9 ပတ် - ဘာသာပြန်ပါ။

"Twitter မဝယ်နဲ့ ။ သီရိလင်္ကာနိုင်ငံ ဝယ်"
-------------------
ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မတ်စ်ကို Twitter ကို ဒေါ်လာ ၄၃ ဘီလျံ ပေးဝယ်မယ့်အစား သီရိလင်္ကာနိုင်ငံကို ဝယ်ဖို့ Twitter လူမှုကွန်ရက်သုံးစွဲသူတွေ အကြံပေးနေကြတယ်လို့ ဆိုပါတယ်။
Twitter သုံးစွဲသူတစ်ဦးက "အီလွန်မတ်စ် ခင်ဗျား တစ်ခုခု ဝယ်ချင်တယ်ဆိုရင် သီရိလင်္ကာပဲ ဝယ်ပါ။ Twitter ကိုတော့ သူ့ဘာသာ ထားလိုက်စမ်းပါ" လို့ ရေးထားပြီး နောက်ထပ် လူမှုကွန်ရက်သုံးစွဲသူတစ်ဦးကတော့ အီလွန်မတ်စ်ကို mention ခေါ်ပြီး "ခင်ဗျား ‌ဒေါ်လာ ၄၃ ဘီလျံနဲ့ သီရိလင်္ကာကို ဝယ်ချင်လား။ ကျွန်တော်တို့ ဆီမှာ Tesla အတွက် ကမ္ဘာ့အကောင်းဆုံး ဂရပ်ဖိုက်တွေ ထွက်တယ်" လို့ ရေးထားတာ တွေ့ရပါတယ်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်က စလို့ အဆိုးဝါးဆုံး အကြွေးနွံနစ်မှုနဲ့ ရင်ဆိုင်နေရတာကြောင့် သီရိလင်္ကာအစိုးရအဖွဲ့အနေနဲ့ နိုင်ငံခြားပြင်ပကြွေးမြီတွေ ပေးနိုင်မှာ မဟုတ်တော့ဘူးလို့ ဧပြီ ၁၂ ရက်နေ့က ကြေညာခဲ့ပါတယ်။ ပြင်ပချေးငွေ ဒေါ်လာ ၅၁ ဘီလျံ တင်ရှိနေတဲ့ ဒီနိုင်ငံဟာ လက်ရှိမှာ စီးပွားရေးအကြပ်အတည်း နဲ့ အစိုးရအဖွဲ့နှုတ်ထွက်ပေးရေး ဆန္ဒပြမှုတွေနဲ့ ကြုံနေရတာပါ။
နိုင်ငံသား ၂၂ သန်းခန့်ဟာ လျှပ်စစ်မီး ၊ အစားအသောက်နဲ့ လောင်စာ ပြတ်လပ်မှုတွေ ကြုံတွေ့နေရပြီး ပြည်ပရောက် နိုင်ငံသားတွေအနေနဲ့ ပြည်တွင်းကို ငွေပြန်ပို့ကြဖို့လည်း အာဏာပိုင်တွေက တိုက်တွန်းထားသလို ဗဟိုဘဏ်ဥက္ကဌသစ်ကလည်း နိုင်ငံခြားတိုင်းပြည်တွေမှာ အလုပ်လုပ်နေကြတဲ့ ပြည်သူတွေဆီက ကန်ဒေါ်လာ ၊ ယူရို ၊ စတာလင်ပေါင် စတဲ့ ငွေကြေးတွေနဲ့ အလှူခံနေပါတယ်။
Tesla ကားကုမ္ပဏီ ၊ SpaceX အာကာသယာဉ်လုပ်ငန်း ၊ Boring ဥမင်တူးဖောက်ရေးလုပ်ငန်း ၊ Neuralink နဲ့ OpenAI တို့ရဲ့ တည်ထောင်သူ အီလွန်မတ်စ်ဟာ ခန့်မှန်းခြေ ဒေါ်လာ ၂၆၅ ဘီလျံခန့် ချမ်းသာသူလည်း ဖြစ်ပါတယ်။

image