14 w - Translate

မောနီးပါ
မျက်နှာမသစ်ပဲ
ကော်ဖီ
အရင်သောက်တက်တဲ့မိမိ

ကော်ဖီခွက်🤧🤧

image
14 w - Translate

💥သဘာဝနည်းနဲ့ ဆံပင်ပေါင်းတင်ကြမယ်💥

မိန်းမတို့ဘုန်း ဆံထုံးလို့ ဆိုကြတယ်ဟုတ်💁‍♀️

🌸မိန်းကလေးတွေအတွက် ဆံသားကောင်းခြင်းဟာ မင်္ဂလာတစ်ပါးပါပဲနော်။ ခုခေတ်မှာ ဆံပင်ကို မျိုးစုံ ကောက်ဖြောင့် ဆေးဆိုးပြုပြင်နေကြတော့ ဆံသားကျန်းမာလှအောင် ထိန်းသိမ်းဖို့က အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်လာပါပြီ💁‍♀️

🌸ဒီတစ်ခေါက်မှာတော့ ဆံသားပါးတဲ့သူတွေ၊ မွေးရာပါ ဆံနွယ်ဖြစ်ပြီး ဆံသားအားမရှိ ဝိတ်မရှိတဲ့သူတွေ၊ ဆံပင် ပြုပြင်တာတွေများပြီး ဆံပင်ကျွတ်ပြီး ပါးနေတဲ့ သူတွေအတွက် ​ပြောပြ​ပေးမယ်💁‍♀️

🌸Spa တွေ Hair Saloon တွေကို အချိန်ပေးပြီး မသွားနိုင်သူတွေအတွက် အိမ်မှာပဲ တစ်နိုင်တစ်ပိုင်လွယ်လွယ်ကူကု ပေါင်းတင်လို့ရမဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်..💁‍♀️

🌸ဆံပင်ဆိုတာ amino acid တွေစုဝေးထားတာ မို့လို့ ဆံသားပါးတဲ့သူတွေအတွက် Protein ဓာတ်အဓိက ဖြည့်ပေးမဲ့ ​ပေါင်းတင်နည်း​တွေက ...💁‍♀️💁‍♀️

❤ ကွကျဥ Hair Mask ❤

ကြက်ဥအနှစ် ၂ လုံး + ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း+ သံလွင်ဆီ or ကြက်ဆူဆီ ၁ဇွန်း

ဦးရေပြားထဲထိရောက်အောင် သေချာနှိပ်ပြီး ဆံသားအရင်းကနေ အဖျားထိရောက်အောင် သေချာလိမ်းပေးပါ။

❤ Oil Power Mask❤

ကြက်ဆူဆီ၊ နေကြာဆီ၊ သံလွင်ဆီ၊ အုန်းဆီတို့ကို ဆတူရောမွှေပြီး ဆံပင်အရင်းကနေ အဖျားထိရောက်အောင်သေချာလိမ်းပေးပါ။ တခြားဆီတွေထက် ကြက်ဆူဆီက ဆံသားရှည်အောင် ပိုမိုကူညီပေးနိုင်ပါတယ်ရှင်။ ဆံသားကောင်းခြင်း မကောင်းခြင်းက ဦးရေပြား သွေးလည်ပတ်မှုပေါ်လဲ မူတည်တာမို့ လက်ချောင်းထိပ်လေးတွေနဲ့နှိပ်နယ်ပေးပါ။

❤ဆားနဲ့ ခေါင်းလျှော်ကြမယ် ❤

ပုံမှန်လျှော်နေကြ ခေါင်းလျှော်ရည်ထဲကို အိမ်သုံးဆား (သို့) ဟိမဝန္တာပန်းရောင်ဆားကို အနေတော်ထည့်ပြီး လျှော်တာပါ။ ဆားဟာ အပူကျစေတဲ့အပြင် သွေးလည်ပတ်မှုကောင်းစေလို့ ဆံသားကျွတ်တာကို တော်တော်သက်သာစေပါတယ်။

❤ငှက်ပျောသီး ပျားရည် Mask❤

Potassium ဓာတ်အရမ်းကြွယ်ဝတဲ့ ငှက်ပျောသီးက ဆံပင်မကျွတ်အောင် ဆံသားမကွဲအောင် ကာကွယ်ပေးနိုင်တဲ့ အစွမ်းထက် သဘာဝအသီးနှံလေးပါ။ ချေထားတဲ့ ငှက်ပျောသီးမှည့်တစ်လုံးနဲ့ ပျားရည်တစ်ဇွန်းပဲ လိုအပ်ပါတယ်။

❤ဆန်ဆေးရည်❤

ဆန်ဆေးရည်က ဆံပင်ရှည်မြန်စေတာမို့ ခေါင်းလျှော်ပြီး နောက်ဆုံးအဆင့်မှာ ဆန်ဆေးရည်ကို လောင်းချပေးပါနော်။

နောက်ဆုံးအနေနဲ့ အကြံပေးချင်တာကတော့ အပေါ်က Hairmask တွေကို ခေါင်းမလျှော်ခင် နာရီဝက်အကြိုလောက် ကြိုလိမ်းပြီးနှပ်ထားပါ။ ဆိုင်မှာ ရေနွေးငွေ့နဲ့ ပေါင်းတင်တဲ့ Effect မျိုးရချင်ရင် သဘက်ကို ရေနွေးဆူဆူထဲစိမ်ပြီး ညှစ်ထားတာ (သို့) microwave ထဲထည့်ပြီး အပူပေးထားတဲ့ သဘက်နဲ့ Hairmask or oil တွေလိမ်းပြီးတဲ့ချိန် ခေါင်းပေါ် ပေါင်းထားပေးပါရှင်။

🌸အားလုံးပဲ ကျန်းမာလှပတဲ့ ဆံသားလေးကို ပိုင်ဆိုင်ကြပါစေနော်🌸

image
14 w - Translate

ရှန်ဇန်ဖြစ်ရပ်ကြောင့် တရုတ်ပြည်ရှိ ဂျပန်များ စိုးရိမ်ပူပန်နေ
-------------------------
တရုတ်နိုင်ငံ ရှန်ဇန်မြို့မှာ အသက် (၁၀)နှစ်အရွယ် ဂျပန်ကျောင်းသားလေး အသတ်ခံရမှုဖြစ်ပြီးတဲ့နောက် တရုတ် နိုင်ငံမှာ နေထိုင်တဲ့ ဂျပန်နိုင်ငံသားတွေကြားမှာ စိုးရိမ်ကြောင့်ကြမှုတွေ မြင့်တက်လာနေတယ်လို့ ဘီဘီစီသတင်း မှာ သောကြာနေ့က ဖော်ပြပါတယ်။ တရုတ်ပြည်တွင်းက ထိပ်တန်း ဂျပန်လုပ်ငန်းကြီးတွေကလည်း သူတို့ရဲ့ ဝန်ထမ်းတွေကို သတိနဲ့ နေထိုင်သွားလာကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

တိုရှီဘာနဲ့ တိုယိုတာ ကုမ္ပဏီတို့က သူတို့ရဲ့ ဝန်ထမ်းတွေကို ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတဲ့ ဘယ်လို အကြမ်းဖက်မှု မျိုးကိုမဆို သတိထား နေထိုင်ကြဖို့ ညွှန်ကြားထားပါတယ်။ ပန်နာဆိုနစ်ကလည်း သူတို့ရဲ့ အလုပ်သမားတွေကို အခမဲ့ အိမ်ပြန် လေကြောင်းခရီးစဉ်တွေ စီစဉ်ပေးနေပါတယ်။ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါကလည်း အဲဒီတိုက် ခိုက်မှုကို အလွန်အမင်း စက်ဆုပ်စရာကောင်းတဲ့ တိုက်ခိုက်မှုလို့ ခေါ်ဆိုလိုက်ပြီး ပေကျင်းအနေနဲ့ ဖြစ်နိုင်သမျှ မြန်မြန် ဖြေရှင်းချက်ပေးဖို့ တောင်းဆိုထားပါတယ်။

တရုတ်နိုင်ငံထဲက ဂျပန်ကျောင်းတချို့က ကျောင်းသားမိဘတွေကို ဆက်သွယ်ပြီး အမြင့်ဆုံး သတိပေးထားပါ တယ်။ ကွမ်ကျိုးဂျပန်ကျောင်းကလည်း ကျောင်းရဲ့ လှုပ်ရှားမှုတချို့ကို ဖျက်သိမ်းလိုက်ပြီး အများပြည်သူဆိုင်ရာ နေရာတွေမှာ ဂျပန်စကားကို ကျယ်ကျယ်လောင်လောင် မပြောဖို့လည်း လမ်းညွှန်အကြုံပြု ထားပါတယ်။

image
14 w - Translate

ဂျော်ဂျီယာပြည်နယ်တွင် မဲကို လက်ဖြင့်ရေတွက်မည်
-------------------
ဂျော်ဂျီယာပြည်နယ် ရွေးကောက်ပွဲဘုတ်အဖွဲ့ကို ထိန်းချုပ်ထားတဲ့ အမေရိကန်သမ္မတဟောင်း ထရမ့်ရဲ့ မဟာမိတ် တွေက ပြည်နယ်တွင်းမှာ မဲပြားတွေကို လက်နဲ့ ရေတွက်ရမဲ့ ဥပဒေတစ်ရပ်ကို သောကြာနေ့မှာ အတည်ပြုလိုက် ပါတယ်။ အဲဒီ အငြင်းပွားဖွယ်ရာ ဥပဒေကို ပြည်နယ်ထိပ်တန်း ကွန်ဆာဗေးတစ်အမတ်တွေက သတိပေးနေတဲ့ ကြားက အတည်ပြုလိုက်တာပါ။

အဲဒီဥပဒေအရ ပြည်နယ်တွင်း ခရိုင်မဲရုံတွေမှာ ရွေးကောက်ပွဲနေ့မှာ လာထည့်တဲ့ မဲတွေနဲ့ မဲပေးစက်ကနေ တစ်ဆင့် ထည့်တဲ့ မဲတွေရဲ့ အရေအတွက် တူညီမှုရှိမရှိ တိုက်ဆိုင်စစ်ဆေးဖို့အတွက် မဲရုံ မှာ ထည့်တဲ့မဲတွေကို လက်နဲ့ ရေတွက်ရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဘုတ်အဖွဲ့က ထောက်ခံမဲ ၃ ၊ ကန့်ကွက်မဲ ၂ မဲနဲ့ ဥပဒေကို အတည်ပြုခဲ့တာပါ။ ဒီနည်းလမ်းက သမ္မတရွေးကောက်ပွဲအတွက် အရေးကြီးတဲ့ ပြည်နယ်မှာ မဲရလဒ် ထွက်ချိန်ကို ကြန့်ကြာစေလိမ့်မယ်လို့ ဘုတ်အဖွဲ့ဝင်တချို့က ကန့်ကွက်ထားကြပါတယ်။

ဂျော်ဂျီယာ ပြည်နယ် ရှေ့နေချုပ် ခရစ္စ ကားရ် က ပြည်နယ် ဥပဒေမှာ မဲတွေကို တရားဝင်ရေတွက်မှု မလုပ်ခင် ဒေသန္တရ မဲရုံ ဝန်ထမ်းတွေကို လက်နဲ့ မဲရေတွက်ခွင့် မပေးထားတဲ့အတွက် ဘုတ်အဖွဲ့ကနေ အတည်ပြုလိုက်တဲ့ လုပ်ထုံး လုပ်နည်းဟာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ သတိပေးထားပါတယ်။ ဒါ့အပြင် အခုလို မဲပေးမှုစည်းမျဉ်းတွေကို အပြောင်းအလဲလုပ်ဖို့က ရွေးကောက်ပွဲကာလနဲ့ အလွန်နီးကပ်လွန်းနေတယ်လို့လည်း ထောက်ပြဝေဖန်ထား ပါတယ်။

ဂျော်ဂျီယာပြည်နယ်ရွေးကောက်ပွဲတာဝန်ရှိသူတွေနဲ့ ကျွမ်းကျင်သူတွေက လက်နဲ့ မဲရေတွက်ခြင်း စည်းမျဉ်းသစ် က ရင်းမြစ်အလုံအလောက်မရှိတဲ့ ခရိုင်အဆင့် ရွေးကောက်ပွဲဘုတ်အဖွဲ့တွေအတွက် နောက်ထပ် ကြီးလေးတဲ့ ဝန်ထုပ်တစ်ခု ဖြစ်လာစေနိုင်တယ်လို့ သတိပေးထားပါတယ်။ အဲဒီရဲ့ အကျိုးဆက်အဖြစ် မဲရလဒ် ထုတ်ပြန်မှု နှောင့်နှေးကာ အခြေအနေရှုပ်ထွေးမှုနဲ့ သတင်းတုတွေ ထွက်ပေါ်လာဖို့အတွက် အခွင့်ကောင်းတစ်ခု ဖြစ်လာနိုင် ကြောင်း သတိပေးထားကြပါတယ်။

image
14 w - Translate

ဒီဘရိုင်း၏ ဒဏ်ရာအခြေအနေကို ဂွာဒီယိုလာ ပြော
--------------------
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အင်တာမီလန်အသင်းနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာရခဲ့တဲ့ ဒီဘရိုင်းရဲ့ ဒဏ်ရာက အခုအချိန်မှာ သက်သာလာခဲ့ပြီလို့ စက်တင်ဘာလ(၂၀)ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဒီဘရိုင်းဟာ အင်တာမီလန်အသင်းနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ရဲ့ ပထမပိုင်း ပြီးဆုံးခါနီးမှာ ဒဏ်ရာရခဲ့တာကြောင့် ဒုတိယ ပိုင်းအစမှာတင် လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

အင်တာမီလန်အသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့ပေမယ့် အခုအချိန်မှာ ဒီဘရိုင်းရဲ့ ဒဏ်ရာအခြေအနေက သက်သာလာ ခဲ့ပြီလို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြောကညးခဲ့တာပါ။ မန်စီးတီးအသင်းဟာ စက်တင်ဘာလ(၂၂)ရက်မှာ အာဆင်နယ်အသင်းနဲ့ ကစားရဖို့ရှိနေပြီး အဲဒီပွဲစဉ်မှာ ဒီဘရိုင်း ပါဝင်ဖွယ်ရှိ၊ မရှိကိုတော့ အသင်းရဲ့နောက်ဆုံး လေ့ကျင့်ရေးအပေါ် မူတည်ကာ ဆုံးဖြတ်သွားရမှာဖြစ်တယ်လို့ လည်း နည်းပြဂွာဒီယိုလာက ဆက်လက်ပြော ကြားခဲ့ပါသေးတယ်။

အာဆင်နယ်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်က ဇယားထိပ်ဆုံးကနှစ်သင်း ထိပ်တိုက်တွေ့ဆုံ နေကြ တာဖြစ်လို့ မန်စီးတီးအသင်းရဲ့ ပရိသတ်တွေကလည်း ဒီဘရိုင်း ပါဝင်ဖွယ် ရှိ၊မရှိကို စောင့်ကြည့်နေကြပါတယ်။

image
14 w - Translate

ရော်နယ်ဒို၏ အယ်နာဆာအသင်း ဂိုးပြတ်အနိုင်ရ
---------------------
စက်တင်ဘာလ(၂၀)ရက်နေ့က ကစားခဲ့တဲ့ အယ်အစ်တီဖတ်အသင်းနဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ရော်နယ်ဒိုရဲ့ အယ်နာဆာအသင်းက ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ အမှတ်ပေးဇယားထိပ်ပိုင်းက နှစ်သင်းတွေ့ဆုံတဲ့ ပွဲစဉ် ဖြစ်တာကြောင့် အကြိတ်အနယ်ရှိခဲ့ပေမယ့် အယ်နာဆာအသင်းက (၃)ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။

အယ်နာဆာ အသင်းဟာ အခုပွဲစဉ်မှာ အသင်းရဲ့အဓိကတိုက်စစ်မှူး ရော်နယ်ဒိုအပြင် ချယ်လ်ဆီးအသင်းကနေ ခေါ်ယူခဲ့တဲ့ ဘရာဇီးလူငယ်ကစားသမား အိန်ဂျလိုဂါဘရီရယ်ကို ပွဲထွက်စာရင်းမှာ အသုံးပြုလာခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

အယ်နာဆာအသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန်(၃၃)မိနစ်မှာ ရော်နယ်ဒိုက ပင်နယ်တီကတစ်ဆင့် သွင်းယူ ပေးခဲ့သလို ပွဲချိန်(၅၆)မိနစ်မှာ အယ်နက်ဂျ်ဒီ၊ မိနစ်(၇၀)မှာ တာလစ္စကာတို့က အသီးသီး သွင်းယူပေးခဲ့ကြပါ တယ်။ ဒီပွဲစဉ်က နည်းပြသစ် ပီအိုလီရဲ့ ပထမဆုံးပွဲစဉ်ဖြစ်ပြီး အယ်နာဆာအသင်းကလည်း အနိုင်ရရှိခဲ့တာ ကြောင့် ဆော်ဒီပရိုလိဂ်ပွဲစဉ်(၄)ရဲ့ အစောပိုင်းပွဲစဉ်တွေအပြီးမှာ (၄)ပွဲကစား၊ (၂)ပွဲနိုင်၊ (၂)ပွဲသရေ၊ ရမှတ် (၈)မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့် (၄)နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

image
14 w - Translate

ပူရအိုက်ရတဲ့အထဲ $ လုပ်လာမရှုပ်နဲ့..

image

မျှစ်ငါးနီတူအစပ်ချက်

မျှစ်ကလေးကို အရင်ပြုတ်ပေးပါ
ကြက်သွန်ဖြူ အနီ ငရုပ်သီးစိမ်း ချက်မယ့်အနေအထားပေါ်မူတည်ပြီးကြိတ်ထည့်ပေးပါ ငါးနီတူလေးတွေကို ရေစင်အောင်ဆေးပေးပါ ထည့်ချက်သလောက်
အားလုံးအဆင်သင့်ဖြစ်ပါက အိုးထဲထည့်ပြီး မျှစ် ငါးနီတူ ငပိစိမ်းသား အချိုအငံ ဆနွင်းနှုန့် ထည့်ပြီးနယ်ပါ ဆီအနည်းငယ် ရေအနည်းငယ်ထည့်ပြီး လုံးချက်လိုက်ပါ ပွက်ပွက်ဆူပြီးမွှေးလာရင် ပင်စိမ်းလေးအုပ်ချက်လိုက်ပါ အရသာလေးကရှယ်ပြီး ရနံ့မွှေးမွှေးလေးနဲ့ ဆိုကျက်ပါပြီ
မျှစ် ငနီတူစပ်စပ်လေး သုံးဆောင်လို့ရပါပြီ😊😋

image
14 w - Translate

ယနေ့ ရွှေစျေး ဒေါ်လာစျေး ဘတ်စျေး အနည်းငယ်ကျပြီး စျေးငြိမ်နေ

(စက်တင်ဘာလ ၂၁ ရက်၊ နေ့လည် ၁၂ နာရီ ၂၀ မိနစ်)

ပြင်ပစျေးကွက်၌ ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာနှင့် အခြားနိုင်ငံခြားငွေ စျေးနှုန်းများ..

အမေရိကန်ဒေါ်လာ 5000 – 5100
စင်ကာပူဒေါ်လာ 3720 – 3870
ဥရောပယူရို 5350 – 5520
ဂျပန်ယန်း 33.28 – 34.29
တောင်ကိုရီးယားဝမ် 3.65 – 3.76
အိန္ဒိယရူပီး 56.21 – 57.90
မလေးရှားရင်းဂစ် 1130 – 1180
တရုတ်ယွမ် 680 – 700
ထိုင်းဘတ် 146.00 – 150.39

ပြင်ပ ရွှေဈေးကွက်မှာတော့..

၁၆ ပဲရည် မီးလင်း
ရောင်းစျေး 6,820,000
ဝယ်စျေး 6,770,000

၁၅ ပဲရည်
ရောင်းစျေး 6,410,000
ဝယ်စျေး 6,360,000

ရွှေကုန်သည်အသင်း (ရန်ကုန်) သတ်မှတ်စျေးကတော့..

၁၆ ပဲရည် မီးလင်း - 5,216,000
၁၅ ပဲရည် - 4,890,000
ကမ္ဘာ့ရွှေဈေးနှုန်းမှာ တအောင်စ 2622 ဒေါ်လာ ဖြစ်သည်။

#ရွှေစျေး
#ဒေါ်လာစျေး
#ဘတ်စျေး

image
14 w - Translate

😂

image