လူရွေးမှန်မမှန်ဆိုတာကလေ စားသောက်ဆိုင်မှာ ထိုင်ခုံပြင်ပေးတာ၊ ရေဘူးဖွင့်ပေးတာ၊ surprise တွေပေးတာ စတဲ့အပေါ်ယံတွေကိုကြည့်ရမှာမဟုတ်ဘူး။ အဓိကက ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်ပြီးဆုံးဖြတ်ရမှာ။ ဒီလူနဲ့လက်တွဲပြီးမှ ပျော်ရတဲ့အချိန် ပိုများလာလား၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်လာလား၊ တစ်ပတ်မှာ ၁၅ရက် မျက်ရည်နဲ့မျက်ခွက်ဖြစ်နေလား၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုရှိလာလား၊ အရေးအကြောင်းဆိုရင် လက်တွဲထားတဲ့သူဆီက Emotional Support ရလား၊ သူ့ကြောင့်ပိုစိတ်ဖိစီးရလား၊ စိတ်လုံခြုံမှုရလား အဲ့ဒါတွေကိုကြည့်ပြီးဆုံးဖြတ်ရမှာ။ အပေါ်ယံတွေကလူတိုင်းလုပ်နိုင်တယ်၊ အချစ်ခံရတဲ့ခံစားချက်၊ တစ်ခုခုဆို သူရှိတယ်ဆိုပြီးလုံခြုံနေတဲ့ခံစားချက်က လူတိုင်းမပေးနိုင်ဘူး။

image
8 w - Translate

လူတစ်ယောက်က
ကိုယ့်ကို ထိပါးစေမယ့်စကားနဲ့
တို-က်ခို-က်တယ်ဆိုတာ
ကိုယ်က သူ့ကိုစော်ကားခွင့်ပေးထားလို့ပါ။
ပြန်မပြောချင်ဘူး
အားနာလို့ဆိုတဲ့
အကြောင်းပြချက် တစ်ခုတည်းနဲ့
လူတိုင်းရဲ့ အလိုကိုမလိုက်ပါနဲ့
ကိုယ့်စိတ်နဲ့ကိုယ်ဆုံးဖြတ်ပါ
ပြတ်သားပါ။
ဒီလိုမှမဟုတ်ရင်
ဒီလူက ငါပြောသမျှရတယ်ဆိုတဲ့
အတွေးနဲ့ အရာရာကို
အနိူင်ယူပါလိမ့်မယ်။
ဒါကြောင့် လူတိုင်းအပေါ်မှာ
အမြဲတမ်း "ရိုးအ"နေလို့လဲ
အဆင်မပြေဘူး
အမြဲတမ်း" အားနာ"နေလို့လဲ
မကောင်းတဲ့အတွက်
တစ်ခါတစ်လေ ခပ်ချေချေလေးနေကြည့်ပါ
ဘယ်သူက ဘယ်လိုဆိုတာ
သူ့အလိုလို အပေါ်ယံမျက်နှာဖုံးတွေကွာကျလာလိမ့်မယ်။
crd_to_owner_with_respect

image

ဘယ်သူက စပြီး တောင်းပန်စကားပြောပြော
ပြဿနာပြီးသွားဖိုက အဓိကပဲ၊
ဘယ်သူက စချော့ချော့
အဆုံးမှာ ရယ်နေနိုင်ကြဖိုပဲလိုတာ။

ဘယ်သူ့ဘက်က စမှားမှား
ခွင့်လွှတ်နိုင်သေးရင် အဆင်ပြေနိုင်ကြတာပဲ၊
ဘယ်သူ့ဘက်က လျှော့ပေးပေး
လက်မလွှတ်ကြသ၍ ရှေ့ဆက်လိုရနိုင်တာပဲ။

ချစ်တဲ့သူဟာ အထိအခိုက် မခံဘူး
အနာတရတွေ မပေးဘူးဆိုတာယုံ
ပျော်အောင်ထားချင်တာက ချစ်တဲ့သူတိုင်းရဲ့ဆန္ဒပဲ
လူတစ်ယောက်ဆီမှာ အရေးပါဖိုက
သူ့ဘဝထဲ မင်းကိုအမြဲ လိုအပ်သွားနေဖိုပဲလိုတာ။

image

မင်းထက်သာတဲ့သူရှိလည်း
ပြောင်းလဲသွားမှာမဟုတ်သလို

မင်းကိုယ့်အပေါ်ဆိုးနေလိုလည်း
ပစ်ပယ်သွားမှာမဟုတ်ဘူး

ရွေးချယ်ခဲ့ပြီးပြီမို
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ
ကိုယ်မြတ်နိုးခြင်းတွေဟာ
လျော့နည်းသွားမှာမဟုတ်ဘူး

ပျော်စရာရှိလည်း မင်းနဲ့ပဲ
အဆင်မပြေတာရှိရင်လည်း မင်းနဲ့ပဲ

ဘယ်ဘက်ကိုယိမ်းယိမ်းပေါ့အချစ်ရယ်
မင်းယိမ်းတဲ့ဘက်မှာ ကိုယ်ရှိနေမယ်...။

image
8 w - Translate

လူငယ် မပီသခဲ့တဲ့ နေ့ရက်တွေ များလာတာနဲ့အမျှ
ဒီကမ္ဘာမှာ ဘယ်လသာသာ သားမပြုံးဖြစ်တော့ဘူး အမေ ။

-ရွှေမရှိ ငွေမရှိဘဝမှာ ငယ်စရာမျက်နှာတောင်
မရှိချင်တော့ပါဘူး အမေရယ် ။

image
8 w - Translate

🌸 တစ်ဖက်လူကို
ပေးနိုင်တာဆိုလို့
ပူလောင်မူမရှိတဲ့မေတ္တာရယ်
နွေးထွေးသော...အပြုံးရယ်ပါပဲ။
🌸 ကိုယ့်မေတ္တာနဲ့ကိုယ့်အပြုံးကို
ယူချင်တဲ့သူတွေကိုပေးမယ်
မယူချင်တဲ့သူတွေကိုလည်းပေးမယ်
ထပ်တူထပ်မျှ ပေါ့
ငြိမ်းချမ်းစေတဲ့စိတ်ပဲရှိပါတယ်
🌸 စေတနာသန့်သန့်ပါ
မေတ္တာလည်းဖြူဖြူစင်စင်ပါပဲ
အပြုံးထဲမှာ အတ္တတွေ ကင်းစင်ပါတယ်
ဒါကိုချစ်တဲ့စိတ်နဲ့ကြည့်သူတွေက ခံစားမိနိုင်ပါတယ်
🌸 ဟန်ဆောင်မူတွေမရှိဘူး
မုသားတွေလည်းမသုံးဘူး
ယုံကြည်မူလည်းအလွဲသုံးစားမလုပ်ဘူး
သစ္စာတရားလည်းစောင့်သိတယ်
🌸 လူကောင်းတစ်ယောက်ပါလို့
အာမ မခံနိုင်ပေမယ့်
ဖောက်ပြန်ခြင်းမရှိတဲ့ချစ်ခြင်းမေတ္တာကိုတော့
တစ်ဖက်လူကို ပေးအပ်နိုင်တယ်
🌸 လူကသာ မပြည့်စုံတာပါ
ကိုယ်ကျင့်သိက္ခာကတော့
မွန်မြတ်ပါတယ်။။

image

小众风景

image

小众风景

image

小众风景

image

小众风景

image