11 w - Translate

•စပါးကစားသမားဟောင်းလည်းဖြစ်တဲ့ လက်ရှိ ရီးရဲလ်ကွင်းလယ်လူ လူကာမိုဒရစ် ဟာ ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးအသင်းရဲ့ ပူးပေါင်းပိုင်ရှင်တစ်ယောက်ဖြစ်လာတော့မှာပါ ✅

image
11 w - Translate

အမော်ရင်ကတော့ သူ ပြောခဲ့သလိုပါပဲ။ ၀ုလ်ဗ်ကို ရှုံးခဲ့တဲ့ ညကပွဲမှာ လူငယ်လေးတွေကို စတင်အသုံးပြုလာပြီး အဓိကကစားသမားတွေ အနားပေးထားခဲ့ပါတယ်။ ဒုတိယပိုင်းမှ တချို့ကို ထည့်သွင်းခဲ့ပြီး ပရီးမီးယားလိဂ်ဘက်ကို အာရုံကို မစိုက်တော့ပါဘူး။

တန်းမဆင်းရဖို့အတွက်လည်း သေချာသွားပြီဆိုတော့ ယူရိုပါလိဂ်ကို မဲတင်းတော့မှာပါ။ ပရီးမီးယားလိဂ်မှာ ဘယ်အဆင့်ရောက်ရောက် ဘာမှမထူးတော့မှာမို့ သူ့လုပ်ရပ်က မှန်တယ်လို့ပြောရမှာပဲ။ ၀ုလ်ဗ်လည်း တန်းမဆင်းရဖို့အတွက် သေချာသွားပါပြီ။

ဒါပေမယ့် ယူနိုက်တက်ဟာ အကြီးစား ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ရမယ်ဆိုတာက ငြင်းမရပါဘူး။ သူတို့ပိုင်ဆိုင်ထားတဲ့ အရန်ကစားသမားအများစုက ဘယ်လိုမှ သုံးမရအောင်ကို ဖြစ်နေပါပြီ။

image
11 w - Translate

နှမြောမိတယ်
နှမြောမိတယ် ဆိုတာက
မတန်ဘဲပေးခဲ့မိတဲ့ စေတနာတွေနဲ့
အကျိုးမရှိဘဲ ဖြုန်းခဲ့မိတဲ့ အချိန်တွေကိုပါ
တစ်ခုခုဆို
အလေးအနက်ထားလွန်းတဲ့ကိုယ်က
သွေးအေးတဲ့သူတွေဆို မုန်းခဲ့ဘူးတယ်
ဒါပေမယ့်
တဖက်လူ ဘယ်လိုခံစားသွားရမလဲလို့
ထည့်စဥ်းစား မပေးတတ်တဲ့သူတွေနဲ့တွေ့တော့
ကိုယ်လည်း သူတို့လိုပဲ
သွေးအေးစွာ
တုန့်ပြန်ချင်တတ်ပြန်ရော
ခက်တာက
အလေးအနက်ထားလွန်းသူက
အထိအရှတွေများပြီး
ပြတ်သားတတ်မှ ဒဏ်ရာကင်းတယ်ဆိုတာ
ကိုယ်က အစက ကြိုမသိခဲ့ဘူး
ရခဲ့ဘူးတဲ့
နောင်တထဲမှာ
ကိုယ့်ကိုဂရုမစိုက်တဲ့သူတွေကိုမှ
ကိုယ်က ဂရုစိုက်ခဲ့မိတာတွေလည်းပါတယ်
ပျော်စရာဆိုတာ
လူမသိအောင် တိတ်တိတ်လေး
ခိုးငိုရတာဖြစ်ပြီးတော့
အမှတ်တရ ဆိုတာ
တဖက်သတ်ချည်တဲ့ သံယောဇဉ်တွေနဲ့
တစ်ဘဝစာ ရခဲ့တဲ့ ဒဏ်ရာတွေပဲ ဖြစ်ခဲ့တယ်
နာကျင်စရာ
ကောင်းပါတယ်
ရင်ဘတ်တည့်တည့်ကို ဆောင့်ကန်သွားတဲ့ ခြေထောက်တွေကိုမှ
အမြဲသတိရနေတတ်သူတွေက
တစ်ချို့နေ့တွေမှာတော့
သူတို့ကို သူတို့တောင် မေ့နေတတ်တဲ့သူတွေပါ
အသည်းအသန် ရှင်းပြနေတဲ့ကြားက
လွဲသွားတဲ့ နားလည်မှုတွေဟာ
အတော် စိတ်ကုန်ဖို့ ကောင်းပါတယ်
နှမြောမိတယ်
နှမြောမိတယ် ဆိုတာက
ပြတ်တောက်သွားတဲ့ ဆက်ဆံရေးတွေနဲ့
ဘဝထဲက ထွက်သွားကြတဲ့ လူတွေကို
နှမြောတာ မဟုတ်ပါဘူး
မတန်ဘဲပေးခဲ့မိတဲ့စေတနာတွေနဲ့
အကျိုးမရှိဘဲ ဖြုန်းခဲ့မိတဲ့
အချိန်တွေကိုပါ
တကယ်တော့
ဘယ်တရားနဲ့မှ ဖြေစရာမလိုပါဘူး
တကယ် လိုအပ်တာက
ကိုယ့်ကိုမလိုတော့တဲ့ သူတွေကို
ကိုယ်ကလဲ မလိုလိုက်တော့ ရုံပါပဲ
အရှင်ဇဝန သူစိတ်ကြိုက် စာ ပေ များ
#wynncho
#crd

မေတ္တာဆိုတဲ့ သဘောတရား <br>လူအများ နားလည်လွယ်အောင် ရိုးရိုးရှင်းရှင်း ဟောပြောဆုံးမပေးထားသော ပါချုပ်ဆရာတော်ဘုရားကြီး၏ တစ်မိနစ် တရားတော် <br>#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး <br>#ဒေါက်တာန

11 w - Translate

𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆🚨🔴
ရာသီကုန်ရင် ယူနိုက်တက်အသင်းနဲ့စာချုပ်ကုန်မယ့် ဂိုးသမား တွန်ဟီတန် နဲ့ နောက်ခံလူ ဂျွန်နီအီဗန်တို့ဟာ စာချုပ်သစ်မချုပ်ဘဲ အသင်းက​နေ ထွက်ခွာကြမှာဖြစ်ပါတယ် ❌
[Fabrizio]🌕

image
11 w - Translate

ပရီးမီးယားလိဂ်ဆီကို လိဒ်ယူနိုက်တက်တို့ ပြန်လာပါပြီ။ ညက ၆ဂိုးပြတ်နိုင်ပွဲကို ယူပြီးနောက် လက်ကျန် ၂ပွဲအလိုမှာပဲ တိုက်ရီုက်တန်းတက်ခဲ့တာပါ။ လိဒ်နဲ့အတူ ဘန်လေလည်း တန်းပြန်တက်နိုင်ခဲ့ပြီး ချန်ပီယံရှစ်ကနေ တန်းတက်ခွင့် တနေရာအတွက် ပလေးအော့ပွဲတွေကို စောင့်ကြည့်ရပါတော့မယ်။
လိဒ်ယူနိုက်တက်ဟာ ၈၉ ဂိုးအထိ သွင်းခဲ့‌ပြီး တိုက်စစ်အားအကောင်းဆုံးအသင်းအဖြစ် ရှိနေခဲ့ပါတယ်။ တိုက်စစ်ပိုင်း အားသာချက်နဲ့ပဲ သူတို့က နိုင်ပွဲတွေရခဲ့ပြီး ပရီးမီးယားလိဂ်ဆီ ပြန်ရောက်လာခဲ့တာပါ။ တဖက်မှာ ဘန်လေကလည်း ခံစစ်ပိုင်းအကောင်းဆုံးအသင်းအဖြစ်ရှိခဲ့ပြီး ၄၄ ပွဲမှာ ၁၅ ဂိုးတည်းသာ ပေးထားရတာပါ။ သူတို့နဲ့ ထိုက်တန်တဲ့နေရာတွေပါပဲ။
ချန်ပီယံဘယ်အသင်းဖြစ်မလဲဆိုတာ လက်ကျန် ၂ပွဲက ဆုံးဖြတ်မှာပါ။ လိဒ်လား၊ ဘန်လေလားဆိုတာကတော့ စိတ်ဝင်စားစရာအဖြစ်ရှိနေပါတယ်။ ပလေးအော့ကန်ခွင့်ကိုတော့ ရှက်ဖီး၊ ဆန်းဒါးလန်း၊ ဘရစ္စတိုးနဲ့ ကိုဗင်ထရီတို့ ရဖွယ်ရှိပါတယ်။

image

🙏🙏🙏🙏🙏🙏🙏

image

??????????❤️❤️❤️❤️❤️❤️

11 w - Translate

Luck (2022)
~ IMDb rating – 6.3/10 ~
Apple TV ကနေ လွှင့်တဲ့ကာတွန်းကားအသစ်ကောင်းကောင်းလေးတစ်ကား ထပ်ထွက်ပါတယ်။ ဆမ်ဆိုတဲ့မိဘမဲ့ဂေဟာက ကောင်မလေးတစ်ယောက်ပေါ့။ ငယ်ငယ်ကတည်းက ကံအမြဲဆိုးပြီး အကုန်တလွဲဖြစ်တယ်၊ မွေးစားမိဘလည်းရှာမရဘဲ အသက် ၁၈ နှစ်ပြည့်သွားလို့ ကိုယ်ပိုင်အခန်းကိုပြောင်းပြီး အလုပ်လုပ်နေရတဲ့ ကောင်မလေးပါပဲ။ တစ်နေ့မှာတော့ သူဘာလို့ ကံတွေဆိုးနေလဲဆိုတဲ့အဖြေကို မတော်တဆတွေ့သွားပါတော့တယ်။
တကယ်တော့ လူသားတွေဆီကို ကံဆိုးခြင်းတွေကံကောင်းခြင်းတွေကို ပို့နေတဲ့နေရာတွေရှိပါတယ်။ အဲဒီမှာ ဌာနပေါင်းစုံရှိပြီး ကံဆိုးနည်းကံကောင်းနည်းမျိုးစုံကို သတ္တဝါပေါင်းစုံက စီမံထုတ်လုပ်နေပြီး လူတွေဆီကို ကြုံသလိုပို့နေတာကို သိလိုက်ရတာပါ။ အဲဒီ ကမ္ဘာတွေဆီကို ဆမ် တစ်ယောက် မတော်တဆရောက်သွားပြီး သူအလိုချင်ဆုံးဆန္ဒတစ်ခုအတွက် ကံကောင်းဖို့ ကြိုးစားလာတဲ့အခါ…

ဇာတ်ကားလင့်
https://t.me/c/2186686827/259

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image

#cute