၀၁၂-၁၃ ရာသီတုန်းက ရီးရဲလ်တို့ ဗလန်စီယာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ပွဲမှာ ကာဆီးလက်စ်နဲ့ ထိမိပြီး ပီပီ လဲကျသွားခဲ့ပါတယ်။ ဦးခေါင်းကို ထိခဲ့တာဖြစ်ပြီး အစောပိုင်းမှာတော့ ပီပီဟာ ပုံမှန်သာဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းအပြီး အဝတ်လဲခန်းထဲအရောက်မှာတော့ သူက “ဟိုင်း၊ ငါက ပါဘလိုပါ၊ မင်းက ဘယ်သူလဲ၊ ငါတို့ ဒီမှာ ဘာလုပ်နေတာလဲ” ဆိုပြီး အသင်းဖော်တွေကို ပြောနေခဲ့ပါတယ်။
ရီးရဲလ်အသင်းဖော်တွေ ထိတ်လန့်ခဲ့ကြပြီး မော်ရင်ဟိုကို ဒီအကြောင်း သတင်းပို့ခဲ့ကြပါတယ်။ မော်ရင်ဟို ရောက်လာခဲ့ပြီး ပီပီဆီ လျှောက်သွားခဲ့ကာ “ဟုတ်တယ်၊ မင်းက ပါဘလိုအက်စ်ကိုဘားပဲ၊ ပြီးတော့ ကွင်းထဲက ထွက်လာချိန်မှာ ဗလန်စီယာကစားသမား ပါဘလိုအိမ်းမားဖြစ်သွားတယ်၊ ပြီးတော့ ကိုယ့်ဂိုးကိုယ်သွင်းလိုက်တော့တာပဲ၊ အခုက မင်း အဲလိုမျိုး မှတ်ဉာဏ်ဆုံးရှုံးသလိုလုပ်နေရမယ့် အချိန်မဟုတ်ဘူး” ဆိုပြီး ပြောခဲ့ပါတော့တယ်။
