#နိုင်ငံတကာသတင်း
◼ယီမင်အခြေစိုက်ဟူသီအဖွဲ့အား အစ္စရေး လက်တုံ့ပြန်လေကြောင်းတိုက်ခိုက်
အစ္စရေးနိုင်ငံ၏ အဓိကလေဆိပ်ကိုထိမှန်ခဲ့သော ဒုံးကျည်တစ်စင်းကို ဟူသီအဖွဲ့က ပစ်လွှတ်ခဲ့ ပြီးနော က် တစ်ရက်မှာပင် ယီမင်နိုင်ငံ ဟိုဒေဒါဆိပ်ကမ်းမြို့မှ ဟူသီသူပုန်တို့၏ စခန်းများအား လေကြောင်းမှ တိုက် ခိုက်ခဲ့ကြောင်း အ စ္စရေးစစ်ဘက်က ယမန်နေ့တွင် ပြောကြားသည်။
ယမန်နေ့ နေ့လယ်ပိုင်း တွင် အရေးပါသော ဟိုဒေဒါဆိပ်ကမ်းအားလေကြောင်းမှတိုက်ခိုက်မှု အနည်းဆုံး ခြောက်ကြိမ်ဖြစ်ပေါ်ခဲ့ကြောင်း ဟူသီအဖွဲ့၏ မီဒီယာရုံးက ပြောကြားသည်။
အခြားတိုက်ခိုက်မှုများ၌ ဟိုဒေဒါ ခရိုင်အတွင်းရှိ ဘာဂျီးလ် ဘိလပ်မြေစက်ရုံ ထိမှန်ခဲ့ကြောင်း ဟူသီအဖွဲ့က ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် အစ္စရေးလေတပ်မှ ဒါဇင်နှင့်ချီသော တိုက်လေယာဉ်များ ပါဝင်ခဲ့ကြောင်း အစ္စရေးမီဒီယာက ပြောကြားသည်။
တနင်္ဂနွေနေ့တွင် ယီမင်နိုင်ငံမှ ပစ်လွှတ်လိုက်သော ဒုံးကျည်တစ်စင်းသည် အ စ္စရေးနိုင်ငံ၏ အဓိက ဘင်ဂူရီယန် လေဆိပ် ချဉ်းကပ်လမ်းသို့ ကျရောက်ခဲ့ကာ လေကြောင်းခရီးစဉ်များနှင့် ခရီးသွား ဝင်ထွက်သွားလာမှုများ ရပ်တန့်သွားခဲ့သည်။
ယင်းမှာ စစ်ပွဲ စတင်ခဲ့ချိန်မှစ၍ အစ္စရေးလေဆိပ်ပရဝဏ်သို့ ပထမဆုံး အ ကြိမ် ဒုံးကျည်ကျရောက်ခဲ့ခြင်းဖြစ်သည်။
ဟိုဒေဒါမြို့ပေါ် တိုက်ခိုက်မှုမှာ အစ္စရေး-အမေရိကန် ပူးတွဲစစ်ဆင်ရေးဖြစ် ကြောင်း ဟူသီအဖွဲ့က ပြောကြား သော်လည်း အမေရိကန်တပ်ဖွဲ့များ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိကြောင်း အမေရိကန်ကာကွယ်ရေးအရာရှိကြီးတစ်ဦး က ဆိုသည်။
ယင်းတိုက်ခိုက်မှုမှာ ပင်လယ်နီမှ ကုန်သွယ်ရေးသင်္ဘောများကို ပစ်မှတ်ထားနေခြင်းမှ ဟူသီအဖွဲ့အား တားဆီးရန် မတ် ၁၅ ရက် က စ၍ အမေရိကန်က လုပ်ဆောင်နေသော Rough Rider စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်း မဟုတ်ကြောင်း အမည်မဖော်လိုသော အမေရိကန်အရာရှိကြီးက ဆိုသည်။
သီးခြားအနေဖြင့် အမေရိကန် စစ်ဘက် က ယီမင်မြို့တော် ဆာနားအား ယမန်နေက လေကြောင်းမှ အကြိမ် များစွာ တိုက်ခိုက်ခဲ့ကြောင်း အခြားအမေရိကန်အရာရှိကြီးတစ်ဦး က ပြောသည်။
အစ္စရေး၏ တိုက်ခိုက်မှုများက ဟူသီအဖွဲ့အား ဟန့်တားနိုင်မည်မဟုတ်ကြောင်း နှင့် ယင်းတိုက်ခိုက်မှုများအား လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ဟူသီမီဒီယာရုံးအကြီးအကဲ နက်စ်ရူဒင်အာမေး က က တိ ပြုပြောဆိုသည်။
ဟူသီအဖွဲ့က တိုက်ခိုက်မှုများကိုတိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကာဂါဇာစစ်ပွဲအားရပ်တန့်လိုက်သည့်အချိန်အထိ သင်္ဘောလမ်းကြောင်းများ နှင့် အစ္စရေးအား တိုက်ခိုက်ခြင်းများကို ရပ်တန့်မည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
သတင်း-ရဲမင်း
ကိုးကား- FRANCE 24
