Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နိုင်ငံတကာသတင်းတိုများ
၁။ယီမင်ဟူသီလက်နက်ကိုင်အဖွဲထိန်းချုပ်ထားသောယီမင်နိုင်ငံရက်အီဆာဆိပ်ကမ်းကိုအမေရိကန်လေယာဥ်များကဗုံးကြဲတိုက်ခိုက်ခဲ့ရာဆိပ်ကမ်းလုပ်သား၃၃ဦးသေဆုံးပြီး၈၀ဦးဒဏ်ရာရသည်။
၂။အမေရိကန်သမ္မတဟောင်းဘိုင်ဒင်ကအခန်းအနားများတွင်မိန့်ခွန်းပြောရန်တစ်ကြိမ်လျင်အမေရိကန်ဒေါ်လာ၃သိန်းဖြင့်အဖွဲအစည်းများကိုကမ်းလှမ်းလိုက်သည်။သိုသော်မည်သည့်အဖွဲအစည်းကမှသူ့ကိုငှားရန်စိတ်မဝင်စားကြောင်းသိရသည်။
၃။အမေရိကန်၊ယူကရိန်းနှင့်ဥရောပခေါင်းဆောင်များသည်ပြင်သစ်နိုင်ငံအယ်လ်ဆေးနန်းတော်တွင်ယူကရိန်းပဋိပက္ခဆွေးနွေးပွဲကျင်းပခဲ့သည်။
၄။ကုလသမဂ္ဂဆိုင်ရာရုရှားအမြဲတမ်းကိုယ်စားလှယ်ကလက်ရှိအနေအထားတွင်ယူကရိန်းနှင့်အပစ်အခတ်ရပ်စဲရေးမဖြစ်နိုင်သေးကြောင်းပြောလိုက်သည်။
၅။ထရမ့်ကတရုတ်နှင့်သုံးလေးပတ်အတွင်းကုန်သွယ်ရေးကိစ္စညှိနှိင်းအဆင်ပြေမည်ဟုပြောသည်။
NOM
ဒေါ်နယ်ထရမ့်ကယူကရိန်းကိုစိတ်ကုန်နေ
"တကယ်လို အဖွဲနှစ်ဖွဲထဲမှာ တစ်ဖွဲက အလွန်အခက်အခဲတွေ ဖန်တီးလာခဲ့ရင်၊ မင်းတိုက မိုက်မဲတယ်၊ မင်းတိုက အရူးတွေ၊ မင်းတိုက စက်ဆုပ်ဖွယ်လူတွေလို ပြောပြီး ဒီငြိမ်းချမ်းရေးသဘောတူညီချက်ရအောင်လုပ်နေတဲ့လုပ်ငန်းကနေ နုတ်ထွက်သွားမယ်" ဟု ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယို၏ ပြောကြားချက်များကို ကိုးကားလျက် မီဒီယာအချိုက "ယူကရိန်းသည် အခက်အခဲဖြစ်စေသည့် အဖွဲဖြစ်နိုင်သည်" ဟု ညွှန်းဆိုခဲ့သည်။
NOM
၂၀၂၅ ခုနှစ် - စစ်ကိုင်းပြတ်ရွေ့ပေါ်မှ 7.7M USGS ငလျင်ကြီး(ထိုင်းငလျင်ဌာနမှ ပြင်းအား ၈.၂ ရှိကြောင်းပြ)လှုပ်ပြီးသည့်နောက် ဧပြီလ ၁၈ ရက်၊ နေ့လည် ၁ နာရီ ၃၀ မိနစ် အထိ update အချက်အလက်များကို၊ ထိုင်းမိုးလေဝသဌာန၊ ငလျင်ဌာနမှ ရယူပါသည်၊ နောက်ဆက်တွဲငလျင်အကြိမ်ရေ ၅၈၄ ကြိမ် ရှိပြီဖြစ်ပါတယ်။
ပြင်းအား 1.0 မှ 2.9 = ၂၅၅ ကြိမ်
ပြင်းအား 3.0 မှ 3.9 = ၂၃၁ ကြိမ်
ပြင်းအား 4.0 မှ 4.9 = ၈၁ ကြိမ်
ပြင်းအား 5.0 မှ 5.9 = ၁၆ ကြိမ်
ပြင်းအား 6.0 မှ 6.9 = ၀ ကြိမ်
ပြင်းအား 7.0 = ၁ ကြိမ်(ငလျင်ကြီး လှုပ်အပြီ ၁၀ မိနစ် ခြား၍လှုပ်ခဲ့သည့် ဒုတိယငလျင်ဖြစ်သည်၊ ထိုင်းငလျင်ဌာနက နောက်ဆက်တွဲငလျင်စာရင်းမှာထည့်ထားပါသည်)
====
#crd
Captain America: Brave New World (2025)
====================================
ကပ္ပတိန်အမေရိက ၄ ကားမြောက်ရုပ်ရှင်ထွက်လာပါပြီ။ မာဗယ်ရုပ်ရှင်ရဲ့ ၃၅ ကားမြောက်ပါပဲ။ အဆင့်-၅ ရှေ့က ၃၄ ကားလုံးကိုလည်း ချန်နယ်မြန်မာ App နဲ့ Web မှာ ကြည့်နိုင်ပါပြီ။
Endgame အထိ ရုပ်ရှင်တွေကို အဆင့်-၃ လို့ ခေါ်ပြီး။ နောက်ပိုင်းရုပ်ရှင်တွေက အဆင့် ၄ မှာ ပါဝင်ပါတယ်။
အခုရုပ်ရှင်ကတော့ အဆင့် ၅ ဖြစ်လာပြီး၊ Thunderbolts နဲ့ Blade တို့လာဖို့ ရှိပါသေးတယ်။
ဒီရုပ်ရှင်ကတော့ အရင့်အရင်ကားတွေနဲ့ယှဉ်ရင် လူကြိုက်နည်းနိုင်ပေမဲ့ အရေးကြီးတဲ့ နောက်ပိုင်းအဆင့်တွေအတွက် မပါမဖြစ်မို့ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။
ဇာတ်လမ်းအကျဉ်း
ကပ္ပတိန်အမေရိကရဲ့ နေရာကို ဖယ်ကန်ဖြစ်ခဲ့တဲ့ ဆမ်ဝယ်ဆင်က ဆက်ခံပြီးတဲ့အချိန်ပါ။
ဟော့ခ်ရဲ့ ရန်သူဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ရော့စ်ကတော့ သမ္မတဖြစ်လာပါတယ်။ ဖယ်ကန်နေရာကိုတော့ ဝါကင်းဆိုတဲ့ လေတပ်ဗိုလ်လေးတစ်ယောက်က ရဖို့ ကြိုးစားနေတုန်းပါပဲ။
အီတာနယ်ရုပ်ရှင်အပြီးမှ ပေါ်လာတဲ့ စလက်စတီရယ်ရုပ်ကြီးကို သုတေသနတွေ လုပ်ကြရင်းနဲ့ ဗိုင်ဘရေနီယံထက် ပိုမာတဲ့ အက်ဒမန်တေနီယံ သတ္တုကို တွေ့ရှိသွားကြပါတော့တယ်။
အဲဒီသတ္တုကို တစ်ကမ္ဘာလုံး မျှဝေသုံးစွဲနိုင်ဖို့ သမ္မတရော့စ်က ကြိုးစားနေချိန်မှာပဲ အန္တရာယ်မျိုးစုံ ပေါ်လာပြီး စစ်ကြီးတွေပါ ဖြစ်လာမဲ့အထိ ကြုံလာပါတော့တယ်။
ဒါကို ကပ္ပတိန်အမေရိကအသစ် နဲ့ သူ့လက်ထောက်တို့ ဘယ်လိုဖြေရှင်းဖို့ကြိုးစားကြလဲဆိုတာ တွေ့ရမှာပါ။
ပိုစတာထဲမှာ မြင်မြင်နေကြတဲ့ ဟော့အနီကြီးရဲ့ ဇစ်မြစ်ကိုလည်း မြင်ရပါလိမ့်မယ်။ ကြည့်လိုက်ကြပါဦး။
#crd
#storymode
ရန်ကုန်မြို့မှာတည်ရှိပြီး လူသိပ်မသိသေးတဲ့ နှစ်ပေါင်း (၈၀၀) ကျော်သက်တမ်းရှိ
သိဒ္ဓိအောင် ရေဆန်ကျွန်းနက် မြတ်စွာဘုရားကြီး 🙏
သက်တမ်း နှစ်ပေါင်း (၈၀)ကျော် ရှိပါပြီ။
ဧရာဝတီမြစ်အတွင်းရှိ ရေဆန်ကျွန်းနက်တုံးကြီးအား
ဆယ်ယူ၍ ဆင်းတုတော်ကြီးထုလုပ်ပူဇော်ထားခြင်း
ဖြစ်ပါတယ်။ ဆင်းတုတော်ကြီးပူဇော်ထားသောနေရာသည်အင်မတန်အေးချမ်းတိတ်ဆိတ်ပြီး တရားရှုမှတ်သူများလာရောက်၍ တရားအားထုတ်သောနေရာဖြစ်ပါတယ်
မြောက်ဒဂုံ၊ (၄၈)ရပ်ကွက်၊ ဗိုလ်မှူးဗထူးအိမ်ယာဘေးထဲရှိ ယောက်ကော်အဖေကြီးတည်ထားသောဇေယျမုနိဘုရားကြီးထဲမှာ ကိန်းဝပ်စံပယ်လျက်ရှိပါတယ်
သွားရောက်ဖူးမြော်ကြည်ညိုနိုင်ကြပါစေ🙏
မြန်မာပြည်ရဲ့လူဦးရေအများဆုံး ရန်ကုန်မြို့တော်ကြီးမှာ ရှိနေပေမယ့်လည်း လူအရောက်အပေါက်နည်းပြီး အေးချမ်းဆိတ်ငြိမ်တဲ့နေရာလေးမှာ တည်ရှိတာမို့ အခါသင့်အခွင့်ကြုံတဲ့ သွားရောက်ဖူးမျှော်ကြဖို့လည်း တိုက်တွန်းနှိုးဆော်လိုက်ပါတယ်နော်
ရန်ကုန်မြို့မှာတည်ရှိပြီး လူသိပ်မသိသေးတဲ့ နှစ်ပေါင်း (၈၀၀) ကျော်သက်တမ်းရှိ
သိဒ္ဓိအောင် ရေဆန်ကျွန်းနက် မြတ်စွာဘုရားကြီး 🙏
သက်တမ်း နှစ်ပေါင်း (၈၀)ကျော် ရှိပါပြီ။
ဧရာဝတီမြစ်အတွင်းရှိ ရေဆန်ကျွန်းနက်တုံးကြီးအား
ဆယ်ယူ၍ ဆင်းတုတော်ကြီးထုလုပ်ပူဇော်ထားခြင်း
ဖြစ်ပါတယ်။ ဆင်းတုတော်ကြီးပူဇော်ထားသောနေရာသည်အင်မတန်အေးချမ်းတိတ်ဆိတ်ပြီး တရားရှုမှတ်သူများလာရောက်၍ တရားအားထုတ်သောနေရာဖြစ်ပါတယ်
မြောက်ဒဂုံ၊ (၄၈)ရပ်ကွက်၊ ဗိုလ်မှူးဗထူးအိမ်ယာဘေးထဲရှိ ယောက်ကော်အဖေကြီးတည်ထားသောဇေယျမုနိဘုရားကြီးထဲမှာ ကိန်းဝပ်စံပယ်လျက်ရှိပါတယ်
သွားရောက်ဖူးမြော်ကြည်ညိုနိုင်ကြပါစေ🙏
မြန်မာပြည်ရဲ့လူဦးရေအများဆုံး ရန်ကုန်မြို့တော်ကြီးမှာ ရှိနေပေမယ့်လည်း လူအရောက်အပေါက်နည်းပြီး အေးချမ်းဆိတ်ငြိမ်တဲ့နေရာလေးမှာ တည်ရှိတာမို့ အခါသင့်အခွင့်ကြုံတဲ့ သွားရောက်ဖူးမျှော်ကြဖို့လည်း တိုက်တွန်းနှိုးဆော်လိုက်ပါတယ်နော်