အသက်အရွယ်ရလာတာပါပဲ
လုပ်ယူပြတဲ့ ဆက်ဆံရေးတစ်ချို့ကို
ကိုယ်မကြိုက်တော့သလို
လုပ်ယူပြတဲ့ အပြုံးတစ်ချို့ကို
ကိုယ်မနှစ်သက်တော့ဘူး။
တစ်စုံတစ်ယောက်နဲ့ ဆုံတိုင်းမှာ ပေါ့ပါး
ရယ်မောစွာ နှုတ်ဆက်ခွင့်ရချင်လာတယ်။
တစ်စုံတစ်ယောက်နဲ့ ခင်မင်မှုတိုင်းမှာ
အတုယောင်မပါပဲ ဟန်ဆောင်မှုကင်း
ခြင်လာတယ်။
များသောအားဖြင့်
ကိုယ်ဟာ လက်လွှတ်သင့်တဲ့အချိန်မှာ
လက်လွှတ်တတ်အောင်နေပြီး
ပြောင်းလဲသင့်တဲ့အချိန်မှာ
ပြောင်းလဲတတ်အောင် နေတယ်။
သူများစိတ်ထဲမှာ ကိုယ်ဟာ
နေရာလည်း မလိုချင်တော့သလို
သူများ အမှားတွေထဲမှာ ကိုယ်ဟာ
မပူပန်တော့ဘူး။
အမှောင်ထဲမှာ လင်းအောင်နေသလို
အရှုပ်ထဲမှာ ရှင်းအောင်နေတတ်လာတယ်။
လူ့သဘာဝက
ကိုယ်ကောင်းနေပေမဲ့ အချို့က
တော့ ဆိုးချင်ဆိုးနေမယ်။
အချို့ကကိုယ် ရိုးသားပေမဲ့ ကောက်ကျစ်နေရင် ကောက်ကျစ်
နေမယ်မဟုတ်ဘူးလား။
ဘာပဲဖြစ်ဖြစ်အရေးကြီးတာက ကိုယ်ရိုးသားနေရမယ်။ပျော်ရွှင်နေရမယ်လေ။
ဒါကို ကိုယ်က လိုက်ပြီး
လူတွေရဲ့ အပြုအမူအောက်တွေ ခံစားချက်တွေအောက်မှာ လိုက်ရှင်သန်
နေရင် ဘယ်အေးချမ်းခြင်းရမလဲ။
အဓိကကကိုယ့်အသက်လေးကို ဖြောင့်အောင်ရှူရင်း
ကိုယ့်နေရက်တိုင်းကို
ပျော်ရွှင် အေးချမ်းစွာပဲ
ဖြတ်သန်းရဖို့ပဲလေ။
တစ်ကယ်တော့အသက်အရွယ်ရလာတယ်ဆိုတာ ကိုယ်ဟာ ကြီးပြင်းရင့်ကျက်လာတယ်ဆိုတဲ့ ဘောင်ထဲရောက်သွားတဲ့ သဘောပါပဲ။
ဒါကြောင့်
ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်တာ
ကိုယ့်ကိုယ်ကိုယ်ပိုချစ်လို့ရတာ
ကိုယ့်ပျော်ရွှင်မှုကိုပို ဦးစားပေးတာ
တွေဟာ ကိုယ့် အတ္တများတယ်
မနောမကောင်းတာမဟုတ်ပါဘူး။
ကြီးပြင်းလာတာနဲ့အမျှ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ပိုချစ်ရမယ်ဆိုတာ သိလာကြလို့ပါ။
ဦးချေ(5.11.21)
photo-pinterest
#ဘဝနှင့်စာပေ