Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မနက်က ကားဝယ်ရောင်း ဘော်ဒါတဦးနဲ့ တွေ့လို့.. ဟ.. ရွှေ/ဒေါ်လာတွေ တအားကျနေပြီ.. မင်းတို့ ကားစျေးရောဆိုတော့..
ငါတို့ကားစျေးလည်း တအားကျတယ်ကွ..
ဟာ.. ဟုတ်လား ဘယ်လိုတွေ ကျတာတုန်းဆိုတော့..
ငါတို့ ပြန်ကောက်တဲ့စျေး တအားကျနေပြီတဲ့..
ဒို့ရောင်းစျေးကတော့ မကျသေးဘူးတဲ့ဗျာ..
ကားဝယ်မယ်ဆို ရောင်းစျေးကိုမေး ပြီးရင် ဘယ်စျေးနဲ့ ပြန်ဝယ်မလဲ မေးပါ 😅😅😅
ကျော်ကြီး (MDY)
#ကားစျေး
#ပြန်ကောက်
တောင်ကျရေနှင့် မျောပါသွားသည့် အမှတ်(၂) ဘိလပ်မြေစက်ရုံမှူး၏ အလေ=ာင်းနှင့် ယာဉ်ကို ပြန်လည် ဆယ်ယူရရှိ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အောက်တိုဘာ (၁)ရက် ညပိုင်းကဖြစ်ပွားခဲ့သည့် တောင်ကျရေနှင့် ယာဉ်တစ်စီး မျောပါသွားသည့် ဖြစ်စဉ်မှ ယာဉ်နှင့်အတူပါသွားသည့် အမှတ် (၂) ဘိလပ်မြေစက်ရုံမှူး၏ ရုပ်အလော=င်းနှင့် ယာဉ်ကို ဆယ်ယူရရှိခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး ကော်မတီရုံး)မှ သိရသည်။
ယမန်နေ့ အောက်တိုဘာ (၁)ရက် ညပိုင်းက ကျောက်ဆည်မြို့နယ်ရှိ၊ အမှတ်(၂) ဘိလပ်မြေစက်ရုံ အနီးရှိ တောင်ကျ ချောင်း တစ်ခု၌ မော်တော်ယာဉ်ဖြတ်သန်းချိန် တောင်ကျရေအရှိန်ကြောင့် Probox အမျိုးအစား ယာဉ်နှင့်အတူ ယာဉ်မောင်းတို့ မျောပါသွားခဲ့ကြောင်း သိရသည်။
"ကားကိုလည်း ဆယ်ယူနိုင်ခဲ့ပြီ။ ယာဉ်မောင်းကိုတော့ ေ- သဆုံးလျက် ရုပ်အလေ=ာင်းကို ပြန်တွေ့ခဲ့ပါတယ်”ဟု ကယ်ဆယ်ရေးလုပ်ဆောင်နေသူ တစ်ဦးက ဆိုသည်။
အခင်းဖြစ် နေရာတွင် နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့်အတူ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ကျောက်ဆည်မြို့နယ်ရုံး)နှင့် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ စက်ရုံဝန်ထမ်းများက သွားရောက်ပူးပေါင်းကူညီရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ ရှာဖွေရာ အောက်တိုဘာ (၂)ရက် နံနက်ပိုင်းတွင်ယာဉ် နှင့် ယာဉ်မောင်း ရုပ်အလေ-ာင်းကို ပြန်လည်တွေ့ရှိခဲ့ပြီး ယာဉ်မောင်းမှာ ဘိလပ်မြေစက်ရုံ(၂)မှ စက်ရုံမှူးဖြစ်ကြောင်း သိရသည်။
iPhone ဝယ်ပြီး ငွေမပေးချင်တဲ့အတွက် Delivery သမားကို သတ်ဖြတ်မှု အိန္ဒိယမှာ ဖြစ်ပွား
====================================================
iPhone ၁ လုံးအတွက် လူတစ်ယောက်ရဲ့ အသက်ဆုံးရှုံးသွားရတာ မတန်ပါဘူး။ ဒါပေမယ့် ဖုန်း ၁ လုံးအတွက် လူတွေကို သတ်တဲ့ လူသတ်သမားတွေ တကယ်ရှိနေပါတယ်။
အိန္ဒိယမှာ iPhone ဝယ်ပြီး ငွေမပေးချင်တဲ့အတွက် Delivery သမားကို သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။ Gajanan အမည်ရ အမျိုးသားက ဒေါ်လာ ၁,၇၈၇ တန် iPhone ကို Flipkart ကနေ အိမ်ရောက်ငွေချေစနစ်နဲ့ မှာယူခဲ့ပါတယ်။ စက်တင်ဘာလ ၂၃ ရက်နေ့မှာ Bharat အမည်ရ Delivery သမားက ဖုန်းကို သွားပို့ပေးတဲ့အခါ Gajanan နဲ့ သူငယ်ချင်း Akash က သူ့ကို သတ်ပြီး တူးမြောင်းထဲ ပစ်ချထားခဲ့ပါတယ်။
Bharat ရဲ့ မိသားစုက စက်တင်ဘာလ ၂၅ ရက်နေ့မှာ လူပျောက်တိုင်ကြားခဲ့ပါတယ်။ ရဲတွေက Bharat ရဲ့ ဖုန်း တည်နေရာကို ခြေရာခံပြီး Akash ကို စစ်ဆေးတဲ့အခါ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ပါတယ်။ ငွေမပေးဘဲ တန်ဖိုးကြီး iPhone ကို လိုချင်တဲ့အတွက် အခုလို ကြံစည်ခဲ့တာလို့ ပြောပါတယ်။ ရဲတွေက ထွက်ပြေးနေတဲ့ Gajanan ကို လိုက်လံရှာဖွေနေကြပါတယ်။
Bharat ရဲ့ အလောင်းကို လက်ရှိအချိန်အထိ မတွေ့ရသေးပါဘူး။