14 w - Translate

Beautiful Curly Hair 😍

image
image
image
image
image
14 w - Translate

ဓာတ်မြေဩဇာ ရည်ညွှန်းဈေး မြင့်တက်လာ
----------------------
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီက အောက်တိုဘာ ၁ ရက်ကနေ ၃၁ ရက်ထိ သတ်မှတ်ထားတဲ့ ရန်ကုန်အထိုင်ဈေး ဓာတ်မြေဩဇာ ရည်ညွှန်းဈေးတွေထုတ်ပြန်ရာမှာ အရင်လထက် ဈေးနှုန်း တွေ မြင့်တက်လာတာ တွေ့ရပါတယ်။

ရန်ကုန်အထိုင်ဈေး ဓာတ်မြေဩဇာ ရည်ညွှန်းဈေးတွေအနေနဲ့ ယူရီးယား မြေဩဇာ(အလုံးကြီး) ၅၀ ကီလို တစ်အိတ်ကို ၉၇၀၀၀ ကျပ်၊ Rock Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလို တစ်အိတ်ကို ၁၂၄၀၀၀ ကျပ်နဲ့ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ်ကို ၁၃၇၀၀၀ ကျပ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ ရည်ညွှန်ဈေးနဲ့ နှိုင်းယှဉ်ရင် ယူရီးယားမြေဩဇာ (အလုံးကြီး) တစ်အိတ်ကို ၁၄၀၀၀ ကျပ်၊ Rock Phosphate နဲ့ Ammonium Phosphate တစ်အိတ်ကိုတော့ ၉၀၀၀ ကျပ်စီ ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။

လက်ရှိထုတ်ပြန်လိုက်တဲ့ စျေးနှုန်းတွေဟာ ဒေသအလိုက် သယ်ယူ ပို့ဆောင်စရိတ်တွေအပေါ် မူတည်ပြီး စျေးနှုန်း အနည်းငယ် ပြောင်းလဲမှု ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်၊၊ ရည်ညွှန်းစျေးနှုန်းတွေနဲ့အညီ ရောင်းချခြင်း မရှိရင် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင် ကော်မတီနဲ့ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များ အသင်းတွေကို ဆက်သွယ် တိုင်ကြားနိုင်တယ်လို့ သိရပါတယ်၊၊

image
14 w - Translate

မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာ ၆ ရက်ထိ မိုးကြီးနိုင်
--------------------------
မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာ ၂ ရက် ညပိုင်းမှ အောက်တိုဘာ ၆ ရက်အတွင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂ ရက်၊ ည ၇ နာရီအချိန် အထူးမိုးလေဝသသတင်းအဖြစ် ထုတ်ပြန်တဲ့ သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့် လည်းကောင်း၊ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းတာကြောင့် လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာတဲ့ လေအေးတွေ တွေ့ဆုံမှုကြောင့် လည်းကောင်း၊ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း ကရတ်သွန် မှ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် မိုးကြီးနိုင်တာလို့ ဆိုပါတယ်။

ဒါ့ကြောင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် ၊ မွန်ပြည်နယ် အပါအဝင် တိုင်း နဲ့ ပြည်နယ် အများစုမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ ဒေသအလိုက် နဲ့ နေရာကွက်ပြီး မိုးကြီးတာ လေ ပြင်းတိုက်ခတ်တာ ဖြစ်ပေါ်နိုင်သလို ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အပါအဝင် တိုင်း နဲ့ ပြည်နယ် အချို့မှာတော့ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ မိုးထစ်ချုန်းတာ မိုးကြိုးပစ်တာ လျှပ်စီးလက်တာ မိုးသီးကြွေတာ လျှပ်တစ်ပြတ်ရေကြီးတာ နဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှု မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်သူတွေအနေနဲ့ ရေကြီးရေလျှံမှုတွေကို ကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့ နဲ့ ပြည်တွင်းရေကြောင်းသွားလာရေး နဲ့ လေကြောင်းပျံသန်း ရေး အနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ သတိပေးနှိုးဆော်ထားပါတယ်။

image
14 w - Translate

ပျော်ရွှင်မှုကို ခံစားရကြောင်း လီဘရွန်ဂျိမ်းစ် ပြောကြား
----------------------
အယ်လ်အေလိတ်ကာအသင်းနဲ့ ရာသီကြိုပြင်ဆင်မှုတွေစတင်နေတဲ့ လီဘရွန်ဂျိမ်းစ်က သူ့အတွက် ထူးခြားတဲ့ အတွေ့အကြုံသစ်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ NBA ရဲ့ ဂန္ထဝင်ကစားသမားဖြစ်တဲ့ လီဘရွန်ဂျိမ်းစ်ဟာ အယ်လ်အေလိတ်ကာအသင်းရဲ့ ရာသီကြိုပြင်ဆင်မှုမှာ သားဖြစ်သူ ဘရွန်နီဂျိမ်းစ်နဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ် နေတာ ဖြစ်ပါတယ်။

NBA အောစတားအသင်းမှာ အကြိမ် ၂၀ အထိ ရွေးချယ်ခံခဲ့ရတဲ့ လီဘရွန်ဂျိမ်းစ်က သားဖြစ် သူနဲ့အတူ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ကစားရဖို့ဆိုတာ ကစားသမားဘဝ လက်ကျန်အိပ်မက် ဖြစ်သလို လာမယ့်ရာသီမှာ ဒီအိပ်မက်က အမှန် တကယ် ဖြစ်လာတော့မှာြဖစ်တာကြောင့် စိတ်လှုပ်ရှားမိတယ်လို့ ပြောထားပါတယ်။

သတင်းစာရှင်းလင်းပွဲမှာလည်း အယ်လ်အေလိတ်ကာအသင်းရဲ့ ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လီဘရွန်ဂျိမ်းစ်တို့ သားအဖကို အမှတ်တရဓာတ်ပုံတွေ ရိုက်ခဲ့ကြသလို ဘရွန်နီဂျိမ်းစ်ဝတ်ဆင်မယ့် နံပါတ် ၉ ဂျာစီမှာလည်း ဂျိမ်းစ် ဂျူနီယာလို့ ရေးသားထားတာကို တွေ့ရပါတယ်။ လီဘရွန်ဂျိမ်းစ်က အသက် ၃၉ နှစ်ရှိပြီဖြစ်ပြီး သားဖြစ်သူ ဘရွန်နီဂျိမ်းစ်ကတော့ လာမယ့် တနင်္ဂနွေနေ့မှာ အသက် ၂၀ ပြည့်မှာဖြစ်ပါတယ်။

image
14 w - Translate

ကောင်းလိုက်တာလေ

#အကိုမေ
#may

image

image
Apu Lay shared a post  
14 w

14 w

008 ရခိုင်နန်းတော်ကို ရောက်ရှိခဲ့သော ပဲခူးသူ ဟံသာဝတီနန်းတော်မှ အမျိုးသမီး စာဆိုရှင် ရှင်နှောင်း၏ ရခိုင်နန်းတော်ကို ဖွဲ့ဆို ရေးသားထားခဲ့သော ရတု( ၃ )ပိုဒ်
........................................................................

ရခိုင်သက္ကရာဇ် ၉၅၅-ခုနှစ် ဝါဆိုလဆန်း( ၆ )ရက် တနင်္ဂနွေနေ့တွင် မင်းရာဇာကြီး၏ ခမည်းတော် မင်းဖလောင်း နတ်ရွာစံ၍ သားတော် မင်းရာဇာကြီး နန်းတက်တော်မူပြီးလျှင် ရခိုင်သက္ကရာဇ် ၉၆၁-ခုနှစ်တွင် မြောက်ဦးရွှေနန်းတော်သို့ ရောက်ရှိလာခဲ့သည်၊ ပဲခူးသူ ဟံသာဝတီ ပဲခူးဘုရင် သို့မ ဟုတ် ငါးမည်ရ နန္ဒဘုရင်၏ သမီးတော် ရှင်နှောင်း သို့မဟုတ် ရခိုင်ဘုရင် မင်းရာဇာကြီး၏ ဘဂိုးဖြူမိဖုရား သို့မဟုတ် တန်ဆောင်မိဖုရား ဖွဲ့ဆိုရေး သားထားသော မြောက်ဦးရွှေနန်းတော်၏ ရတု( ၃ )ပိုဒ် ဖြစ်သည်၊

ရှင်နှောင်းသည် ရခိုင်ထီးဟန် နန်းဟန်ကို သဘောပေါက်နားလည်လာ၍ မြောက်ဦးရွှေနန်းတော်၏ တည်ရှိနေပုံကို မိမိ၏ခံစားချက်ဖြင့် တွေ့မြင်ရသော နှလုံးသားမှ ပုံရိပ်လွှာဖြင့် ပိုဒ်စုံရတု( ၃ )ပိုဒ်ကို ဖန်တီး၍ ထူးခြားစွာ ရေးဖွဲ့နိုင်ခဲ့သည်၊

ရတု( ၃ )ပိုဒ်တွင် ပထမပိုဒ်သည် မြောက်ဦး ရွှေနန်းတော်၏ တည်ရှိနေပုံကို ရေးဖွဲ့ထားသည်၊ မြောက်ဦးရွှေနန်းသည် တောင်ကုန်းတစ်ခုကို အခြေ ခံ၍ တည်ဆောက်ထားသည်၊ ဗဟိုနန်းမသည် ခေါင်စွန်းငါးဆင့်ဖြင့် ဖွဲ့ စည်းထားသည်၊ ခြင်္သေ့တစ်ကောင်ကဲ့သို့ မားမားမတ်မတ်ရှိလှသည်၊ အ ထက်မကိုဋ်သည် ကြာများ ပွင့်နေဟန်ရှိခဲ့သည်၊ ထောင့်စွန်းများတွင်လည်း နတ်သားရုပ်များဖြင့် တန်ဆာဆင်ထားသည်၊ နန်းတော်၏ ပုံသဏ္ဌာန်သည် ရွှေဒေါင်းတွန်သကဲ့သို့ ကြွကြွရွရွရှိလှသည်၊ အထူးသဖြင့် ဤနန်း၏ တန်ဆာဆင် အဆောက်အအုံသည် အရောင်အသွေးအားဖြင့် ထွန်း တောက်မှုရှိခြင်း နံနက် စောစော နေရောင်ခြည်အောက်တွင် ကြည်ရှုရသည်မှာ အရောင်တဖျတ်ဖျတ်ဖြင့် နေနှစ်ဆူ ထွက်နေသည်ဟူ၍ တွေးထင်စရာ ရှိခဲ့ကြောင်းကို သိပ်သိပ်သည်းသည်း ဖွဲ့နွဲ့ထားသည်၊

ရတု( ၃ )ပိုဒ်ထဲက ပထမဆုံး ရတု နံပါတ်( ၁ )
--------------------------------------
တက်ထွန်းလတ်နေ လက်ယာခွေ၍ ဥဒေတောင်ထွဋ် သောင်ကျွန်းပတ်၍ ထွန်းတက်သောင်းသောင်း မောင်းလည်းပြန်ခေါက် သောက်ခြည်ရောက်က ထွန်းတောက်ပြောင်သူ နေနှစ်ဆူလျှင် ထွက်ပြူသည်လော တွေးထင်မောစွ ပေါပေါတောင်ညို လယ်ထိပ်ပိုထက် ဗဟိုရ်ရွှေနန်း ခေါင်စွန်းငါးဆင့် ခြင်္သေ့သင့်လျက် ယပ်နှင့်စမြင် မိုးပြင်ကြွားကြွား သိကြားလျှပ်စွဲ ပျံဝဲဘနန်း မကန်းကွက်စုံ ပွင့်ငုံချပ်ကြာ ကိန္နရာသွင် ထောင့်တွင်ယွင့်မိုး ရိုးရိုးရွားရွား စောင့်နတ်သားနှင့် ယပ်မားတင့်ဆန်း ဒေါင်းလျှပ်ပန်းရုံ ပဒုံကြာလျောက် ကြာမောက်ကြာတိုက် ထီးစိုက်ဖြောင့်မှန် ရွှေဒေါင်းတွန်သို့ လှံချွန်မှန်ဖူး လင်းရောင်မြူးသည် စည်ရှူးထွန်းချက် ဟန်တကား၊

ဒုတိယ ရတုပိုဒ်မှာ နန်းတွင်းတည်ရှိဟန်ကို ရေးဖွဲ့ထားပါသည်၊ ပမာအား
ဖြင့် နန်းတွင်းသည် ဝေဇယန္တာ နန်းကဲသို့နှယ်တည်ရှိသည်၊ ခြူးပန်းခြူး နွယ်တို့ဖြင့် ယှက်နွယ်ထားသည်၊ စိန်ရွက်သဏ္ဌာန်ရှိသော ပန်းများကိုလည်း ထည့်သွင်းထားသည်၊ ရတနာကိုးပါးဖြင့် စီခြယ်ထားသည့် နန်းတွင်းသည် ညဉ့်အမှောင်မှာပင် ကျောက်မျက်ရတနာတို့မှ ထွက်လာသော ရောင်ခြည်တို့ကြောင့် ဝင်းထိန်လို့နေပါသည်၊ သိကြားနတ်ဘုံနှင့်မခြား ရှိကြောင်းကို စာဆိုရှင်က ဤသို့ဖွဲ့နွဲ့ထားသည်၊

ရတု( ၃ )ပိုဒ်ထဲက ဒုတိယပိုဒ် ရတု နံပါတ်( ၂ )
--------------------------------------
စက်ဝန်းပတ်ခွေ ကျွန်းလုံးမွှေမျှ ဥဒေခေါ်မှန်း ဗွေထွန်းများမြောင် ကုဋေတောင်ထိ မြင့်တောင်ထိပ်မှာ ဝေဇယန္တာနှင့် ပမာတမျှ တူမောလှရှင့်၊ ပါဒနက်သန် ဗိမ္မာန်ညောင်ရွက် ကွမ်းချက်တောက်တဲ အောင်ဆွဲလူလူ ခြူလည်းသွင်သွင် ကြယ်လပြင်တိ ပျံဝင်ကိုးပါး မျက်စုံနားလျက် ခြူးသားပြောက်နွယ် ဆန်းကြယ်ပေါ်ထုတ် ဖွေနှုတ်ညွတ်ညောင်း စုံပေါင်းများဖျင် လည်တင်ရင်ဘက် စိန်ရွက်ငုံချွန်း ပန်းလည်းချိန်သင့် ဆိုင်၍ဖွင့်သို့ ဝတ်
ရင့်ချိုးပျား ယူစားကျေးငှက် တောင်ယှက်စာပြန် ခွံ့ဝယ်ဟန်လည်း သဏ္ဌာန်မခြား ထွေထွေများကို သိကြားဘုံမှာ သာကြပါလိမ့် ဘယ်မှာခွဲခြမ်း ရနိုင်စွမ်းလိမ့် မှောင်ထွန်းညဉ့်တွင်း မီးသို့ဝင်းသည် လျှံလင်းမချွတ် ဟန်တကား၊

တတိယ ရတုပိုဒ်ကို နန်းတွင်းထီးနန်းစိုက်ရာ ရာဇပလ္လင် တည်နေဟန်ကို ရေးဖွဲ့ထားသည်၊ မြင့်မားသော ပလ္လင်တော်သည် ရတနာရောင်စုံ ဟုန်လျှံဝင်းလျက်နေသည်၊ ပန်းအကွေ့အလိမ်များကိုလည်း ထည်သွင်းထားသည်၊ ကြငှာန်းမှာ နှစ်ခုပြိုင်၍ တည်ရှိသည်၊ အပေါ်၌ ထီးဖြူကိုမိုးထားသည်၊ ခါးပန်းတို့တွင် စိန်ကြောင်နီလာ အစရှိသော နဝရတ်ကိုးသွယ်ကို စီခြယ်ထားသည်၊ သလွန်ညောင်စောင်းမှာလည်း အုန်းသားရွှေရောင်ဖြင့် ဝင်း ပြောင်လို့နေပါသည်၊

ရတု( ၃ )ပိုဒ်ထဲက တတိယပိုဒ် ရတု နံပါတ်( ၃ )
---------------------------------------
ဘက်ကျွန်းလွတ်ထွေ ဇမ္ဗူမြေ၌ မင်းနေဘုံသာ လောကနာ၏ ရတနာစုံ ရောင်ဟုံလျှံမြေ့ ကွေ့ကွေ့လက်လိမ် မွမ်းထိမ်လက်တန် ငုံဟန်စံကား ဆက်သွားရိုးစိုင် မြင့်ဆိုင်ပလ္လင် ဥက္ကင်သလုံး ကုံးသို့အဟန် မျက်ပျံချယ်ပြီး စံထီးရောင်ရွှန်း ကြငှန်းဥရူ နှစ်ဆူပြိုင်တောက် ထီးဖြူအောက်ဝယ် ပြိုးပြောက်ပျံ့ထွား ဝေပူဖျားဝယ် အုန်းတားလက်တင် မျက်ရှင်မြနှစ် နားရစ်ခြယ်သန်း ခါးပန်းသွယ်မျောင် စိန်ကြောင်မျက်မြတ် နဝရတ်တိ မိုးစွန်တိမ်သွင် ဇာဘုရင်ကို ပုံပြင်လွှမ်းထား အုန်းသားရွှေပြောက် ဓနုဖောက်လျက် ရိုက်ခေါက်သံတောင်း အနီမောင်းသည် ညောင်စောင်းနတ်စက် ဟန်တကား၊

ဤသည်ကား ပဲခူးသူ ရှင်နှာင်း၏ ပိုဒ်စုံရတု ဖြစ်ပါသည်၊

Credit : ဘယ်ကျာရစ် ဝေဂူဆန်

တာဝန်ခံမှုတာဝန်ယူမှု ရှိတယ်ဆိုတာ ကိုယ်ယူကိုင်တဲ့ပစ္စည်းနေရာတကျ ပြန်ထားတာ။ ကိုယ်ဖွင့်ထားတဲ့တံခါး ကိုယ်ပြန်ပိတ်တာ။ ကိုယ်စတဲ့အလုပ် ကိုယ်ပြီးအောင်အဆုံးသတ်တာ။ ကိုယ်ပေးထားတဲ့ကတိကိုယ်စောင့်ထိန်းတာ၊။ ကိုယ်ပြောတဲ့စကားအတွက် ကိုယ်တာဝန်ယူတာတွေက စတာ။ တာဝန်ခံမှုတာဝန်ယူမှု မရှိရင် စီးပွါးရေး၊နိုင်ငံရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ ခေါင်းဆောင်မှု ကိစ္စတွေမှာ အများရဲ့ယုံကြည်လေးစားမှု လှိုက်စားပျက်စီးသွားမှာပဲ။

ဒေါက်တာမြင့်လွင်(စိတ်ပညာ)

14 w - Translate

POV: My GF Angry To Me

image