13 w - Translate

တာချီလိတ်မြိုတွင် ငွေကျပ်သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
*****************
(မှုခင်း) ဧပြီ ၁၁
ဧပြီလ ၈ ရက်နေ့ ညနေ ၆ နာရီအချိန် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ အငှားနေအိမ်တိုက်ခန်း၊ အခန်းအမှတ်(၁၅)ကို သတင်းအရ ဝင်ရောက်ရှာဖွေရာ ညီလောက်စီအား စိတ်ကြွရူး သွပ်ဆေးပြား ၁၂၀၀ ပြား၊ အဆင့်နိမ့်ဘိန်း ၁၀ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်အရ အဆိုပါအငှားတိုက်ခန်း၊ အခန်းအမှတ်(၁၇)နေ ဆိုင်ကပ်အား စိတ်ပြောင်းဆေးဝါး ကက်တမင်း ၂၄ ဂရမ်၊Happy Water ၃၅ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား၊ အဆင့် နိမ့်ဘိန်း ၂၅၀ ဂရမ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ယင်းအငှားတိုက်ခန်း အခန်းအမှတ်(၅)နေ စည်သူဖြိုးအား စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀၀ ပြား၊ HONDA CRV မော်တော်ယာဉ် ၁ စီးနှင့် အတူထပ်မံဖမ်းဆီးရမိခဲ့၍ စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂၈၅၁ ဒသမ ၇၄ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၁၄၀၀ ပြား(တစ်ပြားလျှင် ငွေ ၇၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ သိန်း ၂၈၀၉ ဒသမ ၈ သိန်း)၊ အဆင့်နိမ့်ဘိန်း ၂၆၀ ဂရမ်(တစ်ဂရမ်လျှင် ငွေ ၄၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁ ဒသမ ၀၄ သိန်း)၊ ကက်တမင်း ၂၄ ဂရမ် (တစ်ဂရမ်လျှင်ငွေ ၁၀၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၂ ဒသမ ၄ သိန်း)နှင့် Happy Water ၃၅ ဂရမ်(တစ်ဂရမ်လျှင် ငွေ ၁၁၀၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၃၈ ဒသမ ၅ သိန်း)တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံများဖြစ်သော ညီလောက်စီ၊ အသက် ၃၂ နှစ်၊ ဆိုင်ကပ်၊ အသက် ၃၉ နှစ်နှင့် စည်သူဖြိုး၊ အသက် ၂၂ နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

image

ဝံပုလွေဧရာ (dire wolf) - ဝံပုလွေ ဟုတ်သလား
-----
မျိုးသုဉ်းသွားတဲ့ ခွေးအနွယ်ဝင် သားရဲတိရစ္ဆာန် တစ်မျိုးဖြစ်တဲ့ “dire wolf” ကို သေရွာပြန် ခေါ်နိုင်ပြီဆိုတဲ့ သတင်းတွေ တက်လာလို့ ဖတ်ကြည့်ဖြစ်ပါတယ်။
Dire wolf ခေါ် “ဝံပုလွေဧရာ" ဟာ ဝံပုလွေ ကိုယ်လုံးကိုယ်ပေါက်ရှိပြီး ယနေ့ခေတ် ဝံပုလွေထက် အရွယ် ပိုကြီးပါတယ်။ အင်္ဂလိပ်နာမည်အတိုင်းဆိုရင် "ကြောက်စရာ့ဝံပုလွေ" လို့ အဓိပ္ပာယ်ရပါမယ်။ ဒိုင်နိုဆောဆိုတာ "ကြောက်စရာ့ ပုတ်သင်"လို့ အဓိပ္ပာယ် ရသလိုမျိုးပေါ့။
ပထမဆုံး ပြောချင်တာက ဝံပုလွေဧရာက ဝံပုလွေ မဟုတ်ဘူး ဆိုတာပါ။ သုတေသီတွေက အစောပိုင်းမှာတော့ ဝံပုလွေ တစ်မျိုးလို့ ထင်ခဲ့လို့၊ ကန်နစ် ဒိုင်ရတ် (Canis dirus) လို့ သိပ္ပံနာမည်ပေးခဲ့တယ်။ ၂၀၂၁ခုနှစ်က သုတေသနတစ်ခုမှာ ဝံပုလွေဧရာ အရိုးထဲက ဒီအန်အေကို ယနေ့ခေတ် ခွေးမျိုးနွယ်တွေနဲ့ မျိုးဗီဇနှိုင်းယှဉ်တဲ့ အခါမှ ဝံပုလွေဧရာ က ယနေ့ခေတ် ဝံပုလွေနဲ့ အမျိုးမနီးကြောင်း တွေ့ရှိရပါတယ်။ အရိုးအဆစ် ဆင်တူလို့သာ ဝံပုလွေပုံ ကျွန်တော်တို့ စိတ်ကူး ကြည့်မိနေတာ ဖြစ်ပါတယ်။ မြင်လွယ်အောင် ပြောရရင်၊ နီယန်ဒါတယ် (Neanderthal) လူက ကျွန်တော်တို့နဲ့ အမျိုးအနီးဆုံး လူမျိုးစိတ် ဖြစ်သလို၊ ဝံပုလွေဧရာကိုလည်း ယနေ့ခေတ် ဝံပုလွေနဲ့ အမျိုးအနီးဆုံးဖြစ်မယ်လို့ ထင်နေကြတာပါ။ ဒါပေမယ့် ယနေ့ခေတ် ဝံပုလွေတွေက ဝံပုလွေဧရာ ထက်စာရင်၊ အာဖရိက ခွေးရိုင်း (African wild dog) တို့ ခွေးအ (jackal) နဲ့ ပိုအမျိုးနီးပါတယ်။ ဒါကြောင့် ဝံပုလွေ ဧရာကို ကန်နစ် (Canis) ထဲမှာ မထားတော့ဘဲ၊ အေနိုဆိုင်ယွန် (Aenocyon) ဆိုပြီး မျိုးစု သက်သက် ခွဲထုတ် လိုက်ပါပြီ။
အခုသုတေသနကနေ မွေးလိုက်တဲ့ ဝံပုလွေဧရာက ၃ကောင်ပါ။ အထီးနှစ်ကောင်ကို Remus နဲ့ Romulus လို့ နာမည်ပေးထားတယ်။ ဝံပုလွေမ နို့စို့ ကြီးပြင်းခဲ့ပြီး ရောမမြို့ကိုတည်ထောင်တယ်လို့ ပြောစမှတ်ရှိတဲ့ ညီအကို နှစ်ယောက်ကို အစွဲပြုထားတာပါ။ အမတစ်ကောင်ကိုတော့ Game of Thrones ဇာတ်လမ်းတွဲထဲက ဇာတ်ကောင် နာမည် Khalessi လို့ ပေးထားတယ်။ အဲဒီ့ဇာတ်လမ်းမှာ Stark မိသားစုရဲ့ ဝံပုလွေတွေကိုလည်း “dire wolf” လို့ သုံးထားတာကိုး။
အခု “သေရွာပြန်” ခေါ်လိုက်နိုင်ပြီဆိုတဲ့ ဝံပုလွေဧရာတွေက အစစ်တော့ မဟုတ်ပါဘူး။ ဝံပုလွေဧရာ ဒီအန်အေ ထဲကနေ သားမွေးဖြူဖြူ ထူထူရှိမယ့်၊ ကိုယ်လုံးထွားမယ့်၊ ခေါင်း နည်းနည်းပြားမယ့် ဂျင်းန်တွေ စုစုပေါင်း (၁၄) ခုကို မှီငြမ်းပြီး ဝံပုလွေရဲ့ ဒီအန်အေမှာ ပြုပြင်လိုက်တယ်။ ပြီးတော့ ခွေးရဲ့ သားဥဆဲလ်ထဲမှာ ထည့်မွေး လိုက်တာပါ။
ဝံပုလွေဧရာက အမေရိကတိုက်မှာ နေထိုင်ခဲ့ပြီး မျိုးသုဉ်းသွားတာ လွန်ခဲ့တဲ့ နှစ်တစ်သောင်းကမှပါ။ ဝံပုလွေဧရာ နဲ့ ဝံပုလွေက လမ်းခွဲခဲ့တာ နှစ် ၅.၇ သန်းရှိပြီ ဆိုပါတယ်။ ဥရောပသားတွေ အမေရိကတိုက်ကို နယ်ချဲ့တဲ့အခါ အဲဒီ့မှာ ခွေးတစ်မျိုးကို တွေ့တယ်။ ကိုင်ယိုတီ (coyote) လို့ ခေါ်ကြတယ်။ အခုထိလည်း ရှိနေ ပါတယ်။ အဲဒီ့ ကိုင်ယိုတီ ခွေးကမှ ဝံပုလွေနဲ့ အနီးစပ်ဆုံးပါ။ ကိုင်ယိုတီက ရေခဲခေတ်တုန်းက မြောက် အမေရိက တိုက်ကို ကူးလာတဲ့ ဝံပုလွေ အနွယ်တွေပါ။ သူတို့ ဝင်လာတဲ့အချိန်မှာ ဝံပုလွေဧရာက ရှိနှင့် နေပါပြီ။ မျိုးစု တောင်မှ မတူတဲ့ သူတွေမို့လို့ မျိုးစပ်ယှက်စရာလည်း မရှိခဲ့ပါဘူး။
အဲဒီ့ သုတေသနက ဝံပုလွေဧရာရဲ့ ဒီအန်အေ နမူနာဟာ ဝံပုလွေနဲ့ ဂျင်းန်ပေါင်း (၈၀) ကွဲလွဲတယ်လို့ ဆိုတယ်။ ဝံပုလွေဧရာရဲ့ ဒီအန်အေ နမူနာက အပြည့်အစုံ မဟုတ်တာကြောင့် "အနည်းဆုံး" (၈၀) ကွဲလွဲမယ်လို့ ဆိုလို ပါတယ်။ (၈၀)ပဲ ကွဲလွဲတာ မဟုတ်ပါဘူး။ သူတို့ ပြင်တာက အဲဒီ့ထဲက အပြင်ပန်းရုပ်သွင်အတွက် အရေး အကြီးဆုံးလို့ သူတို့ ယူဆတဲ့ (၁၄)ခုပါ။ ပြင်တာကလည်း ဝံပုလွေဧရာရဲ့ ဒီအန်အေကို တိုက်ရိုက်ယူတာ မဟုတ်ဘူးနော်။ အဲဒီ့ ဒီအန်အေက အကျိုးအပျက်တွေ ဖြစ်တယ်။ အဲဒါကို အပေါက်ဖာပြီး ခန့်မှန်း ဖော်ထုတ် ထားတာ ဖြစ်တယ်။ ဝံပုလွေဧရာ ဒီအန်အေ အကျိုးအပျက်ကို ခန့်မှန်းထားတဲ့ဟာကိုမှ ဝံပုလွေရဲ့ ဒီအန်အေမှာ ပုံစံတူ ဖြစ်အောင် တနေရာစီ လိုက်ပြင်ထားတာဖြစ်ပါတယ်။ အဲဒီ့လို မျိုးဗီဇ ပြင်ထားတဲ့ ဝံပုလွေရဲ့ ဆဲလ်ဝတ်ဆံ (nucleus) ကို ယူပြီး ဆဲလ်ဝတ်ဆံ ထုတ်ထားတဲ့ သားဥဆဲလ်ထဲမှာ ထည့်လိုက်တယ်။ ပြီးတော့မှ အဲဒီ့ သားဥဆဲလ်ကို ခွေးအမမှာ ထည့်မွေးတာ ဖြစ်ပါတယ်။ (သူတို့ ထုတ်ပြန်တာကို ဖတ်ကြည့်ရသလောက်၊ သုံးထားတဲ့ သားဥဆဲလ်က ဝံပုလွေရဲ့ သားဥဆဲလ်ပဲလား၊ ခွေးရဲ့ သားဥဆဲလ်လားတော့ မသေချာပါ။)
သတင်းတွေမှာတော့ ဝံပုလွေဧရာကို သေရွာက ပြန်ခေါ်နိုင်ပြီလို့ ခေါင်းစဉ်ကြီးတွေ တပ်ရေးကြတော့ နားလည် လွဲသွားနိုင်ပါတယ်။ တကယ်တော့ ဝံပုလွေဧရာက ဝံပုလွေထက် ဂျင်းန် (၈၀) မကလည်း ပိုကွဲပြားနိုင် ပါသေးတယ်။ ကွဲပြားတဲ့ ဂျင်းန် ဘယ်လောက် ရှိဦးမလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ သက်ရှိရဲ့ ဗီဇစနစ်တွေက ဂျင်းန်တွေသာမက၊ ဂျင်းန်ကို ထိန်းညှိတဲ့ ဒီအန်အေ အစိတ်အပိုင်းတွေ (regulatory region) လည်း ကွဲပြား နိုင်ပါသေးတယ်။ ဂျင်းန် အပိတ်အဖွင့်ကို ဆက်ခြင်းခြင်း (epigenetic imprinting) မှာလည်း ကွဲပြားနိုင်ပါတယ်။ အဲဒီ့ဟာကျတော့ ဝံပုလွေဧရာရဲ့ ဒီအန်အေ တစ်ခုလုံးကို ဖော်ထုတ်နိုင်ရင်တောင်မှ သိဖို့ မဖြစ်နိုင်ပါ။
အဲဒီ့ သတင်း ခေါင်းစဉ် အတိုင်းသာဆိုရင် ချင်ပန်ဇီရဲ့ အရေးအပါဆုံး ဂျင်းန် (၁၄)ခုကို လူသန္ဓေသားမှာ ပြုပြင် ထည့်သွင်းပြီး မွေးလိုက်ရင် ချင်ပန်ဇီကို သေရွာပြန်တယ် ခေါ်နိုင်ပါ့မလား။ အခု မွေးလာတဲ့ အကောင်လေးတွေ က ဇီဝနည်းပညာ ကုမ္ပဏီတစ်ခုကနေ ဂျင်းန် (၁၄)ခု စိတ်ကြိုက်ပြင်ထားတဲ့ ဖန်စီ ဝံပုလွေလေးတွေသာ ဖြစ်ပါတယ်။
လူနဲ့ ချင်ပန်ဇီက ဆင့်ကဲဖြစ်စဉ်မှာ လမ်းခွဲခဲ့တာလည်း လွန်ခဲ့တဲ့ နှစ် (၅)သန်းလောက်က ဖြစ်လို့ ဝံပုလွေဧရာနဲ့ ဝံပုလွေထက်တောင် နှစ် တစ်သန်းလောက် နောက်ကျပါတယ်။ မျိုးဗီဇ (၁.၂) ရာခိုင်နှုန်းပဲ ကွာတယ်ဆိုတဲ့ ကျွန်တော်တို့နဲ့ ချင်ပန်ဇီတောင်မှ ဒီအန်အေ အက္ခရာပေါင်း (၃၅)သန်း ကွဲလွဲပါတယ်။ အဲဒါတွေက ဒီအန်အေ တခုလုံးမှာ ပျံ့နှံ့ပြီး ကွဲပြားနေတာ ဖြစ်လို့၊ ဂျင်းန်များစွာမှာ နည်းနည်းလေးစီ ကွဲပြားပါတယ်။ ဒီတော့ ဂျင်းန် (၁၄) ခုပဲ ပြင်ထားတဲ့ လူက ချင်ပန်ဇီ ဖြစ်လာမှာ မဟုတ်ပါဘူး။

imageimage

အုအိအိအိ အုအိအိအိ

ယူကရိန်းကို စစ်ဘက်ဆိုင်ရာအကူအညီ ပေါင် သန်း ၄၅၀ ထောက်ပံ့မည်ဟု ဗြိတိန်ကြေညာ
******************
(နိုင်ငံတကာ) ဧပြီ ၁၁
ဗြိတိန်အစိုးရက ယူကရိန်းသို့ စစ်ဘက်ဆိုင်ရာ အကူအညီအဖြစ် စတာလင်ပေါင် သန်း ၄၅၀ ထောက်ပံ့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ဂျွန်ဟာလေက ရုရှားကို ဖိအားပေးရန်နှင့် ရုရှားနိုင်ငံ၏ ယူကရိန်းနိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက်မှု အဆုံးသတ်ရန် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“ယူကရိန်းရဲ့ ကာကွယ်ရေးကို ဆက်ပြီး အားကောင်းအောင် လုပ်ဆောင်ခြင်းနဲ့ ရုရှားကို ဟန့်တားဖို့ ကျွန်တော်တို့ ခြေလှမ်းပြင်ရမှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ စစ်ရေးဆိုင်ရာ အကူအညီတွင် ရာနှင့်ချီသည့် ဒရုန်းများ တင့်ကားဖျက်မိုင်းများနှင့် စစ်သုံးယာဉ်များပြန်လည်ပြုပြင်ရေးရန်ပုံငွေများ ပါဝင်ကြောင်းသိရသည်။

ပြီးခဲ့သည့်လက လန်ဒန်တွင်ကျင်းပခဲ့သော ဥရောပခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးအပြီးတွင်လည်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ရုရှားစီးပွားရေးသမားများထံမှ သိမ်းယူထားသော ငွေကြေးများဖြင့် ယူကရိန်းကို ဘီလီယံနှင့်ချီ ထောက်ပံ့ရန် ပြင်ဆင်ထားကြောင်း ကြေညာခဲ့သည်။

image

အိမ်တန်းမပြန်ပဲ လမ်းမှာ စကေးပြနေသောကိုဝု

13 w - Translate

◾️Assistant Supervisor (Core Banking) - Yangon
Company: CHID Bank
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23494

◾️Senior Banking Assistant (Treasury) - Yangon
Company: CHID Bank
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23493

◾️Videographer and Editor - Yangon
Company: StudioA co.,ltd
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23492

image

သနားပါတယ်

ကြက်သားပလာတာလုပ်စားကြစို့😋😋😋

လုပ်ရတာအရမ်းလွယ်ကူပါတယ်ဗျ 👨‍🍳
ကျနော်ကတော့ ပလာတာကို လမ်းထိပ်ကအသင့်ဝယ်လိုက်တယ်ဗျ👍👍
ပလာတာကို
ကြက်သားအာလူး ပဲဟင်းရည်နဲ့နယ်စားပါတယ်။
လုပ်ရတာလွယ်ကူအောင်👍
ကြက်သား၊အာလူးနဲ့ ပဲကို ဆီနည်းနည်းအရည်များများလေး
တစ်ခါတည်းရောချက်ပါတယ်။

ချက်နည်းလေးရေးပေးပါမယ်။
ကြက်သားတွေကိုဆားနနွင်းနယ်ထားပါ
ကျနော်က စီပီကြက်နဲ့ချက်ပါတယ်
ကြက်ရိုးတစ်ချို့ပါရောထည့်ပါတယ်။

အာလူးတွေအခွံခွာပြီးအတုံးလေးတွေလှီးထားပါ
ကုလားပဲကိုရေကြာကြာစိမ်ပါ
ပြီးမှပေါင်းအိုးနဲ့နူးတဲ့ထိပြုတ်ထားပါ။

ချက်တော့မယ်ဆို
ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီး တို့ကို
ညက်အောင်ထောင်းပြီးဆီသပ်ပါ။

ဆီမများပါစေနဲ့
ကြက်သွန်တွေနွမ်းရင်
သစ်ရျပိုးခေါက် နဲ့ ကရဝေးရွက် ထည့်ကြော်ပါ။

မဆလာထည့်ပါ။
ဆီသပ်နံ့တွေမွှေးလာရင်
ကြက်သားတွေထည့်ချက်ပါ
ရေမထည့်ပဲဒီအတိုင်းမီးနည်းနည်းနဲ့ချက်ပါ
အဖုံးအုပ်ထားပါ။

ကြက်သားကထွက်တဲ့အရည်တွေခမ်းရင်
အာလူးတွေထည့်
ရေထည့်ပြီးနူးတဲ့ထိချက်ပါ။
နူးပြီဆိုမှ
ကုလားပဲထည့် အချိုအငန်အရသာထည့်ချက်ပါ
ဟင်းကိုအရည်နဲ့ချက်ပါတယ်။
တွဲဖက်စားဖို့ကတော့

ပူစီနံရွက် ၊ သံပုရာသီး ၊ ငရုတ်သီးစိမ်း
ကြက်သွန်နီစိမ်း တို့နဲ့လိုက်ဖက်ပါတယ်။

image