9 w - Translate

လုပ်သား ၃၀ ခန့် အသက်ကန့်သတ်ချက်တွင် အကျုံးဝင်သဖြင့် OWIC ကတ် လျှောက်ခွင့်မရ
ရန်ကုန်၊ မေ ၆
ဂျပန်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်မယ့် အမျိုးသားဦးရေ ၃၀ ခန့်ကို အသက်ကန့်သတ်ချက်မှာ အကျုံးဝင်နေတယ်ဆိုပြီး ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) လျှောက်ခွင့်မပြုကြောင်း နစက အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မေလ ၅ ရက်နေ့မှာ OWIC ကတ် လျှောက်ထားသူတွေထဲက လိုအပ်ချက်ရှိလို့ အထောက်အထားပြည့်စုံစွာနဲ့ ပြန်လည်တင်ပြရမယ့် အလုပ်သမား ၁၉၂ ဦးရှိတယ်လို့ ဆိုပါတယ်။
အဲဒီအထဲမှာ အသက်ကန့်သတ်ချက်အတွင်း အကျုံးဝင်သူ ၂၉ ဦး အပါအဝင် အမည်စာရင်းကွဲလွဲခြင်း၊ ဗီဇာလိုအပ်ခြင်း၊ Work Permit သက်တမ်းကုန်နေခြင်း ၊ COE လိုအပ်ခြင်း၊ EC/DL မပါရှိခြင်း ၊ လေဆိပ်အဝင်/အထွက်တုံးများ မပါရှိခြင်း၊ ခွင့်စာလိုအပ်ခြင်း စတဲ့ စာရွက်စာတမ်း လိုအပ်ချက်ရှိနေတယ်လို့ သိရပါတယ်။
နစကအနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့မှ စတင်ကာ အသက် ၁၈ နှစ်မှ ၃၅နှစ်အကြား အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့်မပြုတော့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ပြည်ပအလည်အပတ်နိုင်ငံကူးလက်မှတ် (Passport for Visit-PV) လျှောက်ထားရယူပြီး ပြည်ပအလုပ်အကိုင် ဗီဇာတွေ ရယူကာ လေကြောင်းခရီးနဲ့ ပြည်ပထွက်ခွာခွင့် မပြုထားကြောင်း အလုပ်သမားဝန်ကြီးဌာနကနေ သိရပါတယ်။
PJ နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပထွက် အလုပ်လုပ်ကိုင်မယ့်သူတွေအနေနဲ့ OWIC ထုတ်ယူရရှိမှပဲ လေယာဉ်လက်မှတ် ဝယ်ယူခြင်းတွေ ဆောင်ရွက်ကြဖို့ သတိပေးထားပါတယ်။
ခွင့်ပြန်အလုပ်သမားတွေအနေနဲ့ ငွေလွှဲပို့ထားတဲ့ အထောက်အထားပြနိုင်မှသာ ပြည်ပပြန်ထွက်ခွင့်အတွက် ပြည်ပအလုပ်သမား မှတ်ပုံတင် OWIC ကတ် ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။
ပြည်ပမှာ နေထိုင်လုပ်ကိုင်စဉ် ငွေလွှဲပို့တဲ့ တရားဝင်အထောက်အထားကို တင်ပြရမှာဖြစ်ပြီး လစဉ် လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို လွှဲပို့ရမယ်လို့ အေဂျင်စီတွေကို ညွှန်ကြားထားပါတယ်။

image

#နိုင်ငံတကာသတင်း
◼အမေရိကန်စစ်ဘက်ထိပ်တန်းအကျဆုံး အရာရှိကြီးများကို ကာကွယ်‌‌ရေးဝန်ကြီး ဟက်ဆက်ထုတ်ပယ်မည်
ကြယ်လေးပွင့်အရာရှိကြီးများ အရေအတွက်ကို ၂၀ ရာခိုင်နှုန်း လျှော့ချရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက် က အမိန့်ပေးလိုက်ပြီး သမ္မတဒေါ်နယ်ထရန့် ဒုတိယသက်တမ်းစတင်ချိန်၌ ကာကွယ်ရေးဝန်ကြီးဌာနအား လှုပ်ခတ်သွားစေခဲ့သော လျှော့ချဖြတ်တောက်မှုများအား ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်လိုက်သည်။
စစ်ဘက်တွင် ထိပ်တန်းအကျဆုံး အရာရှိကြီးများ များလွန်းအားကြီးနေသည်ဟု ဟက်ဆက် က ရှုမြင်ခဲ့ပြီး ကာလကြာ ဝေဖန်ခဲ့သူဖြစ်သည်။
ဒေါ်နယ်ထရန့်၏ အမျိုးသားလုံခြုံ‌‌ရေး အစီအစဉ်အား အကောင်အထည်ဖော်ရန်ကြိုးစားပြီး ခွဲခြားဆက်ဆံမှုဟု ၎င်းခေါ်ဝေါ်သော လူမျိုးနောက်ခံ ကွဲပြားစုံလင်မှု အစီအစဉ်များကို သုတ်သင်ပစ်ရန် ကြိုးစားရင်း ယခင်ဖောက်စ်သတင်းတင်ဆက်သူဟောင်း ဟက်ဆက်က ကာကွယ်ရေးဝန်ကြီးဌာနအား ပြန်လည်ပုံသွင်းရာ၌ လျှင်မြန်စွာလှုပ်ရှားခဲ့သည်။
အမျိုးသားအစောင့်တပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီး အရေအတွက်အား အနည်းဆုံး ၂၀ ရာခိုင်နှုန်း လျှော့ချမှုရှိမည်ဖြစ်ကာ စစ်တပ်တစ်ခုလုံးအနေဖြင့် ဗိုလ်ချုပ်ကြီးနှင့်အခြားအဆင့် အရေအတွက် ၁၀ ရာခိုင်နှုန်း လျှော့ချသွားမည်ဖြစ်ကြောင်း ဌာနတွင်း အသိပေးချက်တွင် ဟက်ဆက် က ပြောကြားသည်။
“ ဗိုလ်ချုပ်ကြီးတွေနဲ့ ရေတပ်ဗိုလ်ချုပ်ကြီးတွေ ပိုရှိနေလို့ ပိုအောင်မြင်မှုရတဲ့ဆီ ဦးတည်မသွားပါဘူး။” ဟု ဟက်ဆက်က ဆိုရှယ်မီဒီယာ X ပေါ် တင်ထားသည့် ရုပ်သံ၌ ပြောကြားသည်။
ယင်းမှာ ထိပ်တန်းအရာရှိကြီးများအား ဒဏ်ခတ်ရန်ရည်ရွယ်သည့် ခုတ်ထွင် မီးရှို့သည့် လုပ်ရပ် မဟုတ်ကြောင်း၊ ယင်းသို့ပြောဆိုမှုများလောက်အမှန်တရားနှင့် ဝေးကွာသောအရာမရှိကြောင်း ဟက်ဆက်က ဆိုသည်။
ထိုသို့ ဖြုတ် ၊ ထုတ် မှုလုပ်ရန် ၎င်းအနေဖြင့် စစ်ဦးစီးချုပ်ရုံးနှင့် အတူတကွလုပ်ဆောင်ခဲ့ကြောင်း နှင့် ရည်ရွယ်ချက်မှာ မဟာဗျူဟာမြောက်အသင့်ရှိမှု ရရှိရန် ဖြစ်ကြောင်း ပြောသည်။
ဟက်ဆက်သည် ထရန့်အစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးဖြစ်လာခဲ့ပြီးနောက် စစ်ဦးစီးချုပ်များဥက္ကဌ ၊ ရေတပ်ထိပ်တန်းဗိုလ်ချုပ်ကြီး နှင့် အမျိုးသားလုံခြုံ‌ရေးအေဂျင်စီ အကြီးအကဲတို့အား ထုတ်ပယ်ခဲ့သည်။
ဟက်ဆက်၏ အစီအစဉ်များအပေါ် သံသယရှိကြောင်း ရို့ဒ်ကျွန်းမှ အထက်လွှတ်တော်အမတ် ဂျက်ရိဒ် က ပြောကြားပြီး ဟက်ဆက်သည် စစ်ဘက်အရာရှိကြီးများအား အကြောင်းပြချက်ကောင်းမရှိဘဲ ထုတ်ပယ်သည့်ရာဇဝင်ရှိသူဖြစ်ကြောင်း ပြောသည်။
မိမိအနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနအား ပိုမို၍ စွမ်းဆောင်ရန်မြင့်မားစေရန် အမြဲတမ်းထောက်ခံခဲ့ကြောင်း သို့ရာတွင် ခက်ခဲသော လူပုဂ္ဂိုလ်ရေးရာ ဆုံးဖြတ်ချက်များအား အချက်အလက်များပေါ်တွင် အခြေခံ စဉ်းစားသင့်ပြီး ရာခိုင်နှုန်းဖြင့် သိမ်းကြုံး မဆုံးဖြတ်သင့်ကြောင်း အထက်လွှတ်တော် လက်နက်ကိုင်လုပ်ငန်းများကော်မတီ မှ ထိပ်တန်းဒီမိုကရက်ဖြစ်သူ ဂျက်ရိဒ် က ဆိုပါသည်။
ကျွမ်းကျင်မှုအများဆုံး၊ အတွေ့အကြုံအများဆုံးအရာရှိကြီးများအား အကြောင်းပြချက်ကောင်းမရှိဘဲ ဖယ်ရှားပစ်ခြင်းကြောင့် စစ်တပ်အား ပို၍ စွမ်း‌ဆောင်ရည် မြင့်မားစေမည် မဟုတ်ဘဲ ချည့်နဲ့သွားစေနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image

စင်ကာပူမှာ ဘီလ် ဂိတ်ရဲ့ ဖောင်ဒေးရှင်း Gates Foundation ရုံးဖွင့်မယ်
ဘီလျံနာ ဘီလ် ဂိတ် ဦးဆောင်တဲ့ အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Gate Foundationရဲ့ရုံးခန်း စင်ကာပူမှာ ဖွင့်မယ်ဆိုတဲ့ အစီအစဉ်ကို Gate Foundation က ကြေညာခဲ့ပါတယ်။ စင်ကာပူမှာ ဒီအဖွဲ့အစည်းရဲ့ရုံးခန်းတည်ရှိတာကို Singapore Economic Development Board (ED က ထောက်ခံပံ့ပိုးခဲ့တာပါ။
"အရှေ့တောင်အာရှတစ်ဝှမ်းနဲ့ အခြားနိုင်ငံတွေမှာ သက်ရောက်မှုဖြစ်စေတဲ့ ဖြေရှင်းနည်းတွေကို အတိုင်းအတာတစ်ခုအထိ တိုးချဲ့နိုင်ဖို့အတွက် Gates Foundation နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်"လို့ EDB ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဂျာမိုင်နင်း လွိုင်က ပြောပါတယ်။
Philanthropy Asia Summit မှာ ဖောင်ဒေးရှင်းရဲ့ရုံးခန်းကို စင်ကာပူမှာ ဖွင့်လှစ်မယ်လို့ ဘီလ်ဂိတ်က ပြောကြားခဲ့ကြောင်း The Edge Singapore အရ သိရပါတယ်။
စင်ကာပူမှာ ဖောင်ဒေးရှင်းရဲ့ရုံးတည်ရှိမှုက ပြည်သူတွေပိုမိုကျန်းမာပြီး အကျိုးဖြစ်ထွန်းတဲ့ ဘဝနေထိုင်မှုကို ကူညီပေးဖို့နဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်တွေဆီ တိုးတက်မှုအရှိန်မြှင့်ဖို့ နိုင်ငံတွေ၊ ပါတနာတွေနဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ ကတိကဝတ်ကို ထင်ဟပ်စေတယ်လို့ ဖောင်ဒေးရှင်းရဲ့ သတင်းထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ စင်ကာပူကတဆင့် အရှေ့တောင်အာရှတစ်ဝှမ်းက အစိုးရ၊ ပရဟိတလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေဖို့ စီစဉ်နေတယ်လို့လည်း ပြောကြားထားပါတယ်။
Ref: Bill Gates's non-profit organisation, Gates Foundation, to open office in S'pore

image
9 w - Translate

ကိုရီးယားရောက် မြန်မာလုပ်သားတွေရဲ့ ဝင်ငွေခွန်ကို သံရုံးဘဏ်ငွေစာရင်းထဲ တိုက်ရိုက် ပေးသွင်းရမယ်

တောင်ကိုးရီးယား နိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ လာမယ့် မေ ၁၂ ရက်နေ့မှ စတင်ကာ ဝင်ငွေခွန်တွေကို သံရုံးရဲ့ဘဏ်ငွေစာရင်းထဲ တိုက်ရိုက် ပေးသွင်းရမှာ ဖြစ်တယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သိရပါတယ်။
ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့နိုင်ငံခြားငွေကနေ ရရှိလာတဲ့ လစာဝင်ငွေအပေါ် နည်းရာအခွန်ပမာဏနဲ့ တွက်ချက်ထားတဲ့ အခွန်ပမာဏကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ရဲ့ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့က စတင်ပြီး ပေးဆောင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ကိုရီးယားနိုင်ငံကို ရောက်ရှိနေထိုင် အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေထဲက အလုပ်အကိုင်ပတ်စ်ပို့ (PJ)၊ စီးပွားရေးပတ်ပို့စ် (P နဲ့ သင်္ဘောသားပတ်ပို့စ် (PS) ကိုင်ဆောင်ထားသူတွေ အနေနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ မြန်မာသံရုံးကို လာရောက်ကြချိန်မှာ မိမိတို့ ထမ်းဆောင်လိုကြတဲ့ ကာလတွေအတွက် ဝင်ငွေခွန် ငွေသားတွေကို တပါတည်း ပေးဆောင်လျက်ရှိကြတယ်လို့ သိရပါတယ်။
“အခု ပြောင်းလဲလိုက်တဲ့ စနစ်ကတော့ အခွန်ကို ငွေသားအစား ဘဏ်ငွေစာရင်းထဲကို တိုက်ရိုက် ပေးသွင်းရမယ့် စနစ်ကို ပြောင်းလဲလိုက်တာပါ။ ဘဏ်ကနေတဆင့် ငွေကြေး လည်ပတ်စေချင်ပုံရတယ်။ ငွေသား စီးဆင်းမှု ပိုပြီး မြန်ဆန်စေချင်တဲ့ သဘောဖြစ်နိုင်တယ်။ နစကအနေနဲ့ အခွန်ကို ရရင် ရနိုင်သလောက် မြန်မြန်လိုချင်နေပုံပါပဲ” လို့ အေဂျင်စီ အကျိုးဆောင်တယောက်က ပြောပါတယ်။
လတ်တလော ပြောင်းလဲလိုက်တဲ့ အစီအစဉ်ရဲ့ ဝင်ငွေခွန် ထမ်းဆောင်ရမယ့် ကာလနဲ့ ပမာဏ သတ်မှတ်ချက်တွေအရ မိမိတို့နဲ့ အကျုံးဝင်မယ့် ဝင်ငွေခွန်ထမ်းဆောင်မယ့် ကာလနဲ့ ပမာဏကို ကာယကံရှင်က ဦးစွာ ရွေးချယ်ရမှာဖြစ်ပြီး လွဲမှားမှု မရှိအောင် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ကိုရီးယားကို ၂ဝ၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်ထက် နောက်မကျဘဲ ရောက်ရှိလာသူတွေ အနေနဲ့ တလကို ကိုရီးယားဝမ် သုံးသောင်းနှစ်ထောင်နှုန်းနဲ့ ၁၈ လစာအတွက် ကိုရီးယားဝမ် ငါးသိန်းခုနစ်သောင်း ခြောက်ထောင် ထမ်းဆောင်ရမှာဖြစ်ကာ ကိုရီးယား နိုင်ငံကို စတင်ရောက်ရှိလာတဲ့ အထောက်အထား တင်ပြဖို့ မလိုအပ်ဘူးလို့ သံရုံးက အသိပေးထားပါတယ်။
ဒါအပြင် ကိုရီးယားနိုင်ငံကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်ထက် နောက်မကျဘဲ ရောက်ရှိလာသူတွေ အနေနဲ့ တလကို ကိုရီးယားဝမ် သုံးသောင်းနှစ်ထောင်နှုန်းနဲ့ ၁၂ လစာအတွက် ကိုရီးယားဝမ် သုံးသိန်းရှစ်သောင်း လေးထောင် ထမ်းဆောင်ရမှာဖြစ်ပြီး ကိုရီးယားနိုင်ငံကို စတင် ရောက်ရှိလာတဲ့ အထောက်အထား (ဗီဇာစတစ်ကာ စသဖြင့်) တင်ပြဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ကိုရီးယားနိုင်ငံကို ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ထက် နောက်မကျဘဲ ရောက်ရှိလာသူတွေ အနေနဲ့ကတော့ တလကို ကိုရီးယားဝမ် သုံးသောင်းနှစ်ထောင်နှုန်းနဲ့ ခြောက်လစာအတွက် ကိုရီးယားဝမ် တသိန်းကိုးသောင်း နှစ်ထောင် ထမ်းဆောင်ရမှာဖြစ်ကာ စတင် ရောက်ရှိလာတဲ့ အထောက်အထား (ဗီဇာစတစ်ကာ) တင်ပြဖို့ လိုအပ်မှာဖြစ်တယ်လို့ သိရပါတယ်။
“ဒီနေရာမှာ အခွန်ဆောင်မယ့်သူ အနေနဲ့ တခု သတိထားရမှာက ဝင်ငွေခွန် ထမ်းဆောင်ရမယ့် ကာလနဲ့ ပမာဏကို လွဲမှားမှု မရှိအောင် အထူးဂရုစိုက် စိစစ်ရမှာပါ။ လွဲမှားသွားတယ် ဆိုရင်တော့ သတ်မှတ်စာရင်းထဲ ရောက်မလာတဲ့ ငွေအတွက် အခွန် ထပ်မံ ပေးဆောင်ရမယ်ဆိုပြီးပဲ သံရုံးက ကြေညာထားတာ။ မှားပြီး ဆောင်လိုက်တဲ့အခွန်အတွက် ဘာလုပ်ပေးမယ်ဆိုတာ မပါဘူး။ ရှင်းရှင်းလင်းလင်းလည်း မသိရဘူး။ ဆိုတော့ အခွန်မဆောင်ခင်မှာ အချက်အလက် မမှားအောင်၊ အလုပ် မရှုပ်သင့်ဘဲ မရှုပ်ရလေအောင်၊ မလိုအပ်တဲ့ ဆုံးရှုံးမှုတွေ မဖြစ်ရလေအောင် သေသေချာချာလေးတော့ ဂရုစိုက်စေချင်တယ်” လို့ အေဂျင်စီအကျိုးဆောင်က ပြောပါတယ်။
ဒါအပြင် သံရုံးရဲ့ ကြေညာချက်မှာ ဘဏ်ငွေစာရင်းကို အခွန် တိုက်ရိုက် ပေးသွင်းရာမှာ မြန်မာသံရုံး၊ ဆိုးလ်မြို့ရဲ့ ကိုရီးယားဝမ် ဘဏ်ငွေစာရင်းအမှတ် 174-910001- 24801 (KEB, HANA BANK), Beneficiary Name- Myanmar Embassy ကို ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်နဲ့ဖြစ်စေ ကြိုတင် ပေးသွင်းရမှာဖြစ်ကာ Mobile Banking မှတဆင့် ငွေလွှဲပြောင်းပေးပို့တာကို (လုံးဝ) မပြုလုပ်ကြဖို့ အထူး အသိပေးထားပါတယ်။
ကိုယ်စားလှယ်နဲ့ ပေးသွင်းပါက ငွေလွှဲပို့သူ နာမည်အတွက် ကိုယ်စားလှယ်ရဲ့ နာမည်ကို ရေးသွင်း ဖော်ပြခြင်းမပြုဘဲ အခွန်ထမ်းဆောင်သူရဲ့ နာမည်ကိုသာ ဖော်ပြ‌ပေးရမှာဖြစ်ကာ သံရုံးမှာ အထောက်အထား ပြန်လည် ထုတ်ယူတဲ့အခါ မြန်မာသံရုံးကို လာရောက်ပြီး ဘဏ်ငွေသွင်းချလန်မူရင်းကို ပြသကာ “အခွန်ပေးသွင်းသူသို့ ပြန်ပေးရမည့် ဖြတ်ပိုင်း” ကို ပြန်လည် ထုတ်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားတယောက်က “အခွန်ကိစ္စကတော့ နည်းလမ်းအသွယ်သွယ်နဲ့ အမျိုးမျိုး တောင်းနေတာပေါ့။ နစက ပြောပြောနေတာက အခွန် ထမ်းဆောင်ရမယ် ဆိုတဲ့ ကိစ္စက နိုင်ငံသားတိုင်းရဲ့ တာဝန်လို့ ပြောတယ်။ မပျက်ကွက်စေချင်ဘူး၊ တာဝန်သိစိတ် အပြည့်အဝ ရှိစေချင်တယ်ပေါ့။ အဲဒီတော့ မေးချင်တာက အဲဒီ နိုင်ငံသားတိုင်းကို ကာကွယ် စောင့်ရှောက်ရမှာက အစိုးရ ဆိုသူတွေရဲ့ တာဝန်မဟုတ်ဘူးလား။ အဲဒီ တာဝန်ကိုကျတော့ ဘာလို့ ပျက်ကွက်နေသလဲ။ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံသားတွေ တဖက်နိုင်ငံတွေမှာ မျက်နှာငယ်၊ ဒုက္ခရောက်နေတာကိုရော ဘာမှ မလုပ်ပေးကြတော့ဘူးလား။ အစိုးရ ဆိုသူတွေအနေနဲ့ ဘယ်တော့များမှ တာဝန်သိစိတ် အပြည့်အဝ ရှိလာမှာလဲ မေးချင်တယ်။ ကိုယ်လိုချင်တာတွေချည်း တောင်းမနေပါနဲ့၊ ကိုယ်ဘာတွေ လုပ်ပေးရမလဲဆိုတာလည်း သတိရကြပါဦး” လို့ ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ တောင်ကိုရီးယားနိုင်ငံကို နှစ်စဉ် လုပ်သားဦးရေ တသောင်းနီးပါး စေလွှတ်လျက်ရှိပြီး လက်ရှိမှာ မြန်မာလုပ်သား ခုနစ်သောင်းကျော် ရောက်ရှိ အလုပ် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
Photo - CJ

image
9 w - Translate

ရခိုင်နိုင်ငံရေးသမား ဦးဦးလှစော ကွယ်လွန်
မေ ၆ - ၂၀၂၅
SN (VOM)
ကဗျာဆရာ၊ စာရေးဆရာ မောင်ခိုင်အောင် (ခေါ်) ဝါရင့် ရခိုင်နိုင်ငံရေးသမား ဦးဦးလှစောဟာ မနေ့ မေ ၅ ရက်၊ ည ၁၁ နာရီကျော် ဝန်းကျင်က ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ မိသားစု အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
နှာခေါင်းကင်ဆာ ရောဂါနဲ့ ဆေးကုသမှုခံယူနေရင်း ဆုံးပါးသွားခဲ့တာလို့ သိရပြီး ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဦးဦးလှစော ကွယ်လွန်မှုနဲ့ ပတ်သက်လို့ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက “ကျောင်းသားဘဝကနေ နောက်ဆုံးဘဝ သက်တမ်းကုန်ဆုံးတဲ့ အချိန်ထိ စစ်မှန်တဲ့ နိုင်ငံရေးသမား တယောက်အဖြစ် ရပ်တည်သွားခဲ့တဲ့ ဆရာ့ကို အထူးလေးစား ဂုဏ်ယူပါတယ်ဆရာ။ ဆရာ့ရဲ့သမိုင်းက ကျွန်တော်တို့ရဲ့ ရင်ထဲမှာ ဘယ်တော့မှ မမေ့မပျောက် စွဲထင်ကျန်ရစ်မှာ ဖြစ်ပါတယ်” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
ငယ်စဥ်က ပညာထူးချွန်ခဲ့ပြီး ရန်ကုန်မြို့ စက်မှုတက္ကသိုလ် တက်ရောက်ခွင့်ရရှိခဲ့ကာ နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားခဲ့မှုကြောင့် တက္ကသိုလ်ကျောင်း ပညာကို ဆုံးခန်းတိုင်အောင် မသင်ယူခဲ့ရဘဲ ကျောင်းထွက်လိုက်ရတယ်လို့ သိရပါတယ်။
ကျောင်းသားလှုပ်ရှားမှု၊ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့အတွက် ဦးဦးလှစောဟာ ၁၉၇၅ ခုနှစ်မှာ ထောင်ဒဏ် ကိုးနှစ်၊ ၁၉၈၈ ခုနှစ် အရေးအခင်းကာလမှာ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှာ ပါဝင်ခဲ့ကာ အစိုးရက ALD ပါတီကို တရားမဝင် ပါတီအဖြစ် ကြေညာပြီး ပါတီဖျက်သိမ်းလိုက်ရတဲ့အခါ ကျူရှင်ဆရာအဖြစ် ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကာလမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ကို တည်ထောင်ပြီး အထွေထွေအတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။
၂၀၁၃ ခုနှစ်မှာ RNDP နဲ့ ALD ပါတီ ပူးပေါင်းရေးအတွက် အဓိက ဦးဆောင်သူတဦး ဖြစ်ခဲ့သလို ၂၀၁၄ ခုနှစ်၊ ဧပြီလ ရခိုင့်အမျိုးသားညီလာခံ (ကျောက်ဖြူ) မှာလည်း အဓိက ဦးဆောင်သူအဖြစ် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဦးဦးလှစောဟာ ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲမှာလည်း ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီနောက် ၂၀၂၂ ခုနှစ်ဝန်းကျင်ကစလို့ ULA/AA ရဲ့ ဗီတာ (၂) စစ်ဒေသ နိုင်ငံရေးမှူးအဖြစ် ကွယ်လွန်ချိန်အထိ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။
Photo - CJ

image

အင်္ဂလန်နိုင်ငံမှာ ကင်ဆာ ၁၅ မျိုးကို ကုသပေးနိုင်တဲ့ ဆေးတစ်မျိုး စတင်ထိုးနှံပေးနေ
အင်္ဂလန်နိုင်ငံဟာ ဥရောပတိုက်မှာ ပထမဆုံးအဖြစ် ကင်ဆာ ၁၅ မျိုးကို ကုသပေးနိုင်တဲ့ ဆေးတစ်မျိုး ထိုးနှံပေးလျက် ရှိပါတယ်။ Opdivo လို့ အမည်ရတဲ့ အဲဒီဆေးဟာ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အရေပြား ကင်ဆာအပါအဝင် ကင်ဆာရောဂါ ၁၅ မျိုးကို ကုသပေးနိုင်စွမ်းရှိပြီး ဆေးထိုးနှံဖို့လည်း အချိန် ၃ မိနစ်ကနေ ၅ မိနစ်ကြားပဲ ကြာမြင့်ပါတယ်။
အခုလို ဆေးထိုးနှံမှုကြောင့် တစ်နှစ်ကို လူနာ ၁၅၀၀၀ အထိ အကျိုးသက်ရောက်မှု ရှိစေနိုင်မယ်လို့ ခန့်မှန်းထားပြီး ဆေးရုံတွေရဲ့ လုပ်ငန်းဆောင်တာကိုလည်း သိသိသာသာ လျှော့ချပေးနိုင်မယ်လို့ မျှော်မှန်းထားကြပါတယ်။
ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း စည်းမျဉ်းထိန်းသိမ်းရေးအေဂျင်စီ (MHRA)က ထောက်ခံချက်ရရှိထားတဲ့ ဒီဆေးဟာ ကိုယ်ခံအားစနစ်က ကင်ဆာဆဲလ်တွေကို ခွဲခြားဖော်ထုတ်ပြီး တိုက်ဖျက်နိုင်စေတဲ့ပုံစံမျိုးနဲ့ လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။
Ref: NHS rolls out 5-minute 'super-jab' for 15 cancers

image
9 w - Translate

President Trump's surprise announcement over the weekend that he wants to reopen and expand the notorious Alcatraz Federal Penitentiary in San Francisco Bay is drawing new attention to the infamous prison.

https://abcnews.go.com/US/trum....p-reopen-alcatraz-fa

image
9 w - Translate

Prince Archie, the eldest child of Prince Harry and Meghan, the Duchess of Sussex, is celebrating his 6th birthday today.
Read more: https://abcnews.visitlink.me/sAD-Z5

image