9 w - Translate

buff heroes

image
9 w - Translate

buff heroes

image
image
image
image
image
9 w - Translate

June လထဲလာမဲ့ Popol Kupa - Allstar Skin ဟာ FREE ရမှာဖြစ်ပါတယ် 😬💥

image
9 w - Translate

2025 Shanghai Auto Show ကတော့ ယမန်နေ့ မေလ (၂) ရက်နေ့ကပဲ ပြီးဆုံးသွားခဲ့ပါပြီ။ သိတဲ့အတိုင်းပဲ Shanghai Auto Show ဆိုတာ "regional exhibition" တစ်ခုဆိုတာထက် "world's most influential auto showcases" တစ်ခုအလားဖြစ်နေတော့ အသစ်အသစ်သောကားတွေနဲ့ အတော်လေးလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ ကားပြပွဲတစ်ခုဖြစ်နေတာ အမှန်ပါပဲ။ Anyway, စိတ်ဝင်စားစရာကားတွေ အများကြီးထဲကမှ ကျွန်တော်သဘောခွေ့မိတဲ့ နောက်တစ်စီးကတော့ ဟောဒီက BMW M4 Nürburgring Edition ပါ။
ဆိုတော့ ဒီ M4 Nürburgring Edition က တစ်နည်းအားဖြင့် Nordschleife အတွက် BMW ရဲ့ "love letter" တစ်စောင်လို့ ပြောလို့ရပါတယ်။ BMW "M" ရဲ့ (၅၃) နှစ်မြောက် Anniversary ကို celebration လုပ်တဲ့အနေနဲ့ ဖန်တီးခဲ့တာဖြစ်သလို အစီးရေအားဖြင့်လည်း (၅၃) စီးသာ ထုတ်မှာပါ။ စိတ်မကောင်းစရာတစ်ချက်ကတော့ ဒီကားကို US အပါအဝင် အခြားဘယ် market မှာမှ ရောင်းချသွားမှာမဟုတ်ဘဲ Chinese market တစ်ခုတည်းအတွက်သာ exclusively ရောင်းချမယ်ဆိုတာပါပဲ။
ထုံးစံအတိုင်းပဲ ဒီ Edition ကို M4 Competition xDrive အပေါ်မှာပဲ based လုပ်ထားတာမို့ သူ့ရဲ့အင်ဂျင်က 3.0L twin-turbo I6 (S58) ပါ။ Specs တွေကတော့ Total Output 523 Hp နဲ့ 0-100 km/h ကို 3.2 sec အတွင်းရောက်မယ်ပေါ့လေ။
ကျွန်တော်တို့ Nürburgring ကို "Green Hell" ဆိုပြီး တင်စားခေါ်ဝေါ်ကြတာ ကိုယ့်လူတို့သိပြီးဖြစ်မှာပေါ့။ ဆိုတော့ အခုဒီ M4 Nürburgring Edition ရဲ့အရောင်က "Green Hell" ကို inspiration ယူပြီး "Frozen Deep Green Metallic" ဆိုတဲ့ အစိမ်းရောင် ခပ်ရင့်ရင့်ကို အပေါ်က Metal အုပ်ပေးထားတာပါ။ ပြောရရင် ရှေ့မှာမြင်ခဲ့ဖူးတဲ့ "isle of man green" တို့၊ "java green" တို့နဲ့ အတော်လေးကွဲပါတယ်။
ပုံမှန်အားဖြင့် BMW ဘက်က mainstream ဖြစ်တဲ့ ရွှေရောင် Gold Rims တွေနဲ့ ပွဲထုတ်လေ့ရှိပေမယ့် အခုတစ်ခါမှာ ကြေးရောင် Bronze Rims တွေသုံးပေးထားတာ ထူးခြားချက်တစ်ခုဖြစ်သလို၊ အတွင်းက ထိုင်ခုံ headrests ပေါ်မှာ Nordschleife ပြေးလမ်းကြောင်း မြေပုံကို အနီရောင်နဲ့ ပုံဖော်ပေးထားတာလေးကလည်း သဘောကျချင်စရာပါပဲ။
အဆုံးသတ်ရရင် အထက်မှာပြောခဲ့တဲ့အတိုင်းပဲ ဒီ M4 Nürburgring Edition က တရုတ်ပြည်အတွင်းမှာပဲ ရောင်းချသွားမှာဖြစ်တာကြောင့် ကိုယ့်လူက Billionaire Collector တစ်ယောက်ယောက်နဲ့ အကျွမ်းတဝင်ရှိနေမှသာလျှင် China အပြင်ဘက်ကို ဝယ်ထုတ်နိုင်ဖို့ ရာခိုင်နှုန်းများပါလိမ့်မယ်။

image
9 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ချင်းမိုင်တွင် မြန်မာဆိုင်ရှင်နှင့် မြန်မာလုပ်သားငါးဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မေ ၂ ရက်က မြန်မာဆိုင်ရှင်တစ်ဦးနှင့် မြန်မာအလုပ်သမား ငါးဦးကို အလုပ်ပါမစ် မရှိသည့်အတွက် ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။
ရဲတပ်ဖွဲ့နှင့် ချင်းမိုင်လူဝင်မှုကြီးကြပ်ရေး စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ချင်းမိုင်မြို့နယ်ချင်းဖူရပ်ကွက်ရှိ အဆောက်အအုံများ၌ နိုင်ငံခြားသားများတရားမဝင် အလုပ်လုပ်နေသည်ဟူသောသတင်းများ လက်ခံရရှိသောကြောင့်စစ်ဆေးစဉ် မြန်မာနိုင်ငံသား အလုပ်ရှင်တစ်ဦးနှင့် မြန်မာအလုပ်သမားငါးဦး ကို နိုင်ငံခြားသားများ အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်းဖြင့် ဖမ်းဆီးခဲ့ကြောင်းသိရသည်။
သံသယရှိသူ မြန်မာနိုင်ငံသားနှစ်ဦးမှ ငါးဦးခန့်သည် ဆိုင်တစ်ဆိုင်တွင် စားပွဲထိုးများနှင့်မီးဖိုခန်းလက်ထောက်များအဖြစ် တစ်နှစ်ခန့် အလုပ်လုပ်ကိုင်ခဲ့ကြောင်း ဝန်ခံခဲ့ကြပြီး ပထမသံသယရှိသူမှာ ၎င်းတို့၏အလုပ်ရှင်ဖြစ်ပြီး တရားဝင်အလုပ်လုပ်ခွင့်ပါမစ်များ ရယူထားခြင်းမရှိဘဲ လုပ်အားခပေးခဲ့ကြောင်းသိရသည်။
စုံစမ်းစစ်ဆေးရေးအရာရှိများသည် သံသယရှိသူများအား ချင်းဖူ ရဲစခန်း ရှိစုံစမ်းစစ်ဆေးရေးအရာရှိများထံ လွှဲပြောင်းထားပြီး ဥပဒေရေးရာ ဆောင်ရွက်ချက်များ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - ChiangMai Immigration

image
9 w - Translate

ပခုက္ကူခရိုင်မှာ ဆယ်ရက်ထက်မနည်း လျှပ်စစ်မီးပြတ်မယ်
မေ -၅ ၊၂၀၂၅
SP (VOM)
မကွေးတိုင်း ပခုက္ကူခရိုင်ထဲမှာရှိတဲ့ မြို့ရွာတွေမှာ အခုရက်ပိုင်း လျှပ်စစ်မီးတွေ ပြတ်တောက်နေတယ်လို့ လျှပ်စစ်ဖြန်ဖြူးပေး​ရေးဌာနမှာ တာ၀န် ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေဆီက သိရပါတယ်။
" စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးဓာတ်အားခွဲရုံကနေ ပခုက္ကူကိုပို့လွတ်တဲ့ လိုင်းက သဘာ၀ဘေး အန္တရာယ်ကြောင့် တာ၀ါတိုင် နှစ်တိုင် ကျိုးကျပျက်စီးသွားတယ် ကျိုးကျတဲ့နေရာက ၊ ဗုဒ္ဓကုန်း နေရာ၀န်းကျင်မှာဖြစ်တယ်
၊အဲ့ဒီ တာ၀ါနှစ်တိုင်ကို ပြန်လည် ပြင်ဆင်ဖို့ရင် အနည်းဆုံး အချိန် ဆယ်ရက်ကျော်ကြာမယ် " လို့ ညောင်ပင်ကြီး ဓာတ်အားခွဲ ရုံမှာ တာ၀န်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတယောက်က ပြောပါတယ်။
ပခုက္ကူ ဒေသခံတယောက်ပြောပြတာက" တမြန်နေ့ည ၁၁ နာရီကတည်းကပျက်သွားတာ ပြန်မလာတော့ဘူး၊ ချိုးရေကတော့ မြစ်ဆိပ်သွားချိုးကြတယ်။ သုံးရေကတော့ ချွေတာသုံးနေရတာပေါ့၊ စက်ရှိတဲ့အိမ်က စက်နှိုးကြ မရှိတဲ့အိမ်ကတော့ ဒုက္ခရောက်တာပေါ့" လို့ပြောပါတယ်။
အဲ့ဒီ ကျိုးကျပျက်စီးတယ်ဆိုတဲ့ ဓာတ်အားလိုင်းဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီခေတ်မှာ ပခုက္ကူ - ညောင်ပင်ကြီး ပို့လွတ်ပေးခဲ့တဲ့ ဓာတ်အားလိုင်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂နှစ်ကစလို့ စစ်ကိုင်း အုန်းတော ဓာတ်အားခွဲရုံကနေ တဆင့် ညောင်ပင်ကြီး ဓာတ်အားခွဲရုံကနေ ပခုက္ကူကို ပြန်လည်ပို့လွတ်ပေးတာဖြစ်တယ်လို့လည်း သိရပါတယ်။
၀ါတာတိုင်ကျိုးကျပျက်စီးတာကြောင့် ပခုက္ကူအပါအ၀င် ရေစကြို ၊မြစ်ခြေ ၊ကမ္မ ၊မြိုင် စတဲ့ မြို့ရွာဘက်တွေမှာ ဆယ်ရက်လောက် မီးဆက်ပြီးပျက်ဦးမှာဖြစ်တယ်လို့ သိရပါတယ်။

image
9 w - Translate

iPad ၊​ Mac နဲ့ Apple Watch ရောင်းအားအကုန်ပေါင်းရင်တောင် Services က ရတဲ့ဝင်ငွေကို မမှီဘူးပဲ 🫠
.
iPhone တွေ၊ Apple Device တွေကို သေချာသုံးနေတယ်ဆိုရင် ကျိန်းသေပေါက် Apple Ecosystem ဆိုတာကို ကြားဖူးကြမှာပါ။
ဒီလို Apple Ecosystem လို့ ဆိုလိုက်တာနဲ့ Apple Devices အချင်းချင်း အလွယ်တကူချိတ်ဆက်သုံးနိုင်တာတွေ - ဥပမာ- Devices အချင်းချင်း Universal Clipboard ရနိုင်တာမျိုး၊ ဖုန်းပြောနေတုန်း Device တစ်ခုနဲ့တစ်ခု အလွယ်တကူပြောင်းပြီး လက်ခံပြောဆိုနိုင်တာတွေ၊​ AirPods ဆိုလည်း သုံးနေတဲ့ Device အပေါ်မှုတည်ပြီး အလိုအလျောက် ပြောင်းပေးတာမျိုး.. စတဲ့ စတဲ့ Apple Devices တွေရှိရုံနဲ့ အခမဲ့သုံးနိုင်တဲ့ Feature တွေတင်မဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုရင် Apple ကနေ Devices တွေအပြင် Services တွေကိုပါ အခကြေးငွေဖြင့် ရောင်းချနေတာဖြစ်ပါတယ်။ ဒါက iCloud ရင် Free ရတဲ့ 5GB ထက် ပိုလိုချင်ရင် ဝယ်ရတာမျိုးတွေ၊​ သီချင်းနားထောင်ဖို့​ Apple Music ၊​ ရုပ်ရှင်ကြည့်ဖို့ Apple TV+ ၊ သတင်းဖတ်ဖို့ Apple News+ ၊​ ဂိမ်းဆော့ရင် Apple Arcade စတဲ့ ကိုယ်ပိုင် Apple Services တွေရော၊ App Store မှာ App တွေ ဝယ်ယူရင် Apple က ကောက်ခံတဲ့ Services Fee တွေလည်း ပါဝင်ပါတယ်။
အခု Apple က ထုတ်ပြန်တဲ့ ၂၀၂၅ ရဲ့ ဒုတိယ (၃) လပါတ် ဝင်ငွေကို ထုတ်ပြန်ချက်အရ Apple ဟာ စုစုပေါင်း ဝင်ငွေ ဒေါ်လာ ၉၅.၄ ဘီလီယံရရှိထားတယ်၊ ဒါက ခန့်မှန်းထားတဲ့ ဒေါ်လာ ၉၄.၆၈ ဘီလီယံထက် ပိုပြီး ဝင်ငွေပိုရတယ် - မနှစ်တုန်းကဆိုရင် ဒေါ်လာ ၉၀.၇၅ ဘီလီယံပဲ ရရှိခဲ့တာကြောင့် သိသိသာသာ ဝင်ငွေပိုရလာတယ်။
အဲ့ဒီ ဝင်ငွေတွေထဲမှာ - iPhone ရောင်းရမှုကြောင့် ဝင်ငွေက ဒေါ်လာ ၄၆.၈၃ ဘီလီယံနဲ့ အမြင့်ဆုံးဖြစ်နေတယ်။​ iPad က ဒေါ်လာ ၆.၄ ဘီလီယံ၊ Mac က ဒေါ်လာ ၇.၉၅ ဘီလီယံနဲ့ Apple Watch လို Wearable ၊​​ Home Devices တွေနဲ့ Accessories တွေက ဒေါ်လာ ၇.၅၂ ဘီလီယံဝင်ငွေ အသီးသီးရထားကြတယ်။
Apple ရဲ့ ဝင်ငွေတွေထဲမှာ ဒီတစ်ကြိမ်မှာ ထူးခြားတာက အရှေ့မှာပြောသွားတဲ့ Apple Servies တွေကနေ ရရှိတဲ့ ဝင်ငွေက ဒေါ်လာ ၂၆.၆၄ ဘီလီယံအထိရှိခဲ့ပြီး မနှစ်ကထက်ရော၊ အရင်နှစ်တွေအားလုံးထက် အမြင့်ဆုံးဝင်ငွေရရှိမှုဖြစ်နေတာပဲဖြစ်ပါတယ်။
အဓိပ္ပါယ်ကောက်လို့ရတာက Apple Device အသုံးပြုသူတွေက တဖြည်းဖြည်း Apple Services တွေကို ပိုပြီး ဝယ်ယူအသုံးပြုနေကြတယ်လို့ ပြောလို့ရပြီ။ ဒါပေမယ့် အခုအရှေ့ရက်ပိုင်းမှာတင် Apple က တခြား App Store ပြင်ပ Third-party Payment တွေကို Service Fee ကောက်ခွင့်မရှိပဲ​ ငွေပေးချေနိုင်အောင်လည်း ခွင့်ပြုပေးလိုက်တော့ နောက်ပိုင်းတွေတော့ ဘယ်လိုဖြစ်မလဲ စောင့်ကြည့်ရမယ်။
ဘာပဲဖြစ်ဖြစ် Apple Device သုံးနေပြီး Apple Services တွေကို ဝယ်သုံးနေကြတဲ့သူတွေရှိကြလား.. ဘယ် Services တွေ ဝယ်သုံးကြလဲ..?​

image

Nothing To Something.

image
9 w - Translate

ရီးရဲလ်ဘက်တစ်အတွက် နောက်ဆုံးမိနစ်အဖိုးတန်အနိုင်ဂိုးကိုသွင်းယူပေးခဲ့တဲ့ အန်တိုနီ 🐐💚
• ကွန်ဖရန့်လိဂ်မှာ အနိုင်ဂိုးသွင်း
• လာလီဂါမှာ နောက်ဆုံးမိနစ် အနိုင်ဂိုးသွင်း

image
9 w - Translate

ပရီးမီးယားလိဂ် ၅ ပွဲကစားခွင့်ရခဲ့တာကြောင့် ချီယေဆာဟာ ချန်ပီယံဆုတံဆိပ်ပြားကို လက်ခံရရှိသွားမှာဖြစ်ပါတယ်။ 🏅🔴

image