Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဘန်ကောက်မြို့ပြင် ကျောင်းကား မီးလောင်မှုတွင် လူ ၂၅ ဦး သေဆုံးဖွယ်ရှိ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆင်ခြေဖုံးအရပ်တွင် ယနေ့ အောက်တိုဘာ ၁ရက်က ကျောင်းသားငယ်များနှင့် ဆရာ/ဆရာမများ လိုက်ပါလာသော ဘတ်စ်ကားတစ်စီး မီးလောင်မှုဖြစ်ခဲ့သောကြောင့် လူ ၂၅ ဦး သေဆုံးဖွယ်ရှိသည်ဟု တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးသမားများက ပြောဆိုသည်။
ဥထိုင်းဌာနီပြည်နာ်မှ ခရီးသည် ၄၄ ဦး လိုက်ပါလာသော ဘတ်စ်ကားသည် အယုဒ္ဓယနှင့် နွန်ဌာဘူရီပြည်နယ်များသို့ ကျောင်းလေ့လာရေးခရီးစဉ်အဖြစ် ထွက်ခွာခဲ့ခြင်းဖြစ်သည်ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီး Suriya Jungrungruengkit က အခင်းဖြစ်နေရာတွင် သတင်းထောက်များကို ပြောဆိုခဲ့သည်။
ဘတ်စ်ကားပေါ် လိုက်ပါခဲ့သော ကျောင်းသားများသည် မူလတန်းနှင့် အလယ်တန်းဆင့် ကျောင်းသားများဖြစ်သည်ဟု သိရသည်။
အခင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုများ မပြီးမြောက်သေးသည့်အတွက် တာဝန်ရှိသူများအနေဖြင့် သေဆုံးသူ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သို့ရာတွင် အသက်ရှင်လွတ်မြောက်သူ အရေအတွက်အပေါ်အခြေခံသုံးသပ်မှုအရ သေဆုံးသူ ၂၅ ဦး ရှိနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီး Anutin Charnvirakul က ပြောဆိုခဲ့သည်။
ယာဉ်မောင်းဖြစ်သူသည် အသက်ရှင်လွတ်မြောက်ခဲ့သော်လည်း ထွက်ပြေးသွားခဲ့ပုံရပြီး လက်ရှိအချိန်အထိ ၎င်းကို ရှာမတွေ့သေးကြောင်းလည်း သူက ပြောဆိုခဲ့သည်။
နွန်ဌာဘူရီပြည်နယ်ကို ဦးတည်နေသည့် ဘတ်စ်ကားသည် မြို့တော်ဘန်ကောက်၏ ဆင်ခြေဖုံးအရပ် ပါသမ်ဌာနီအရောက် မွန်းတည့်ချိန်လောက်တွင် စတင် မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းမီဒီယာများက ရေးသားဖော်ပြသည်။
မူကြိုဘတ်စ်ကားမီးလောင်မှု ယာဉ်မောင်းထွက်ပြေးပြီး ဖုန်းပိတ်ထား
မဲခေါင်၊ အောက်တိုဘာ ၁
အောက်တိုဘာ ၁ ရက် မွန်းလွဲပိုင်းက ဘန်ကောက်အနီး လမ်းမပေါ် မီးလောင်သွားတဲ့ မူကြိုနဲ့ မူလတန်းကျောင်းသားတွေ လေ့လာရေးခရီးထွက်လာရာ ဘတ်စ်ကား မီးလောင်မှုမှာ ယာဉ်မောင်း ထွက်ပြေးပျောက်ကွယ် သွားပြီး ဖုန်းပိတ်ထားကြောင်း သိရှိရပါတယ်။
ဥထိုင်းဌာနီက ကျောင်းသား ၃၈ ယောက်နဲ့ ဆရာ/ဆရာမ ၆ ယောက်လိုက်ပါလာတဲ့ ဘတ်စ်ကား မီးလောင်မှု ဟာ ကားဘီးပေါက်ရာက အရှိန်မထိန်းနိုင်မှုကနေ စတင်ဖြစ်ပွားတယ်လို့ သိရပြီး နောက်ဆုံးရသတင်းတွေအရ သေဆုံးသူဟာ ၂၀ ကျော်သွားခဲ့ပြီလို့ သိရှိရပါတယ်။
ထိုင်းမီဒီယာ Khaosod နောက်ဆုံး ထုတ်ပြန်လိုက်တဲ့သတင်းမှာ ထိုင်းပြည်ထဲရေးဝန်ကြီးနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတွေပါ လွတ်မြောက်ကလေးငယ်များ ယာယီစောင့်ရှောက်ရာနေရာကို ရောက်ရှိလာခဲ့ကြပြီး အားပေး နှစ်သိမ်စောင့်ရှောက်မှု ပေးနေပါတယ်။
နှစ်ထပ်ဘတ်စ်ကားလို့သတင်းစထွက်ပေါ်ပေမယ့် တကယ်တမ်းက သာမန်ထက်ပိုရှည်တဲ့ တစ်ထပ် ဘတ်စ်ကားသာဖြစ်ကြောင်းနဲ့ ဒီဘတ်စ်ကား ယာဉ်မောင်ဟာ ၄၈ နှစ်ရှိ ဆာမရန်ဆိုသူဖြစ်ပြီး အခင်းဖြစ်ပွားပြီးချိန်ကတည်းက ပျောက်ဆုံးနေသလို ဖုန်းဆက်သွယ်လို့မရအောင် ဖုန်းကိုလည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။
နှစ်ထပ်ဘတ်စ်ကားဟာ gas-powered bus ဖြစ်လို့ ဓာတ်ငွေသုံးယာဉ်တွေရဲ့ ဘေးအန္တရာယ် သက်ရောက်နိုင်မှုကို ပြန်လည်စမ်းစစ်မယ်လို့လည်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ပါတယ်။
ငါးခူ ခြောက်စပ် နဲ့ အချိုကြော်
ငါးခူကြီးကြီး ၂ကောင်
ကြက်ဥ ၁လုံး
ဂျုံမှုန့် အနည်းငယ်
ကြက်သွန်ဖြူ ၆မွှာ
ဂျင်း လက်(၁)ဆစ်
ကြက်သွန်နီ ၁လုံး
ငရုတ်ပုထောင်း အနည်းငယ်
သံပုရာသီး ၂စိတ်
မန်းကျည်းသီး အနည်းငယ်
ဆား ။
ရသာမှုန့် ။
-ငါးခူးကို အသားလွှာထားပါ။မန်းကျည်းသီး ဆား နှင့် အချွဲ
များကုန်အောင် ပွတ်ဆေးပါ။ပြီးလျှင် အမြောင်း အရှည်လေး
များလှီးထားပါ။ဆား(သို့)ရသာမှုန့် ကြက်သွန်ဖြူ ဂျင်းထောင်း
ရည်သံပုရာသီး၁စိတ်လောက်ညှစ်ပြီးရေခဲသေတ္တာထဲသို့၂နာရီခန့်နှပ်ထားပါ။ကျွန်မကတော့ညထဲကနှပ်ပြီးမနက်ကြော်ပါ
တယ်။
-ကြက်ဥကိုခလောက်ထားပါ။ပန်းကန်ပြား တစ်ချပ်ထဲသို့
ဂျုံမှုန့်များထည့်ထားပါ။
-ကြက်သွန်ဖြူ ၃မွှာကို ထောင်းထားပါ၊ကြက်သွန်နီပါးပါးလှီး
ထားပါ။
-ငါးကို ဂျုံမှုန့်တွင်ကပ်ပြီး ကြက်ဥထဲသို့နှစ်ပါ။ပြီးလျှင် ဂျုံမှုန့်
တစ်ခါပြန်လူးပြီး ဆီပူပူတွင်ထည့်ကြော်ပါ။ရွှေဝါရောင် သန်း
လာလျှင်ဆယ်ပြီးဆီစစ်ထားပါ။အချိုကြော် အတွက်ဖယ်ထား
လိုက်ပါ။
-အစပ်ကြော်ရန် ဆီပူမှာ ကြက်သွန်နီကိုကြော်ပါ။ရဲလာလျှင်
ဆယ်ထားပြီး အဖြူထောင်းထားတာထည့်ပါ။ငရုတ်ပုတောင့်
ထည့်ပါ။မွှေးလာလျှင် ကြော်ထားသော ငါးထည့်ပါ။ငံပြာရည်
ဇွန်းသေး၁ဇွန်းခန့်ထည့်ပါ။ငရုတ်ကောင်းထည့်ပြီး ခဏမွှေကာ
ရပါပြီ။
ရန်ကုန်မြို့ပေါ်က သမိုင်းဝင်နေရာတစ်ခု - ဝန်ကြီးများရုံး☘️
ရောက်အောင်သွားလည်သင့်တဲ့နေရာလေး❤️
ဒီနေရာကို သွားလည်ပြီးကြပြီလား🤗
ဗဟုသုတလဲရ ဓါတ်ပုံရို.က်လို့လဲလှတဲ့ သမိုင်းဝင် “ဝန်ကြီးများရုံး”
အတွင်းဝန်ရုံးလို့လည်း လူသိများကြတဲ့ ဝန်ကြီးများရုံးကိုလည်း သွားရောက်လေ့လာသင့်ပါတယ်
၁၉၀၅ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ အတွင်းဝန်ရုံး (ဝန်ကြီးများရုံး)ဖြစ်ပြီး သက်တမ်း နှစ်ပေါင်း ၁၁၉ နှစ်ရှိပါပြီ။ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးခဲ့တဲ့ ရုံးနေရာပါ
ဝန်ကြီးများရုံးဆီသို့
🚌YBSရောက်တဲ့နံပါတ်တွေ
4/7/20/25/31/43/57/58/64(သုဓမ္မာလမ်း)64(ခေမာသီလမ်း)93/111/112/113
လိပ်စာ - အမှတ် ၃၀၀ ၊ သိမ်ဖြူလမ်း (အလယ်ဘလောက်) ၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့
ဝင်ကြေးတစ်ယောက်(၁၀၀၀)ကျပ်
ရန်ကုန်မြို့ပေါ်က သမိုင်းဝင်နေရာတစ်ခု - ဝန်ကြီးများရုံး☘️
ရောက်အောင်သွားလည်သင့်တဲ့နေရာလေး❤️
ဒီနေရာကို သွားလည်ပြီးကြပြီလား🤗
ဗဟုသုတလဲရ ဓါတ်ပုံရို.က်လို့လဲလှတဲ့ သမိုင်းဝင် “ဝန်ကြီးများရုံး”
အတွင်းဝန်ရုံးလို့လည်း လူသိများကြတဲ့ ဝန်ကြီးများရုံးကိုလည်း သွားရောက်လေ့လာသင့်ပါတယ်
၁၉၀၅ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ အတွင်းဝန်ရုံး (ဝန်ကြီးများရုံး)ဖြစ်ပြီး သက်တမ်း နှစ်ပေါင်း ၁၁၉ နှစ်ရှိပါပြီ။ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးခဲ့တဲ့ ရုံးနေရာပါ
ဝန်ကြီးများရုံးဆီသို့
🚌YBSရောက်တဲ့နံပါတ်တွေ
4/7/20/25/31/43/57/58/64(သုဓမ္မာလမ်း)64(ခေမာသီလမ်း)93/111/112/113
လိပ်စာ - အမှတ် ၃၀၀ ၊ သိမ်ဖြူလမ်း (အလယ်ဘလောက်) ၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့
ဝင်ကြေးတစ်ယောက်(၁၀၀၀)ကျပ်