ဒေါ်လာ 13,700 သာကျသင့်မယ့် Geely ရဲ့ Radar King Kong electric pickup truck
ကားထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Geely ကနေ Radar King Kong electric pickup truck ကို 13,700 USD ဝန်းကျင် စျေးနှုန်းဖြင့် တရုတ်နိုင်ငံမှာ စတင်ရောင်းချပေးသွားတော့မှာ ဖြစ်ပါတယ်။ အဆိုပါ မော်ဒယ်အသစ်က စိတ်ဝင်စားမှု သိပ်မခံခဲ့ရတဲ့ RD6 အစား ပြန်လည် ထွက်ရှိလာခဲ့တာဖြစ်ပြီး Radar King Kong ကားသစ်ကတော့ RD6 ထပ်စာရင် 5,100 USD လောက်ထိကို စျေးပိုသက်သာလာပါတယ်။
Radar ကတော့ NEV Brand တစ်ခု အဖြစ် တရုတ်နိုင်ငံကို 2022 ခုနစ်မှာ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး RD6 electric pickup truck ကတော့ Brand ရဲ့ ပထမဦးဆုံး Model ဖြစ်လာခဲ့တာပါ။ အစောပိုင်းမှာတော့ RD6 ကို 25,000 USD နဲ့ စတင်ရောင်းချဖို့ စီစဉ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရောင်းအားမကောင်းတာကြောင့် စျေးချပြီး 18,750 USD ဖြင့် ရောင်းချခဲ့ပါတယ်။ ဒါပေမယ့် ရောင်းအားက မကောင်းလာခဲ့တာကြောင့် အပြောင်းအလဲတွေ ပြုလုပ်ပြီး ဈေးပိုသက်သာတဲ့ King Kong ကို ရောင်းချဖို့ ပြင်ဆင်လာခဲ့တာပါ။
Radar King Kong ရဲ့ အရွယ်အစားကတော့ 5260/1900/1865 mm ရှိပြီး Wheelbase 5500 mm ရှိပါတယ်။ Radar King Kong ရဲ့ RWD variant ကတော့ 180 kW (241 hp) နဲ့ 309 Nm ရှိတဲ့ single e-motor ကို အသုံးပြုထားပြီး zero-to-hundred acceleration time က 8.1 seconds အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ရွေးချယ်စရာ Battery အပိုင်းမှာတော့ 42, 55, 73 နဲ့ 86 kWh ဆိုတဲ့ ရွေးချယ်စရာ ၄ မျိုး ရရှိနိုင်မှာ ဖြစ်ပြီး CLTC range ကတော့ 310 km ကနေ 605 km အထိ မောင်းနှင်နိုင်မှာပါ။
Radar King Kong ရဲ့ 4WD variant မှာတော့ 280 kW (375 hp), 485 Nm ရှိတဲ့ dual-motor ထည့်သွင်းပေးထားပြီး 100 km/h ကို 5.7 seconds အတွင်းမောင်းနှင်နိုင်မှာပါ။ ရွေးချယ်စရာ battery အပိုင်းမှာတော့ 42, 63, နဲ့ 73 kWh ဆိုတဲ့ ရွေးချယ်စရာ ၃ မျိုး ရရှိနိုင်မှာ ဖြစ်ပြီး CLTC range ကတော့ 330 km ကနေ 520 km အထိ မောင်းနှင်နိုင်မှာပါ။ ဒါ့အပြင် Radar RD6 pickup truck ရဲ့ 4WD variant က peak power ပိုင်းမှာ 315 kW (422 hp) အထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။
Radar King Kong ကို ရွေးချယ်စရာ အနေနဲ့ trim levels ၇ မျိုးရရှိနိုင်မှာ ဖြစ်ပြီး King Kong truck ရဲ့ ပထမ trim levels ၄ မျိုးကတော့ single e-motor ကို အသုံးပြုထားတာပါ။ စျေးနှုန်းအနေနဲ့ကတော့ 13,700 USD ကနေ 20,500 USD ဝန်းကျင်အတွင်း ကျသင့်မှာ ဖြစ်ပါတယ်။ ကျန်တဲ့ 4WD variant မှာတော့ 16,400USD ကနေ 21,900 USD ဝန်းကျင်အတွင်း ကျသင့်မှာပဲ ဖြစ်ပါတယ်။
ဒါကြောင့် Geely အနေနဲ့ ရောင်းအားကျဆင်းနေတဲ့ RD6 အစားပြောင်းလဲမှုတွေ ပြုလုပ်ပြီး စျေးနှုန်းပိုလျှော့ချထားတဲ့ Geely ရဲ့ Radar King Kong electric pickup truck ကရော စျေးကွက်ထဲမှာ ရောင်းအား ပြန်မြှင့်နိုင်မလားဆိုတာကို မိတ်ဆွေတို့ အမြင်လေးတွေမျှဝေပေးခဲ့ပါဦး။
#geely #radarkingkong
