြန်လည် အနိုင်ရရှိခဲ့ပေမယ့် နှစ်ယောက်တွဲ ပြိုင်ပွဲမှာ စပိန်အသင်းက နယ်သာလန်အသင်းကို အရေးနိမ့်ခဲ့တာပါ။
အဲဒါကြောင့် နယ်သာလန်အသင်းဟာ စပိန်အသင်းကို အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။
နာဒယ်လ်ဟာ စပိန်အသင်း အရေးနိမ့်ခဲ့ပြီးနောက် ကွင်းအတွင်းမှာ ပရိသတ်တွေကို နှုတ်ဆက်တဲ့ စကားပြော သွားခဲ့ပါတယ်။
နာဒယ်လ်က “ကျနော့်ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ နှစ်ပေါင်း ၂၀ ကျော်မှာ ကောင်းတဲ့ အချိန်ကာလ တွေကို ဖြတ်သန်းခဲ့ရသလို ဆိုးရွားတဲ့ အခြေအနေမှာလည်း ဆက်ကစားဖို့ တွန်းအားပေးခံခဲ့ရပါတယ်။ အမှန်တရားကတော့ ဒီလိုမျိုးအချိန်တွေကို ဘယ်တော့မှ မရောက်ချင်ပါဘူး။ တင်းနစ်ကစားရတာ မပင်ပန်း ပေမယ့် ကျနော့်ခန္ဓာကိုယ်က မကစားချင်တော့တာကြောင့် ဒါကို လက်ခံရပါမယ်။ ကိုယ်ဝါသနာပါတဲ့အလုပ်ကို အချိန်ကြာမြင့်စွာ လုပ်ခဲ့ရတဲ့အတွက် အခွင့်ထူးခဲ့တယ်လို့ ခံစားခဲ့ရကြောင်း”ပြောခဲ့တာပါ။
နာဒယ်လ်ဟာ Davis Cup ပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၀၄ ခုနှစ်ကပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ရှုံးပွဲမရှိခဲ့ပေမယ့် နောက်ဆုံးအကြိမ် ယှဉ်ပြိုင်ခဲ့တဲ့အချိန်မှာ ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။
နာဒယ်လ်ဟာ တင်းနစ်ပြိုင်ပွဲတွေမှာ ဆုဖလား အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်တွေ အတွင်း ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီးနောက် အနားယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ပုံ - နာဒယ်လ်ကို တွေ့ရစဉ်
Credit - Myanmar Sport Report
#သတင်းဟင်းလေးအိုးကြီး
ရွေးကောက်ပွဲကျင်းပပြီး သိက္ခာရှိသည့် လွှတ်တော်ကို ဖော်ဆောင်မည်
နိုဝင်ဘာ ၂၀
မိမိတို့အနေဖြ်င့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သိက္ခာရှိ သည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသော လွှတ်တော်တစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ရမည်ဟု နစကဥက္ကဋ္ဌက ပြော သည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင် ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တတ် နိုင်သမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်တစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ရမည်”ဟု ပြောသည်။
လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းမှု မရှိစေရေး၊ မဲစာရင်းများ မှန်ကန်မှုရှိစေရေး အဓိက ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကောင်စီဝင်များအနေဖြင့် မဲစာရင်းများ မှန်ကန်မှုရှိစေရေး တာဝန်ခွဲဝေ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် Myanmar Electronic Voting Machine စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့နောက် ရွေးကောက်ပွဲအား လုံခြုံရေးအရ အပိုင်းလိုက်ခွဲခြား၍လည်း ပြုလုပ်နိုင်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
နစကဥက္ကဋ္ဌသည် တရုတ်နိုင်ငံသို့ နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်နေ့ထိ သွားရောက်စဉ် လာအို၊ ထိုင်း၊ ကမ္ဘောဒီးယာ ဝန်ကြီးချုပ်များဖြင့် သီးခြားစီ တွေ့ဆုံ၍ ရွေးကောက်ပွဲ ကျင်းပမည့် အခြေအနေများကို ရှင်းပြဆွေးနွေးခဲ့ကြောင်း သိရသည်။
မိမိတို့ ကျင်းပမည့် ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်စေရေး နိုင်ငံတကာမှ လေ့လာ အကဲခတ်ရေး ကိုယ်စားလှယ်အဖွဲ့များကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော သည်။
၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အနိုင်ရသည့်ပါတီကို နိုင်ငံတော်အာဏာလွှဲပြောင်း ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားထားသည်။
#centralnewsnaypyitaw
တန်ဆောင်တိုင် ပွဲတော်ကာလအတွင်း ကျိုက်ထီးရိုးစေတီတော်သို့ ဘုရားဖူးလာရောက်သူ (၃၀၀၀၀) ကျော်ရှိ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ဘုရားဖူးလာရောက်သူ (၃၀၀၀၀) ကျော် ရှိကြောင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ (၁၇) ရက်နေ့မှ စည်ကားသိုက်မြိုက်စွာ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၅ ခုနှစ် မေလ (၁၁) ရက် ကဆုန်လပြည့်နေ့အထိ (၇) လတိုင်တိုင် ကျင်းပလျက်ရှိရာ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များတွင်လည်း ဘုရားဖူးလာရောက်သူပိုမိုများပြားကြောင်း သိရသည်။
ယခုနှစ် တန်ဆောင်တိုင်ပွဲတော်ကာလတွင် ကျိုက်ထီးရိုးစေတီတော်အပြင် ချောင်းသာ၊ ငွေဆောင် စသည့်ကမ်းခြေ ဒေသများ၊ နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၊ တောင်ကြီးတန်ဆောင်တိုင် ပွဲတော်အပါအဝင် ဒေသအသီးသီးရှိ ဘုရားစေတီပုထိုးများ၌လည်း ဘုရားဖူးလာရောက်သူများဖြင့် စည်ကားများပြားခဲ့ကြောင်း သိရသည်။