နိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်း၌ အကြမ်းဖက်သမားများ၏တိုက်ခိုက်မှုများ ပြန်လည်မြင့်တက်လာ
*****************
(နိုင်ငံတကာ) ဧပြီ ၃၀
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း၌ အကြမ်းဖက်သမားများ၏တိုက်ခိုက်မှုများ ပြန်လည်မြင့်တက်လာ လျက် ရှိကြောင်း သိရသည်။

အဓိကအားဖြင့် ဘိုကိုဟာရမ် စစ်သွေးကြွများနှင့် ISWAP အဖွဲ့တို့ကြား အပြန်အလှန် တိုက်ခိုက်မှုများကို ကျူးလွန်လာခြင်းဖြစ်ကာ ၎င်းတို့အသုံးပြုလျက်ရှိသည့် နည်းလမ်းများတွင် လက်နက်တပ်ဆင်ထားသည့် ဒရုန်းများနှင့်လမ်းမကြီးများတွင် ဗုံးထောင်ခြင်းများလည်းပါဝင်လာကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အကုန်မှာပင် အာဒမ်အာဝါနှင့်ဘော်နိုပြည်နယ်တို့၌ စစ်သွေးကြွများ၏ တိုက်ခိုက်မှု ကြောင့် လူ ၂၂ ဦးသေဆုံးထားသည်။

အလားတူ ဧပြီလ ၂၈ ရက်တွင်လည်း ဘော်နိုပြည်နယ်၌ မော်တော်ယာဉ် နှစ်စီးဖောက်ခွဲခံရသည့် အတွက် လူ ၂၆ ဦးသေဆုံးသည်။

ထို့အတူ ဇန်နဝါရီလမှစ၍ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့်သေဆုံးသူအရေအတွက်မှာ ဒါဇင်ပေါင်းများစွာရှိလာပြီ ဖြစ်သည်။

အထူးသဖြင့် ဘော်နို ပြည်နယ်သည် အကြမ်းဖက်သမားများ ၁၅ နှစ်ကြာစိုးမိုး ထားသည့်နယ်မြေဖြစ်ပြီး လက်ရှိအချိန်တွင် အောင်မြင် မှုများပိုမိုရရှိလာလျက်ရှိကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဘာဘာ ဂါနာဇူလမ်ကပြောသည်။

တစ်ချိန်တည်းမှာပင် ISWAP အဖွဲ့က လက်နက်တပ်ဆင်ထားသည့် ဒရုန်းများ ကို အသုံးပြုလာခြင်းသည် IS စစ်သွေးကြွများထံမှ ပံ့ပိုးမှုများရရှိထားခြင်းဖြစ်နိုင်ကြောင်း လေ့လာသူများက ပြောထားသည်ဟု RTA သတင်းဌာနက သိရသည်။

image