10 w - Translate

ရန်ကုန်မြိုမှာ မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှုကုန်စည်ပြပွဲကို ဒုတိယအကြိမ်အဖြစ် ထပ်မံကျင်းပမည်
*****************
(ပြည်တွင်း) ဧပြီ ၃၀
ရန်ကုန်မြို့မှာ ဒုတိယအကြိမ်အဖြစ် မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှုကုန်စည်ပြပွဲကို လေးရက်တာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါတယ်။ MYANMAR POWER & SOLAR ENERGY STORAGE LIGHTING EXPO 2025 ဟု အမည်ပေးထားတဲ့ မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှုကုန်စည်ပြပွဲကို မေလ ၁ ရက်မှ ၄ ရက်အထိ ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်ရှိ Yangon Convention Center မှာ ပြုလုပ်သွားမည်ဖြစ်ပါတယ်။

အဆိုပါပြပွဲကို မေလ ၁ ရက်မှ ၃ ရက်အထိ Yangon Convention Center မှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ၊ မေလ ၄ ရက်မှာ နံနက် ၉ နာရီ မှ နေ့လယ် ၂ နာရီအထိ ပြုလုပ်သွားမည်ဖြစ်ပါတယ်။

နိုင်ငံတကာကုမ္ပဏီ အမှတ်တံဆိပ်ပေါင်း ၁၅ဝ ကျော်က ဆိုင်ခန်းပေါင်း ၇ဝ ကျော်လာရောက်ပြသရောင်းချခဲ့တဲ့ မီးစက်နှင့် ဆိုလာစွမ်းအင် သိုလှောင်မှုကုန်စည်ပြပွဲ ပထမအကြိမ်ကို ဇန်နဝါရီလ ၁၀ ရက်က ရန်ကုန်မြို့ ကွန်ဗင်းရှင်းစင်တာမှာ နံနက် ၉ နာရီမှ စတင်ကျင်းပခဲ့ပြီးဖြစ်ပါတယ်။

အဆိုပါ မီးစက်နှင့် စွမ်းအင်သိုလှောင်မှု ကုန်စည်ပြပွဲမှာ တရုတ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့က ကုမ္ပဏီပေါင်း ၁၅၀ ကျော်က လာရောက်ပြသရောင်းချခြင်းဖြစ်ပြီး၊ ဇန်နဝါရီလ ၁၀ ရက်မှ ၁၂ ရက်အထိ ရန်ကုန်မြို့ ကွန်ဗင်းရှင်း စင်တာတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်ခဲ့ပြီး ပြပွဲတွင် ဆိုလာနှင့် မီးစက်များအပြင် အီလက်ထရွန်နစ် ထုတ်ကုန်များလည်း ပါဝင်ပြသခဲ့ပြီးဆိုလာပြားများမလိုအပ်ဘဲ ဘက်ထရီစနစ်တွဲရက် စမတ်အင်ဗာတာများနှင့် ဆိုလာစွမ်းအင်များကို စိတ်ဝင်တစားလာရောက် ကြည့်ရှုဝယ်ယူသူများ အထူးများပြားခဲ့ကြောင်း သိရပါတယ်။

လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် ဒေသများစွာမှာ လျှပ်စစ်မီး ပြတ်တောက်မှု များရှိနေကြောင်း သိရပါတယ်။ ဓာတ်အားထုတ်လုပ်မှုလျော့နည်းအနေနဲ့ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးအပါအဝင် တစ်နိုင်ငံလုံးတွင် အလှည့်ကျ စနစ်နဲ့ လျှပ်စစ်မီးပေးနေရတယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

image