Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Power Bank တွဲမသုံးရပါဘူး.. Battery Case တော့ ထပ်ဝယ်ရမယ် 🫠
.
Apple က ဒီနှစ်စက်တင်ဘာလအတွင်းမှာ အထူ 5.5mm ပဲရှိမယ့် အလွန်ပါးလွှာတဲ့ iPhone 17 Air ကို မိတ်ဆက်ဖို့ စီစဥ်နေတာဖြစ်ပါတယ်။ အဆိုပါ iPhone 17 Air ဟာ အလွန်ပါးအောင်လုပ်ထားတာကြောင့် Camera ပိုင်းမှာ Single Camera ပဲ သုံးထားတဲ့အပြင် Battery Capacity ပိုင်းမှာလည်း တခြား iPhone တွေထက် အားနည်းမှာ သေချာသလောက်ဖြစ်နေပါတယ်။
Apple ကိုယ်တိုင်ကလည်း iPhone 17 Air ဖုန်းကို တစ်နေကုန်အားပြန်မသွင်းပဲ သုံးနိုင်မယ့်သူတွေက ၆၀ ရာခိုင်နှုန်းနဲ့ ၇၀ ရာခိုင်နှုန်းပဲ ရှိမယ်ဆိုပြီး ကုမ္ပဏီတွေစမ်းသပ်မှုတွေအရ ကောက်ချက်ချထားတယ်လို့ သိရပါတယ်။
ဒီလိုပြဿနာကို ဖြေရှင်းဖို့အတွက် Apple ဘက်ကနေ iPhone 17 Air ဖုန်းနဲ့အတူ Battery Pack ပါဝင်တဲ့ Phone Case - Battery Case ကိုပါ တွဲဖက်ပြီး ရောင်းချသွားဖို့ စီစဥ်ထားတယ်လို့ သတင်းထွက်ပေါ်လာပါပြီ။
iPhone တွေအတွက် Battery Case တွေဟာ လွန်ခဲ့တဲ့ iPhone 11 တွေအတွက်ပဲ နောက်ဆုံးထုတ်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာ iPhone 12 Series နဲ့အတူ MagSafe Battery Pack ကို ပြောင်းလဲထုတ်ခဲ့ပါတယ်။ အခုဆိုရင် MagSafe Battery Pack ကိုပါ Discontinued လုပ်လိုက်တာကြောင့် Apple Brand အနေနဲ့ တရားဝင်ရောင်းနေတဲ့ Battery Pack တွေမရှိတော့ဘူးလို့တောင် ပြောလို့ရတယ်။
ဒါကို iPhone 17 Air ကြမှ Battery Case က တကျော့ပြန်လာမယ်ဆိုတော့ စိတ်ဝင်စားဖို့တော့ ကောင်းနေတာပဲ။ ဖုန်းအထူက 5.5mm ပဲရှိပေမယ့် Battery Case တပ်သုံးရင် 10mm ကျော်သွားလောက်မှာပဲဆိုတော့ ဒီနှစ်မှာ iPhone 17 Air က အသုံးမကျတဲ့ ဖုန်းအပါး ဖြစ်ဦးမလားပဲ 🫠
#နိုင်ငံတကာသတင်း
◼ခရီးသွားများသတ်ဖြတ်မှုတင်းမာနေစဉ် ပါကစ္စတန်သွင်းကုန်များကို အိန္ဒိယပိတ်ပင်
အငြင်းပွားနေသော ကက်ရှ်မီးယားဒေသတွင် အလည်အပတ်လာသူ ခရီးသွားများစွာ သေဆုံးခဲ့သော တိုက်ခိုက်မှု ဖြစ်ပွားပြီးချိန် နျူကလီးယားလက်နက်ပိုင်ဆိုင်သော အိမ်နီးချင်းနှစ်နိုင်ငံကြားတင်းမာမူများရှိနေစဉ် ပါကစ္စတန်မှ အစပြုလာသော သို့မဟုတ် ပါကစ္စတန်နိုင်ငံမှတစ်ဆင့်ခံ ရောက်ရှိလာသော ကုန်ပစ္စည်းများအား ပိတ်ပင်လိုက်ကြောင်း အိန္ဒိယက ပြောကြားသည်။
ပိတ်ပင်မှု က ချက်ချင်းအသက်ဝင်လာမည်ဟု အိန္ဒိယနိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားချက်က ဖော်ပြခဲ့သည်။
အမျိုးသားလုံခြုံရေး နှင့် အစိုးရ မူဝါဒအရ ယင်း ကန့်သတ်မှုကို ချမှတ်လိုက်ကြောင်း ညွှန်ကြားချက်က ဆက်လက်ဖော်ပြသည်။
ကက်ရှ်မီးယားချိုင့်ဝှမ်း ၊ ပါဟယ်ဂမ် ဒေသ တောင်ပေါ် အပန်းဖြေနေရာတစ်ခု၌ ယခင်သီတင်းပတ်အတွင်း ဖြစ်ပေါ်ခဲ့သော တိုက်ခိုက်မှု၌ စစ်သွေးကြွဟု မသင်္ကာသူများက ခရီးသွား အနည်းဆုံး ၂၆ ဦးကိုသတ်ဖြတ်ခဲ့သည်။
မွတ်ဆလင်အများစုနေထိုင်သော ဟိမဝန္တာဒေသကို ၎င်းတို့ပိုင်ဆိုင်ကြောင်း အိန္ဒိယရော ၊ ပါကစ္စတန်ကပါ ပြောကြားကြပြီး ယင်းဒေသကြောင့် နှစ်နိုင်ငံကြား စစ်ပွဲများ ၊ ပုန်ကန်မှုများ ၊ သံတမန်ရေး တင်းမာမှုများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့သည်။
ယခုနောက်ဆုံး တိုက်ခိုက်မှုတွင် ပါကစ္စတန်ပါဝင်ပတ်သက်နေကြောင်း အိန္ဒိယက စွပ်စွဲပြောကြားပြီး ပါကစ္စတန်က ငြင်းဆိုထားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ အိန္ဒိယက စစ်တိုက်ရန် ပြင်ဆင်နေသည်ဟူသော ခိုင်လုံသည့် သတင်းရထားသည်ဟု ပါကစ္စတန်က ပြောကြားထားသည်။
ပါကစ္စတန်ကလည်း အိန္ဒိယ၏ အရေးယူမှုများအား လက်တုံံ့ပြန်ခြင်းများ လုပ်ဆောင်ထားရာ နယ်စပ်ကုန်သွယ်မှုအားလုံးကို ပိတ်ပင်ခြင်း၊ အိန္ဒိယလေကြောင်းများအား ၎င်းတို့ဝေဟင်ပိုင်နက်မှ ပိတ်ပင်ခြင်း ၊ အိန္ဒိယသံတမန်များအား နှင်ထုတ်ခြင်းများ လုပ်ဆောင်ခဲ့သည်။
ထို့ပြင် လွန်ခဲ့သော ဆယ်စုနှစ်များစွာက ချုပ်ဆိုထားသည့် မြစ်ရေခွဲဝေသုံးစွဲရေးစာချုပ် အရ ကတိပြုထားသည့် မြစ်ရေစီးဆင်းမှုကို တားဆီးရန် ကြိုးပမ်းမှုမှန်သမျှကို စစ်ပွဲစတင်သည့် လုပ်ရပ်အဖြစ် သဘောထားမည်ဟု ပါကစ္စတန်က သတိပေးပြောကြားထားသည်။
နှစ်နိုင်ငံကြား ကုန်သွယ်ရေးမှာလည်း မကြာမီနှစ်များအတွင်း များစွာ ကျဆင်းသွားခဲ့ပြီဖြစ်သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
လီဂူးကို တန်းတက်လာတဲ့ ပဲရစ်အက်ဖ်စီဟာ သူတို့ရဲ့ အိမ်ကွင်းကို ပြောင်းကစားသွားမှာပါ။ ပဲရစ်မှာပဲ အခြေစိုက်တဲ့ ဒီအသင်းက လာမယ့်ရာသီမှာ ပီအက်စ်ဂျီရဲ့ မြို့ခံပြိုင်ဘက်ဖြစ်လာမှာပါ။ သူတို့ ပြောင်းကစားမယ့်ကွင်းက ပီအက်စ်ဂျီကွင်းနဲ့ ဟိုဘက်ဒီဘက်ပါပဲ။ လမ်းလေးပဲခြားပါတယ်။
သူများကွင်းက အဝတ်လဲခန်းမသုံးချင်ရင် ကိုယ့်ကွင်းက အဝတ်လဲခန်း ကိုယ်သုံးပြီး ပွဲစခါနီး လမ်းကူးပြီး သွားကစားရုံပါပဲ။ 😃
🔥ခုလာမယ့် စျေးတန်တဲ့ ဖုန်းတွေထဲ Infinix Note 50 Pro လည်းကြမ်းတယ် 🔥
Racing Edition ဆိုရင် BMW Design မျိုးအပြင်အဲ့တာမျိုးကိုမှ အရင် Note တွေထက်လုံးဝကွဲထွက်လာတဲ့ Designမျိုး Armour Alloy Design ဆိုပြီး aluminium frame နဲ့လာမယ် IP Rating 64 ပါမယ်
6.78 Display ကိုမှ 144hz နဲ့အဲ့တာတော့ကြမ်းတယ် brightness nits ကလည်း 1300 ပါမယ် JBL Dual Speakers နဲ့ Performance ကတော့ G100 Ultimate ပဲ Battery ပိုင်းတော့တိုးတက်သွားတယ် 5200mAh ကိုမှ 90W အားသွင်းစနစ်ရယ် ကြိုးမဲ့ wireless ကတော့ 20W ပါမယ်ဆိုတော့ ....
အကယ်၍များဒီဝင်လို့ ၁၀ သိန်းဝန်းကျင်သာဖြစ်ခဲ့ရင် မဆိုးဘူးလို့တော့ပြောရမယ်