Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နှစ်ဆန်း တစ်ရက်နေ့က လွတ်လာတဲ့ ကျေးဇူးရှင် ဒါရိုက်တာစတီးလ်ကို သွားရောက်ကန်တော့ခဲ့တဲ့ နေရဲ
သရုပ်ဆောင် နေရဲက မတွေ့ရတာကြာပြီဖြစ်တဲ့ ကျေးဇူးရှင် ဒါရိုက်တာကြီးကို သွားရောက်ကန်တော့ခဲ့တာပါ။ ဒါရိုက်တာ စတီးလ်ဟာ ထိန်းသိမ်းခံထားရတာကနေ နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ရသူတွေထဲမှာ ပါဝင်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ အနုပညာရှင်အတော်များများရဲ့ ကျေးဇူးရှင်လည်းဖြစ်တာကြောင့် ခင်လှိုင်ရဲ့သားဖြစ်သူ နေရဲတို့ ဇနီးမောင်နှံက သွားရောက်ကန်တော့ခဲ့ကြတာပါ။
UPDATE: A small, home-built kit airplane crashed in Simi Valley, California, on Saturday afternoon, damaging two homes, catching fire and killing two people on board, officials said.
https://abcnews.go.com/US/smal....l-plane-crashes-simi
A missile launched from Yemen by the Iran-backed Houthis struck near Tel Aviv's Ben Gurion International Airport on Sunday, briefly grounding flights, halting train service and forcing the closure of access roads covered in debris.
https://abcnews.go.com/Interna....tional/houthi-missil
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဂျပန်ဝန်ကြီးချုပ်နှင့် ကနေဒါဝန်ကြီးချုပ်တို့ ကုန်သွယ်ရေးကိစ္စ ဖုန်းခေါ်ဆိုဆွေးနွေး
ဂျပန်ဝန်ကြီးချုပ် အီရှီဘာသည် ကနေဒါဝန်ကြီးချုပ် မက်ခ်ကာနေးနှင့် တယ်လီဖုန်းဆက်သွယ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အခွန်ကောက်ခံမှုများနှင့် ပေါ်ထွက်လာနိုင်သော စီးပွားရေးသက်ရောက်မှုများကို ဆွေးနွေးခဲ့ကြောင်း တာဝန်ရှိသူများက မေ ၂ ရက်တွင် ပြောသည်။
မိနစ် ၃ဝ ကြာတယ်လီဖုန်းဆက်သွယ်ဆွေးနွေးမှုတွင် ကနေဒါ ရွေးကောက်ပွဲ၌ ကာနေး၏ပါတီအနိုင်ရရှိမှုအတွက် ဝမ်းမြောက်ကြောင်း ဂျပန်ဝန်ကြီးချုပ်ကပြောဆိုခဲ့ပြီး နိုင်ငံတကာစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းတို့ကသဘောတူခဲ့သည်။
ကနေဒါသည်ဂျီ-၇ အဖွဲ့၏ ယခုနှစ်အလှည့်ကျဥက္ကဋ္ဌဖြစ်သည်။ ဂျပန်နှင့်အမေရိကန်တို့အကြား ဒုတိယအကျော့ ကုန်သွယ်ရေးဆွေးနွေးပွဲအပြီးတွင် ကနေဒါနှင့်ဂျပန်ဝန်ကြီးချုပ်တို့ ဆွေးနွေးမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
ဂျပန်စီးပွားရေး ပြန်လည်ထူထောင်ရေးဝန်ကြီး အကာဇာဝါသည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့် အပါအဝင် တာဝန်ရှိသူများနှင့် ဝါရှင်တန်တွင် မေ ၁ ရက်က တွေ့ဆုံခဲ့ပြီး မေလလယ် သို့မဟုတ်နှောင်းပိုင်းတွင် နောက်ထပ် ဆွေးနွေးပွဲပြုလုပ်ရန် သဘောတူခဲ့သည်။
စည်းကြပ်ခွန်များကိုပြန်လည်သုံးသပ်ရန် အမေရိကန်ကို အလေးအနက် တိုက်တွန်းခဲ့ကြောင်း အကာဇာဝါကပြောသည်။ နှစ်ဖက်အကြား စေ့စပ်ညှိနှိုင်းမှုများ အရှိန်မြှင့်ရန်နှင့်လာမည့်လတွင် သဘောတူညီချက်တစ်ရပ် ရရှိရန် မျှော်လင့်ကြောင်း ၎င်းက သတင်းထောက်များကို ပြောသည်။
အင်န်အိတ်ချ်ကေ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဟားဗတ်တက္ကသိုလ်၏ အခွန်ကင်းလွတ်ခွင့် ဒေါ်နယ်ထရန့်အစိုးရ ရုပ်သိမ်းဖွယ်ရှိ
ဟားဗတ်တက္ကသိုလ်ရရှိခံစားနေသော အခွန်ကင်းလွတ်ခွင့်ကို ရုပ်သိမ်းမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မေ ၂ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် လက်ရွေးစင် အမေရိကန် တက္ကသိုလ်ကြီးများကို ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့်လကလည်း ဟားဗတ်တက္ကသိုလ်၏ အခွန်ကင်းလွတ်ခွင့်ကို ရုပ်သိမ်းမည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားပြီးဖြစ်သည်။
အမေရိကန်အစိုးရအနေဖြင့် ဟားဗတ်တက္ကသိုလ်၏ အခွန်ကင်းလွတ်ခွင့်ကို ရုပ်သိမ်းမည်ဖြစ်ကြောင်း၊ ထိုလုပ်ဆောင်ချက်မျိုးသည်သာ ဟားဗတ်တက္ကသိုလ်နှင့်ထိုက်တန်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏လူမှုမီဒီယာစာမျက်နှာပေါ်တွင် ရေးသားထားသည်။
သမ္မတဒေါ်နယ်ထရန့်၏ အထက်ပါခြိမ်းခြောက်မှုသည် အမေရိကန်အခွန်ဥပဒေများကို တရားမဝင်အလွဲသုံးစားမှုပြုလုပ်ရာ ရောက်မည်ဖြစ်ကြောင်း ဟားဗတ်တက္ကသိုလ် တာဝန်ရှိသူများက ဝေဖန်ထားသည်။
ဟားဗတ်တက္ကသိုလ်သည် အိုင်ဗီလိဂ်တက္ကသိုလ်အတွက် သုတေသန ရန်ပုံငွေချပေးမည့်အစီအစဉ်ကို ဒေါ်နယ်ထရန့်အစိုးရက ရပ်တန့်ထားမှုနှင့်ပတ်သက်၍ ထရန့်အစိုးရအဖွဲ့ကို တရားစွဲဆိုထားပြီးဖြစ်သည်။
ဟားဗတ်တက္ကသိုလ်အပါအဝင် အမေရိကန်တက္ကသိုလ်အများစုသည် ဖက်ဒရယ်ဝင်ငွေခွန်ပေးဆောင်ရမှုမှ ကင်းလွတ်ခွင့်ရထားသည်။