ခေါင်းကြီးပြခဲ့တဲ့ တကွက်က ဆိုရှယ်မီဒီယာပေါ်မှာ ရေပန်းစားနေပါပြီ။ ညာဘက်လှည့်ထွက်လိုက်၊ ဘယ်ဘက်လှည့်ထွက်လိုက်၊ ညာဘက်ကို ပြန်ထွက်လိုက်လုပ်ပြီး ဧရိယာထဲ ဖြတ်တင်ပေးခဲ့ပုံက တောင်ပံကစားသမားတဦးအလားပါပဲ။
လိုင်ယွန်နဲ့ပွဲတုန်းက တိုက်စစ်မှူးနေရာတက်ကစားပြီး အဖိုးတန်အနိုင်ဂိုးသွင်းခဲ့တဲ့ ခေါင်းကြီးက ဘီလ်ဘာအိုနဲ့ပွဲမှာလည်း အဖွင့်ဂိုးရအောင် ကူညီပေးသွားခဲ့တာပါ။ သူ့ရဲ့ အားထုတ်မှုကြောင့် ရခဲ့တဲ့ဂိုးဖြစ်ပြီး အသင်းဖော်တွေကလည်း မှန်မှန်ကန်ကန် အသုံးချနိုင်ခဲ့ပါတယ်။
ခေါင်းကြီးရဲ့ ပါဝင်ပတ်သက်မှုတွေကတော့ ချီးကျူးစရာတွေ ဆက်တိုက်ပါပဲ။ ယူနိုက်တက်ကနေ ရောင်းထုတ်ခံရတော့မယ့် အနေအထားကနေ အားလုံးရဲ့ ယုံကြည်မှုပြန်ရလာအောင် ကြိုးစားခဲ့တာတွေက အရာထင်နေခဲ့ပါပြီ။
