###ဗုဒ္ဓဘာသာဝင်တွေရဲ့အမြဲမပြတ်ပြုလုပ်လေ့ရှိသောကာမ\"ရူပ "အရူပ ဟုဆိုအပ်သော -ပုည ကြိယာ ကံ ၊ကတ္တား ဆယ်ပါး ၊အပြား၃၀ လောကဓမ္မတာဖြစ်ရခြင်းရဲ့ (ဘဝနိယာမ)
*** အဝီဇ္ဇာ ရှေ့သွား ရှိသော ပုညဘိသင်္ခါ ၊ အာနဥ္စာဘိသင်္ခါရ၊ ဒါန သီလ ဘာဝနာ ဟု ဆိုအပ်သော ကာမ ရူပ အရူပ ပုညကြိယာ ဆယ်ပါး အပြား ၃၀ သော (သမုဒယသစ္စာ)---တရားတို့သည် စိုးရိမ် ပူဆွေး ငိုကြွေး မြည်တမ်းရခြင်း မကင်းသော သဘော ၊ စိုးရိမ် ပူဆွေး ငိုကြွေးရခြငင်းမကင်းသော "အကျိုး -ဝိပါက် ရှိသည်ဖြစ်၏ (သုက္ကကံ)မည်ကြောင်းကို စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်၌---
......." အတ္ထိ ဘိက္ခဝေ ကမ္မံ သုက္ကံ သုက္ကဝိပါက်" ဟူ၍ ေဟာတော်မူ၏။
....ဘိက္ခဝေ၊ ကံ ကတ္တားအခြေကို အထွေထွေ ဝေဖန်လိုကြသော ရဟန်းတို့့။ ။သုက္ကံ၊ သောက စိုးရိမ် ပူဆွေး ငိုကြွေး မြည်တမ်းရခြင်း မကင်းသော သဘောရှိသော ။ သုက္ကဝိပါကံ သောကဝိပါကံ၊ စိုးရိမ် ပူဆွေ ငိုကြွေး၊ မြည်တမ်းရခြင်းမကင်းသော အကျိုး ဝိပါက်ရှိသော ။ ကမ္မံ ၊လောကဓမ္မတာ ပုညကြိယာ ဆယ်ပါး အပြား သုံးဆယ် ရှိသော "ပုညာဘိသင်္ခါရ၊ အာနဥ္စာဘိ သင်္ခါရတရား "ကံ ကတ္တားသည်။ အတ္ထိ ၊ ပရမတ္ထဓမ္မ နိယာမအားဖြင့် ထင်ရှားစွာရှိ၏။
....ထိုသို့ အဝိဇ္ဇာ ရှေ့သွား "ဒါန၊ သီလ ၊ဘာဝနာ ဟု"ဆိုအပ်သော (ကာမ. ၊ရူပ. အရူပ) ပုညကြိယာဆယ်ပါး အပြား သုံးဆယ်သော အကြောင်းရင်းခံ "သမုဒယ. "သစ္စာတရားတို့သည် "အကျိုး ဒုက္ခသစ္စာ ဘုံသုံးဖြာ တို့၌ -ဤကဲ့သို့ ဖြစ်ကြရကုန်၏။
"သတ္တဝါ ဖို မ"အနန္တတို့သည် အကြောင်းနှင့်လျော်သော အကျိုးတရား ဝိပါက် ခံစားရပုံကို စူဠကမ္မဝိဘင်္ဂသုတ်၌-လာသော
***ဒါနမယစေတနာသုံးပါး----
ဒါနမယစေတနာသုံးပါး၁၊ ၊ပေး လှူသလောက် "ဥစ္စာပစ္စည်း"ပေါများသော အကျိုးကိုပေး၏။
.......သီလမယ စေတနာသုံးပါးဟူသည်--
စေတနာသုံးပါးဟူသည်၁၊ စောင့်ထိန်းသလောက် အသက်ရှည်သောအကျိုးကိုပေး၏။
၂၊ ခြိုးခြံသလောက် အန္တရယ်ကင်းသော အကျိုးကိုပေး၏။
၃၊ ဆင်ခြင်သလောက် အဆင်းလှသော အကျိုးကိုပေး၏။
၄၊အစိုးရသလောက် တန်ခိုးကြီးသော အကျိုးကိုပေး၏။
၅၊ ရောနှောသလောက် အမျိုးမြတ်သော အကျိုးကိုပေး၏။
***ဘာဝနာ မယစေတနာ သုံးပါးဟူသည်---
-၁၊ ပွားစီးသလောက် တတ်သိလိမ်မာသော အကျိုးကိုပေး၏။
"......ကတ္တားခုနစ်ပါး ကံခုနှစ်ပါး အကျိုးအကြောင်းမျ၍ ကမ္မာကမ္မဝိနိစ္ဆယ အလို---=
၁၊ ဥစ္စာ ပစ္စည်း ပေါများလိုသော် နည်းရောင်းများ ရောင်း တောင်းပြည့်သည်ဆိုသကဲ့သို့ "စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းဒါနကိုသာ အလှည့်သင့်တိုင်းပြုပါလေ။
၂၊အသက်ရှည်လိုသော် သူတစ်ပါးအသက်ကို မညှဥ်းဆဲ မသတ်ဖြတ်အပ်။ ကြပ်ကြပ်ရှောင်ပါလေ။
၃၊ အန္တရယ် ကင်းလိုသော် သူတစ်ပါးကို မနှိပ်စက် မညှဥ်းဆဲအပ်။
၄၊ အဆင်း လှလိုသော် အမျက်ဒေါသ နှင့် သူတစ်ပါးကို မျက်စောင်း မထိုးပါလေနှင့်္။ ကြပ်ကြပ်ရှောင်ပါလေ။
၅၊ တန်းခိုးကြီးလိုသော် သူတစ်ပါး စည်းစိမ်ကို ငြူစူ စောင်းမြောင်း ပျက်စီးခြင်း မပြုပါလေနှင့်။ ကြပ်ကြပ်ရှောင်ပါလေ။
၆၊ အမျိုး မြတ်လိုသော် ခက်ထန် ခိုင်မာခြင်း မာန စိတ်မရှိပါစေနှင့် ကြပ်ကြပ်စိတ်ကိုထိန်းချုပ်လေ။
၇၊ ပညာတတ်လိုသော် စာကိုသာ ကြပ်ကြပ်သင်အံလေ။
***"ကုသိုလ် အကုသိုလ်" နှစ်ပါးရောနှော၍ တဆယ့်လေးချက်အကျိုးပေးမှု။
၁၊ ၊ဥစ္စာရှိခြင်း ၊ ကုန်လွှယ်ပျောက်လွှယ်ခြင်း။
၂၊အသက်ရှည်ခြင်း ၊သေလွှယ်ခြင်း။
၃၊ အန္တရယ်ကင်းခြင်း ၊ ဘေးသင့်ခြင်း။
၄၊ အဆင်းလှခြင်း ၊ ပျက်လွှယ်ခြင်း။(ဆိုးလွှယ်ခြင်း)
၅၊တန်းခိုးကြီးခြင်း၊ ညံ့လွှယ်ခြင်း။ (ကျလွှယ်ခြင်း)
၆၊အမျိုးမြတ်ခြင်း ၊လူမုန်းများခြင်း။
၇၊စာပေတတ်ခြင်း ၊မေ့တတ်ခြင်း။
မှတ်ချက်၊ ၊ဤ တဆယ့်လေးပါးသောအကျိုးသည်ကား ကာမ. ရူပ အရူပ ပုည ကြိယာဆယ်ပါး အပြားသုံးဆယ် သည်#ဒုက္ခသမုဒယ "နယ်တို့ကို အကျိုး အကြောင်း မျ၍သက်ရောက်စေသည်။
