9 w - Translate

အီလွန်မတ်စ်ပိုင် SpaceX တက္ကဆက်မှာ တရားဝင်မြို့အဖြစ် ရရှိ
အာကာသဒုံးကျည်တွေ လွှင့်တင်နေတဲ့ တက္ကဆက်တောင်ပိုင်းက SpaceX အခြေစိုက်စခန်းက Starbase နာမည်နဲ့ မြို့နာမည်ပေါက်သွားပြီ ဖြစ်ပါတယ်။
စနေနေ့က ဒေသခံတွေ မဲနဲ့ တရားဝင်မြို့အဖြစ် ရောက်ရှိတာလို့ ဆိုပါတယ်။ မဲပေးခွင့်ရှိသူ ၂၈၃ ဦးထဲမှာ အများစုက SpaceX ဝန်ထမ်းတွေ ဖြစ်ပြီး မြို့မိန့်ချပေးဖို့ ထောက်ခံမဲ ၁၄၃ မဲ လိုပါတယ်။ Cameron County က အွန်လိုင်းပေါ်တင်ထားတဲ့ မဲရလဒ်ထဲမှာ ထောက်ခံမဲ ၂၁၂ မဲ - ကန့်ကွက်မဲ ၆ မဲ ရှိခဲ့တယ်လို့ ပြထားပါတယ်။
အီလွန်မတ်စ်ကလည်း Starbase က တက္ကဆက်မှာ တရားဝင်မြို့ဖြစ်သွားပြီလို့ သူ့ X ပလက်ဖောင်းကနေ ပြောပါတယ်။ စတုရန်းမိုင် ၁.၆ မိုင်ရှိတဲ့ ဒီမြို့နေရာကို SpaceX က ဒုံးကျည်တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ဖို့ ၂၀၁၂ က ဝယ်ခဲ့တာပါ။
Starbase က လူဦးရေ ၅၀၀၀ အောက် နေထိုင်တဲ့ Type C အဆင့်မြို့ ဖြစ်ပြီး မြို့ဝန်တစ်ဦးနဲ့ မြို့ပြစီမံကိန်းဆိုင်ရာ တာဝန်ယူမယ့် ကော်မရှင်နှစ်ဦးက အုပ်ချုပ်မှာပါ။ ဒီလူတွေကလည်း အီလွန်မတ်စ် လူတွေချည်းပါပဲ။
မြို့ဝန်ဖြစ်လာတဲ့ အသက် ၃၆ နှစ်အရွယ် ဘော်ဘီပီဒန်က SpaceX မှာ အလုပ်လုပ်လာတာ ၁၂ နှစ်ကျော် လာပြီ ဖြစ်သလို လက်ရှိ Texas က စမ်းသပ်မှုနဲ့ လွှင့်တင်ရေးဆိုင်ရာပိုင်းမှာ ဒုဥက္ကဌတာဝန်ယူထားသူပါ။ နောက် ကော်မရှင်နာနှစ်ဦးကလည်း SpaceX က အော်ပရေးရှင်း အင်ဂျင်နီယာ နဲ့ သဘာဝပတ်ဝန်းကျင်ဘေးကင်းရေးဆိုင်ရာ ဒါရိုက်တာတွေ ဖြစ်ပါတယ်။

image

ဘေးရန်ခပ်သိမ်း
ဒေါသခပ်သိမ်း
သောကခပ်သိမ်း
ငြိမ်းတော်မူသော
မြတ်စွာဘုရား🙏🙏🙏
သတ္တဝါအားလုံးတို့
ဘေးရန်ခပ်သိမ်း
ဒေါသခပ်သိမ်း
သောကခပ်သိမ်း
ငြိမ်းကြပါစေ။
7.5.2025
ဗုဒ္ဓဟူးနေ့

image

🙏မင်္ဂလာရှိသော နေ့ရက်တိုင်းကို ထာဝစဥ် ပိုင်ဆိုင်နိုင်ကြပါစေ 🙏

image
9 w - Translate

🚨🏴󠁧󠁢󠁥󠁮󠁧󠁿 𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆
ပရီးမီးယားလိဂ်ဖလားရပြီးနောက် အလက်ဇန်းဒါး အာနိုးလ်ဟာ လီဗာပူးလ်ကနေ ရာသီကုန်ရင်ထွက်ခွာတော့မယ်လို့ တရားဝင် အတည်ပြုကြေညာလိုက်ပါပြီ။ တစ်ချိန်တည်းမှာပဲ အာနိုးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ငါးနှစ်စာချုပ်နဲ့ပြောင်းရွှေ့မှာလည်းဖြစ်ပါတယ်။
Good Luck TAA 👏❤️
#mplf

image
9 w - Translate

• ရီးရဲလ်မက်ဒရစ်ဟာ နောက်ခံလူ ဝီလီယံဆလီဘာကို ဒီနွေရာသီ ၊ 2026 ဒါမှမဟုတ် 2027 ရောက်မှပဲ အလွတ်ခေါ်ရခေါ်ရ ရအောင်ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ဆလီဘာအနေနဲ့ ဖလားအောင်မြင်မှုလိုချင်တာမို့ အာဆင်နယ်ဘက်က ဆလီဘာကို ထိန်းချင်ရင် ဖလားရအောင်စွမ်းဆောင်ပေးမှသာ အသင်းမှာထိန်းထားနိုင်မှာဖြစ်ပါတယ် 🚨🔴
[Fabrizio]🌕

image
9 w - Translate

iPhone 18 Pro အတွက် မှန်ပြင်အောက် Face ID စမ်းသပ်နေ
နောက်နှစ်ထဲမှာ iPhone တွေ ဒီဇိုင်းပြောင်းလာနိုင်ပါတယ်။
၂၀၂၆ မော်ဒယ် iPhone တွေ မြင်ဖို့က တော်တော်ကြီး လိုပါသေးတယ်။ iPhone သစ် မထွက်မချင်း rumors တွေကတော့ စုံနေအောင် ကြားရဦးမှာပါ။ ဒီလို rumors တွေထဲမှာ တရုတ်ကလာတဲ့ သတင်းတစ်ခုက ထူးဆန်းပါတယ်။
iPhone 18 Pro နမူနာ prototype မော်ဒယ်မှာ Under-display Face ID စနစ်စမ်းသပ်နေတယ် ဆိုတာပါ။ ရှုပ်ထွေးတဲ့ infrared မျက်နှာပြင်ဖတ် sensors တွေကို OLED display အောက်မှာ ထားတဲ့ Face ID နည်းပညာက အင်ဂျင်နီယာပညာရပ်ဆိုင်ရာ စိန်ခေါ်မှုတွေ ရှိနေလို့ပါါ။
Face ID က ဖုန်းပိုင်ရှင်မျက်နှာကို ထောင်နဲ့ချီတဲ့ infrared dots လေးတွေနဲ့ ဖတ်ပြီး အသေးစိတ် သုံးဖက်မြင်ပုံရိပ်တစ်ခုဖော်ပါတယ်။ OLED panels က အနီအောက် infrared အလင်းတွေ အများကြီး မဖမ်းနိုင်တာ ဖြစ်လို့ မှန်ပြင်အောက်မှာ Face ID system ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ ခက်ပါတယ်။
Digital Chat Station ရဲ့ weibo အကောင့်မှာတော့ Under-display မျက်နှာဖတ်စနစ်ကို iPhone 18 Pro နဲ့ iPhone 18 Pro Max တွေမှာ စမ်းသပ်နေတာလို့ ဆိုပါတယ်။ ဒီအကောင့်က Apple supply chain ထဲက sources တွေ ရထားတာမို့ တော်တော်စိတ်ဝင်စားဖို့ ကောင်းနေတာပါ။

image
9 w - Translate

"It's too far out for Ronaldo to think about it..... AHHHHH. Absolutely sensational." 🗣️

ဒီ ပွဲကြေညာသူအသံနဲ့ စီရော်နယ်ဒိုရဲ့ ယူနိုက်တက်ကစားသမားဘဝ အကောင်းဆုံးသွင်းဂိုးတစ်ဂိုးကတော့ ဒီနေ့မှာ 16 နှစ်ပြည့်သွားပါပြီ ။ ဘယ်ဂိုးလဲ မှတ်မိကြလား?? 👀

image

နေ့စဉ်မိုးလေဝသသတင်း
------------------------------
(၂၀၂၅ ခုနှစ်၊ မေလ ၇ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
==========================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ် နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား၊ ကချင်ပြည်နယ်တွင် နေရာ စိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်း ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

image

🌺ကိုယ့်ကိုယ်ကို~အဖန်ဖန်အထပ်ထပ်ရှုပြီး~ဆင်ခြင်
သုံးသပ်ကြည့်မယ်ဆိုရင်~
တို့ဟာ~မိနစ်တိုင်းမိနစ်တိုင်း~
အိုတဲ့ဖက်~နာတဲ့ဖက်ကိုရောက်
နေတာပါလား~
နောက်ဆုံးရောက်မယ့်မှတ်တိုင်
ကြီးက~မရဏဆိုတဲ့မှတ်တိုင်ပဲ~
အဲဒါရောက်သွားလို့ရှိရင်~တစ်
ဘဝပြီးသွားပြန်ရော~🌺
******
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး

image
9 w - Translate

"ကိုင်စီဒိုက ကျွန်တော်တို့ချဲလ်ဆီးရဲ့ ဒီရာသီအကောင်းဆုံးကစားသမားပါပဲ။ ခင်ဗျားအရှေ့မှာ သူရှိပြီဆိုရင် ပျော်စရာအိပ်မက်တကယ်ဖြစ်လာတာနဲ့ တူပါတယ်။ဘောလုံးပျက်ရင်လည်း အမြဲရအောင်ပြန်ဆယ်ပေးသလို ကွင်းပြင်မှာဆိုလည်း စိတ်ထားအရမ်းကောင်းပြီး အားလုံးနဲ့တည့်တဲ့ ကစားသမားပါ" 💙
🗣️ကိုးလ်ပါးလ်မား

image