10 w - Translate

BlueVolt Battery ဆိုတာဘာလဲ?
စမတ်ဖုန်းအသုံးပြုသူတိုင်းအတွက် ဖုန်းအားကုန်တာက တကယ်စိတ်ညစ်စရာကောင်းတဲ့ အခိုက်အတန့်ပါ။ အရေးကြီးဖုန်းပြောနေချိန်၊ အလုပ်ကိစ္စအသုံးပြုနေချိန်နဲ့ Social Media အသုံးပြုနေချိန်တွေမှာ ဖုန်းအားကုန်ပြီး ဖုန်းပိတ်ကျသွားတဲ့အခါတွေမှာ ဒီလို ဖုန်းအားကုန်မှာကို စိုးရိမ်ကြောင့်ကြမှုတွေ ကြုံရပြီး စိတ်မသက်မသာ ဖြစ်ကြရပါတယ်။
ခုလို ဘက်ထရီအတွက် စိုးရိမ်ကြောင့်ကြမှုတွေနည်းပါးအောင် vivo က BlueVolt Battery System ကို vivo စမတ်ဖုန်းတွေထဲမှာ ထည့်သွင်းအသုံးပြုနေပါတယ်။ အသစ်မိတ်ဆက်ထားတဲ့ vivo V50 Lite မှာပါဝင်လာမယ့် BlueVolt Battery System ဟာဆိုရင်လည်း သိုလှောင်အားကြီးမားပေမယ့် ထူထဲလေးလံမနေပဲ ပါးလွှာပြီး အားသွင်းလျင်မြန်စေတဲ့အပြင် ဘက်ထရီသက်တမ်း ကြာရှည်စွာအသုံးပြုနိုင်တဲ့ နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်ပါတယ်။
Electrode Reshaping Technology ကြောင့်လျှပ်ကူးခေါင်းတွေ ပိုမိုပါးလွှာပြီး ဘက်ထရီထဲမှာ လျှပ်ကူးခေါင်းများစွာ ထည့်ထားတာကြောင့် စွမ်းအင်ထုတ်လွှတ်တဲ့အခါ ပိုထိရောက်ခြင်း၊ ဖုန်းတွင်းအပူကြောင့် စွမ်းအင်ဆုံးရှုံးမှုလျှော့ချနိုင်ခြင်း၊ ဘက်ထရီသိပ်သည်းဆနဲ့ စွမ်းဆောင်ရည်တိုးမြှင့်ခြင်း စတာတွေအပြင် ဘက်ထရီ သက်တမ်းကြာရှည်ခံနိုင်ဖို့အတွက်လည်း ကူညီထောက်ပံ့ပေးပါတယ်။
ဒီလိုနောက်ဆုံးပေါ်နည်းပညာသုံးခုကို ပေါင်းစပ်ပြီး သုံးစွဲသူတွေရဲ့ တစ်နေ့တာမှာ ဘက်ထရီကြောင့် စိတ်ပူပန်ရမှုများ လျှော့ချပေးနိုင်ဖို့နဲ့ ကြီးမားပြီးကြာရှည်ခံတဲ့ ဘက်ထရီကို လျင်မြန်စိတ်ချလုံခြုံစွာ အားသွင်းနိုင်မယ့် နည်းပညာတွေပေါင်းစပ်ထားတဲ့ BlueVolt Battery System ကို vivo စမတ်ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုပေးနေပါပြီ။ အသစ်မိတ်ဆက်ထားတဲ့ vivo V50 Lite မှာဆိုရင် 6500 mAh Battery ပါဝင်တဲ့အပြင် BlueVolt Battery System ကြောင့် ပါးလွှာပြီး ကြာရှည်အသုံးခံတဲ့ ဘက်ထရီတစ်လုံးအနေနဲ့ သုံးစွဲသူတွေ စိတ်ကျေနပ်‌မှုရစေပြီး ဘက်ထရီကြောင့်ဖြစ်တဲ့ စိတ်မချမ်းမြေ့စရာတွေမှ ကင်းဝေးနိုင်မှာပဲဖြစ်ပါတယ်။

image