image
8 w - Translate

me

image

image

image
7 w - Translate

ဒေါ်လာ ၂ သိန်း ၂ သောင်းတန် Turbo S ကို ဝယ်ပြီးလို့မှ "exclusive မဖြစ်သေးပါဘူး"၊ "စွမ်းဆောင်ရည်ပိုင်းကို အားမရသေးပါဘူး" ဆိုသူတွေအတွက် Turbo S ထက် 148 hp (789 total hp)၊ 111 lb-ft (701 total lb-ft) ပိုများပြီး Aerodynamics ပိုင်းသိသိသာသာ ပိုကောင်းလာမယ့် 𝗧𝗲𝗰𝗵𝗔𝗿𝘁 𝗚𝗧 𝗦𝘁𝗿𝗲𝗲𝘁 𝗥💛🖤

image
8 w - Translate

Supra ဆိုတာ ကားဝါသနာရှင်လောကမှာ Influence အရှိဆုံးကားတွေထဲက တစ်စီးအပါအဝင်ဖြစ်ပြီး Mk4/A80 တစ်စီးလမ်းမှာတွေ့တဲ့အခါ “IS THAT A SUPRA!!!” ဆိုပြီး အကျယ်ကြီးအော်ရတဲ့အထိ ကျော်ကြားပါတယ်👀
Supra ကို အမေရိကန် petrolhead တွေက အလွယ်တကူရနိုင်တဲ့ Chevy LS V8 အင်ဂျင် swap ပြီး drag ကားလုပ်တယ်။ တချို့ကတော့ 2JZ-GTE ကိုဘဲ ဆက်သုံးပြီး street racing အနေနှင့်ဘဲ ဆက်သုံးတယ်။ Supra မျိုးဆက်ထဲမှာ အခုလက်ရှိ Mk5 နှင့် လက်ဟောင်း Mk4 တို့ကြား မရေမတွက်နိုင်တဲ့ engine swap တွေကို မြင်တွေ့ခဲ့ရပြီးပြီဗျ။ Iconic အဖြစ်ဆုံး Top Secret V12 Supra အပြင် LS V8 နှင့် RB inline 6 ချိန်းထားတာတွေ အများကြီးရှိခဲ့ပါတယ်။ ဒီ swap တွေကိုလည်း စာဖတ်သူအားလုံး ရင်းနှီးပြီးသားဖြစ်လောက်မှာပါ။ ဒါပေမယ့်လို့ V configuration အင်ဂျင်တွေကြားမှာ အရှားပါးဆုံးနှင့် အသံအလှဆုံးလို့လည်း ပြောနိုင်တဲ့ V10 engine swap ထားတဲ့ Supra ကိုတော့ သိပ်မရင်းနီးကြဘူးဟုတ်…?
Formula Drift ကြည့်လေ့ရှိတဲ့ ညီအစ်ကိုတွေဆိုရင် Ryan Tuerck ကို သိကြမှာပါ၊ Corolla အဝါလေးမောင်းတဲ့ တစ်ယောက်လေ။ ဒါကိုမှ မမှတ်မိဘူးဆိုရင် Donut Media မှာ Ferrari 458 V8 engine swap ထားတဲ့ GT86 Touge Drift ဗီဒီယိုလေးကို ပြန်စဉ်းစားကြည့်လိုက်ပါ။ မျက်လုံးထဲ ပေါ်လာပြီဟုတ်!? (GT458 - https://bit.ly/3y41kJB) ရိုင်ယန်ရဲ့ youtube channel ကို အမြဲကြည့်နေကျသူတွေဆိုရင် ဒီ V10 swap ထားတဲ့ A90 Supra build လေးကို ဟိုးအစကနေ သိထားမယ်ထင်တယ်ဗျ။ (Process တွေက တအားများလို့ ဖြစ်ကြောင်းကုန်စင်တော့ မရေးတော့ပါဘူးနော်)
“𝗙𝗼𝗿𝗺𝘂𝗹𝗮 𝗦𝘂𝗽𝗿𝗮” လို့ နာမည်ပေးထားတဲ့ ဒီကားလေးမှာ BMW ထုတ် B58 turbocharged inline 6 အင်ဂျင်အစား ဗြိတိန်ထုတ် JUDD GV 4.0L V10 racing အင်ဂျင်ကို ပြောင်းလဲတပ်ဆင်ထားပါတယ်။ ဆလင်ဒါအရေအတွက် ပိုများသွားပေမယ့် အလေးချိန်အတူတူလောက်ရှိတဲ့အပြင်ကိုမှ Total Output နှစ်ဆလောက်ထုတ်နိုင်တယ်ဆိုတော့ အတော်အားရစရာဗျ။ ကိန်းဂဏန်းတွေကို မျက်စိမှိတ် ခဏမေ့ထားပြီး အင်ဂျင်သံချည်း နားထောင်မယ်ဆိုရင်တောင် ကျေနပ်စရာကောင်းနေပါပြီ။ ၁၉၉၉ ခုနှစ်မှာ ဒီ racing engine ကို စတင်မိတ်ဆက်ခဲ့ပြီးတော့ ၂၀၀၀ ခုနှစ်အစောပိုင်း Le Mans series LMP1 (Le Mans Prototype 1) ပြိုင်ပွဲဝင်ကားတွေမှာ အများဆုံးတပ်ဆင်ကြတဲ့ စွမ်းဆောင်ရည်မြင့်အင်ဂျင်တစ်လုံးပေါ့။ Formula Supra လို့ နာမည်ပေးတာကလည်း Brabham Formula One အသင်းရဲ့ V10 အင်ဂျင်ကနေ အဆင့်ဆင့် ဆင်းသက်လာလို့ပါ၊ အမ်း JUDD Supra ဆိုတာထက်တော့ ခေါ်ရတာ ပိုအထာကျတာပေါ့လေ…
ဒီကားလေးကို ကာဘွန်ဖိုက်ဘာ ဘော်ဒီအစိတ်အပိုင်းများစွာနှင့် တည်ဆောက်ထားတယ်၊ အတိအကျတော့မသိပေမယ့် body panel 90% လောက်က ကာဘွန်ဖိုက်ဘာတွေပါ။ အင်ဂျင်ချည်းဆိုရင်တော့ crank horsepower 730 bhp ဆိုပေမယ့် ကားမှာတပ်ဆင်ပြီး dyno run ကြည့်တဲ့အခါ 630 hp ဆိုပြီး ရလဒ်ထွက်လာပါတယ်။ ဒီလောက် ပေါ့ပါးတဲ့ကားမှာ 630 hp ဆိုတာက လိုအပ်တာထပ်တောင် ပိုနေတယ်ဗျ။ ဒါပေမယ့်လို့ ရိုင်ယန်က Professional Drifter ဆိုတော့ ဒီမြင်းကောင်ရေလောက်က ကလေးကစားစရာလောက်ပေါ့။ ဒီကားလေးအကြောင်းကို စိတ်ဝင်စားတယ်၊ ရိုင်ယန်တစ်ယောက် V10 Supra တစ်စီးဆောက်ပြီး ဘယ်လိုပြိုင်ပွဲမျိုးတွေ ဝင်ပြိုင်သွားမလဲ၊ Formula Drift မှာရော ဒီကားကို ဘယ်တော့များ လက်တွေ့မြင်ရမလဲဆိုပြီး ရင်ခုန်နေရင်တော့ Ryan Tuerck Youtube Channel - https://bit.ly/3Omu4T9 မှာ subscribe လုပ်၊ notifications on ပြီး နောက်ဆုံးရသတင်းအကြောင်းအရာတွေကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။ ဒါနှင့် ကျွန်တော်က Formula One ပိုကြည့်ဖြစ်လို့ ဒီ content လေးမှာ Formula Drift အကြောင်းအမှားပါသွားတာဖြစ်ဖြစ်၊ Ryan နှင့် Formula Supra အကြောင်းလိုအပ်သွားတာဖြစ်ဖြစ် ရှိခဲ့ရင်လည်း သည်းခံပေးကြပါဦးဗျ၊ အားလုံးဘဲ Happy Father’s Day ပါဗျာ၊ ဖားသားကြီးနှင့်လည်း တည့်အောင်နေကြနော့၊ ဒါမှ ဆီဖိုးမှန်မှ

image
8 w - Translate

ကျွန်တော်တို့ ကားဝါသနာရှင်များအနေနှင့် လူတိုင်းအလွယ်သိထားကြတဲ့အရာတစ်ခုက "BMW လိုဂိုဟာ သူ့ရဲ့ မူလစီးပွားရေးလုပ်ငန်းဖြစ်တဲ့ လေယာဉ်အင်ဂျင်ထုတ်လုပ်ရေးနှင့် လေယာဉ်ဆောက်လုပ်ရေးလုပ်ငန်းကို အစွဲပြုတဲ့အနေနှင့် Brand Logo အား လေယာဉ်ပန်ကာလည်နေတဲ့ ပုံစံဖြစ်အောင် ဖန်တီးပေးထားတယ်" ဆိုတဲ့ သီအိုရီဘဲဗျ၊ သီအိုရီဆိုတာထက် ဒီအတိုင်း လူပြောများရင်း တကယ်အမှန်လို့ယုံကြည်သွားကြတဲ့ ယုံတမ်းစကားတစ်ခုပေါ့။ တကယ့်လက်တွေ့မှာ ဂျာမန်ကားထုတ်လုပ်သူ: BMW (ခေါ်) Bavarian Motor Works ရဲ့ လိုဂိုဆင်းသင်လာပုံဟာ လေယာဉ်နှင့်လားလားမှကို မသက်ဆိုင်ပါဘူး။
BMW ရယ်လို့ဖြစ်မလာခင် မူလအစဖြစ်တဲ့ Otto Flugmaschinenfabrik (အော်ထိုဖလုဂ်မက်ရှင်းနာဖားဘရစ်ခ်) ကုမ္ပဏီကို ၁၉၁၀ ခုနှစ်မှာ Gustav Otto (ဂူစတာ့ဖ် အော်ထို) ဆိုတဲ့ ဂျာမန်လေကြောင်းအင်ဂျင်နီယာတစ်ယောက်မှ စတင်တည်ထောင်ခဲ့ပြီး လေယာဉ်အစိတ်အပိုင်းများ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၁၉၁၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့ ရောက်ကာမှ Bayerische Flugzeugwerke (ဒါမှမဟုတ်) Bavarian Plane Manufacturing BFW ဆိုတဲ့ အမည်ကို ပြောင်းလဲခဲ့ပြီး ၁၉၂၈ ခုနှစ်မတိုင်ခင်အထိ မော်တော်ကားထုတ်လုပ်ရေးကို စတင်ခဲ့ခြင်းမရှိပါဘူး။ ကားလ်ရပ်ပ် (Karl Rapp) အမည်ရှိ ဂျာမန်အင်ဂျင်နီယာတစ်ယောက်ရဲ့ Rapp Motorenwerke GmbH ကုမ္ပဏီပိုင်ဆိုင်မှုများကို ၁၉၂၂ ခုနှစ်မှာ BFW ဆီလွဲပြောင်းလိုက်ကာမှ Bavarian Motor Works - BMW ရယ်လို့ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
Rapp Motorenwerke GmbH ကနေ BMW အဖြစ် တရားဝင်စတင်ပြောင်းလဲချိန်မှာ ဘာလိုဂို၊ ဘာ branding မှ မရှိခဲ့ပါဘူး။ ဆိုတော့ Rapp Motorenwerke GmbH တည်ရှိတဲ့ မြူးနစ်မြို့ဟာ ဂျာမနီနိုင်ငံတောင်ပိုင်း၊ ဘာဗေးရီးယားပြည်နယ်ရဲ့ (Bavaria) မြို့တော်ဖြစ်သည့်အလျောက် ဘာဗေးရီးယားပြည်နယ်အလံကို အစွဲပြုရင်း အဖြူနှင့်အပြာကို အဓိကသုံးဖို့ စိတ်ကူးမိခဲ့ကြတယ်ဗျ။
ကုမ္ပဏီဟောင်း Rapp Motorenwerke GmbH ရဲ့ လိုဂိုအတိုင်း စက်ဝိုင်းပတ်လည်မှာ အမည်းရောင်စက်ကွင်းဝိုက်ထားတဲ့ပုံစံ ပြန်လည်ဆန်းသစ်ဖန်တီးထားပြီး အတွင်းစက်ပိုင်းက အပြာအဖြူပြောင်းပြန်ဖြစ်နေရခြင်းမှာ ဘာဗေးရီးယားပြည်နယ်အမျိုးသားရေးနှင့် အခြားဆက်စပ် စီးပွားရေး၊ ကုန်သွယ်ရေးဆိုင်ရာ ကြေငြာစည်းကမ်းများကြောင့်ဖြစ်ပါတယ်။
လေယာဉ်ပန်ကာကို အစွဲပြုတယ်ဆိုတဲ့ ယုံတမ်းစကားကလည်း ၁၉၂၉ ခုနှစ်မှာ ဖြန့်ဝေခဲ့တဲ့ BMW ကြော်ငြာတစ်ခုမှာ လေယာဉ်နှစ်စီးရဲ့ ရှေ့ပန်ကာလည်နေပုံက BMW Logo အရိပ်ပြေးနေပုံနှင့်တူအောင် ဖန်တီးခဲ့တာကြောင့် “BMW လိုဂိုက လေယာဉ်ပန်ကာလည်နေပုံကနေ ဆင်းသက်လာတယ်” ဆိုပြီး လူပြောများလာခဲ့တာပါ။ (ကြေငြာပုံအား cmt section တွင် ကြည့်ရှုပေးပါရန်)
ဒါဆို စာဖတ်သူက "BMW လိုဂိုက လေယာဉ်ပန်ကာကနေ ဆင်းသက်လာလုံးဝမဟုတ်ဘူးပေါ့" လို့ ကျွန်တော့်ကို မေးပြန်ရင်လည်း နည်းနည်းလေးတော့ ဖြေရခက်ပါတယ်။ ဘာကြောင့်လဲဆိုရင် လိုဂိုမူလအခြေတည်ရာက လေယာဉ်ပန်ကာမဟုတ်ပေမယ့် BMW လိုဂိုအဓိပ္ပါယ်မှာတော့ အတွင်းအပြာအဖြူစက်ဝိုင်းစိတ် (၄) စိတ်က လေယာဉ်ပန်ကာများကို ကိုယ်စားပြုထားခြင်းဖြစ်ကြောင်း BMW တရားဝင်ဝဘ်ဆိုက်မှာ အတိအလင်းဖော်ပြထားလို့ဗျ။ ဆိုတော့ ရှင်းမလိုလိုနှင့် ရှုပ်နေတဲ့ BMW လိုဂိုအကြောင်းကို ဒီနေရာမှာတင်ရပ်လိုက်ပါတော့မယ်။

image

နေ့စဉ်မိုးလေဝသသတင်း
===============
(၂၀၂၅ ခုနှစ်၊ မေလ ၁၇ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
---------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ် နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက် ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ် နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါ သည်။
မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ မြစ်ဝကျွန်းပေါ်ဒေသများတွင် ထစ်ချုန်းမည့် အခြေအနေများ ဆက်လက် ဖြစ်ပေါ်နေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာ မည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

image

ပေါက်လား

image