9 w - Translate

အီလွန်မတ်စ်ပိုင် SpaceX တက္ကဆက်မှာ တရားဝင်မြို့အဖြစ် ရရှိ
အာကာသဒုံးကျည်တွေ လွှင့်တင်နေတဲ့ တက္ကဆက်တောင်ပိုင်းက SpaceX အခြေစိုက်စခန်းက Starbase နာမည်နဲ့ မြို့နာမည်ပေါက်သွားပြီ ဖြစ်ပါတယ်။
စနေနေ့က ဒေသခံတွေ မဲနဲ့ တရားဝင်မြို့အဖြစ် ရောက်ရှိတာလို့ ဆိုပါတယ်။ မဲပေးခွင့်ရှိသူ ၂၈၃ ဦးထဲမှာ အများစုက SpaceX ဝန်ထမ်းတွေ ဖြစ်ပြီး မြို့မိန့်ချပေးဖို့ ထောက်ခံမဲ ၁၄၃ မဲ လိုပါတယ်။ Cameron County က အွန်လိုင်းပေါ်တင်ထားတဲ့ မဲရလဒ်ထဲမှာ ထောက်ခံမဲ ၂၁၂ မဲ - ကန့်ကွက်မဲ ၆ မဲ ရှိခဲ့တယ်လို့ ပြထားပါတယ်။
အီလွန်မတ်စ်ကလည်း Starbase က တက္ကဆက်မှာ တရားဝင်မြို့ဖြစ်သွားပြီလို့ သူ့ X ပလက်ဖောင်းကနေ ပြောပါတယ်။ စတုရန်းမိုင် ၁.၆ မိုင်ရှိတဲ့ ဒီမြို့နေရာကို SpaceX က ဒုံးကျည်တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ဖို့ ၂၀၁၂ က ဝယ်ခဲ့တာပါ။
Starbase က လူဦးရေ ၅၀၀၀ အောက် နေထိုင်တဲ့ Type C အဆင့်မြို့ ဖြစ်ပြီး မြို့ဝန်တစ်ဦးနဲ့ မြို့ပြစီမံကိန်းဆိုင်ရာ တာဝန်ယူမယ့် ကော်မရှင်နှစ်ဦးက အုပ်ချုပ်မှာပါ။ ဒီလူတွေကလည်း အီလွန်မတ်စ် လူတွေချည်းပါပဲ။
မြို့ဝန်ဖြစ်လာတဲ့ အသက် ၃၆ နှစ်အရွယ် ဘော်ဘီပီဒန်က SpaceX မှာ အလုပ်လုပ်လာတာ ၁၂ နှစ်ကျော် လာပြီ ဖြစ်သလို လက်ရှိ Texas က စမ်းသပ်မှုနဲ့ လွှင့်တင်ရေးဆိုင်ရာပိုင်းမှာ ဒုဥက္ကဌတာဝန်ယူထားသူပါ။ နောက် ကော်မရှင်နာနှစ်ဦးကလည်း SpaceX က အော်ပရေးရှင်း အင်ဂျင်နီယာ နဲ့ သဘာဝပတ်ဝန်းကျင်ဘေးကင်းရေးဆိုင်ရာ ဒါရိုက်တာတွေ ဖြစ်ပါတယ်။

image