9 w - Translate

မောင့်ထံပါးသို့ နားပါရစေ-Nayvel(Rating-5/5)
"ပေါင်းဖက်ရမှ
ပျော်ရွှင်ဖွယ်ရာ
ဇာတ်သိမ်းမဟုတ်ပါဘူး
တစ်ဘဝလုံးစာ
ငေးမောခွင့်ရနေရင်လည်း
ဒါဟာ
ပျော်ရွှင်စရာ ဇာတ်သိမ်းပါပဲ။"
လီယံတစ်ထိုင်တည်းအပြီးဖတ်ဖြစ်ခဲ့တဲ့4အုပ်မြောက်စာအုပ်လေးပေါ့ဗျာ
(ဖတ်ပြီးတော့မျက်ရည်နဲ့မျက်ခွက်🥹)
ရိုင်ယန်ကိုရွေးချယ်ခဲ့တဲ့ဗေးလ်ရွေးချယ်မှုဟာမှန်ကန်ခဲ့သလို
တစ်ဖက်မှာ မောင့်ကိုလည်းသနားမိပါတယ်
မောင်ဟာဗေးလ်ကိုဘာအကြောင်းပြချက်မှမပြောဘဲ7နှစ်တာသံယောဇဉ်ကြိုးကိုဖြတ်တောက်ဖြစ်ခဲ့တယ်
ဗေးလ်ကိုမောင်ပြန်တွေ့လိုက်တဲ့အချိန်
ဗေးလ်ဟာအရင်လိုပျော့ညံ့ညံ့ကောင်မလေးတစ်ယောက်မဟုတ်တော့ဘဲသူပေးခဲ့တဲ့ဒဏ်ရာတွေကြောင့်အရမ်းကိုရင့်ကျက်လွန်းတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေခဲ့ပြီး
ရိုင်ယန်ဆိုတဲ့ကောင်လေးနဲ့လည်းတွေ့နှင့်နေပါပြီ
ရိုင်ယန်ဟာလည်းဗေးလ်ရဲ့အတိတ်ကစိတ်ဒဏ်ရာတွေကိုပြန်ကုစားပေးပြီးဗေးလ်မျက်နှာတစ်ချက်အညှိုးမခံဘဲပေးဆပ်တဲ့အချစ်နဲ့ချစ်ပေးနေတဲ့လူတစ်ယောက်ပေါ့
"မောင်"ဆိုတာဗေးလ်ပါးစပ်ဖျားကနေဘယ်တော့မှဖျောက်ပစ်လို့မရတဲ့နာမ်စားလေးတစ်ခု💔
မောင်ဘာလို့ဗေးလ်ကိုအမှိုက်တစ်စလိုထားရစ်ပစ်ခဲ့ရတာလည်း
မောင်ရင်ဆိုင်ရတာတွေကို
ဘာလို့ဗေးလ်ကိုမပြောပြခဲ့ရတာလည်း
မောင် ဗေးလ်ကိုပြန်လိုက်တဲ့အချိန်မှာ
ဗေးလ်ရင်ထဲမှာရိုင်ယန်ဟာနေရာတဖြေးဖြေးယူနေခဲ့ပါပြီ
("မောင်"နဲ့ဇာတ်လမ်းရှိခဲ့ဖူးတဲ့မိန်းကလေးတွေဆိုဒီစာအုပ်လေးဖတ်ပြီးFeelလို့ရပါပြီဗျ

image
9 w - Translate

အမှောင်(ချမ်းမြေ့ဝင်း)(Rating-🌟🌟🌟🌟🌟🌟)
7နှစ်အရွယ်ကတည်းကသူ့ရှေ့မှာတင်သူ့အမေနဲ့အမနှစ်ယောက်ရက်ရက်စက်စက်အသတ်ခံရတာကိုမြင်ခဲ့ရတဲ့
"လစ်ဘီဒေး"ဆိုတဲ့မိန်းကလေး.....
(မင်မင်ကတော့လစ်ဘီဒေးပုံစံကိုသဘောအရမ်းကျတာ"ဘယ်ခွေးမှလူမထင်ဘူး"ဆိုတဲ့ဟာမျိုး🥲)
သူ့အကိုဖြစ်သူ"ဘန်ဒေး"ကလည်းသူ့မိသားစုကိုသတ်တဲ့အမှုနဲ့ထောင်ကျသွားခဲ့ရတယ်.....
လစ်ဘီတစ်ယောက်အမှုပြီးကတည်းအနှစ်20ကျော်လုံးဘဝကိုဖြစ်သလိုဖြတ်သန်းလာခဲ့တာ....
တစ်နေ့မှာတော့လစ်ဘီတစ်ယောက်သူလုံးဝပြန်မသွားချင်တဲ့အတိတ်ကအဖြစ်ဆိုးအမှောင်ထဲကိုပြန်သွားရတဲ့အခါမှာတော့
သူ့ဘဝတစ်လျှောက်လုံးမှတ်ယူလာခဲ့တဲ့အမှန်ဟာအမှားဖြစ်နေပြီး
အမှားဟာအမှန်ဖြစ်နေတဲ့အခါမှာ....
လစ်ဘီတစ်ယောက်ဘယ်လိုဖြေရှင်းမလဲ
သူ့အမေနဲ့အမနှစ်ယောက်ကိုသူ့အကိုဘန်ဒေးကိုယ်တိုင်သတ်ခဲ့တာလား...
ဒါမှမဟုတ်ဘယ်သူကသတ်ခဲ့တာလည်းဆိုတာကိုစိတ်ဝင်စားဖွယ်ဇာတ်လမ်းဇာတ်အိမ်ခိုင်စွာနဲ့ဖတ်ရမှာသေချာပါဘဲဗျ
မှုခင်းဇာတ်လမ်းတွေမှကြိုက်တယ်ဆိုတဲ့Bookwormsလေးတွေအတွက်ဒီစာအုပ်ကိုမင်မင်ဖတ်ကြည့်ဖို့ညွှန်းပါရစေ📚

image
9 w - Translate

ပန်းကလေးရေ...
လမ်းထိပ်မုန့်ဟင်းခါးဆိုင်လေးကနေ
နိဗ္ဗာန်အထိ မင်းနဲ့အတူသွားချင်တယ် ။
#မောင်သိန်းဇော်

9 w - Translate

ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ်-ဂျူး
(Rating-6/6)
ဆရာမဂျူးစာအုပ်တွေထဲမှာဆို
လီယံရဲ့ဒုတိယအကြိုက်ဆုံးလို့ပြောရမယ်😩🤍
(ပထမကတော့"ဆုံနေရက်နဲ့လွမ်းလေခြင်း"
ပေါ့🤭)
ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်
ဟိုးအရင်နှစ်တွေကသေဆုံးသွားပြီဖြစ်တဲ့နိုင်ငံကျော်စာရေးဆရာမကြီး မြဦးမေ ရဲ့
အကြောင်းကို စာအုပ်အဖြစ်
ပြန်လည်ရေးသားချင်တဲ့
💓မေဇော်နု
မေဇော်နုဘေးနားကနေ သူမ လိုအပ်သမျှ
လိုက်ဖြည့်ဆည်းပေးနေတဲ့
ရည်းစားမကျ၊ သူငယ်ချင်းမကျ
💓မင်းညိုစင်
မေဇော်နုတစ်ယောက် ဆရာမကြီး မြဦးမေအကြောင်းစုံစမ်းဖို့ မင်းညိုစင်မပါဘဲ
မြဦးမေ နေခဲ့သောအိမ်ဆီသို့ထွက်လာခဲ့တယ်
စကားပင်ပေါင်း၃၁၇ပင်ရှိတဲ့ခြံကြီးထဲမှာ
ချစ်ခြင်းတွေ၊အမုန်းတရားတွေ၊
လျှိုဝှက်မှုတွေပြည့်နေတဲ့ မြ နဲ့ ဥယျာဉ်မှူးတို့ရဲ့အချစ်ဇာတ်လမ်းလေးကို
စကားပင်တွေကြားမှထွက်ထွက်လာကာ
မေဇော်နုကို ပြောပြနေတဲ့
💓ခွန်သာ
ခွန်သာဟာ မြ နဲ့ဥယျာဉ်မှူးတို့ရဲ့အချစ်ဇာတ်လမ်းတွေကိုပြောပြရင်းကနေ
စကားပင်မျိုးစိတ်တွေကိုလည်းပြောပြလို့
လီယံတော်တော်များများ
လေ့လာသိရှိရပါတယ်🧐
မေဇော်နုကိုခွန်သာဟာ
"မေ"လို့တစ်လုံးတည်းသာခေါ်တယ်🥺
မြ တို့ဇာတ်လမ်းလေးကိုပြောပြနေတဲ့
ခွန်သာသည်လည်း
လူလား၊ဝိညာဉ်တစ်ခုဘဲလား
ဆိုတာ စိတ်လှုပ်ရှားစွာဖတ်ရပါသေးတယ်🥲
ခွန်သာရဲ့ရင်ခုန်သံကိုကြားတော့မှ
"အော် လူပါ့လား"ဆိုပြီး
သက်ပြင်းချနိုင်တော့တယ်🥲
(ဆရာမသည်လည်းInterviewတစ်ခုတွင်
ခွန်သာဟာ လူဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်)
မြ သေဆုံးမှုဟာလည်း
သွေးရိုးသားရိုးရောဟုတ်ပါ့မလား၊
ဒါမှမဟုတ် သူ့ကိုယ်သူသတ်သေတာများလား😕
ခြံကြီးထဲမှာမြကြိုက်တဲ့စကားပင်မျိုးစိတ်အစုံကိုရှာစိုက်ပေးခဲ့တဲ့
ဥယျဉ်မှူးနဲ့မြရဲ့အချစ်ဇာတ်လမ်းလေးကရော ဇာတ်သိမ်းလှပါ့မလား🥺
မေဇော်နုအိပ်ရာပေါ်ကိုစကားပန်းလေးတင်ပေးခဲ့သူဟာ
မင်းညိုစင်လား၊ခွန်သာလား ဆိုတာတော့ဖတ်ကြည့်လိုက်ပါတော့

image
9 w - Translate

ငါမှဘာမှမတတ်နိုင်တာဆိုပြီး
စိတ်လျော့ချလိုက်ရတဲ့
အခိုက်အတန့်တွေက အခက်ခဲဆုံးပဲ ။
#ပါရီယာနာ

9 w - Translate

Soe San Nan ရဲ့ latest photo shoot 💫✨
Beauty နဲ့ Aura က Top 10 အသာလေးပါ
#roadtomissuniversemyanmar2025 #missuniversemyanmar #missuniverse

image
9 w - Translate

Soe San Nan ရဲ့ latest photo shoot 💫✨
Beauty နဲ့ Aura က Top 10 အသာလေးပါ
#roadtomissuniversemyanmar2025 #missuniversemyanmar #missuniverse

image
9 w - Translate

Soe San Nan ရဲ့ latest photo shoot 💫✨
Beauty နဲ့ Aura က Top 10 အသာလေးပါ
#roadtomissuniversemyanmar2025 #missuniversemyanmar #missuniverse

image
9 w - Translate

Soe San Nan ရဲ့ latest photo shoot 💫✨
Beauty နဲ့ Aura က Top 10 အသာလေးပါ
#roadtomissuniversemyanmar2025 #missuniversemyanmar #missuniverse

image
9 w - Translate

Soe San Nan ရဲ့ latest photo shoot 💫✨
Beauty နဲ့ Aura က Top 10 အသာလေးပါ
#roadtomissuniversemyanmar2025 #missuniversemyanmar #missuniverse

image
image
image
image