14 w - Translate

မန္တလေးမြို့နီးနီးနားက
ဒီဆိုင်လေးမှာ🍀

ဒီဆိုင်လေးက မန္တလေးရေတံခွန်တောင်အနီးမှာရှိတဲ့ဆိုင်လေးတစ်ဆိုင်ပါ☘️

အကယ်၍များ မန္တလေးရောက်ဖြစ်ခဲ့ရင်ပေါ့ဒီကြက်ကြော်ဆိုင်ကိုလည်းဝင်လည်ခဲ့နော်🍀

မန္တလေးမြို့ရေတံခွန်တောင်ဂေါက်ကွင်းလမ်းမှာရှိတဲ့ ရွှေလက်ခုပ်ကြက်ကြော်နှင့်စားဖွယ်စုံဆိုင်🏡

ကြက်ကြော်နှင့်စားဖွယ်စုံ´မျိုးစုံတစ်နေရာတည်းရရှိနိုင်တဲ့နေရာ ရွှေလက်ခုပ်ကြက်ကြော်ဆိုင်🏡

မန္တလေး ရေတံခွန်တောင်အနီးနားတစ်ဝိုက်မှာ ကြက်ကြော်ဆိုင်တော်တော်များများရှိတဲ့အထဲကမှ ရွှေလက်ခုပ်ကြက်ကြော်ဆိုင်ကိုရွေးပြီးထိုင်ဖြစ်ခဲ့တယ်😋ကြက်ကြော်စားလို့ကောင်းသလိုဆိုင်မှာအေးအေးဆေးနဲ့ထိုင်ချင်တဲ့သူတွေအတွက်လည်းအဆင်ပြေတဲ့ဆိုင်🍀

📷ဓာတ်ပုံလှလှလေးတွေဖန်တီးချင်တဲ့သူတွေအတွက်အဆင်ပြေတဲ့နေရာလေး

📷ဓာတ်ပုံရို.က်ဖို့အတွက်လည်းပြင်ဆင်ပေးထားတဲ့နေရာတွေလည်းအများကြီးရှိတယ်🥰

👨‍👩‍👦‍👦သူငယ်ချင်း၊မိသားစု၊ချစ်သူတွေနဲ့ သွားရောက်ပြီးအပန်းဖြေလို့ကောင်းတဲ့နေရာလေး

☀️မနက်ခင်း သွားမလား ?
🌄နေ့ခင်း သွားမလား ?
🌑ညနေ့ခင်း သွားမလား ?

ကဲဲ...ဘယ်ချိန်ပဲသွားသွားပါ
သွားဖြင့်အောင်ကိုသွားထိုင်ကြည့်သင့်တဲ့ဆိုင်လေးပါနော်🍀

ဒီဆိုင်ငုံးကြော်နဲ့ကြက်ကြော်စားလို့အရမ်းကောင်းတာပြီးတော့ဟင်းရည်ဆိုလည်း ဂွတ်ရှယ်ပဲ😋

ကြက်ကြော်ကောင်းကောင်းစားချင်တဲ့သူတွေ ရွှေလက်ခုပ်ကြက်ကြော်ဆိိုင်နှင့်စားဖွယ်စုံဆိုင်ကိုညွှန်းပေးတယ်နော်😍

ဆိုင်ကဝန်ထမ်းတွေကလည်းဆက်ဆံရေးကောင်းသလို Serviceပိုင်းမှာလည်းတော်တော်အဆင်ပြေခဲ့တယ်☘️

ရွှေလက်ခုပ်ကြက်ကြော်ဆိုင်ရဲ့
ဆိုင်လိပ်စာ👇

မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်၊ရေတံခွန်တောင်ဂေါက်ကွင်းလမ်းဘေး၊ဂွေ့ကြီးကုန်းရွာအကျော်၊ကန်လယ်လမ်းခွဆုံ

ဆိုင်ကိုလာတဲ့အခါလမ်းမသိတာရှိရင်အောက်ပါဖုန်းနံပါတ်များကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်
☎️-09762400007
☎️-09-762500007

imageimage
14 w - Translate

Goodbye, poor people. I’m going to Dubai.

image

မြေပဲဆံချက်
----------------
ဒါလေးကတော့ အညာမှာ ချက်လေ့ချက်ထရှိတဲ့ ဟင်းတစ်မည်ပါ။ မုန်လာဥဖြူလှိုင်လှိုင်ပေါ်ချိန် မုန်လာချဉ်တည်ပြီး မြေပဲဆံချက်လေးနဲ့ တွဲဖက်စားတဲ့အခါ ရိုးရှင်းပြီး ထမင်းမြိန်စေတဲ့ ဟင်းလျာလေးပါရှင်။

ပါဝင်ပစ္စည်းများ
မြေပဲဆံ(အစိမ်း) - ၅ ကျပ်သား
ကြက်သွန်နီ - ၁ ဥ
ကြက်သွန်ဖြူ - ၁ ဥ
ကိုင်းခရမ်းချဉ်သီး - ၄ လုံး
ဆီ - ၅ ကျပ်သား
ငရုတ်အရောင်တင်မှုန့် - စတီးဇွန်း ၂ ဇွန်း
ဆား - အနည်းငယ်
နနွင်း - အနည်းငယ်

ချက်နည်း
မြေပဲဆံကို ညက်ညက်ထောင်းထားပါ။ ကိုင်း ခရမ်းချဉ်သီး၊ ကြက်သွန်နီ/ဖြူကို လှီးထားပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူ/နီ၊ နနွင်း ဆီသတ်ပါ။ ခပ်နွမ်း နွမ်းဖြစ်လာလျှင် အရောင်တင်မှုန့်ထည့်ပါ။ ကိုင်းခရမ်း ချဉ်သီးထည့်ပြီး လိပ်လာသည်အထိ ဆီသတ်ပါ။ ကိုင်းခရမ်းချဉ်သီးလိပ်လာလျှင် မြေပဲဆံထည့်ပါ။
ဆား ထည့်ပါ။ ရေနွေး အနည်းငယ်ချင်းလိုက်ပြီး အိထွေးပြီး ဆီပြန်လာသည်အထိ ချက်ပါ...

image
14 w - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၂၁-၉-၂၀၂၄)

image
14 w - Translate

အောင်မြင်တဲ့တစ်နေ့

image
14 w - Translate

ဘယ်လောက်ပဲ အဆင်မပြေမှုတွေရှိရှိ
“ချစ်လား”လို့မေးလိုက်တိုင်း
“သိပ်ချစ်တာ မသိဘူးလား”လို့
ပြောမယ့်သူတစ်ယောက်သာရှိရင်
ကျွန်တော်တို့ဟာ န၊ာကျင်စရာတွေ
ရှိနေရင်တောင် ရယ်မောနိုင်ကြဦးမှာ။

image
14 w - Translate

ကိုးရီးယားမှာ အသုံးများတယ်ဆိုတဲ့ ၂ ပတ်အတွင်းလုံးဝထူးခြားလာ‌ေစမယ့် အဆီချနည်း

ပါဝင်ပစ္စည်းများ.. ...

ပျားရည် - ၂ ဇွန်း(စားပွဲတင်ဇွန်း)
သံပုရာသီးအသေး - ၁ လုံး
ကြက်သွန်ဖြူ - ၃ မွှာ
ရေနွေးဖြူ - တစ်ခွက်....တို့ပဲဖြစ်ပါတယ်။

ပထမဆုံး ရေနွေးဖြူ ခပ်နွေးနွေးတစ်ခွက်ထဲသို့ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ သံပုရာသီးတစ်လုံးကိုထက်ခြမ်းခွဲပြီးအရည်ညှစ်ထည့်ကာ မွှေပေးပါ။ ကြက်သွန်ဖြူ ၃ မွှာကိုနုပ်နုပ်စဉ်း(သို့..) ကြိတ်ပြီးထည့်မွှေပါ။(မှတ်ချက်။ ။ ကြက်သွန်ဖြူ သည် အစာအိမ်ကိုသန့်ရှင်းစေပြီး သွေးထဲက အဆီများကိုဖယ်ရှားပေးပါသည်။ မထည့်လို့မရဘူးလားလို့ ဈေးမစစ်ပါနှင့်...😜)

နံနက်အိပ်ယာနိုးပြီး မည်သည့်အစာမျှ မစားသုံးမှီ နေ့စဉ်သောက်သုံးပေးရပါမည်။ ၂ ပတ်အတွင်းထူးခြားစွာ အဆီကျစေရမည်။

ဒီစာလေးကဝိတ်ကျဖို့အသုံးတည့်မယ်ဆို Like&Share
သွားဖို့မမေ့ပါနဲ့ဦးနော်

image
14 w - Translate

ပေဂျာနှင့်ဆက်စပ်ပြီး နေရာ(၄)ခုကို တရုတ်(တိုင်ပေ) စီးနင်းရှာဖွေ
------------------------
လက်ဘနွန်မှာ ဖြစ်ပွားခဲ့တဲ့ ပေဂျာပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး စုံစမ်းစစ်ဆေးတဲ့အနေနဲ့ တရုတ်(တိုင်ပေ) စုံစမ်း စစ်ဆေးရေးမှူးတွေဟာ နေရာ (၄)နေရာကို ကြာသပတေးနေ့က ဝင်ရောက်ရှာဖွေခဲ့ကြပါတယ်။

ဟစ်ဇ်ဘိုလာ အဖွဲ့ဝင်တွေ သုံးတဲ့ အဲဒီပေဂျာစက်တွေမှာ တရုတ်(တိုင်ပေ) ကုမ္ပဏီဖြစ်တဲ့ Gold Apollo ရဲ့ အမှတ်တံဆိပ်တွေ တွေ့ရတဲ့နောက် တရုတ်(တိုင်ပေ)ဘက်က စုံစမ်းစစ်ဆေးနေတာပါ။ အဲဒီ ပေဂျာစက်တွေ ဘယ်ကနေလာသလဲ၊ ဟစ်ဇ်ဘိုလာအဖွဲ့ဆီကို ဘယ်ပုံဘယ်နည်း ရောက်ရှိသွားသလဲဆိုတဲ့အပေါ် မေးခွန်းတွေနဲ့ ထင်ကြေးပေး ပြောဆိုမှု တွေ ထွက်ပေါ်လာချိန်မှာ အခုလို စီးနင်းရှာဖွေမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

နယူးယောက်တိုင်းမ် သတင်းစာ ကတော့ အစ္စရေးက Gold Apollo ကုမ္ပဏီကထုတ်လုပ်တဲ့ ပေဂျာတွေထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေ ထည့်သွင်း မြှုပ်နှံထားခဲ့တယ်လို့ အမေရိကန်နဲ့ တခြား အမည်မဖော်လိုတဲ့ အရာရှိတွေကို ကိုးကားပြီး အခု သီတင်းပတ်ထဲမှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ Gold Apollo ကတော့ အဲဒီစက်တွေကို မထုတ်ဘူးလို့ ငြင်းဆိုထားပြီး တရုတ်(တိုင်ပေ) အစိုးရရှေ့နေတွေက အဲဒီပေဂျာတွေရဲ့ ဇာစ်မြစ်ကို စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေပါတယ်။

အမျိုးသား လုံခြုံရေး စုံစမ်းစစ်ဆေးရေးဗျူရိုကို မျက်မြင်သက်သေနှစ်ယောက်နဲ့ နေရာ(၄)နေရာကို ဝင်ရောက်ရှာဖွေ မေးမြန်း မှုတွေ လုပ်ဖို့ ညွှန်ကြားခဲ့ကြောင်း တိုင်ပေ အစိုးရရှေ့နေရုံးက ကြာသပတေးနေ့မှာ ပြောပါတယ်။ ဒါပေမဲ့ ဘယ်သူ တွေ မေးမြန်းခံရတယ်၊ ဘယ်နေရာတွေကို ရှာဖွေရေးလုပ်ခဲ့တယ်ဆိုတာကိုတော့ ပြောဖို့ ငြင်းဆိုထားပါတယ်။

image
14 w - Translate

လေဖိအားနည်းဆဲလ် ကရင်ပြည်နယ်နှင့် ကယားပြည်နယ်ကို စတင်ဖြတ်ကျော်နေ
-------------------
ထိုင်းနိုင်ငံ ကုန်းတွင်းပိုင်းဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်ဟာ အနောက်ဘက်ကို ဆက်လက်ရွေ့ လျားခဲ့ပြီး ထိုင်းနိုင်ငံ ကုန်းတွင်းပိုင်းဒေသတွေနဲ့ မြန်မာနိုင်ငံ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့ကို စတင်ဖြတ် ကျော်နေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။ စက်တင်ဘာလ ၂၁ ရက် မြန်မာစံတော်ချိန်မနက်(၇)နာရီအချိန်ထုတ်ပြန်တဲ့ အထူးမိုးလေဝသသတင်းထုတ်ပြန်ချက်မှာ အခုလို ပါရှိတာပါ။

အဲဒီလေဖိအားနည်းဆဲလ်နဲ့ အကြွင်းအကျန်တိမ်တိုက်တွေဟာ အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး နောက်(၂၄)နာရီအတွင်း မြန်မာနိုင်ငံ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးတောင်ပိုင်း၊ မကွေးတိုင်းဒေသကြီးနဲ့ ကပ္ပလီပင်လယ် ပြင်မြောက်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ ဆိုပါတယ်။

အဲဒီကတစ်ဆင့် အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ကာ စက်တင်ဘာလ(၂၃)ရက်နေ့မှာ ဘင်္ဂလားပင် လယ်အော်အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိနိုင်ပါတယ်။ အဲဒီလေဖိအားနည်းဆဲလ်နဲ့ အကြွင်းအကျန်တိမ်တိုက်တွေရဲ့အရှိန်ကြောင့် စက်တင်ဘာ(၂၁)ရက် မနက်ပိုင်းကနေ (၂၅) ရက်နေ့အတွင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နဲ့ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကာ နေရာကွက်မိုးကြီးတာတွေနဲ့ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေ၊ ပြည်တွင်း ရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်းရေးတွေ သတိပြုနိုင်ဖို့ သတိပေးနှိုးဆော်ထားပါတယ်။

image
14 w - Translate

၂၀၂၆ ဆောင်းရာသီအိုလံပစ် သံတမန်အဖြစ် ဆင်နာကို ခန့်အပ်
---------------------------
အီတလီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၆ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲရဲ့ သံတမန်အဖြစ် ခန့်အပ်ခံ ရလို့ ဂုဏ်ယူတယ်လို့ ကမ္ဘာ့အဆင့်-၁ အီတလီတင်းနစ်သမား ဆင်နာက ပြောကြားလိုက်ပါတယ်။

၂၀၂၆ ဆောင်း ရာသီ အိုလံပစ်ပြိုင်ပွဲရဲ့ စေတနာ့ဝန်ထမ်း ပရိုဂရမ်တစ်ခုဖြစ်တဲ့ “Team 26” ရဲ့ သံတမန်အဖြစ် ဆင်နာကို စက်တင်ဘာ ၁၉ ရက်နေ့က ခန့်အပ်လိုက်တာဖြစ်ပြီး သူမွေးဖွားကြီးပြင်းခဲ့ရာဒေသနဲ့ အနီးတစ်ဝိုက်မှာ ကျင်းပ မယ့် ပြိုင်ပွဲအတွက် ကူညီပေးခွင့်ရလို့ ပျော်ရွှင်တယ်လို့ ဆင်နာက ပြောသွားခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဆင်နာဟာ ၂၀၂၄ ခုနှစ်အတွင်း ဩစတြေးလျအိုးပင်းနဲ့ ယူအက်စ်အိုးပင်း ချန်ပီယံဆုတွေကို ရယူခဲ့ပြီး ကမ္ဘာ့ အဆင့်-၁ နေရာကိုပါ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆောင်းရာသီ အိုလံပစ်လို ပြိုင်ပွဲမျိုးတွေဟာ စေတနာ့ဝန်ထမ်း တွေ မပါဘဲနဲ့ အောင်မြင်စွာကျင်းပနိုင်ဖို့ မဖြစ်နိုင်သလို စေတနာ့ဝန်ထမ်းတွေအတွက်လည်း အတွေ့အကြုံ ကောင်းတွေ ရစေနိုင်မှာဖြစ်တယ်လို့ ဆင်နာက ပြောသွားခဲ့ပါတယ်။

၂၀၂၆ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပ ရေးအဖွဲ့ကတော့ ၂၀၂၆ ဖေဖော်ဝါရီမှာ ကျင်းပမယ့် ပြိုင်ပွဲအတွက် စေတနာ့ဝန်ထမ်း ၁၈၀၀၀ လောက် လိုအပ် လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

image