11 ပတ် - ဘာသာပြန်ပါ။

Nivea ရဲ့ New Item Extra Bright C & AHA Lotion
ဘယ်သူမှ မသုံးသေးခင် ဦးဦးဖျားဖျား သုံးချင်တဲ့ သူတွေဆို ယူချလိုက် 😬
Nivea က အသစ် ထပ်ထုတ်ရင် မကောင်းမှာကိုတော့ လုံးဝ မပူနဲ့
အနံ့နဲ့တင် ကြွေဆင်းသွားစေမဲ့ Lotion မို့ ယူဖြစ်အောင်သာ ယူပါ
Skin Renewal မလို့ အသားရည် ပျက်စီးထားတာတွေ နေလောင်ထားတာတွေကို သက်သာစေပြီး
UV Filter လဲ ပါလို့ နေပူထဲ သွားရတဲ့ သူတွေအတွက်လဲ အဆင်ပြေစေပါတယ်
Vit C 50X ပါဝင်လို့ အသားရည်ကို ဖြူစေပြီး Gluta / Niacinamide ပါလို့ အမဲစက် / အမာရွတ်တွေပါ သက်သာစေတယ်နော်
စေးကပ်မှု မရှိပဲ အသားထဲ စိမ့်ဝင်တာကလဲ သူ့ရဲ့အကြိုက် တွေ့စရာ အချက်ပါ
အနံ့လေးကလဲ အေးပြီး လန်းဆန်းတဲ့ အနံ့လေးမလို့
နွေရာသီမှာ အကြိုက်များလာတဲ့ Lotion လေး ဖြစ်လာဦးမှာပါ
300ml - 22000k
Instock

image
11 ပတ် - ဘာသာပြန်ပါ။

Nivea ရဲ့ New Item Extra Bright C & AHA Lotion
ဘယ်သူမှ မသုံးသေးခင် ဦးဦးဖျားဖျား သုံးချင်တဲ့ သူတွေဆို ယူချလိုက် 😬
Nivea က အသစ် ထပ်ထုတ်ရင် မကောင်းမှာကိုတော့ လုံးဝ မပူနဲ့
အနံ့နဲ့တင် ကြွေဆင်းသွားစေမဲ့ Lotion မို့ ယူဖြစ်အောင်သာ ယူပါ
Skin Renewal မလို့ အသားရည် ပျက်စီးထားတာတွေ နေလောင်ထားတာတွေကို သက်သာစေပြီး
UV Filter လဲ ပါလို့ နေပူထဲ သွားရတဲ့ သူတွေအတွက်လဲ အဆင်ပြေစေပါတယ်
Vit C 50X ပါဝင်လို့ အသားရည်ကို ဖြူစေပြီး Gluta / Niacinamide ပါလို့ အမဲစက် / အမာရွတ်တွေပါ သက်သာစေတယ်နော်
စေးကပ်မှု မရှိပဲ အသားထဲ စိမ့်ဝင်တာကလဲ သူ့ရဲ့အကြိုက် တွေ့စရာ အချက်ပါ
အနံ့လေးကလဲ အေးပြီး လန်းဆန်းတဲ့ အနံ့လေးမလို့
နွေရာသီမှာ အကြိုက်များလာတဲ့ Lotion လေး ဖြစ်လာဦးမှာပါ
300ml - 22000k
Instock

image
11 ပတ် - ဘာသာပြန်ပါ။

Nivea ရဲ့ New Item Extra Bright C & AHA Lotion
ဘယ်သူမှ မသုံးသေးခင် ဦးဦးဖျားဖျား သုံးချင်တဲ့ သူတွေဆို ယူချလိုက် 😬
Nivea က အသစ် ထပ်ထုတ်ရင် မကောင်းမှာကိုတော့ လုံးဝ မပူနဲ့
အနံ့နဲ့တင် ကြွေဆင်းသွားစေမဲ့ Lotion မို့ ယူဖြစ်အောင်သာ ယူပါ
Skin Renewal မလို့ အသားရည် ပျက်စီးထားတာတွေ နေလောင်ထားတာတွေကို သက်သာစေပြီး
UV Filter လဲ ပါလို့ နေပူထဲ သွားရတဲ့ သူတွေအတွက်လဲ အဆင်ပြေစေပါတယ်
Vit C 50X ပါဝင်လို့ အသားရည်ကို ဖြူစေပြီး Gluta / Niacinamide ပါလို့ အမဲစက် / အမာရွတ်တွေပါ သက်သာစေတယ်နော်
စေးကပ်မှု မရှိပဲ အသားထဲ စိမ့်ဝင်တာကလဲ သူ့ရဲ့အကြိုက် တွေ့စရာ အချက်ပါ
အနံ့လေးကလဲ အေးပြီး လန်းဆန်းတဲ့ အနံ့လေးမလို့
နွေရာသီမှာ အကြိုက်များလာတဲ့ Lotion လေး ဖြစ်လာဦးမှာပါ
300ml - 22000k
Instock

image
image
image
image
image
11 ပတ် - ဘာသာပြန်ပါ။

သွေးပေါင်တိုင်းနိုင်တဲ့ ကမ္ဘာ့ပထမဆုံး စမတ် band
စမတ် band တွေထဲမှာ Asus vivoWatch 6 AERO လေးက ကျန်းမာရေးသုံးဖို့ တော်တော်ကောင်းပါတယ်။
vivoWatch 6 AERO မှာက display အောက်ဘက် PPG နဲ့ ECG sensor ပေါ် လက်ညှိုးတင်ပြီး သွေးပေါင်ရော နှလုံးလှုပ်ရှားမှုပုံစံကိုပါ တိုင်းနိုင်ပါတယ်။ BP နဲ့ ECG နှစ်မျိုးလုံး ရတဲ့ ကမ္ဘာ့ပထမဆုံး စမတ် wristband လို့ ကုမ္ပဏီက ပြောပါတယ်။
သွေးတိုး/သွေးပေါင်ကျတတ်သူတွေ နဲ့ ကိုယ့်သွေးပေါင်ကို တောက်လျှောက်ကြည့်ချင်သူတွေအတွက် အတော်အသုံးတည့်မယ့် smart band ပါ။ အလေးချိန်လည်း ၂၇ ဂရမ်ပဲ ရှိလို့ လက်မှာအမြဲ ပတ်ထားဖို့ တော်တော် lightweight ဖြစ်ပါတယ်။
sensor နဲ့ စစ်ထားတဲ့ အချက်အလက်တွေကိုလည်း ၁.၁ လက်မ AMOLED display မှာ ချက်ချင်းကြည့်လို့ ရပါတယ်။ သွေးဖိအားတိုင်းတာအပြင် တစ်နေ့ ခြေဘယ်နှစ်လှမ်း လှမ်းဖြစ်တယ် ၊ နှလုံးခုန်နှုန်း ပုံမှန်ဟုတ်မဟုတ် ၊ သွေးတွင်းအောက်ဆီဂျင်အခြေအနေ ၊ ကယ်လိုရီဘယ်လောက်ရှိတယ်နဲ့ အိပ်စက်ချိန်နာရီပါ မှတ်သားနိုင်မှာပါ။
Asus က vivoWatch 6 AERO မှာ ASUS Health AI 5.0 ဆိုတဲ့ အဆင့်မြင့် AI system သုံးထားပါတယ်။ ဒီ AI System က ဆေးဘက်ဆိုင်ရာ algorithms နဲ့ ဇီဝအာရုံခံနည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ ဖန်တီးထားတဲ့ စနစ်ပါ။ တခြား specs တွေအနေနဲ့ GPS sensor ၊ Bluetooth 5.0 စနစ် ၊ 5ATM ရေစိမ်ခံနည်းပညာနဲ့ ၅ ရက်အထိ အားခံမယ့် 135mAh ဘက်ထရီတွေလည်း ပါပါမယ်။
Android 8 နဲ့ နောက်ထွက်ဖုန်းတွေ ၊ iOS 13 နဲ့ နောက်ပိုင်း iPhone တွေနဲ့ ချိတ်ပြီး သုံးနိုင်ပါတယ်။ ဈေးနှုန်းနဲ့ ထွက်မယ့်ရက် တရားဝင် ကြေညာတာတော့ မရှိသေးပါဘူး။

image

ဘဝမှာ ကောင်းမွန်တဲ့အရာတွေကို ပိုင်ဆိုင်ဖို့ ပေးချေရမယ့် တန်ကြေးက အတွေးတိုင်းအပေါ်မှာ တာဝန်ယူခြင်းပါ ။
ပျော်ရွှင်ခြင်းရဲ့လျှို့ဝှက်ချက်က သင် နှစ်သက်တဲ့အရာတွေကို တွေ့အောင် ရှာဖွေပါ ။ ပြီးရင် အဲဒီအရာပေါ်မှာ
သင့်ရဲ့စွမ်းအင်တွေ အကုန် ပုံအပ်လိုက်ပါ ။
အခြားသူတစ်ယောက်ရဲ့ စိတ်ကူးအိပ်မက်တွေအကြောင်း
တွေးလိုက်တိုင်း သင့်ရဲ့စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ သင့်မှာ ရှိတဲ့အချိန်တွေ ပဲ့ပါသွားတယ်ဆိုတာ မမေ့ပါနဲ့ ။
လူအချို့ထက် ပိုပြီးထက်မြက်နေခြင်း သာလွန်ခြင်းမှာ မြင့်မြတ်ခြင်းဆိုတာ မရှိဘူး ။ တကယ်မြင့်မြတ်ခြင်းဆိုတာ
ကိုယ့်ကိုယ်ကိုယ် အမြဲကောင်းမွန်အောင် ကြိုးစားခြင်းမှာသာ တည်ရှိတယ် ။
သင့်ဘဝရဲ့ အကန့်အသတ်တွေဆိုတာ သင် ကိုယ်တိုင် ချမှတ်ထားတဲ့အရာတွေပါ ။ ဘဝမှာ အရေးမပါတဲ့ အရာတွေကို No လို့ ပြောရဲခြင်းဟာ ဘဝမှာ အရေးပါတဲ့ အရာတွေကို Yesလို့ ပြောဖြစ်အောင် အကူအညီပေးတယ် ။
ကိုယ်ချင်းစာတရား နဲ့ အကြင်နာတရားရှိခြင်းဟာ လူတစ်ယောက်ကို ပိုမိုပြီးပြည့်စုံစေတယ် ။
ဒီစာအုပ်ကို ဖတ်မိလိုက်တာ နောင်တရတယ် ။ သိနေတာကြာပြီ ခုမှ ဖတ်မိရလေခြင်းဆိုတဲ့ အဖတ်နောက်ကျလေခြင်းဆိုတဲ့ နောင်တမျိုးပါပဲ ။
ဖာရာရီလမ်းခွဲ တဲ့ ။ စာအုပ်နာမည်လေးက ကဗျာဆန်ဆန်လေးပါပဲ ။ နာကြင်ဖွယ် လမ်းခွဲတစ်ခုခုကို ရည်ရွယ်ပြီး ရေးသားထားတဲ့ ဝတ္ထုလို့ တွေးထင်စရာပေါ့ ။
ကျနော်လည်း အရင်က ဒီလိုပဲ ထင်ထားခဲ့တာပါ ။ ဖတ်ကြည့်လိုက်တော့မှာ ကိုယ် ထင်ထားတာနဲ့ လုံးဝ ကွဲလွဲနေကြောင်းသိလိုက်ရတယ် ။ အို.. ဖာရာရီလမ်းခွဲဆိုတာ
နာကျင်စရာ တစ်စုံတစ်ခုနဲ့ လမ်းခွဲခြင်းကို ရေးသားထားတာမှမဟုတ်ဘဲ ပျော်ရွှင်ဖို့ အောင်မြင်ဖို့ အတွက်
အကောင်းဆုံး ဆေးနည်းတစ်ခု ဘဝအဓိပ္ပါယ်အစစ်ကို တွေ့ရစေမယ့် စိတ်ရဲ့သော့ချက်တစ်ခုကို လမ်းညွှန်ထားတဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်နေပါတယ် ။
နိုင်ငံကျော် ထိတ်ထိတ်ကြဲ ရှေ့နေကြီး ဂျူလီယန်မန်တဲလ် ဆိုတဲ့လူတစ်ယောက်ဟာ စည်းစိမ်ဥစ္စာတွေ အောင်မြင်မှုတွေ နဲ့ လူတိုင်း လိုချင်မက်မောစရာတွေကိုပိုင်ဆိုင်ပြီး လိုလေသည်မရှိ ပြည့်စုံတဲ့ဘဝတစ်ခုကို ရရှိထားခဲ့တယ် ။ ငွေကြေးဥစ္စာတွေ ရာထူးစည်းစိမ်တွေနဲ့
ပြည့်ပြည့်စုံစုံနေရပေမယ့်လည်း အသက် ၅၃ နှစ်အရွယ် ဂျူလီယန်ဟာ အသက် ၇၀ အရွယ် အဖိုးအိုတစ်ယောက်လို အိုစာနေခဲ့တယ် ။ သူ့အလုပ်ရဲ့ ဖိစီးမှုကြောင့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်ပျက်စီးတာတွေ ရှိလာတာပေါ့ ။ တစ်နေ့ ဂျူလီယန်ဟာ သူ့အလုပ်ဖြစ်တဲ့ တရားရုံးအတွင်းမှာပဲ နှလုံးထဖောက်ပြီး လဲကျသွားခဲ့တယ် ။ ဒီမတိုင်ခင်ကမှ စိတ်ဒဏ်ရာတစ်ခုကိုလည်း သူ ရနေခဲ့တယ် ။ နောက်ဆုံး သူ့အလုပ်ကိုတောင် စွန့်လွှတ်လိုက်ရတယ် ။ ဒီလိုနဲ့ ဂျူလီယန်ဟာ သူပိုင်ဆိုင်သမျှတွေကို ရောင်းချပြီး ရှေးဟောင်း ယဥ်ကျေးမှု ရှေးဟောင်းအလေ့အထတွေပေါတယ် ။ အိန္ဒိယကို ထွက်ခွာခဲ့တယ် ။ ဒီနောက် ဟိမဝန္တာတောနက်ထဲမှာရှိတဲ့ သူတော်စင်ကြီးတွေနဲ့ဆုံပြီး ဘဝရဲ့အဓိပ္ပါယ်ကို ရှာတွေ့သွားခဲ့တယ် ။ တကယ်အောင်မြင်တဲ့ဘဝ တကယ်စစ်မှန်တဲ့ပျော်ရွှင်မှုကို ဘယ်လိုယူရသလဲဆိုတဲ့အချက်ကို
ပိုင်ပိုင်နိုင်နိုင် သိသွားခဲ့တယ် ။
အရာရာတိုင်းဟာ အကြောင်းမဲ့ဖြစ်ခဲ့ကြတာ မဟုတ်ဘူး
ဘဝမှာ ဖြစ်ပျက်သမျှအရာတိုင်းမှာ အကြောင်းပြချက်ရှိပြီး ကျရှုံးမှုတိုင်းမှာလည်း သင်ခန်းစာယူစရာတွေ ကိန်းဝပ်နေပါတယ် ။ ဘယ်လိုကျရှုံးမှုပဲဖြစ်ဖြစ် ကျရှုံးမှုတိုင်းဟာ လူတစ်ယောက် တိုးတက်ဖို့ အမြဲအသုံးဝင်ပါတယ် ။ ပြီးဆုံးသွားတဲ့ အတိတ်တွေအတွက် ဘယ်တော့မှ နောင်တမရပါနဲ့ ။ အဲဒီအစားအတိတ်ဟာ ကိုယ့်ကို ဘဝအကြောင်းသင်ပေးနေတဲ့ ဆရာတစ်ယောက်အဖြစ်သာ စိတ်ထဲသတ်မှတ်ထားပါ ။
ဒါကတော့ ဂျူလီယန်ကို သူတော်စင်တစ်ယောက်
ပြောခဲ့တဲ့စကားပေါ့ ။ စိတ်ဆိုတာ အကောင်းဆုံးအစေခံပါ ။ ဒါပေမယ့် အဆိုးရွားဆုံး သခင်လည်း ဖြစ်နေတတ်တယ် ။ ဒါက ဂျူလီယန် ပြောခဲ့တဲ့စကားပါပဲ ။
ဆရာမိုးရှင်းရဲ့ ဖာရာရီလမ်းခွဲ ဆိုတဲ့ ဒိီစာအုပ်လေးဟာ သေချာတာကတော့ တစ်ခါဖတ်ပြီး မေ့ပစ်ရမယ့်စာအုပ်မဟုတ်ပဲ အကြိမ်ကြိမ်ပြန်ဖတ်ပြီး စွဲမြဲနေရမယ့်စာအုပ်ကောင်းလေးတစ်အုပ်ပါပဲ ။ ဒီစာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေ အလေ့အကျင့်တွေ နည်းလမ်းတွေဟာ ကျနော်တို့ လျှောက်လှမ်းနေတဲ့ ဘဝမှာ စစ်မှန်တဲ့အောင်မြင်မှုတွေ စိတ်ချမ်းသာပျော်ရွှင်မှုတွေကို ရှာတွေ့ဖို့ အကောင်းဆုံး အထောက်အကူ ဖြစ်စေပါတယ် ။
#ဖာရာရီလမ်းခွဲ
#themonkwhosoldhisferrari
#မိုးရှင်း

image
11 ပတ် - ဘာသာပြန်ပါ။

Pope Francis' willingness to take a more progressive stance on issues from LGBTQ rights to same-sex marriage to immigration make him one of the most progressive and influential popes of the modern era.

https://abcnews.go.com/Politic....s/pope-francis-contr

image
11 ပတ် - ဘာသာပြန်ပါ။

တစ်ချိန်က နာမည်ကြီး သိုင်းကား Crouching Tiger Hidden Dragon ကိုပြန်လည်ပြီး TV series အဖြစ်ဖန်တီးဖို့ Amazon Prime နဲ့ Sony တို့ စီစဉ်နေကြပါတယ်။

image
11 ပတ် - ဘာသာပြန်ပါ။

သိပ္ပံပညာရှင်များရဲ့ ရှာဖွေတွေ့ရှိချက်တစ်ခုဟာ ကမ္ဘာတစ်ဝန်းက လူသားတွေကို အံ့အားသင့်စေခဲ့ပါတယ်။ အဲဒါကတော့ ပိုးဟပ်နို့ဟာ နွားနို့ထက် ပိုပြီး အာဟာရဓာတ် ကြွယ်ဝတယ်ဆိုတဲ့ အချက်ပါပဲ။ နားကြားမှားတယ်လို့ မထင်လိုက်ပါနဲ့။ တကယ်ကိုပဲ ပိုးဟပ်နို့ဟာ အလားအလာရှိတဲ့ အစားအစာအရင်းအမြစ်သစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။
ဒီ "ပိုးဟပ်နို့" ဆိုတာဟာ (Diploptera punctata) လို့ခေါ်တဲ့ ပိုးဟပ်အမျိုးအစားကနေ ရရှိတာဖြစ်ပါတယ်။ တခြားပိုးဟပ်အမျိုးအစားတွေနဲ့ မတူတာကတော့ ဒီပိုးဟပ်တွေဟာ ဥမဥဘဲ သားကို တိုက်ရိုက်မွေးဖွားပါတယ်။ သူတို့ရဲ့ သားငယ်လေးတွေကို ကျွေးမွေးဖို့အတွက် နို့နဲ့တူတဲ့ အာဟာရအရည်တစ်မျိုးကို ထုတ်လွှတ်ပေးပါတယ်။
အံ့သြစရာကောင်းတာကတော့ ဒီအရည်ထဲမှာ ပရိုတင်းဓာတ်ရဲ့ ပုံဆောင်ခဲလေးတွေ ပါဝင်နေပြီး အဲဒီပုံဆောင်ခဲလေးတွေမှာ သမားရိုးကျ နို့ထွက်ပစ္စည်းတွေထက် အာဟာရဓာတ်တွေ ပိုမိုကြွယ်ဝစွာ ပါဝင်နေတာပါပဲ။
၂၀၁၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ ဒီပရိုတင်းပုံဆောင်ခဲလေးတွေမှာ ကယ်လိုရီစွမ်းအင်ဟာ အရင်က အာဟာရအများဆုံးလို့ သတ်မှတ်ထားတဲ့ ကျွဲနို့ထက် သုံးဆကျော် ပိုများတာကို တွေ့ရှိခဲ့ပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တွေ၊ အဆီဓာတ်တွေနဲ့ သကြားဓာတ်တွေလည်း ပါဝင်တာကြောင့် ပိုးဟပ်နို့ဟာ ပြည့်စုံတဲ့ အာဟာရဓာတ်အရင်းအမြစ်တစ်ခု ဖြစ်လာနိုင်ပြီး လူသားတွေအတွက် အားဖြည့်စာအဖြစ်လည်း စဉ်းစားနိုင်ပါတယ်။
ဒါပေမဲ့ ဒီလို အာဟာရဓာတ်တွေ ကြွယ်ဝပေမယ့် လက်တွေ့မှာ အသုံးပြုဖို့အတွက်တော့ အခက်အခဲတွေ အများကြီးရှိနေပါသေးတယ်။ ပိုးဟပ်အများအပြားကနေ နို့ကို ထုတ်ယူဖို့ဆိုတာ လက်တွေ့မကျတဲ့ လုပ်ငန်းတစ်ခုဖြစ်သလို ပိုးဟပ်နို့ကို လူသားတွေ စားသုံးဖို့အတွက် ဘေးကင်းမှုရှိမရှိဆိုတာကိုလည်း အတိအကျ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် သိပ္ပံပညာရှင်တွေဟာ ဇီဝအင်ဂျင်နီယာနည်းပညာတွေကို အသုံးပြုပြီး ဓာတ်ခွဲခန်းတွေထဲမှာ နို့ပရိုတင်းတွေကို ထုတ်လုပ်ဖို့ နည်းလမ်းတွေ ရှာဖွေနေကြပါတယ်။ ကမ္ဘာ့လူဦးရေဟာ ရေရှည်တည်တံ့နိုင်ပြီး ထိရောက်တဲ့ အစားအစာအရင်းအမြစ်တွေကို ရှာဖွေနေချိန်မှာ ပိုးဟပ်နို့ဟာ စိတ်ဝင်စားစရာကောင်းသလို ထူးခြားတဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ လမ်းကြောင်းသစ်တစ်ခုကို ဖွင့်ပေးနိုင်ပါတယ်။
ဒါကြောင့် ပိုးဟပ်နို့ဟာ လက်ရှိအချိန်မှာတော့ ထူးထူးဆန်းဆန်းနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်း အရာတစ်ခုဖြစ်ပေမယ့် အနာဂတ်မှာ လူသားတွေရဲ့ အစားအသောက်ပုံစံကို ပြောင်းလဲသွားစေနိုင်တဲ့ အလားအလာရှိတဲ့ ရင်းမြစ်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။
#knowledgezone

image
11 ပတ် - ဘာသာပြန်ပါ။

Trolls Band Together (2023)

နာမည်ကျော် ဂီတကာတွန်းရုပ်ရှင်တစ်ခုဖြစ်တဲ့ Trolls မှင်စာလေးများ ကာတွန်း သုံးကားမြောက်လာပါပြီ။
ပထမနှစ်ကားကတော့ Trolls 2016, Trolls World Tour 2020 တိုပါပဲ။ အသံသရုပ်ဆောင်အနေနဲ့လည်း ဂျက်စတင်တင်ဘာလိတ် နဲ့ အန်နာ ကန်းဒရစ်တိုပဲ ပါဝင်ပေးထားပါတယ်။ ဒီတစ်ခေါက်မှာတော့ Trolls မှာ မိသားစုတွေပိုမြိုင်ဆိုင်သွားအောင် ဘရန့်ရဲ့ ငယ်ငယ်ကကွဲသွားတဲ့ အစ်ကိုတွေ ပြန်ပါဝင်လာပါတယ်။ ဘရန့်ဟာ ဘရိုဇုံဆိုတဲ့ ညီအစ်ကိုတွေနဲ့ဖွဲထားတဲ့ ယောကျာ်းလေး အဆိုတော်အဖွဲတစ်ခုက အငယ်ဆုံးညီလေးဖြစ်ခဲ့ပါတယ်။
တစ်နေ့မှာတော့ သဘောထားမတိုက်ဆိုင်မှုတစ်ခုကြောင့် ညီအစ်ကိုတွေအကုန် တစ်လမ်းစီထွက်သွားခဲ့ပြီး ဘရန့်ကိုတော့ အဘွားနဲ့ ထားခဲ့ကြပါတယ်။ နှစ် ၂၀ နီးပါး အဆက်အသွယ်မလုပ်တော့တဲ့ အစ်ကိုတွေကို စိတ်နာနေပေမဲ့ တစ်နေ့မှာတော့ အကြီးဆုံးအစ်ကိုဂျွန်ကလာပြီး အစ်ကိုလတ်ဖြစ်သူ ဖလွိက်ကို မသမာသူနှစ်ယောက်က ဖမ်းထားတဲ့အကြောင်းနဲ့ သူ့ကိုကယ်နိုင်ဖို ညီအစ်ကိုတွေအားလုံး ပြန်စုဖိုလိုကြောင်း ပြောလာတဲ့အခါ….

ဇာတ်ကားလင့်
https://t.me/c/2186686827/258

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
11 ပတ် - ဘာသာပြန်ပါ။

2021 ခုနှစ်က NASA ကနေ လွှတ်တင်ထားတဲ့ ဥက္ကာပျံလေ့လာရေးဂြိုလ်တုတစ်လုံးဖြစ်တဲ့ Lucy satellites ဟာ သိပ်မကြာခင်အချိန် အတွင်းမှာ သူရဲ့ ဒုတိယမြောက် ပစ်မှတ်ဖြစ်တဲ့ နေ အဖွဲ့အစည်း အတွင်းက Donaldjohnson လို့နာမည်ပေးထားတဲ့ ဥက္ကာပျံတစ်ခု ဆီကိုရောက်ရှိတော့မှာဖြစ်ပါတယ်။
LUCY (လူစီ) ဟာ ကမ္ဘာ့ပထမဆုံးဥက္ကာပျံလေ့လာရေး mission ဖြစ်ပါတယ်။
Mission ရဲ့ ရည်ရွယ်ချက်ကတော့ ကြာသာပတေးဂြိုလ်နဲ့ နေတည်ရှိနေတဲ့ ကြားက Trojan jupiter asteroid (ထရိုဂျင် ဥက္ကာခဲ) တွေကိုလေ့လာဖို့ဖြစ်ပါတယ်။
ဒီဥက္ကာခဲတွေက နေအဖွဲ့အစည်းစတင်ဖြစ်ပေါ်စဉ်က Jupiter ဂြိုလ်ရဲ့အနားမှာ Jupiter ဂြိုလ်ဖြစ်ပေါ်ပြီးနောက် သွားမပေါင်းမိပဲ သီးခြားကျန်နေရစ်တဲ့ ဥက္ကာခဲ အပိုင်းအစများဖြစ်ကြပါတယ်။
Jupiter ဂြိုလ်ကြီးက နေကို ပတ်နေတဲ့ လမ်းကြောင်းအတိုင်း အဆိုပါ ဥက္ကာခဲများဟာ ဘေးနားက သီးသန့်လမ်းကြောင်းအတိုင်းနေကို ပတ်ကာ တည်ရှိနေပါတယ်။
Lucy ဟာ အင်္ဂါဂြိုလ်နဲ့ ကြာသပတေးဂြိုလ်ကြားထဲမှာ တည်ရှိနေတဲ့ ဥက္ကာခဲသုံးခု၊ Jupiter နားမှာ တည်ရှိနေတဲ့ trojan ဥက္ကာခဲ ရှစ်ခု ဆီကို ၁၂ နှစ်အတွင်းသွားရောက်လေ့လာမှာဖြစ်ပါတယ်။ဒီ ဥက္ကာခဲများရဲ့ အရွယ်အစားဟာ အကြီးဆုံးအနေနဲ့ မိုင် ၁၆၀ခန့်ရှိတဲ့ အရွယ်အစားကနေ ဘတ်စ်ကားတစ်စီးစာအထိ အရွယ်အစားအမျိုးမျိုးရှိကြပါတယ်။နေ့အဖွဲ့အစည်းဖြစ်ပေါ်ခါစ နှစ်သန်းပေါင်း ၄၀၀၀ ခန့် က ဂြိုလ်အဖြစ်မဖြစ်သွားခဲ့ပဲ ကျန်ရှိနေခဲ့တဲ့ အစိတ်အပိုင်းများလည်းဖြစ်ကြပါတယ်။
LUCY MISSION က ဒီဥက္ကာခဲတွေကို သူတို့အနားကနေ ဖြတ်သန်းပျံသန်းပြီး လှည့်ပတ်လေ့လာမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီလို လေ့လာတဲ့နေရာမှာ Lucy satellite လေးဟာ ကမ္ဘာအနားကိုလည်း သုံးခါတိတိ ပြန်လည်ချင်းနင်းဝင်ရောက်လာဦးမှာဖြစ်ပြီး ကမ္ဘာ့မြေဆွဲအား ( earth gravity ) ကို အကူအညီယူပြီးသူ့ရဲ့ ၁၂ နှစ်တာကာလ ကြာမြင့်မဲ့ mission ကိုအောင်မြင်အောင် ဆောင်ရွက်ဦးမှာဖြစ်ပါတယ်။
ဒါကြောင့်မလို့လည်း Lucy ဟာ ကမ္ဘာ့ အပြင်ဘက်ဂြိုလ်အဖွဲ့အစည်းလမ်းကြောင်း ကနေ ကမ္ဘာဆီကို ပြန်လည်ဝင်ရောက်လာနိုင်မယ့် ပထမဆုံး ဂြိုလ်တုလည်းဖြစ်ပါတယ်။ဒီလိို Gravity assist အကူအညီယူမှာဖြစ်လိို့ သူရဲ့နေ အဖွဲ့အစည်းအတွင်းမှာသွားလာမယ့် အရှိန်ကတော့ တစ်နာရီကို မိုင် ၄၀၀၀၀ လောက်နဲ့သွားနိုင်မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က Lucy ဟာ သူ့ရဲ့ပထမဆုံး target ဖြစ်တဲ့ Dinkinesh ဥက္ကာခဲဆီကို ရောက်ရှိလေ့လာပြီးခဲ့ပါပြီ။အခု ဒုတိယ target ဖြစ်တဲ့ donaldjohnson ကိုရောက်ရှိပြီး သူ့အနား မိုင် ၆၀၀ ခန့်အကွာကနေ ပျံသန်းလေ့လာမှာဖြစ်ပါတယ်။ဒီအခါမှာ Lucy satellite ပေါ်မှာပါတဲ့ High resolution camera များနဲ့ မှတ်တမ်းတင်မှာဖြစ်ပါတယ်။နောက်ထပ် သူ့မှာ ဥက္ကာခဲများမှာ ပါဝင်တဲ့ ဒြပ်စင်များကို အမျိူးအမည်ခွဲနိုင်ဖို့ Infrared camera များလည်း ပါဝင်သွားပါသေးတယ်။
အားကောင်းတဲ့ ကင်မရာတွေနဲ့ ဥက္ကာခဲတွေကို ရိုက်ယူခဲ့မှာဖြစ်တာကြောင့် နေအဖွဲ့အစည်းဖြစ်ပေါ်ပုံ အချက်အလက် တွေကို ထပ်မံသိရှိရမှာဖြစ်ပါတယ်။
ဒါပေမယ့် ဒီကင်မရာတွေရဲ့ သိမ်မွေ့တဲ့သဘောကြောင့် DonaldJohnson အနားကပ်နေစဉ်နာရီဝက်ခန့် ကမ္ဘာနဲ့ အဆက်အသွယ်ပြတ်တောက်နေမှာဖြစ်ပါတယ်။ဒီနောက်မှာ ရိုက်ယူရရှိခဲ့တဲ့ အချက်အလက်တွေ ကမ္ဘာကိုပြန်ပို့နိုင်ဖို့အတွက်လည်း ရက်အနည်းအငယ်ထပ်မံကြာမြင့်ဦးမှာဖြစ်ပါတယ်။စိတ်လှုပ်ရှားစရာတော့ကောင်းပါတယ်။
Lucy လို့နာမည်ပေးထားရတဲ့အကြောင်းအရင်းလည်းရှိပါသေးတယ်။
၁၉၇၄ ခုနှစ် အီသီးယိုပီးယားနိုင်ငံမှာ တူးဖော်ရရှိခဲ့တဲ့ ရှေးအကျဆုံး လူသားပရိုင်းမိတ် တစ်ခုဖြစ်တဲ့ အမျိုးသမီးရုပ်ကြွင်း "လူစီ" ကိုအမှီပြုပြီးပေးထားတာဖြစ်ပါတယ်။
ကျောက်ဖြစ်ရုပ်ကြွင်း လူစီကို ကျွန်တော်တို့ တူးဖော်ရရှိပြီးလူသားတွေရဲ့ ကနဦးအစ evolution ဖြစ်ပေါ်ပုံကို အရင်ကထက်နားလည်သဘောပေါက်စေခဲ့သလို အခု Lucy mission ကလည်းJupiter trojanဥက္ကာခဲတွေဆီကနေ နေအဖွဲ့အစည်းရဲ့ ကနဦးအစဖြစ်ပေါ်ပုံကို ပိုမိုနားလည်သဘောပေါက်စေပါလိမ့်မယ်။

image