မယုံဘဲ မနေသင့်
🙏🙏🙏🙏
ဘုရားသည် ....
အရာရာ သတိဖြင့်သာသုံး
စိတ်ကို စုရုံးလာခဲ့ပြီး ဖြစ်ခြင်းကြောင့်
ဘာမဆို အကုန်သိမြင်
သဗ္ဗညုတ ဥာဏ်ရှင်ဆိုသည်ကို
သင်မယုံဘဲ မနေသင့်။
အကျိုးမရှိဆို တား
အကျိုးရှိရာဆို ညွှန်ကြားဆိုသည်ကို
သင်မယုံဘဲ မနေသင့်။
တရားသည်လည်း ...
တစ်ချက်မှတ်လျှင် တစ်ချက်ပင်
ကိလေသာငြိမ်းဖြင့်ပင်
လူအများအား သံသရာခရီးခဲထဲမှ
ကယ်ထုတ်ပေးနေသည်ကို
သင်မယုံဘဲ မနေသင့်။
လူအများအား အပူသက်သာဆေး
တိုက်ကျွေးနေပါသည်ကို
သင်မယုံဘဲ မနေသင့်။
သံဃာသည်လည်း ...
ဆွမ်းတစ်ဇွန်း ဒါန ကပင်
လူဘဝ၊ နတ်ဘဝ အထိ တိုးပွားသည်ကို
သင်မယုံဘဲ မနေသင့်။
မကောင်းတွေ့ တား ကောင်းဟေ့ဆို
ညွှန်ကြားပေးနေပါသည်ကိုလည်း
သင်မယုံဘဲ မနေသင့်။။
#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

image

မင်္ဂလာရှိသောနေ့သစ်နံနက်ခင်းလေးပါ

image

❝ဘုရားဂုဏ်​တော် ၉-ပါး❞
❝အရဟံ ဂုဏ်တော်❞
ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူထိုက်တော်မူထိုက်သော မြတ်စွာဘုရား။ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုလုပ်တော်မမူသော မြတ်စွာဘုရား။
အရဟံဂုဏ်တော် (၅) ချက်-
၁။ အာရကတ္တာ- ကိလေသာတို့မှ ဝေးတော်မူသောကြောင့် အရဟမည်၏။
၂။ ပစ္စယာဒီနံ အရဟတ္ထာပိ- လူနတ်ဗြဟ္မာသုံးပါးတို့၏ ပစ္စည်းလေးပါး စသော ပူဇော်အထူးကို ခံထိုက်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၃။ နတ္ထိ ရဟော ဧတဿာတိ- ဆိတ်ကွယ်ရာ အရပ်၌ မကောင်းမှုပြုခြင်းသည် မရှိသောကြောင့် အရဟမည်၏။
၄။ အရီနံ ဟတတ္တာပိ- ကိလေသာ တည်းဟူသော ရန်သူကို သတ်အပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၅။ အရာနံ ဟတတ္တာပိ- သံသရာ စက်တို့ ၏အကန့်တို့ကို ဖျက်ဆီးအပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
❝သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်❞
တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသောမြတ်စွာဘုရား။
(အရာအားလုံးကို ကိုယ်ပိုင်ဉာဏ်စွမ်းဖြင့် အမှန်အတိုင်းသိမြင်တော်မူသော မြတ်စွာဘုရား။)
❝ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော်❞
ဝိဇ္ဇာဉာဏ် ၃-ပါး(၈ပါး)၊ စရဏ အကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊ အကြီးဆုံး ဝိဇ္ဇာနှင့် အကောင်းဆုံး အကျင့်ရှိသူဖြစ်တော်မူသောမြတ်စွာဘုရား။
ဝိဇ္ဇာဉာဏ် (၃) ပါး-
၁။ ပုဗ္ဗေနိဝါသဉာဏ်-ရှေးဘဝမှ နေခဲ့သော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ဉာဏ်။
၂။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏ မျက်စိကဲ့သို့ အပိတ်အပင် အတားအဆီးမရှိ မြင်နိုင်သော ဉာဏ်။
၃။ အာသဝက္ခယဉာဏ် - အာသဝေါတရား လေးပါးကို ကုန်စင်အောင် ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
ဝိဇ္ဇာဉာဏ် (၈) ပါး-
၁။ ဣဒ္ဓိဝိဓဉာဏ် - တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သောဉာဏ်။
၂။ မနောမယိဒ္ဓိဉာဏ် - စိတ်သွားတိုင်း ကိုယ်ပါနိုင်သောဉာဏ်။
၃။ ဒိဗ္ဗသောတဉာဏ် - နတ်တို့၏ နားကဲ့သို့ ကြားနိုင်သောဉာဏ်။
၄။ ပရစိတ္တဝိဇာနနဉာဏ် - သူတပါး၏စိတ်ကိုပိုင်းခြား၍သိနိုင်သောဉာဏ်။
၅။ ပုဗ္ဗေနိဝါသဉာဏ် - ရှေးရှေးသော ဘဝပေါင်းခြားများစွာက နေခဲ့ဘူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သောဉာဏ်။
၆။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏မျက်စိကဲ့သို့ မြင်နိုင်သောဉာဏ်။
၇။ ဝိပဿနာဉာဏ် - ဖြစ်ပေါ်သမျှသော သင်္ခါရတရားတို့ကို လက္ခဏာသုံးပါးတင်၍ ရှုမြင်ဆင်ခြင်နိုင်သောဉာဏ်။
၈။ အာသဝက္ခယဉာဏ် - အာသဝေါတရားလေးပါးကို ကုန်စင်အောင်ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
စရဏ အကျင့် ၁၅ ပါး-
၁။ သဒ်ဓါ
၂။ သတိ
၃။ ဟိရီ
၄။ ဩတ်တပ်ပ
၅။ ဝီရိယ
၆။ သုတ
၇။ ပညာ
၈။ ဘောဇနမတ္တညုတာ
၉။ ဇာဂရိယာနုယောဂ
၁၀။ သီလ
၁၁။ ဣန္ဒြိယသံဝရ
၁၂။ ပထမဈာန်
၁၃။ ဒုတိယဈာန်
၁၄။ တတိယဈာန်
၁၅။စတုတ္ထဈာန် တို့ကို စရဏတစ်ဆယ့်ငါးပါးဟု ခေါ်ဆိုသည်။
❝သုဂတော ဂုဏ်တော်❞
အကျိုးရှိသော ဟုတ်မှန်သောစကားကိုသာ ကောင်းစွာဆိုတတ်သောမြတ်စွာဘုရား။
❝လောကဝိဒူ ဂုဏ်တော်❞
သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက တည်းဟူသော လောကသုံးပါးကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။
❝အနုတ္တရော ပုရိသဓမ္မသာရထိ ဂုဏ်တော်❞
မယဉ်ကျေးသော ဆုံးမထိုက်သူတို့ကို
ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမရာ၌ အသာလွန်ဆုံးဖြစ်တော်မူသောမြတ်စွာဘုရား။
❝သတ္ထာဒေဝ မနုဿာနံ ဂုဏ်တော်❞ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။
❝ဗုဒ္ဓေါ ဂုဏ်တော်❞
သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူပြီးတစ်ပါးသူ တို့အားလည်း ဟောကြားညွှန်ပြနိုင်သောမြတ်စွာဘုရား။
၁။ ဒုက္ခသစ္စာ - ဒုက္ခဟူသော ဆင်းရဲခြင်းတရားသည် အမှန်တကယ်ရှိသည်။
၂။ သမုဒယသစ္စာ - သမုဒယသည် 'ဒုက္ခ'ကိုဖြစ်စေသော အကြောင်းအရင်း အမှန်ဖြစ်သည်။
၃။ နိရောဓသစ္စာ - ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည် အမှန်တကယ်ရှိသည်။
၄။ မဂ္ဂသစ္စာ - နိဗ္ဗာန်ကိုရရှိရန် နည်းလမ်းသည် မဂ္ဂင်ရှစ်ပါး အမှန်ပင်ဖြစ်သည်။
❝ဘဂဝါ ဂုဏ်တော်❞
ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံတော်မူခြင်း၊ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရား။
ဘုန်းတော်ခြောက်ပါး-
၁။ ဣဿရိယဘုန်းတော် - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား။
၂။ ဓမ္မဘုန်းတော် - မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၃။ ယသဘုန်းတော် - များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၄။ သိရီဘုန်းတော် - အတုမရှိသော ကျက်သရေတော် နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၅။ ကာမဘုန်းတော် - လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား။
၆။ ပယတ္တဘုန်းတော် - အတုမရှိသော လုံလဝီရိယနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဗုဒဓှံ သရဏံ ဂစဆှာမိ၊ ဓမမှံ သရဏံ ဂစဆှာမိ၊ သံဃံ သရဏံ ဂစဆှာမိ။
ဗုဒ္ဓံပူဇေမိ၊ ဓမ္မံပူဇေမိ၊ သံဃံပူဇေမိပါဘုရား။
သတ္တဝါအားလုံး ​ဘေးရန်ကင်းကြ ပါ​စေ။
၇ - ရက်သားသမီး အားလုံး
ကျန်းမာ၊​ ချမ်းသာကြပါစေ။
​ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါ​စေ။
အလုပ်အကိုင်လုပ်ငန်းများ ​အောင်မြင်တိုးတက်ကြပါ​စေ...
❝ပေးကမ်းမျှ​ဝေကူညီနိုင်​သော လက်ပိုင်ရှင်များ ဖြစ်ကြပါ​စေ။❞
❝ပေးကမ်းမျှ​ဝေကူညီနိုင်​သော လက်တစ်စုံပိုင်ရှင်ဖြစ်ရပါလို၏။❞
❝ရယူလို့ဖြစ်တဲ့ ပျော်ရွှင်ခြင်းထက် ပေးကမ်းမျှ​ဝေကူညီနိုင်​လို့ရတဲ့ ပျော်ရွှင်မှုက ပိုမိုပြီး ချမ်း​မြေ့ပျော်ရွှင်ကြည်နူးပိတိဖြစ်ရပါတယ်။❞

image

နေ့စဉ်မိုးလေဝသသတင်း
===============
(၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
-------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်း ပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် နေရာကျဲကျဲနှင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြု အပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

image
10 w - Translate

TRANSFER 🚨🔴
မန်ချက်စတာယူနိုက်တက်အသင်းဟာ ကွန်ညာနဲ့အပြောင်းအရွှေ့ကို မကြာခင်ကာလမှာပဲ အပြီးသတ် ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ် ✅
[Fabrizio]🌕

image
10 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ နိုင်ငံကူးလက်မှတ်အွန်လိုင်းစနစ်လျှောက်ထားမှု မေ ၁ ရက် ပြန်ဖွင့်မည်
နိုင်ငံကူးလက်မှတ်လျှောက်ထားရန် အွန်လိုင်းစနစ် Online Appointment System ဖြင့် ကြိုတင်လျှောက်ထားရန် QRCode ရယူခြင်းအား ငလျင်လှုပ်ခတ်မှုကြောင့် ယာယီရပ်နားထားရာမှ မေ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ငလျင်ဘေးဒဏ်ကြောင့် ဆက်သွယ်ရေးတာဝါတိုင်များ ပျက်စီးခဲ့သည့်အတွက် Online Appointment System ဖြင့် နိုင်ငံကူး လက်မှတ် လျှောက်ထားမှုရပ်နားထားခြင်း တစ်လနီးပါးကြာမြင့်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ရန်ကုန်၊ မြစ်ကြီးနားနှင့် လားရှိုးမြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများတွင် နိုင်ငံကူးလက်မှတ်ဆောင်ရွက်ရန် Online AppointmentDate ရရှိထားသူများ ဆောလျင်စွာဆောင်ရွက်နိုင်ရေး Appointment Date များ ပြင်ဆင်ထားသည့်အတွက်ပြန်လည်စိစစ်နိုင်ရေး အသိပေးထားပြီး ပြောင်းလဲပြင်ဆင်ထားသည့်ရက်များတွင် သက်ဆိုင်ရာ ရုံးများအလိုက် နိုင်ငံကူးလက်မှတ်သွားရောက်ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့် QR code ရက်ချိန်း ယူခွင့်မရရှိသော်လည်း ကျန်းမာရေး၊ ပညာရေးစသည့် အရေးပေါ်ကိစ္စရှိသူများအတွက် Green Channel အစီအစဉ်ဖြင့် ဆောင်ရွက်ပေးနေပြီး မြန်မာနိုင်ငံကူးလက်မှတ်ရုံးများတွင် ကြိုတင်ရက်ချိန်းကို ဇွန်လအထိပေးထားပြီးဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး

image

image
10 w - Translate

View from the top

image
10 w - Translate

အပ်စတိန်းအမှု​ဖော်ထုတ်သူသူ့ကိုယ်သူသတ်​​သေ

လူကုန်ကူးမှုနှင့်အသက်မပြည့်​သေးသူများကိုအဓ္ဓမပြုကျင့်သည့်သူ​ဌေးကြီးဂျက်ဖ​ရေအပ်စတိန်း(​ထောင်အတွင်းသူ့ကိုယ်သူသတ်​သေသွားသူ)၏အမှုကိုစတင်​ဖော်ထုတ်သူဗာဂျီးနီးယားဂျီယူဖရီသည်အသက်၄၁နှစ်အရွယ်ဧပြီလ၂၅ရက်တွင်သြစ​တေလျရှိသူ့မ၏​နေအိမ်၌သူ့ကိုယ်သူသတ်​သေသွားသည်။သူမသည်အသက်မပြည့်မီတွင်အပ်စတိန်းထံ၌အလုပ်​လျောက်ရာမှလိင််မယ်အဖြစ်ကမ္ဘာပတ်​ဖျော်​ဖြေရသူဖြစ်ခဲ့ပြီးအသက်၁၇နှစ်တွင်ဗြိတိန်မင်းသားအင်ဒရူးကိုလိင်ကိစ္စ​ဖျော်​ဖြေခဲ့ရသည့်အတွက်၂၀၁၁ခုနှစ်တွင်တရားစွဲခဲ့ဘူးသူဖြစ်သည်။

NOM

image
10 w - Translate

"ဥ​ရောပတွင်လျပ်စစ်မီးများပြတ်​တောက်"

​ပေါ်တူကီနှင့်စပိန်တွင်လျပ်စစ်မီး၈နာရီကြာပြတ်​တောက်သဖြင့်စပိန်ဝန်ကြီးချုပ်ကနိုင်ငံကိုအ​ရေး​ပေါ်အ​ခြေအ​နေ​ကြေညာပြီးမလိုအပ်ပဲခရီးမသွားရန်၊ဖုန်းများကိုခြွေတာသုံးစွဲရန်တိုက်တွန်းလိုက်သည်။​မော်ရိုကိုတွင်လည်းအင်တာနက်များပြတ်​တောက်လျက်ရှိသည်။

NOM

image