Power Bank တွဲမသုံးရပါဘူး.. Battery Case တော့ ထပ်ဝယ်ရမယ် 🫠
.
Apple က ဒီနှစ်စက်တင်ဘာလအတွင်းမှာ အထူ 5.5mm ပဲရှိမယ့် အလွန်ပါးလွှာတဲ့ iPhone 17 Air ကို မိတ်ဆက်ဖို့ စီစဥ်နေတာဖြစ်ပါတယ်။ အဆိုပါ iPhone 17 Air ဟာ အလွန်ပါးအောင်လုပ်ထားတာကြောင့် Camera ပိုင်းမှာ Single Camera ပဲ သုံးထားတဲ့အပြင် Battery Capacity ပိုင်းမှာလည်း တခြား iPhone တွေထက် အားနည်းမှာ သေချာသလောက်ဖြစ်နေပါတယ်။
Apple ကိုယ်တိုင်ကလည်း iPhone 17 Air ဖုန်းကို တစ်နေကုန်အားပြန်မသွင်းပဲ သုံးနိုင်မယ့်သူတွေက ၆၀ ရာခိုင်နှုန်းနဲ့ ၇၀ ရာခိုင်နှုန်းပဲ ရှိမယ်ဆိုပြီး ကုမ္ပဏီတွေစမ်းသပ်မှုတွေအရ ကောက်ချက်ချထားတယ်လို့ သိရပါတယ်။
ဒီလိုပြဿနာကို ဖြေရှင်းဖို့အတွက် Apple ဘက်ကနေ iPhone 17 Air ဖုန်းနဲ့အတူ Battery Pack ပါဝင်တဲ့ Phone Case - Battery Case ကိုပါ တွဲဖက်ပြီး ရောင်းချသွားဖို့ စီစဥ်ထားတယ်လို့ သတင်းထွက်ပေါ်လာပါပြီ။
iPhone တွေအတွက် Battery Case တွေဟာ လွန်ခဲ့တဲ့ iPhone 11 တွေအတွက်ပဲ နောက်ဆုံးထုတ်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာ iPhone 12 Series နဲ့အတူ MagSafe Battery Pack ကို ပြောင်းလဲထုတ်ခဲ့ပါတယ်။ အခုဆိုရင် MagSafe Battery Pack ကိုပါ Discontinued လုပ်လိုက်တာကြောင့် Apple Brand အနေနဲ့ တရားဝင်ရောင်းနေတဲ့ Battery Pack တွေမရှိတော့ဘူးလို့တောင် ပြောလို့ရတယ်။
ဒါကို iPhone 17 Air ကြမှ Battery Case က တကျော့ပြန်လာမယ်ဆိုတော့ စိတ်ဝင်စားဖို့တော့ ကောင်းနေတာပဲ။ ဖုန်းအထူက 5.5mm ပဲရှိပေမယ့် Battery Case တပ်သုံးရင် 10mm ကျော်သွားလောက်မှာပဲဆိုတော့ ဒီနှစ်မှာ iPhone 17 Air က အသုံးမကျတဲ့ ဖုန်းအပါး ဖြစ်ဦးမလားပဲ 🫠
