8 w - Translate

Social Media အကောင့်တွေ လုံခြုံဖို့အတွက်ဆိုရင်

နေ့စဥ်သုံးနေကြတဲ့ Social Media တွေနဲ့၊ Emailတွေမှာ လုပ်ထားရမယ့် အခြေခံလုံခြုံရေး အချက်တွေကို ပြောပြပေးပါ့မယ်။ Email ခိုးခံရတာနဲ့ အကောင့်ဟက်ခံရတာမျိုးတွေကို Basic Privacy Security အချက်တွေကိုလိုက်နာပြီး အတိုင်းအတာတစ်ခုထိ ကာကွယ်လို့ရတဲ့ အရာတွေပါ။

၁. Social Media Account နဲ့ချိတ်ထားတဲ့ Email (သို့မဟုတ်) ဖုန်းနံပါတ်တွေကို သူစိမ်းတွေကို မပြောပြသင့်သလို တစ်ခြား အလုပ်နဲ့ Website တွေ၊ Survey တွေမှာ မသုံးပါနဲ့။

၂. Password ကိုလည်း လုံလုံခြုံခြုံနဲ့ မမေ့မယ့်ဟာမျိုး Password ထားသင့်ပါတယ်။ “123456” လိုမျိုးခန့်မှန်းရလွယ်တဲ့ ဂဏန်းတွေ၊ "admin1234" တွေကို Password မပေးပါနဲ့။ လိုအပ်ရင် Password Generator နဲ့ Password Manager သုံးပါ။

၃. 2 Factor Authentication ဖွင့်ထားပါ။ 2FA ကကျလာတဲ့ ကုဒ်တွေကိုလည်း ဘယ်သူတောင်းတောင်း(ရည်းစားအပါအဝင်) မပေးပါနဲ့။ Login Alert Notification တွေဖွင့်ထားပါ။

၄. မွေးနေ့တွေ၊ အရေးကြီးရက်စွဲတွေကို Public မထားပါနဲ့။ Facebook မှာဆိုရင် မွေးနေ့ကို ဖျောက်ထားပြီး မွေးတဲ့နှစ်လောက်ပဲ ဖော်ထားပါ။ ကိုယ့်ရဲ့အရေးကြီး အတွင်းရေးအချက်အလက်တွေကို လူမှုကွန်ရက်မှာ တက်နိုင်သမျှ မမျှဝေပါနဲ့။

၅. တွေ့ကရာ ပေါက်ကရ Link တွေ၊ ကြော်ငြာ Ads Link တွေကို ဝင်ကြည့်တာမျိုး Facebook နဲ့ချိတ်ပြီး Game ဆော့တာမျိုးလုပ်မိရင် Myday မှာ Spicy Content တွေကို Auto ပေါ်လာပြီး အရှက်ကွဲတတ်ပါတယ်။

ဒီအချက်တွေလုပ်ထားရင်ကို Facebook အကောင့်ခိုးခံရဖို့နဲ့ Email တွေခိုးခံရနိုင်ခြေ အတော်လေးနည်းသွားပါလိမ့်မယ်။ အကောင်းဆုံးကတော့ အကောင့်ကို Lock ချထားရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

image
8 w - Translate

NFC ဘယ်လိုအလုပ်သလဲ

NFC ကို အပြည့်အစုံခေါ်ရင် Near Field Communication လို့ခေါ်ပါတယ်။ လွယ်လွယ်တိုက်ရိုက် ဘာသာပြန်ရရင် "အနီးကပ်ဆက်သွယ်ရေး" ပေါ့ဗျာ။ NFC ကိုသုံးပြီး စက်ပစ္စည်း ၂ ခုကြားမှာ ၄ လက်မ (သို့) ၁၀ စင်တီမီတာထက် နည်းတဲ့ အကွာအဝေးအတွင်း Wireless နည်းပညာကိုအသုံးပြုပြီး ဒေတာထုတ်လွှတ်ပြီး ဆက်သွယ်လို့ရပါတယ်။

NFC နည်းပညာကိုအသုံးပြုဖို့ NFC Tag နဲ့ NFC Reader ဆိုတဲ့ အစိတ်အပိုင်း ၂ ခုလိုပါတယ်။

NFC Tag တွေမှာ Antenna တစ်ခုနဲ့ Microchip တစ်ခုပါဝင်ပြီး တိုက်ရိုက် Power Source ပေးစရာမလိုပဲ NFC Reader တွေဆီက Power ကိုအသုံးပြုပါတယ်။ NFC Tag တွေကို Passive Device လို့ခေါ်ပြီး သူတို့ထဲမှာ Data တွေကို Store လုပ်ထားနိုင်သလို Read/Write လည်းလုပ်နိုင်ပါတယ်။

NFC Reader တွေကိုတော့ Active Device လို့ခေါ်ပြီး Power Source လိုအပ်ပါတယ်။ NFC Reader တွေက Electro magnetic Field ဖန်တီးပေးပြီး NFC Tag တစ်ခုက Reader နားကိုကပ်လာတဲ့အခါမှာ Electromagnetic Field ကနေတစ်ဆင့် Data တွေ Decode လုပ်တာ၊ Transmit တာပဲဖြစ်ပါတယ်။

Contactless Payment, Virtual business cards အပြင် Apple iOS 17 မှာပါတဲ့ Namedrop Feature တွေဟာ NFC နည်းပညာကို သုံးထားတာပဲဖြစ်ပါတယ်။

8 w - Translate

အွန်လိုင်းပေါ်က လိမ်လည်မှုတွေ ဘယ်လိုရှောင်ရှားမလဲ

လိမ်လည်တဲ့သူတွေက အစပိုင်းမှာတော့ တစ်ယောက်ချင်းစီ Random လိမ်လည်ရာကနေ၊ နောက်ပိုင်းမှာတော့ အုပ်စုဖွဲ့ပြီး နည်းစနစ်ကျကျလိမ်လည်တာတွေဖြစ်လာပါတယ်။ ဒီမှာက Cyber Crime တွေနဲ့ပတ်သတ်ပြီး ဥပဒေနဲ့ အရေးယူမှုကလည်း ဖွံဖြိုးတိုးတက်ဖို့ လိုနေသေးတာမို့ ခုချိန်ထိ လိမ်လည်နည်းအသစ်တွေနဲ့ အလုပ်ဖြစ်နေဆဲပါ။

ဒီတော့ မိတ်ဆွေများအနေနဲ့ အွန်လိုင်းကနေ လိမ်လည်တာတွေကို ဘယ်လိုရှောင်ရှားနိုင်မလဲ?

၁. Internetမှာ ကိုယ့်ရဲ့ Information တွေကို လွယ်လွယ်ကူကူ မပေးလိုက်ပါနဲ့

Survey ကောက်တာကစလို့၊ Giveaway ပေးတာ၊ Form ကောက်တာတွေမှာ ဘယ်သူကကောက်တာမှန်းမသိ၊ ဘယ်လို Information တွေကိုပြန်သုံးမယ်မှန်းမသိတဲ့ နေရာတွေမှာ ဖုန်းနံပါတ်တွေ၊ မှတ်ပုံတင်တွေ၊ လိပ်စာတွေ လွယ်လွယ်မပေးလိုက်ပါနဲ့။ ရုတ်တရက်ဆိုရင် ဘာမှအရေးကြီးမလို့ထင်ရပေမယ့် တစ်ကယ်တော့ လုပ်နိုင်စွမ်းရှိသူဆိုရင် အတော်လေး အန္တရာယ်ကြီးသွားနိုင်တဲ့ ကိစ္စရပ်တွေပါ။

၂. စဥ်းစားဖို့နဲ့ အယုံမလွယ်ဖို့လိုပါတယ်

စားသောက်ဆိုင် Review အတွက် Survey တောင်းတာမှာ အိမ်လိပ်စာ၊ ဖုန်းနံပါတ်တွေ တောင်းတာမျိုးဆိုရင် တစ်ဖက်လှည့်က သူတို့ Marketing အတွက် Data တောင်းတာမျိုးဖြစ်နိုင်ပေမယ့်, အိမ်လိပ်စာနဲ့ ဖုန်းနံပါတ်ဆိုတာ Review အတွက် အရေးတစ်ကြီးမလိုတဲ့ဒေတာတွေပဲဖြစ်ပါတယ်။ Giveaway တစ်ခုပေးဖို့အတွက် Click ၃ ခုလောက်ပဲ နှိပ်ဖို့လိုပြီး ဘာ Form မှဖြည့်ဖို့ မလိုဘူးဆိုတဲ့ ခေတ်မှာ မှတ်ပုံတင်တွေ၊ Email တွေတောင်းတဲ့ Giveaway ဆိုရင် ပျော်ပျော်ကြီး Data တွေပေးနေကြတဲ့သူတွေဒုနဲ့ဒေးပါ။ အဲ့တော့ စဥ်းစားချင့်ချိန်ပြီး inforamation တွေပေးကြပါ။

၃. တွေ့ကရာ Link တွေလျှောက်မဝင်ပါနဲ့

ပုံလေးတွေလှလို့ဝင်ကြည့်လိုက်တာမျိုး၊ Link စာတန်းအပြာလေးတွေရင် နှိပ်လိုက်ရမှဆိုတဲ့ လူတွေလည်း ဂရုစိုက်ရပါမယ်။ Link တစ်ခုကိုနှိပ်လိုက်မိလို့ ဖုန်းတစ်ခုလုံးကို Access ရသွားနိုင်တဲ့ထိ လုပ်နိုင်တဲ့နည်းပညာတွေရှိပါတယ်။ မြန်မာနိုင်ငံမှာ တစ်ချိန်ကဖုန်းတွေကို ဒုက္ခပေးတဲ့ Monkey Test ဆိုတာကြုံဖူးရင်သိကြမှာပါ။ ဖုန်း Service တွေမှာ မျောက်ကိုက်လို့ဆိုပြီး ၂၀၁၅ ဝန်းကျင်တုန်းက ဖုန်းဆိုင်ရောက်ဖူးရင်သိပါလိမ့်မယ်။ နောက်ထပ် Facebook ပေါ်က တွေ့ကရာ Link တွေနှိပ်မိလို့ ကိုယ်မသိလိုက်ခင် Porn တွေ နောက်ကွယ်မှာ လျှောက် Share နေလို့ အရှက်ကွဲတာမျိုးတွေပေါ့။ အဲ့တော့ Link မြင်တိုင်းနှိပ်ချင်တဲ့ စိတ်ကို ထိန်းပါ။

၄. App တွေကို ဒေါင်းလုပ်ဆွဲတဲ့အခါ သတိထားပါ

ငွေချေးပေးမယ်တို့၊ ရုပ်ရှင်အခမဲ့ကြည့်ရမယ်တို့၊ သူများ ၁၀၀ နဲ့လုပ်ပေးတဲ့အလုပ်ကို ၃၀လောက်နဲ့ လုပ်ပေးမယ်တို့ App တွေကိုတွေ့ဖူးပါလိမ့်မယ်။ အိမ်မှာအလုပ်ကူလုပ်မှ အဆဲမခံရတဲ့ ခေတ်ကြီးမှာ ဘာမှ အခမဲ့ပေးတာရှိမှာမဟုတ်ပါဘူး။ တစ်ခုခု အကျိုးအမြတ်ရလို့ လုပ်တာပါ။ နောက်ကွယ်မှာ App Install လိုက်တဲ့အခါ Device Access တွေပေးရတာမျိုး၊ Contact တွေခိုးတာမျိုး၊ Ads ကြည့်ပေးရတာမျိုးရှိလာပါလိမ့်မယ်။ အဲ့တော့ ဂရုစိုက်ကြပါ။

၅. အဝင် Call ဖုန်းနံပါတ်တွေကို ဂရုစိုက်ပါ

တစ်ကယ့်Call Center ကဖုန်းနံပါတ်တွေ အများစုက ပေါက်ကရနံပါတ်တွေနဲ့ ခေါ်ခဲပါတယ်။ Company အများစုက Hotline နံပါတ်တွေနဲ့ Customer Support နံပါတ်တွေကို သူတိို့သက်ဆိုင်ရာ Page တွေ၊ Website တွေမှာ တင်ထားပါတယ်။ အဲ့တော့ အဲ့နံပါတ်တွေမဟုတ်ပဲ တစ်ခြား နံပါတ်အလှတွေနဲ့ ဖုန်းခေါ်လာပြီး ကျွန်တော်/ကျွန်မကတော့ ဘယ်က ဘယ်သူပါဆိုပြီး စကားရောဖောပြီး ဝင်လာရင်သေချာပါတယ်။ iPhone 8 နဲ့အပြင်ပိုင်းပုံစံတူတဲ့ ဖုန်းရောင်းတဲ့ကောင်ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် Banking OTP မေးမယ့် လူလိမ်ဖြစ်ပါလိမ့်မယ်။ တစ်လက်စတည်း Banking OTP ကို ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ (ယုတ်စွအဆုံး အိမ်ကလူတွေကိုတောင် မပေးနဲ့ဗျာ) မပေးပါနဲ့။

အများစုလိမ်ခံရတဲ့ကိစ္စတွေမှာ အယုံလွယ်တာ၊ သေချာမဆန်းစစ်တာတွေကြောင့် လိမ်ခံရတာများပါတယ်။ Internet ကကိစ္စအများစုကို ပြီးစလွယ်မယုံဖို့၊ စဥ်းစားဉာဏ်လေးကပ်ပြီးမှာ လုပ်ကိုင်ကြဖို့ အကြံပေးလိုပါတယ်။

လူလိမ်များအန္တရာယ်ကင်းဝေးကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

image
8 w - Translate

Productivity အတွက် ဆောင်ထားသင့်တဲ့ Chrome Extension များ
Browser သုံးရင်း ရုံးအလုပ်တွေလုပ်နေရသူတွေအတွက် Productivity ဆောင်ထားရမယ့် Chrome Extension တွေကို မျှဝေပေးပါမယ်။

1. Blocked Site: Stay FocusedBrowser ကနေ စာလုပ်ရင်း၊ အလုပ်လုပ်ရင်း မဆိုင်တဲ့ Link တွေကိုလိုက်ကြည့်ပြီး အာရုံလွင့်တတ်သူတွေကတော့ ဒီကောင်လေးကို ဆောင်ထားပါ။ ကိုယ်ဝင်ကြည့်မိမယ့် Website တွေကို ကြို Block ပြီး စာလုပ်တာ၊ အလုပ်လုပ်တာကို အာရုံစိုက်နိုင်လာပါမယ်။ ကျွန်တော်ကတော့ YouTube တွေ၊ Netflix တွေ ဘလော့ထားလိုက်တာပဲ

2. Focus to doအလုပ်တစ်ခုခုလုပ်မယ်ဆိုရင် သုံးဖြစ်ဖြစ်၊ မဖြစ်ဖြစ် To do list လေးရှိတာကလည်း ကောင်းတယ်မလား။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်မယ့် အလုပ်ကို Track ထားလို့ရတော့ အာရုံပိုစိုက်ဖြစ်ပါတယ်။ အဲ့တာဆိုရင် Focus To-Do:Pomodoro Timer& To Do List လေးဆောင်ထား...3. OneTabChrome Tab တွေအများကြီးဖွင့် Ram မလောက်လို့ အလုပ်တွေမပြီးဘူးလို့ခံစားနေရရင် One Tab လေးသွင်းထားပါ။ One Tab ကဖွင့်ထားသမျှ Tab တွေကို List အဖြစ်သိမ်းထားပေးလို့ တစ်ခုပြီးတစ်ခု ဖွင့်လိုက်ပိတ်လိုက်လုပ်ပြီး သုံးလို့ရနေမှာပါ။ Multitasking သမားတွေကတော့ အဆင်ပြေမှာမဟုတ်ပါ4. Google KeepWebsite တွေကနေ Note တွေရေးမယ်၊ စာတွေမှတ်မယ်ဆိုရင် Tab တွေခုန်ကူးစရာမလိုတဲ့ Google Keep ကို Extension သွင်းထားနိုင်ပါတယ်။5. YouAI ကိုမှ Browser Tab တွေထဲမှာ အသုံးပြုရတာ ပိုလွယ်ကူတဲ့ Version ပါပဲ။ သုံးရင်းနဲ့ အကျွမ်းတဝင်ရှိသွားရင် အတော်လေး မိုက်တဲ့ Extension လေးပါ။

3. OneTabChrome Tab တွေအများကြီးဖွင့် Ram မလောက်လို့ အလုပ်တွေမပြီးဘူးလို့ခံစားနေရရင် One Tab လေးသွင်းထားပါ။ One Tab ကဖွင့်ထားသမျှ Tab တွေကို List အဖြစ်သိမ်းထားပေးလို့ တစ်ခုပြီးတစ်ခု ဖွင့်လိုက်ပိတ်လိုက်လုပ်ပြီး သုံးလို့ရနေမှာပါ။ Multitasking သမားတွေကတော့ အဆင်ပြေမှာမဟုတ်ပါ။

4. Google KeepWebsite တွေကနေ Note တွေရေးမယ်၊ စာတွေမှတ်မယ်ဆိုရင် Tab တွေခုန်ကူးစရာမလိုတဲ့ Google Keep ကို Extension သွင်းထားနိုင်ပါတယ်။

5. YouAI ကိုမှ Browser Tab တွေထဲမှာ အသုံးပြုရတာ ပိုလွယ်ကူတဲ့ Version ပါပဲ။ သုံးရင်းနဲ့ အကျွမ်းတဝင်ရှိသွားရင် အတော်လေး မိုက်တဲ့ Extension လေးပါ။

image
8 w - Translate

နာမည်ကြီးအနုပညာရှင်အချို့ကိုရှာဖွေတဲ့အခါ ညစ်ညမ်းဗီဒီယိုတွေကို ပြသခဲ့တဲ့ Spotify
Reddit user တစ်ယောက်က Reddit မှာ screenshot နဲ့တင်လာတဲ့ သတင်းပါ။

ဖြစ်ပုံကတော့ Spotify မှာ British ရက်ပါတစ်ယောက်ဖြစ်တဲ့ M.I.A ကို ရှာဖွေတဲ့အခါမှာ ညစ်ညမ်းဗီဒီယိုတစ်ပုဒ်ကိုပါ ထည့်သွင်းဖော်ပြခဲ့တာလို့ ဆိုပါတယ်။ NSFW link နဲ့တကွ ဖော်ပြလာတာလို့လည်း ဆိုပါတယ်။

အဲ့ဒီ video ကို တင်တဲ့ account ကို စုံစမ်းတဲ့အခါမှာတော့ အရင်တုန်းက နှစ်တော်တော်ကြာ Erotic Sound တွေကို တင်ခဲ့တာဖြစ်ပြီး အခုနောက်ပိုင်းမှာ ညစ်ညမ်းဗီဒီယိုအချို့ကိုပါ upload လုပ်လာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုဝင်လာလတုန်းကလည်း Podcaster တစ်ယောက်ရဲ့ account မှာ ညစ်ညမ်းဗီဒီယို link တွေ မျှဝေတဲ့ အမည်မသိ account တစ်ခုလည်း ရှိခဲ့သေးတယ်လို့ ဆိုပါတယ်။

လောလောဆယ် Spotify ဘက်ကတော့ သူတို့ချမှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့မကိုက်ညီတဲ့ account တွေကို ဖြုတ်ချလိုက်တဲ့အပြင် ညစ်ညမ်းဗီဒီယို link တွေကိုပါ ဖယ်ရှားလိုက်ပြီလို့ ဆိုပါတယ်။

image
8 w - Translate

AI သူငယ်ချင်းတွေရတော့မယ့် Facebook user တွေ

“ စစ်မှန်တဲ့ သူငယ်ချင်းတွေဆိုတာ ရှားပါးလာပြီ။​ AI Bot တွေက သင့်အတွက် စစ်မှန်တဲ့ သူငယ်ချင်းတွေ ဖြစ်လာမှာပါ” လို့ Meta ကတော့ ပြောလာပါပြီ။

AI Bot တွေဟာ Facebook မှာ account တစ်ခုအနေနဲ့ ရှိနေမှာပါ။ ကိုယ်တွေ facebook သုံးသလိုပဲ ပရိုဖိုင်တွေ Personal Bios တွေကအစ ရှိမှာဖြစ်ပြီး သူတို့ရဲ့ account တွေမှာ content တွေ Share တာမျိုး upload လုပ်တာမျိုးတွေမှာ ရှိမှာပါ။ တစ်ခုရှိတာက Chatbox မှာလည်း စကားပြောနိုင်လား၊ Facebook post တွေမှာ comment အပြန်အလှန်ရေးသားနိုင်လား ဆိုတာတွေတော့ အတိအကျမဖော်ပြထားသေးပါဘူး။

Meta ဟာ AI နဲ့ပတ်သက်ပြီး သူတို့ရဲ့ အဓိက Platform လို့ပြောလို့ရတဲ့ Facebook မှာ မနှစ်ကတည်းက AI Studio Tool, Movie Gen တို့လို Feature တွေကို မိတ်ဆက်ခဲ့တာပါ။ အဓိကရည်ရွယ်ချက်ကတော့ facebook အပါအဝင် Whatsapp, instagram နဲ့ Thread တို့မှာ အသုံးပြုသူနည်းပါးလာတာကြောင့် AI နဲ့ ဆွဲခေါ်နေတာပါပဲ။ Meta ရဲ့ အဆိုအရလည်း လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး ၄င်းရဲ့ Platform တွေကို အသုံးပြုသူဝင်ရောက်လာမှုက တဖြေးဖြေးနည်းပါးလာတယ်လို့ ဆိုပါတယ်။

image
8 w - Translate

တကယ်ကြီး ဒီနှစ်သင်းဟာ ယူရိုပါလိဂ်ဖိုင်နယ်ကစားရမှာဖြစ်ပြီး သူတို့ထဲက တစ်သင်းက ယူရိုပါလိဂ်ဖလားရ ချန်ပီယံလိဂ်ဝင်ခွင့်ရ မှာဖြစ်ပါတယ် 🤡

image
8 w - Translate

Digital Marketing လေ့လာဖို့ Free Website များ

Digital ခေတ်ဖြစ်တာနဲ့အညီ Digital Marketing လုပ်ငန်းကလည်း အရေးပါလာတဲ့ အခန်းကဏ္ဋတစ်ခုမှာ ပါဝင်လာပါပြီ။လက်ရှိမှာလည်း အလုပ်အကိုင်အခွင့်အလမ်းများတာကြောင့်လည်း သင်ယူထားသူသင့်တဲ့ ပညာရပ်တစ်ခုလည်းဖြစ်ပါတယ်.ဒါကြောင့် အခုမှ စပြီးလေ့လာလိုသူများအတွက် Self Study အနေနဲ့ စတင်လေ့လာနိုင်အောင်လို့ အခမဲ့ website လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Google Digital Garage : Google ကနေ အခမဲ့သင်ပေးတဲ့ Course တစ်ခုပါ။ Fundamentals of Digital Marketing လို့ ခေါ်ပါတယ်။ digital marketing, SEO, social media, email marketing စသဖြင့် DM နဲ့ သက်ဆိုင်တဲ့ သင်ခန်းစာပေါင်း ၂၀ ကျော်ပါဝင်တာမို့ ကိုယ်အဓိကထားလေ့လာချင်တာကိုလည်း ရွေးနိုင်ပါသေးတယ်။ ပြီးတော့ Certificate လည်း ယူလို့ရပါတယ်
Hubspot Academy: Beginner ကနေ advanced အထိတောင် သင်လို့ရတဲ့ Course တွေ စုံလို့ တော်တော်လေးလူသုံးများပါတယ်။ DM နဲ့ပတ်သက်ပြီး SEO Strategy နဲ့ Marketing Design တွေအပြင် Customer Service၊ Data Analyst , Web development ကနေ Sales ပိုင်းတွေကိုလည်း လေ့လာနိုင်ပါသေးတယ်
Meta Blurprint: အချိန်နဲ့အမျှ ထိတွေ့နေရတဲ့ facebook ကနေလည်း လေ့လာနိုင်ပါတယ်။ Facebook ရဲ့ Meta Blurprint ကလည်း Ads အကြောင်းတွေ၊ Audience Targeting တွေကို ဦးစားပေးလေ့လာနိုင်ပါတယ်။ Meta မှာလည်း Level အလိုက်ရှိတာမို့ Beginner တွေကအစ လေ့လာနိုင်ပါတယ်
LinkedIn Learning : လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး နယ်ပယ်တိုင်းအတွက် သင်ယူလေ့လာမယ်ဆိုရင်တော့ LinkedIn Learning ကို ချန်ထားခဲ့လို့မရပါဘူး။ သူလည်း Google လိုပဲ Master Digital Marketing ဆိုတဲ့ Course ကို လေ့လာနိုင်ပါတယ်။ Course မှာ အပိုင်း ၉ ပိုင်းပါဝင်ပြီး DM နဲ့ပတ်သက်လို့ SEO Keyword Strategy , Marketing on LinkedIn, SEO Content writing, Augmented Reality Marketing စတာတွေကို လေ့လာနိုင်ပါတယ်။
Class Central : နာမည်ကြီး Learning Platform တွေ အများကြီးစုထားတာမို့ ဒီ website တစ်ခုသိတာနဲ့တင် တော်တော်လေးကို အဆင်ပြေနေပါပြီ။ Coursea၊ Udemy၊ edx တို့က အစရှိပြီး DM အပါအဝင် Free Course တွေ တပုံကြီး တွေ့ရမှာပါ။ ဒါကြောင့် အခြားလုပ်ငန်းနယ်ပယ်တွေအတွက်လည်း လေ့လာနိုင်ပါတယ်
အခုပြောပြေပးခဲ့တဲ့ website တွေက Google မှာ အလွယ်တူရှာဖွေနိုင်ပြီး အခမဲ့လည်းဖြစ်တဲ့အပြင် User friendly လည်း ဖြစ်ပါတယ်။

ဒီ Website တွေအပြင် အခြားကိုယ့်လေ့လာနေကြ Website ကောင်းကောင်းလေးတွေ ရှိရင်လည်း ပြန်ပြီး recoomend ပေးသွားပါဦးခင်ဗျာ.....

image
8 w - Translate

အမေရိကန်က TikToker တွေအကြား ရေပန်းစားနေတဲ့ RedNote
\
US မှာ TikTok ပိတ်သိမ်းဖို့က သို့လောသို့လောဖြစ်နေတဲ့အချိန် TikToker အချို့ကတော့ RedNote ဆိုတဲ့ Platform မှာ စတင်လှုပ်ရှားနေကြပါပြီ။

RedNote ကလည်း တရုတ် App ပါပဲ။ တရုတ်လို Xiaohongshu လို့ ခေါ်ပါတယ်။ သူက 2013 လောက်က Shopping platform အနေနဲ့ ထွက်ခဲ့တာဖြစ်ပြီးတော့ လက်ရှိ TikTok နီးပါးလူကြိုက်များ လူသုံးများနေတဲ့ Social Media Platform အဖြစ် ကူးပြောင်းနေတယ်လို့ ဖော်ပြထားပါတယ်။ RedNote ဟာဆိုရင် TikTok လိုပဲ ဗီဒီယိုအတိုလေးတွေ ဓါတ်ပုံတွေ ဖန်တီးနိုင်ပြီး upload လုပ်နိုင်ပါတယ်။ TikTok မှာသုံးတဲ့ အချို့ feature တွေတောင် ပါတယ်လို့ ဆိုပါတယ်။

Reuter ရဲ့ ဖော်ပြချက်အရ လက်ရှိ ၂ ရက်အတွင်း RedNote ကို အသုံးပြုလာသူ ၇ သိန်းကျော်ရှိနေပါပြီ။ ပြီးတော့ App Store အချို့မှာလည်း US ရဲ့ လူကြိုက်အများတဆုံး Top 10 စာရင်းတွေထဲတောင် ရောက်နေပြီလို့ ဆိုပါတယ်။ RedNote user ဟောင်းတွေကလည်း TikTok မှ ကူးပြောင်းလတာတဲ့ user တွေကို ဝမ်းသာစွာနဲ့ ကြိုဆိုကြတဲ့အပြင် အသုံးပြုနည်း video တွေကိုတောင် ဖော်ပြထားကြပါသေးတယ်။

အစိုးရဘက်က TikTok ကို bann ဖို့ လုံးလည်ချာလည်လိုက်နေချိိန်မှာ တစ်ဖက်မှာက နောက်ထပ် တရုတ် App တစ်ခုကို ထပ်သုံးနေကြတာက စဉ်းစားကြည့်ရင် နည်းနည်းတော့စာဟပါတယ်။ ထားပါတော့ RedNote ကို သုံးဖူးတဲ့သူတွေများရှိလားဗျ။ Review လေးတွေ sharing လုပ်သွားပါဦး။

image
8 w - Translate

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသော ဇီဝမျက်လုံး Gennaris Bionic Vision System ကို မိတ်ဆက်ပေးခဲ့ပါတယ်။

ဆယ်နှစ်ကျော်ကြာ တီထွင်ခဲ့တဲ့ ဒီဆန်းသစ်တဲ့စနစ်ဟာဆိုရင် ပျက်စီးနေတဲ့ မျက်စိအာရုံကြောများကို သာမန်အတိုင်း လုပ်ဆောင်နိုင်ပြီး Camera မှတစ်ဆင့် ဦးနှောက်ကို အချက်အလက်များပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပစ္စည်းပုံစံဟာဆိုရင် မျက်မှန်နှင့်ဦးခေါင်းဟာဆိုရင် တွဲရက်ဝတ်ဆင်ရတဲ့ ပစ္စည်းပုံစံတစ်မျိုးပါ။ တပ်ဆင်ထားသူတွေဟာ အရာဝတ္တုများဆီကို သွားလာနိုင်ပြီး မှတ်မိစေရန်ကူညီပေးနိုင်အောင် အလင်းအစက်အပြောက်များပုံစံ ပုံဖော်ပေးထားပြီး အမြင်အာရုံအစစ်အတိုင်း ခံစားနိုင်အောင် အချက်အလက်များပေးပို့မှာဖြစ်ပါတယ်။

ဒီနည်းပညာဟာဆိုရင် အမြင်အာရုံကို ပြန်လည်ကောင်းမွန်စေရန် ရည်ရွယ်ရုံသာမက လေဖြတ်ရောဂါလိုမျိုး အာရုံကြောပိုင်းဆိုင်ရာအခြေအနေများကိုလည်း ကုသနိုင်ရန်အတွက် အထောက်အကူပေးနိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ တိရစ္ဆာန်များနှင့်စမ်းသပ်မှုများအောင်မြင်ထားပြီး သန်းနှင့်ချီသောလူသားတို့ရဲ့ ကျန်းမာရေးကို ကောင်မွန်စွာအကျိုးပြုစွမ်းဆောင်နိုင်အောင် မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

image