#ဆီးပိုးဝင် #ကျောက်ကပ်ရောင်
#ဝမ်းကိုက် #သွေးဝမ်း #ဆီးပူညောင်းကျ #မီးယပ်ဖြူ
#မီးကွင်းဂမုန်း
➡️➡️အရွက် ပြုတ်ရည် သည် ကင်ဆာကုသရာတွင် သာမက အဆစ်အမြစ်ရောင်ရမ်းခြင်းတွင်သောက်သုံးပေး သက်သာစေသည်
➡️➡️အအေးမိ နှာစေးနှာရည်ယို ချောင်းဆိုး တုပ်ကွေးရောဂါသက်သာစေရန် အရွက်ပြုတ်ရည်သောက်ပေးပါ
➡️➡️အရွက်ပြုတ်ရည်သည် ကျောက်ကပ်အားကောင်းစေရုံသာမက ကျောက်ကပ်ရောင်ခြင်း,ဆီးပိုးဝင်ခြင်းတို့ကိုပါသက်သာစေသည်
➡️➡️အမျိုးသားများဆီးပူညောင်းကျခြင်း, အမျိုးသမီးများ သွေးမသန့်ခြင်း, မီးယပ်ဖြူဆင်းခြင်း ဖြစ်ပါက အရွက်ပြုတ်ရည် သောက်ပါ
➡️➡️သဘာဝအားဖြည့်ရည် အဖြစ်
အရွက်ပြုတ်ရည် တွင်ရှောက်ရည်ထည့်သောက်လေ့ရှိသည်
တိုင်းရင်းဆေးကျမ်းများအရ
➡️အရိုး အရွက် တို့ကို ထုထောင်း ၍ သုံးခွက် တစ်ခွက် တင် ကျို ချက်ပြီး ရရှိသော အရည်ကို ဒိုပါလာ သကြား အနည်းငယ် ခတ်သောက်သော် သွေးအန် ရောဂါ ပျောက်၏ ။ တစ်ကြိမ်လျှင် ကြွေဇွန်း တစ်ဇွန်း ခန့် တစ်နေ့ သုံးကြိမ် သောက်ရ၏။
➡️နားပြည်ယို ရောဂါ များအတွက် အရွက်ကို မီးကင် ပြီး နားတွင်း သို့ အရည်ညှစ် ထည့်ပေး ခြင်းဖြင့် ပျောက်ကင်း၏။
➡️အရွက်ကို သင့်ရုံ သုပ်စား ခြင်း ၊ တို့စား ခြင်း တို့ဖြင့် ဝမ်းကိုက်ရောဂါ ပျောက်၏ ။
➡️သွေး ဝမ်း ဆင်းလျှင် အရွက်ရည် ကိုညှစ် ၍ ကြွေဇွန်း တစ်ဇွန်း ခန့် သောက်ပေး ခြင်းဖြင့် ပျောက်ကင်း ၏ ။
➡️မီးလောင် အပူလောင် ခြင်း ဖြစ်သော် မီးကွင်း ဂမုန်း အရွက်နုကို သကြား အနည်းငယ် ရောပြီး ထုထောင်း ကြိတ် ခြေ၍ လိမ်းပေး ရ၏ ။
➡️မီးကွင်း ဂမုန်းကို ထောင်း၍ ရသော အရည်နှင့် သကြား အနည်းငယ် ရောပြီး ဇွန်းသေး တစ်ဇွန်းခန့် တစ်နေ့ သုံးကြိမ် သောက်သော် သလိပ်ကပ် ချောင်းဆိုး ရောဂါ ပျောက်၏ ။
အချို့အသုံးများ
🌿နှာခေါင်းသွေးလျှံဖြစ်လာပါက မီးကွင်းဂမုန်းပင်ကို ရေစင်အောင်ဆေးကာထောင်း၍ ၎င်းအဖတ်ကို နှာခေါင်းပေါ် အုံပေးပါက နှာခေါင်းသွေးတိတ်စေပါသည်။
🌿ဆီးရောဂါအမျိုးမျိုးနှင့် ဆီးကျောက်ရောဂါများအတွက် မီးကွင်းဂမုန်းကို ရေ ၃ ခွက် ၁ ခွက်တင် ကျို၍ သကြားအနည်းငယ်နှင့် သောက်ပေးပါက ဆီးရောဂါအမျ်ိုးမျိုးကို သက်သာပျောက်ကင်းစေပါသည်။
🌿သွေးကင်ဆာဖြစ်နေလျှင် မီးကွင်းဂမုန်း၏ ပင်စည်နှင့်အရွက်တို့ကို ရေစင်အောင်ဆေးကာ ကြိတ်၍ အရည်ညစ်ယူကာ ၅ မိနစ်ခန့် အပူပေး(ကျို၍) ခဏအအေးခံကာ ထမင်းစားဇွန်းဖြင့် မနက်တစ်ဇွန်း၊ ညတစ်ဇွန်း သောက်နိုင်ပါသည်။ တစ်ပတ်ကို ၃ ရက်ဖြင့် တစ်လလောက် သောက်ပါက ကင်ဆာဆဲလ်များကို လျှော့ချပေးစေနိုင်ပါသည်။
🌿ဝမ်းကိုက်ပါကကြက်ဥနဲ့ကြော်စားလေ့ရှိသည်
🌿ဦးရေပြားဗောက်ထပါက အရွက်ကိုကြိတ်ထောင်း၍ရသောအရည်ဖြင့်ခေါင်းလျှော်ပေးပါကဗောက်ပျောက်စေပါသည်
🌿နှာခေါင်းသွေးလျှံပါက အရွက်ကို
ကို ကြိတ်ထောင်းအုံပေးပါက သက်သာပျောက်ကင်းစေပါသည်

