15 w - Translate

မန်ယူအသင်း ရှုံးပွဲဆက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ကြောင်း နည်းပြ အာမိုရင်ပြော

မန်ယူအသင်းအနေနဲ့ ရှုံးပွဲတွေ များလိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။

နောက်ဆုံးပွဲစဉ်မှာ ဝုဗ်အသင်းကို ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ မန်ယူအသင်းဟာ နောက်ဆုံး ၃ ပွဲ ဆက်တိုက် ရှုံးပွဲတွေ့ခဲ့တာဖြစ်ပြီး နောက်ဆုံး ၇ ပွဲမှာ ၅ ပွဲအထိ ရှုံးပွဲတွေ့ခဲ့ရတာပါ။

မန်ချက်စတာယူနိုက်တက် နည်းပြတယောက်အနေနဲ့ အမြဲတမ်းဖိအားရှိနေမှာဖြစ်ပြီး ဒီလောက်အထိ ရှုံးပွဲဆက်လိမ့်မယ်လို့တော့ မမျှော်လင့်ခဲ့ကြောင်း၊ လက်ရှိအခြေအနေကို မပြောင်းလဲနိုင်ဘူးဆိုရင် ရာထူးကနေ ထုတ်ပယ်ခံရတဲ့အထိ ဖြစ်လာနိုင်ကြောင်း နည်းပြ အာမိုရင်က ပြောပါတယ်။

မန်ယူအသင်းဟာ လာမယ့်တပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်နဲ့ အိမ်ကွင်းမှာ ကစားပြီးနောက်မှာ လီဗာပူး၊ အာဆင်နယ်အသင်းတွေနဲ့ ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
DVB

Read More
image
15 w - Translate

Make it black
My deepest condolences

00:00
00:00
15 w - Translate

မိန်းမရှိခိုး သွားမကျိုးတဲ့
အဲလိုကောင်တွေက သပ်သပ်ကိုရှိတာ

00:00
00:00
15 w - Translate

Nvidia ၏ CEO နှင့် အမေရိကန် တွင် ဆယ်ဦးမြောက် အချမ်းသာဆုံးပုဂ္ဂိုလ် Jensen Huang သည် အခွန်ငွေ ဒေါ်လာ 8 ဘီလီယံကို ရှောင်ရန် ကြိုးပမ်းခဲ့သည်ဟု NYT သတင်းတစ်ပုဒ်အရ ဆိုသည်။

Nvidia (NASDAQ:NVDA) ၏ CEO နှင့် ပူးတွဲတည်ထောင်သူ Jensen Huang သည် AI ချစ်ပ်များတွင် ၎င်း၏ကုမ္ပဏီ၏လွှမ်းမိုးမှုကိစ္စများသာမက အခြားသတင်းခေါင်းကြီးဖန်တီးလျက်ရှိနေသည်။ Huang သည် ဖက်ဒရယ်အိမ်ခြံမြေနှင့် လက်ဆောင်အခွန်များမှ ဒေါ်လာ ၈ ဘီလီယံခန့်ကို ကာကွယ်ရန် တရားဝင်အခွန်မဟာဗျူဟာများကို အသုံးချနေသည်ဟု The New York Times ၏ မကြာသေးမီက စုံစမ်းစစ်ဆေးမှုတစ်ခုအရ သိရသည်။ ဤတုန်လှုပ်ချောက်ချားဖွယ်ရာ နံပါတ်သည် ကြွယ်ဝချမ်းသာသူများသည် ၎င်းတို့၏ငွေကို ကာကွယ်ရန် တရားဥပဒေဆိုင်ရာ ဟာကွက်များကို မည်သို့အသုံးပြုသည်နှင့် ပတ်သက်၍ ပိုမိုကျယ်ပြန့်သော ဆွေးနွေးမှုကို လှုံ့ဆော်ပေးလျက်ပါသည်။

image
15 w - Translate

လစာထုတ်ပြီးနောက်
I'm rich now hehe 🤣

00:00
00:00
15 w - Translate

ထိုင်းနဲ့ အမေရိကန်ကိုတောင် ကျော်တက်နေတဲ့ ဘာမေးရှားနိုင်ငံတော်ကြီးရဲ့ အိမ်ခြံမြေစျေးကွက်
ယခု မြင်တွေ့နေရတာကတော့ ဦးဝိစာရလမ်းပေါ်က ပေ ၁၀၀ ပတ်လည် ၃ ကွက်တွဲ
ထောင့်ကွက်ကိုမှ ဂရမ်အမည်ပေါက်ရမယ့် ပေ၁၀၀x၃၀၀ အကျယ်အဝန်းရှိ အရောင်းကွက်ပဲဖြစ်ပါတယ်။
မြောက်ဒဂုံမြို့နယ် ၄၁ ရပ်ကွက်မှာရှိတဲ့ ဒီမြေကွက်ရဲ့ အရောင်းစျေးနှုန်းကတော့ ၁ ပေပတ်လည်ကို ၆.၃ သိန်းနှုန်းကျသင့်မယ့် ကျပ် သိန်း ၁၈၉၀၀၀ ဖြစ်တယ်လို့ အကျိုးတော်ဆောင်တွေက စျေးဖော်ပြလာပါတယ်။
သင်ဟာ ၁ လကို ကျပ် သိန်း ၁၀၀ ဝင်ငွေရှိသူဆိုရင်တောင် ဒီခြံကြီးကို ဝယ်နိုင်ဖို့ နှစ်ပေါင်း ၁၆၀ လောက် ပေးချေရမှာဖြစ်ပါတယ်။
Credit

image
15 w - Translate

Game Of The Year 2024 ကို Astro Bot က ရရှိသွားပြီးနောက် ဝူခုန်းဂိမ်းရေးဆွဲသူ တွေ မျက်ရည်ကျတဲ့အထိ စိတ်ထိခိုက်သွားကြတယ်လို့ ဆိုပါတယ်။ Black Myth: Wukong ထုတ်လုပ်သူ ဖုန်ကျီကလည်း The Game Awards ရဲ့ Game of The Year ဆုရွေးချယ်မှုအပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။
"ကျွန်တော် (ဒီပွဲကို) အလကားသက်သက် လာခဲ့ သလို ခံစားရတယ်။" လို့ ဖုန်ကျိက သူ့ Weibo လူမှု ကွန်ရက်ပေါ်မှာ ဖွင့်ဟခဲ့ပါတယ်။
fan တချို့ကလည်း Black Myth ဂိမ်း ဆုမရတဲ့ အပေါ် ဒေါသထွက်ခဲ့ပါတယ်။ ဩစတြေးလျက video game အကြောင်း ရေးသူ အာလာနက် ပီးယာ့စ်ကတော့ Game of The Year နဲ့ လွဲချော်လို့ အခုလို ပေါက်ကွဲ တာမျိုး မမြင်ဖူးဘူးလို့ ဆိုပါတယ်။ ဆုမရတဲ့အပေါ် စိတ်ပျက်တာ နားလည်နိုင်ပေမယ့် Game Awards ပွဲမှာ အခုလို ခံစားချက်တွေ ထွက်လာတာက ထူးဆန်းနေတာ ပါ။
Black Myth ကိုဆွဲခဲ့တဲ့ Game Science ရဲ့ CEO ဖုန်းကျိက အရင်နှစ်နှစ်ကတည်းက Game of The Year ဆုယူရင် ပြောမယ့်စကားတွေကို ကြိုရေးထားခဲ့တာ ပါ။ Wukong ဂိမ်းအနေနဲ့ Game Of The Year မရခဲ့ပေ ໑ Player's Choice Best Action Game ဆုတွေရခဲ့သလို ဆု ၅ဆုအတွက်လည်း ဆန်ကာတင် စာရင်းဝင် ခဲ့ပါတယ်။
စီးပွားရေးဘက်ကကြည့်ရင်လည်း Black Myth က အကြီးအကျယ်အောင်မြင်ခဲ့တာပါ။ ၃ ရက်အတွင်း ဂိမ်း ခွေပေါင်း ၁၀ သန်း နဲ့ တစ်လအတွင်း သန်း ၂ဝ ကျော် ရောင်းချနိုင်ခဲ့တာကြောင့် သမိုင်းတစ်လျှောက် အ ရောင်းသွက်ဆုံးဂိမ်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
လူကြီးမင်းတို့ကောဘယ်လိုမြင်ကြလဲဗျ။
Credit

Read More
image
15 w - Translate

That kick sounds like a whip-crack
ပြင်းလိုက်တဲ့ kick..အသံကိုက ဖျောင်းခနဲပဲ

00:00
00:00
15 w - Translate

တန်ဖိုးမြင့် EV လူစီးယာဉ်များကို အကောက်ခွန်သိုလှောင်ရုံအတွင်း ထည့်သွင်းခွင့်မပြုတော့
ရန်ကုန်၊ ဒီဇင်ဘာ ၂၈
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီရဲ့ သတ်မှတ်ချက်အထက် တန်ဖိုးမြင့်မားတဲ့ လျှပ်စစ်သုံး လူစီးယာဉ်တွေကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး အကောက်ခွန်သိုလှောင်ရုံအတွင်း ထည့်သွင်းခွင့်မပြုတော့ကြောင်း အကောက်ခွန်ဦးစီးဌာနကနေ သိရပါတယ်။
ထည့်သွင်းခွင့်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိသာ ခွင့်ပြုပေးမှာဖြစ်ပြီး ကျန် Taxi ၊ အများသုံးယာဉ်နဲ့ လုပ်ငန်းသုံးယာဉ်တွေကိုတော့ ယခင်အတိုင်း ဆက်လက်ခွင့်ပြုမယ်လို့ အသိပေးကြေညာထားပါတယ်။
၂၀၂၃ ခုနှစ်အတွင်း တင်သွင်းခွင့်ရထားတဲ့ EV ယာဉ်တွေကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ မြန်မာ့ဆိပ်ကမ်းကို နောက်ထားပြီး ရောက်ရှိရမှာဖြစ်ပြီး သတ်မှတ်ရက်ထက် ကျော်လွန်ရောက်ရှိပါက သိမ်းဆည်းခံရမှာဖြစ်ကြောင်းလည်း မြန်မာမော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လမှာ နိုင်ငံခြားငွေလဲနှုန်း အပြောင်းအလဲကြောင့် EV အမှတ်တံဆိပ်အချို့ကို အဆမတန် ဈေးတင်ရောင်းချမှုတွေ ရှိခဲ့ပေမယ့် လက်ရှိမှာ ဈေးချပြီး ပုံမှန်ဈေးအတိုင်း ရောင်းချလာကြတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ EV ယာဉ်နဲ့ ဆက်စပ်လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ကုမ္ပဏီ(၈၀)ကျော်ကို လုပ်ကိုင်ခွင့်ပြုပေးထားပေမယ့် အမှန်တကယ် လုပ်ငန်းလည်ပတ်နေတာကတော့ ကုမ္ပဏီ (၄၀)ကျော်ပဲ ရှိသေးတယ်လို့ ဝါရင့်ကားဝယ်ရောင်းလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

Read More
image
15 w - Translate

အောမေတို့ဆိုသည်မှာလည်း....🤣

image