3 d - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ငလျင်လှုပ်ပြီးနောက် ရန်ကုန်မြို့ရှိ တိုက်ခန်း၊ အထပ်မြင့်အဆောက်အအုံများ ဝယ်လိုအားကျဆင်း
အင်အားရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန် ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ တိုက်ခန်းကွန်ဒိုများ၊ အထပ်မြင့်အဆောက်အအုံများ ဝယ်လိုအား သိသိသာသာ ကျဆင်းလာနေပြီး ဈေးလျှော့ကာ ပြန်လည်ရောင်းချခြင်းများ ရှိနေကြောင်း ဆောက်လုပ်ရေးဈေးကွက်မှ သိရသည်။
အထပ်မြင့်ကွန်ဒိုများနှင့် တိုက်ခန်းနေထိုင်သူအချို့က ပြန်လည် ရောင်းချလာပြီး တိုက်ခန်းဈေးနှုန်းများလည်း အနည်းငယ်ကျဆင်းလာကြောင်း အိမ်ခြံမြေဈေးကွက်အတွင်းမှ သိရသည်။
“တိုက်ခန်း အရောင်းအဝယ်ကတော့ပါးတယ်။ဝယ်လိုအားမလာ တော့ဘူးဆိုရင်တော့ ဈေးတွေကျပြီး ထိုးရောင်းကြမှာပဲလေ။ တိုက်ခန်း၊ ကွန်ဒို၊ အထပ်မြင့်တွေအားလုံးက ငလျင်ဒဏ်မခံနိုင်လို့ ပြိုကျတာဆိုတော့ အားလုံးက ကြောက်လန့်ပြီး မဝယ်ကြတော့တာ။ ဒီအချိန်မှာ မန္တလေးမှာ နေကြတဲ့ သူတွေက ရန်ကုန်ကို လာကြတာပေါ့” ဟု ကန်ထရိုက်ဆောက်လုပ်ရေးလုပ်ငန်း ရှင်တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့်နှစ်မှစတင်ကာ ရန်ကုန်မြို့သို့ အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်းနေထိုင်သူများပြားလာပြီးနောက် ရန်ကုန်မြို့ရှိ အိမ်ခြံမြေအငှား ဈေးကွက်မှာမူ သိသိသာသာမြင့်တက်လာနေပြီး အိမ်ငှားရမ်းခနှုန်းထားများလည်း သိသိသာသာ မြင့်တက်လာလျက်ရှိသည်။

image