ယူနိုက်တက်ဟာ ခက်ခဲနေဆဲလို့ အာမိုရင်ပြော

ဒီဇင်ဘာ ၂၃

ယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘုန်းမောက်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ပြီးနောက် နည်းပြအာမိုရင်က အသင်းဟာ ခက်ခဲတဲ့ အခိုက်အတန့်မှာ ရှိနေတယ်လို့ ပြောခဲ့ပါ တယ်။

အာမိုရင်က “ခက်ခဲတဲ့ အခိုက်အတန့် ဖြစ်ပေမယ့် ကျနော်တို့ဟာ ရင်ဆိုင်ပြီး လာမယ့်ပွဲအတွက် ပြင်ဆင်ရမှာပါ။ ကျနော်တို့ဟာ တိုးတက်ချင်ပေမယ့် ဒီအခိုက်အတန့်မှာ အရာအားလုံးက ပိုခက်ခဲနေပါတယ်။ ယူနိုက်တက်လို အသင်းက အိမ်ကွင်းမှာ ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာက လူတိုင်းအတွက် အလွန်ခက်ခဲပါတယ်။ ပရိသတ်တွေက လည်း အလွန်စိတ်ပျက်ပြီး ပင်ပန်းနေကြပါတယ်”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ကြားရက်က စပါးအသင်းကို ကာရာဘောင်းဖလားပွဲစဉ်မှာ အရေးနိမ့်ပြီးနောက် ၂ ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ရသလို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း အိမ်ကွင်း ၂ ပွဲဆက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ တည်ကန်ဘောတွေကို ကာကွယ်တာမှာ ဆိုးရွားနေပြီး ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်မှာ လည်း ဂိုးထပ်ခွင့်ပြုခဲ့ရတာပါ။

ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၆ ပွဲမှာ တည်ကန်ဘောတွေကနေ သွင်းဂိုး ၇ ဂိုး ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။

ဒါအပြင် ယူနိုက်တက်အသင်းဟာ ၂၀၂၄ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တည်ကန်ဘောတွေကနေ ၁၇ ဂိုး ပေးခဲ့ရပြီး ဒါဟာ ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အများဆုံး ဂိုးခွင့်ပြုခဲ့ရတာပါ။

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က သူတို့ဟာ တည်ကန်ဘောတွေကို ပိုတိုးတက်အောင် လုပ်ဆောင်နေ ပေမယ့် ဒါကြောင့် ရှုံးနိမ့်ခဲ့တာမဟုတ်ဘဲ ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် ရှုံးနိမ့်ခဲ့တာလို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဘုန်းမောက်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ၁၉၈၉ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် ခရစ္စမတ်နေ့ကို အမှတ်ပေးဇယားအဆင့် ၁၀ နေရာအောက်မှာ ဖြတ်သန်းရတော့မှာပါ။

ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ ပွဲ ကစားအပြီးမှာ ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက် အသင်းဟာ ကြားရက်ထဲမှာ လိဂ်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN

ပုံ - ယူနိုက်တက်အသင်းကိုတွေ့ရစဉ်

#centralnewsnaypyitaw

image

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ပြီး လက်နက်ကိုင်နည်းလမ်းဖြင့် တောင်းဆို မဖြေရှင်းနိုင်ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

ဒီဇင်ဘာ ၂၃

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆိုဖြေရှင်းနိုင်မည်မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ပြုလုပ်သည့် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားတွင် ပြောကြားသည်။

နိုင်ငံရေးပြဿနာ တစ်နည်းအားဖြင့် နိုင်ငံရေးအရ တောင်းဆိုလိုမှုကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍ရနိုင်မည်မဟုတ်ကြောင်း၊ ထိုကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်မှုလမ်းစဉ်ကို မည်သည့် လူ့အဖွဲ့အစည်းကမျှ လက်မခံသကဲ့သို့ မိမိတို့ အားလုံးကလည်း ဆန့်ကျင်ကြရန်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း၌ ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေအများဆုံးရှိပြီး ခရစ်ယာန်ဘာသာ ကိုးကွယ်သူဦးရေသည် ဒုတိယအများဆုံးဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတည်ငြိမ်အေးချမ်းရန်၊ ကြွယ်ဝချမ်းသာရန် ခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းများနှင့် ဘာသာဝင်များက အရေးကြီးသည့်နေရာတွင်ရှိနေကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့ကြောင့် ကျရာကဏ္ဍအသီးသီးမှ ပါဝင်ပေးကြရန် မေတ္တာရပ်ခံတိုက်တွန်းပြောကြားလိုကြောင်း၊ ယခု ခရစ္စမတ်အချိန်အခါကစပြီး ဘုရားရှင်၏ လမ်းညွှန်ချက်များနှင့်အညီ မိမိတို့ မြန်မာနိုင်ငံသာမကဘဲ ကမ္ဘာတစ်ဝန်း ရှိ ပြည်သူပြည်သားအားလုံး တစ်ဦးအပေါ်တစ်ဦး နားလည်မှု၊ သည်းခံပေးမှုစိတ်ထားများဖြင့် တည်ငြိမ်အေးချမ်းသာယာလှပသည့် လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်သွားကြရန် နှိုးဆော်လျက် ခရစ္စမတ်ဆုမွန်ကောင်းတောင်းပါကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

Credit - Myanamr Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
image

ရွှေအလေးချိန် ပြောင်းလဲခြင်းကြောင့် ဈေးကွက်အပေါ် သက်ရောက်လာနိုင်

ဒီဇင်ဘာ ၂၃

ရွှေရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက ရွှေသိပ်သည်းဆ အလေးချိန်ကို ယခင်က ၁၉ ဒသမ ၂၅ ဂရမ်အစား ၁၆ ဒသမ ၃၂၉,၃၂၅ ဂရမ်ကို ပြောင်းလဲ အသုံးပြုရန်အတွက် သတ်မှတ်ခြင်းကြောင့် ရွှေဈေးကွက် အပြောင်းအလဲ ဖြစ်သွားနိုင်သည်ဟု ရွှေဈေးကွက်လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

ပြည်တွင်းရွှေဈေးနှုန်း တည်ငြိမ်စေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လိုအပ်သည့် နိုင်ငံခြားငွေများကို ထုတ်ရောင်းပေးသည့်နည်းဖြင့် ထိန်းနေသော်လည်း လက်ရှိ ပြောင်းလဲလိုက်သည့် ရွှေအလေးချိန်ကြောင့် ပြည်ပမှ ရွှေချိန်သည့်စက်များကို တင်သွင်းကြရမည်ဖြစ်၍ နိုင်ငံခြားငွေလိုအပ်ချက် ဖြစ်ပေါ်လာမည် ဖြစ်သည်။

ထို့ကြောင့် ရွှေဈေးနှုန်းအပေါ် သက်ရောက်မှု ဖြစ်သွားမည်ဟု ရွှေဈေးကွက်လေ့လာသုံးသပ်သူ ကိုနေခန့်က ပြောသည်။

၎င်းက “အဲဒီချိန်ခွင်က ကျနော်တို့ မြန်မာပြည်မှာ မရှိဘူးလေ။ နိုင်ငံခြားကနေ သွင်းရမှာ။ သွင်းရမှာဆိုတော့ ဒေါ်လာ အလုပ်ဖြစ်လာမယ်နဲ့တူတယ်။ ဒေါ်လာ အထွက်များသွားလိမ့်မယ် နိုင်ငံခြားကို။ အသစ်သွင်းမယ်ဆိုရင် သေချာပေါက် ဒီဟာက
အကုန်လုံး နိုင်ငံခြားကနေ ပြန်ဝယ်ရမှာ ဒီချိန်ခွင်တွေက။ ဒေါ်လာနဲ့ ဝယ်ရမှာဖြစ်တဲ့ အတွက် နိုင်ငံခြားကို ဒေါ်လာအထွက်များသွားမှာလေ။ အထွက်များ လာမယ်ဆိုရင်တော့ သေချာပေါက် ဈေး အလှုပ်အခတ်က ပါလာတော့မှာ။ ဈေးကွက်ကို လှုံ့ဆော်မှု ဖြစ်သွားမယ်။ ဒါပေမယ့်လည်း အဲဒီလှုံ့ဆော်နေတာကို စောင့်နေတဲ့သူကလည်း တသီတတန်းကြီးရှိတယ်။ ဒီအခါမှာလည်း ထူးခြားမှု ရှိလာနိုင်တယ်။ ဈေးအလှုပ်အခတ် ဖြစ်လာအောင် လှုံ့ဆော်လိုက်တဲ့ လှုံ့ဆော်မှု ဖြစ်သွားမှာပေါ့။ ငြိမ်နေတဲ့ရေထဲကို ကျောက်ခဲပစ်ချလိုက်သလို လှိုင်း တွေက တဆင့်ပြီးတဆင့် ထလာမှာ” ဟု ပြောသည်။

ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် ရွှေအလေးချိန်ကို ပြောင်းလဲခြင်းဖြစ်နိုင်ကြောင်း၊ ပြောင်းလဲလိုက်သည့် အလေးချိန်ကို လာမည့် ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် စတင်ဆောင်ရွက်သွားမည်ဟု သိရသည်။

တစ်ကျပ်သားလျှင် ၂ ရွေးခန့် လျော့ကျသွားမည်ဖြစ်ပြီး လက်ရှိ ဝယ်ယူမည့် သူများအတွက် အဆင်ပြေသော်လည်း ယခင် ဝယ်ယူပြီးသူများ ပြန်လည်ရောင်းချရာတွင် အဆင်မပြေမှုများ ဖြစ်လာနိုင်သည်ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

၎င်းက “အခုမှ အသစ်ထပ်ဝယ်မယ်ဆိုရင် အဲဒီအလေးချိန်နဲ့ အခုမှ သူတို့ပြောတဲ့ဟာနဲ့ အသစ်ထပ်ဝယ်မယ် ဆိုရင် တော့ ပြဿနာမရှိဘူး။ ဒါပေမယ့် အရင်ဝယ်ထားပြီးသား သူတွေအနေနဲ့ ပြန်ရောင်းမယ်ဆိုရင်တော့ စကားတော့ ပြောရလိမ့်မယ်။ ပြောင်းသွားတဲ့ စံချိန်စံညွှန်း အတိုင်းပဲ လိုက်တွက်တော့မှာလေ။ ရွှေဈေးကတော့ တစ်ကျပ်သား ကို ၂ ရွေးလောက် သက်သာသွားလိမ့်မယ်။ အဲဒီအခါကျတော့ သက်သာသွားတာကို ဝယ်မယ့်သူတွေအတွက် ပြဿနာမရှိဘူး။ အရင်လူတွေ ရောင်းမယ့်သူတွေအတွက်တော့ ဆိုင်နဲ့တော့ နည်းနည်းစကားပြောရမယ်။ နားမလည်တဲ့သူတွေက နည်းနည်းများနေတဲ့ အခါကျတော့” ဟု ပြောသည်။

ရွှေအလေးချိန် ပြောင်းလဲ သတ်မှတ်လိုက်ခြင်းကြောင့် လက်ရှိ နိုင်ငံတစ်ဝှမ်း အသုံးပြုနေသည့် ဒီဂျစ်တယ် ချိန်ခွင် များအားလုံး အသစ်ပြန်လည် အသုံးပြုရမည်ဖြစ်ပြီး ပြည်ပမှ ဝယ်ယူတင်သွင်းရမည် ဖြစ်၍ တစ်နိုင်ငံလုံး အတိုင်း အတာအနေဖြင့် ချိန်ခွင်အလုံးရေး သိန်းနှင့်ချီ၍ တင်သွင်းရမည် ဖြစ်သည်။

ထို့ကြောင့် အမေရိကန်ဒေါ်လာ အမြောက်အများ လိုအပ်လာမည်ဖြစ်၍ ဒေါ်လာလိုအပ်ချက် ဖြစ်ပေါ်ကာ ငွေဈေး လည်း တက်လာနိုင်ကြောင်း တတ်သိနားလည်သူများက ထောက်ပြနေကြသည်။

ပုံ - ရွှေဆိုင်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image

ပုလင်းနဲ့ ခေါင်းကို ထုရိုက်ခွဲကာ တက္ကစီလုယက်မှု မင်္ဂလာဒုံမှာ ဖြစ်ပွား၊ လုယက်ခံရတဲ့ကားကို နာရီပိုင်းအတွင်း ပြန်လည်တွေ့ရှိထားဟု သိရှိရ

ဒီဇင်ဘာ ၂၃

တက္ကစီယာဉ်မောင်းကို ပုလင်းနဲ့ ခေါင်းကိုထုရိုက်ခွဲပြီး ကားလုယက်တဲ့ဖြစ်စဉ် ဒီဇင်ဘာ ၂၂ ရက်နေ့ နေ့လယ်နှစ်နာရီဝန်းကျင်ခန့်က ရန်ကုန်တိုင်းဒေသကြီး မဂ်လာဒုံမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လုယက်ယူဆောင်သွားတဲ့ ကားက TOYOTA SUCCEED အမျိုးအစားဖြစ်ပြီး ဖြစ်စဉ်က ဒီနေ့ နေ့လယ်ခင်း ၂ နာရီခွဲ၀န်းကျင်ခန့်က မင်္ဂလာဒုံ အ.လ.က (၄) ကျောင်းအနီးအ‌ရောက် ယာဉ်ပေါ်ပါလာတဲ့ ခရီးသည် အမျိုးသားလူရွယ်နှစ်ဦးက သူတို့လူနဲ့ချိန်းဆိုထားတာကို‌ စောင့်မယ်ဆိုကာ စောင့်ခိုင်းခဲ့ကြောင်း၊ အဲဒီနောက် လူရှင်းချိန်မှာ ယာဉ်မောင်းကို သတိလစ်‌တဲ့အထိ ပုလင်းနဲ့ထုကာ ကားလုယူသွားတာဖြစ်‌ကြောင်း လုယက်ခံရတဲ့ ယာဉ်မောင်းရဲ့ ဆွေမျိုးတစ်ဦးက ပြောပါတယ်။

“လက်ရှိမှာတော့ ကျွန်မတို့ ရဲစခန်းမှာပူးပေါင်းဆောင်ရွက်နေဆဲပါ။ ကားကို မြေနီကုန်းမှာ ပြန်တွေ့တယ်။ သော့ခတ်ထားခဲ့တယ်ဆိုလို့ တာဝန်ရှိသူတွေနဲ့အတူ သားဖြစ်သူက လိုက်သွားပါတယ်။ အဖေ (ယာဉ်မောင်းဖြစ်သူ) က ဒဏ်ရာကြီးကြီးမားမားမရခဲ့တာဘဲ တော်ပါသေးတယ်။ ပွန်းပဲ့ပေါက်ပြဲဒဏ်ရာတွေတော့ရသွားတာပေါ့။ တာဝန်ရှိသူ‌တွေနဲ့ လိုက်ပါ ဆောင်ရွက်‌ နေသူ ပြန်လာမှပဲ အသေအချာထပ်သိနိုင်မှာ” လို့ တက္ကစီယာဉ် လုယက်ခံရသူ ယာဉ်မောင်းရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဒီရက်ပိုင်းထဲ တက္ကစီယာဉ်‌နဲ့ ယာဉ်မောင်း လုယက် ရန်ပြုခံရတာတွေ ခပ်စိပ်စိပ် ပြန်လည်ဖြစ်ပွားနေပြီး၊ တက္ကစီယာဉ်မောင်း ဂရုတွေက လိုက်လံကူညီရင်း ဖမ်းမိတာတွေလည်းရှိတယ်လို့ ဆိုရှယ်မီဒီယာပေါ်က တက္ကစီဂရု‌တွေမှာ ပုံနဲ့တကွ တင်ပြထားကြတဲ့ ဖြစ်စဉ်တွေအရ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကလည်း အမှတ် ၇ လမ်းမကြီးပေါ်မှာ တက္ကစီလုယက်မှု ဖြစ်ပွားခဲ့ပြီး ဂရုအချင်းချင်း ချိတ်ကူညီနိုင်ခဲ့တာကြောင့် ကျူးလွန်သူ သုံးဦးကို သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ ကူညီဖမ်းဆီး အပ်နှံနိုင်ခဲ့သလို အဲ့ဒီနေ့မှာပဲ ကိုးမိုင် ရွှေနှင်းဆီလမ်းနဲ့ လှိုင်သာယာ မြစိမ်းရောင် စက်မှုဇုန်ထဲမှာ ထပ်မံ ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

နောက်ပြီး ဒီဇင်ဘာ ၁၂ရက်နေ့ ည ကိုးနာရီကျော်အချိန်ခန့်က မရမ်းကုန်းမြို့နယ် ၊ ၉ မိုင် ဂေါက်ကွင်းအကျော်မှာ တက္ကစီယာဉ်မောင်းကို ခရီးသည်က ဓားနဲ့ထိုးပြီး လုယက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image

ဒီဇင်ဘာ ၂၃ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ပွဲမှာ ပါဝင်မယ့် ရွှေကြိုမောင်မယ် ပဏာမအောင် အယောက် ၉၀ ကို ဒုတိယအဆင့်အတွက် ရွေးချယ်

ဒီဇင်ဘာ ၂၃

၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ပွဲမှာ ပါဝင်မယ့် ရွှေကြိုမောင်မယ် ပဏာမအောင် အယောက် ၉၀ ကို ဒုတိယအဆင့်အတွက် ရွေးချယ်ပွဲကို ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရှိ ရွှေရတုခန်းမမှာ ကျင်းပခဲ့ပါတယ်။

“ဒီနေ့ကတော့ ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ရွှေကြိုမောင်မယ်အနေနဲ့ပါဝင်ဖို့ ပဏာမရွေးချယ်ခံရတဲ့ ရွှေကြိုမောင်မယ်လောင်း ၉၀ ဦးကို ဒုတိယအဆင့် ရွေးချယ်တာပါ။ ကနဦး ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ရွှေကြိုပြိုင်ပွဲဝင် ၃၀၀ ကနေ ပဏာမအဆင့် အောင်မြင်တဲ့ ၉၀ ဦးက ဒီနေ့ပြိုင်ပွဲမှာ သူတို့ရဲ့ အရည်အချင်းတွေကို ထုတ်ဖော်ပြသရတာဖြစ်ပါတယ်။ ဒုတိယအဆင့်ပြီးရင် ထပ်ပြီး ရွေးချယ်သွားမှာပါ။ အဆင့်ဆင့်ရွေးချယ်ပြီးတော့မှ နောက်ဆုံးအဆင့်မှာ ရွှေကြိုမောင်မယ် ၂၀ ဦးကို ရွေးချယ်မှာ ဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။

အဆိုပါ ရွှေကြိုမောင်မယ် ဒုတိယအဆင့်ရွေးချယ်ပွဲမှာတော့ ဒိုင်အဖွဲ့ကြီးကြပ်အနေနဲ့ ဒိုင်အဖွဲ့များဖြစ်တဲ့ ဦးအောင်လွင်၊ ဦးငြိမ်းမင်း၊ ဦးရန်အောင်၊ ဦးခန့်စည်သူ၊ ဒါရိုက်တာဝိုင်း၊ ဒါရိုက်တာညိုမင်းလွင်၊ ဒေါ်မေသန်းနု၊ ဦးကြည်ဝင်းတို့အပြင် ဦးဇော်မင်း(မင်္ဂလာ)၊ ဦးသန်းဌေး (Triple Six)၊ ကိုဇော်လွင်၊ ကိုအောင်ဖြိုးလင်း စတဲ့သူတွေ တာဝန်ယူဆောင်ရွက်ပေး‌ကြပါတယ်။

ဒီပဏာမအဆင့်ရွေးချယ်ခံရတဲ့ ရွှေကြိုမောင်မယ် ၉၀ ဦး ဒုတိယအဆင့်ရွေးချယ်ပွဲမှာတော့ ပြိုင်ပွဲဝင်တွေက သရုပ်ဆောင်ပိုင်း၊ အဆိုပိုင်း၊ သီချင်းသီဆိုခြင်း အပါအဝင် အတတ်ပညာတစ်ခုကို အကဲဖြတ်ဒိုင်များရှေ့မှာ လုပ်ဆောင်ချပြ ယှဉ်ပြိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ရွှေကြိုမောင်မယ်တွေကို ဒုတိယအဆင့်‌ရွေးချယ်ပွဲမှာကိုယ့်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ၃ မိနစ်ထက်မပိုဘဲ ပြသယှဉ်ပြိုင်ခဲ့ရပြီး ကိုယ်တတ်ကျွမ်းတဲ့ အနုပညာဆိုင်ရာအဆို၊ အက၊ အတီး၊ အမှုတ်၊ အားကစား ပညာရပ်တစ်ခုခုကို ထုတ်ဖော်ပြသရတာဖြစ်ပါတယ်။

နောက်ဆုံးအဆင့် ပြိုင်ပွဲဝင်ဖို့ ရွေးချယ်ခံရသူရွှေကြိုမောင်မယ်တွေရဲ့ အမည်စာရင်းတွေကို လာမယ့် ဒီဇင်ဘာ ၂၅ ရက်နေ့ နေ့လယ် ၁၂နာရီမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး Facebook page ၊ MMPO Info Telegram က ထုတ်လွှင့်ကြေညာပေးသွားမှာလည်းဖြစ်ပါတယ်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
+5

ယနေ့ ရွှေဈေးနဲ့ ငွေစျေးနှုန်းများ

ဒီဇင်ဘာ ၂၃

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၂၄ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၂၄၀၀၀၀ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၁၂၀၀၀၀ ကျပ်
ဝယ်ဈေး ၆၀၈၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၂၀၀၀၀ ကျပ်
ဝယ်ဈေး ၅၈၈၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၆၀ ကျပ်
ဝယ်ဈေး - ၄၃၉၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၄၀ ကျပ်
ဝယ်ဈေး - ၃၂၈၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၈၀ ကျပ်
ဝယ်ဈေး - ၄၅၈၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၀.၇၂ ကျပ်
ဝယ်ဈေး - ၁၂၈.၂၁ ကျပ်

Credit - VOM

#သတင်းဟင်းလေးအိုးကြီး

image

ပုဇွန် မက်ထရစ်တန် ၅၀၀၀ ကျော်နဲ့ ပြောင်း တန်ချိန် ၁၇ သိန်းကျော်ကို ပြည်ပ တင်ပို့ထားနိုင်ခဲ့ဟုဆို

ဒီဇင်ဘာ ၂၃

၂၀၂၄ - ၂၀၂၅ ဘဏ္ဏာနှစ်အတွင်း ပုဇွန် မက်ထရစ်တန် ၅၀၀၀ ကျော် တင်ပို့နိုင်ခဲ့တယ်လို့ ငါးလုပ်ငန်း ဦးစီးဌာနက ပြောပါတယ်။

ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းကနေ ပုဇွန် မက်ထရစ်တန် ၄၃၃၅ ဒသမ ၆၅၇ တန် တင်ပို့ထားနိုင်ခဲ့ပြီး နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတွေကနေ ၉၆၂ ဒသမ ၉ တန် တင်ပို့ထားနိုင်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီလို တင်ပို့မှုတွေကနေ အမေရိကန် ဒေါ်လာ ၁၇ ဒသမ ၈၇၁ သန်း ရရှိထားတယ်လို့ သိရပါတယ်။

ယခု ဘဏ္ဏာနှစ်မှာပဲ ပြောင်းတန်ချိန် ၁၇ သိန်းကို ပင်လယ်ရေကြောင်းနဲ့ တာချီလိတ် နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေကနေ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းက ပြောပါတယ်။

ပြည်တွင်းမှာ ပြောင်းထုတ်လုပ်နိုင်မှု ပမဏဟာ မက်ထရစ်တန် ၃ ဒသမ ၂ သန်းလောက်ရှိပြီး ပြည်ပကို မက်ထရစ်တန် ၂ ဒသမ ၂ သန်းလောက် တင်ပို့ရောင်းချနေတယ်လို့ ဆိုပါတယ်။

#centralnewsnaypyitaw

image
15 w - Translate

ကလေးလေးတွေကို သင်ပေးကြဖို့

#englisheverywhere

image
15 w - Translate

ကလေးလေးတွေကို သင်ပေးကြဖို့

#englisheverywhere

image