13 w - Translate

ကလောမှာတစ်ယောက်ကို (၁၀၀၀၀)သောင်းသာကျသင့်မယ့် ဘန်ဂလိုအိမ်လေး🏠

ကလောမှာစျေးနှုန်းသက်သာစွာနဲ့တည်းခိုလို့ရမယ့်နေရာလေး
ကKalaw Sweety House🏡

🏠ဘန်ဂလိုတစ်လုံးကို
၂/၃ယောက်ဆို၃၅၀၀၀ကျပ်
၄/၅ယောက်ဆို၅၀၀၀၀ကျပ်
ငါးယောက်ထက်ပိုရင် extra bed တယောက်၇၀၀၀ထပ်ယူပါတယ် ၈ယောက်ထိနေလို့ရပါတယ်

အဖွဲ့လိုက်နဲ့လာရင်တော့အဆင်ပြေတာပေါ့နော်😍

သူငယ်ချင်းတွေနဲ့အဖွဲ့လိုက်နေလို့ရတဲ့ဘန်ဂလိုအိမ်လေးတွေညွှန်ပေးပါဦးဆိုပြီးတောင်းဆိုထားတဲ့သူတွေအတွက်😍ကလောမြို့ကKalaw Sweety House🏡

အခန်းတိုင်း heater ပါပါတယ်

ထမင်းစားချက်ပြုတ်စားဖို့ ဆီ ဆား အချိုမုန့် ရေသန့် ကြွေပန်းကန် ကော်ဖီခွက် အကင်အိုး ဇွန်းအကုန်ထားပေးပါတယ် က​လောမြို့မ​ဈေးနဲ့ နီးဖြစ်လို့ စိတ်ကြိုက် ချက်ပြုတ်စားလို့ရပါတယ်​နော် 😋

ညဘက်​အေး​ဆေး Chill ချင်တဲ့ သူများအတွက် Bluetooth Speaker​လေးပါ ထား​ပေးထားလို့ သီးချင်း​လေးဖွင့်ပြီး အဖွဲ့လိုက်စား​သောက်လို့ ရပါတယ်​နော် 🤗

ကလောကို budget tripနဲ့သွားချင်တဲ့သူတွေအတွက် ဈေးနှုန်းသင့်တင့်စွာ တည်းခိုနိုင်မည့်နေရာ

Kalaw heritage hotel လမ်းကြားလေးမှာမို့ မြို့မဈေးရထားလမ်း နာရီစင်အကုန်နီးပါတယ်

Kalaw Sweety House ရဲ့ နောက်ထပ်သစ်လုံးအိမ်လေးတစ်လုံးထပ်မံတိုးချဲ့ဖွင့်လှစ်ပေးလိုက်ပါပြီ

image
image
image
image
13 w - Translate

ဝမ်းသာသာလိုက်တော့
😂😂😂

image
13 w - Translate

CCTV ရှိလို့ တော်သေတယ် မဟုတ်ရင် အကိုခိုးစားတာ ညီမခိုးစားတာဆိုပိ
ပြသနာ တက်အုံးမယ်😁😁😁😁😁

image
13 w - Translate

ခန္ဓာကိုယ်မှာရှိတဲ့အဆီတွေကဘယ်ကနေထွက်သွားတာလဲ❓

🍀ခန္ဓာကိုယ်မှာရှိတဲ့အဆီတွေဆိုတာ

💢ဆီး/ဝမ်း/ချွေးဒီနေရာကနေထွက်သွားတာပါနော်

ဒါကြောင့် အဆီချနေတဲ့သူတွေ ဝမ်းချုပ်ခံလို့မရပါဘူးနော်❎

အမှန်တကယ် အဆီပိုတွေ ချချင်တဲ့သူတွေအနေနဲ့

#အစားအသောက်နဲ့ဝိတ်ချမယ်ဆို☕

🥦အသီးအရွက်များများစား
ထမင်းကိုအကန့်အသတ်လေးနဲ့စား
🍌အသီးအနှံများများစား
💧ရေများများသောက်
🍲Diet plan လေးတွေအတိုင်းစားပေးရင်ပိုကောင်းပါတယ်

#လေ့ကျင့်ခန်းနဲ့ဝိတ်ချမယ်ဆိုရင်⛹️‍♀️

🚶‍♀️တစ်နေ့ကို မိနစ်20ခန့် လမ်းလျှောက်ပေးပါ
🏋️‍♀️အဆီကျစေမယ့် Yoga/ Gym လေ့ကျင့်ခန်းလေးကို နေ့စဉ် 15မိနစ်လောက်လုပ်ပေးပါ

လေ့ကျင့်ခန်းမလုပ်နိုင်တဲ့သူတွေအတွက်ကတော့
အခုဆိုရင်ပိန်ဆေးမဟုတ်ဘဲဝိတ်ချအကူအနေနဲ့ပစ္စည်းကောင်းတွေအများကြီးရှိနေပါပြီနော်
ကိုယ်နဲ့အဆင်ပြေမယ့်အရာလေးကိုရှာသုံးကြည့်ပါ။

💢ဒါမှအဆီတွေကချွေးကနေတစ်ဆင့် သို့မဟုတ် ဆီးတို့ဝမ်းတို့ကနေထွက်သွားမှာပါနော်

💁‍♀️ကဲ ကဲ ဒါလေးတွေလိုက်နာပြီး

အားလုံးရဲ့ မလိုအပ်တဲ့အဆီပိုတွေကိုဖယ်ထုတ်လိုက်ကြရအောင်လားရှင့်🙏

image
13 w - Translate

ဂျာမန်များ စီးပွားရေးလုပ်ချင်စိတ် ဆက်တိုက်ကျဆင်းနေ
-------------------------
ဂျာမန်တွေရဲ့ စီးပွားရေးလုပ်ချင်ကိုင်ချင်စိတ်ဟာ စက်တင်ဘာလအထိ လေးလဆက်တိုက် ကျဆင်းခဲ့ပြီး မျှော်လင့် ထားတာထက် ပိုမိုများပြားလာတယ်လို့ စက်တင်ဘာ ၂၄ ရက်က စစ်တမ်းတစ်ခုမှာ ပြသခဲ့ပါတယ်။ ယူရိုဇုန်ရဲ့ အကြီးဆုံးစီးပွားရေးဖြစ်တဲ့ ဂျာမနီစီးပွားရေးဟာ ဆုတ်ယုတ်မှုဆီ ရောက်ရှိသွားနိုင်တဲ့ အရိပ်အယောင်တွေကို ထပ်လောင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Ifo စီးပွားရေးအင်စတီကျူ ဥက္ကဋ္ဌ ကလီမန်းစ် ဖူအက်စ်က ရလဒ်ဟာ ဂန္ထဝင်မြောက်တဲ့ ရုတ်တရက် စီးပွားရေး ကျဆင်းမှုတော့ မရှိဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ အရာအားလုံးဟာ ရေတိုပြဿနာမဟုတ်ဘဲ ရှည်ကြာတဲ့ တည် ဆောက်မှုဆိုင်ရာ နှေးကွေးတဲ့ လမ်းကြောင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတအဖြစ် ဒေါ်နယ် ထရမ့် ပြန်လည်အရွေးခံရဖွယ်ရှိပြီး စွမ်းအင်ဈေးနှုန်းတွေ အဆက်မပြတ် မြင့်တက်လာတာက မသေ ချာမရေ ရာမှုကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

ဒါဟာစီးပွားရေးအတွက် အဆိပ် သင့်မှုလို့ သူဖော်ပြခဲ့ဖူးတဲ့ လမ်းကြောင်းတစ်ခုဖြစ်တယ်လို့ မစ္စတာ ဖူအက်စ်က ပြောပါတယ်။ ဂျာမနီဟာ မိမိ စီးပွားရေးကို ကြီးထွားစေလိုရင် ဗျူရိုကရေစီကို သိသိသာသာလျှော့ချဖို့နဲ့ အခြေခံ အဆောက်အအုံတွေ မြှင့်တင်ဖို့ လိုအပ်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ထိခိုက်နေရင်တောင်မှ ပြုပြင်ပြောင်း လဲမှုတွေနဲ့ ပြည်သူ့ဘဏ္ဍာငွေ တွေကို သုံးစွဲမှုတွေကနေ ရင်းနှီးမြှုပ်နှံမှုအထိ ခွဲဝေပေးဖို့ လိုအပ်တယ်လို့လည်း စီးပွားရေးပညာရှင်က ထောက်ပြခဲ့ပါတယ်။

image
13 w - Translate

ဆန်စပါးလက်ကျန် တန် ၄ သန်း ကျန်ရှိဟုဆို
---------------------
နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေကြောင့် စပါးစိုက်ခင်းတွေ ထိခိုက်ပျက်စီးခဲ့ပေမယ့် ဆန်စပါးလက်ကျန် တန်ချိန် ၄ သန်းလောက် ရှိနေတဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် နေပြည်တော်မှာ စပါးစိုက်ဧက ၅၀၀၀ လောက် ထိခိုက်ပျက်စီးခဲ့ပြီး အခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်း စပါးစိုက်ခင်းတွေ ထိခိုက်ပျက်စီးတာရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်ပျက်စီးသွားတဲ့ စပါးစိုက်ခင်းတွေ နေရာမှာ စပါး အပါအဝင် အခြားသီးနှံတွေ ပြန်လည် စိုက်ပျိုးပေးနိုင်ဖို့ စီစဉ်နေပြီး ဆန်စပါး လက်ကျန်တွေ ရှိနေတဲ့အတွက် ပြည်တွင်းဖူလုံမှုနဲ့ ပြည်ပတင်ပို့မှုတွေက စိုးရိမ်စရာမရှိဘူး လို့ ဦးရဲမင်းအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တဲ့ ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ မျိုးစပါး၊ ဓာတ်မြေဩဇာတွေ ထောက်ပံ့ပေးခဲ့သလို နေပြည်တော်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း(အရှေ့ခြမ်း)မှာလည်း ဆက် လက်ထောက်ပံ့ပေးဖို့ စာရင်းပြုစုနေတယ်လို့ ဆိုပါတယ်။

image
13 w - Translate

ချန်ဒူးအိုးပင်းချန်ပီယံဆု ရှန်ဂျန်းချန် ရရှိ
------------------
ချန်ဒူးအိုးပင်းတင်းနစ် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် တရုတ်တင်းနစ်သမား ရှန်ဂျန်းချန်ဟာ အေတီပီတိုး ချန်ပီယံဆုကို ရယူနိုင်တဲ့ ဒုတိယမြောက် တရုတ်တင်းနစ်သမားဖြစ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံ ချန်ဒူးမြို့မှာ စက်တင်ဘာ ၂၄ ရက်နေ့က ကျင်းပခဲ့တဲ့ ချန်ဒူးအိုးပင်းတင်းနစ် ဗိုလ်လုပွဲမှာ ရှန်ဂျန်းချန်နဲ့ ပဲရစ် အိုလံပစ် တတိယဆုရ အီတလီတင်းနစ်သမား မူဆက်တီတို့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့အဆင့်-၅၅ မှာ ရပ်တည်နေတဲ့ ရှန်ဂျန်းချန်အတွက် အခုဗိုလ်လုပွဲက ကစားသမားဘဝ ပထမဆုံး အေတီပီတိုးဗိုလ်လုပွဲ ဖြစ်ပေမယ့် တည်ငြိမ်တဲ့လက်စွမ်းနဲ့အတူ ပြိုင်ဘက်ကို ဖိအားပေးသွားခဲ့တာပါ။ ပထမပွဲ လတ်က အကြိတ်အနယ် ရှိခဲ့ပေမယ့် ဒုတိယပွဲလတ်မှာတော့ ရှန်ဂျန်းချန်က ပွဲအပြတ်အသတ်နဲ့ အသာရခဲ့ပါတယ်။

ပွဲအပြီးမှာ ရှန်ဂျန်းချန်က (၇း၆၊ ၆း၁)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး တရုတ်တင်းနစ်သမား ဝူယီဘင်းပြီးနောက် အေတီပီတိုး ချန်ပီယံဆုကို ရယူနိုင်တဲ့ ဒုတိယမြောက်တရုတ်တင်းနစ်သမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဂျူနီယာ တင်းနစ် ပြိုင်ပွဲတွေမှာ ကမ္ဘာ့အဆင့်-၁ နေရာကို ရယူနိုင်ခဲ့ဖူးတဲ့ အသက် ၁၉ နှစ်အရွယ် ရှန်ဂျန်းချန်ဟာ အခုနှစ်မှာ အေတီပီတိုး ချန်ပီယံဆုကို ရယူနိုင်တဲ့ အသက်အငယ်ဆုံး တင်းနစ်သမားအဖြစ်လည်း မှတ်တမ်းစိုက် ထူနိုင်ခဲ့ပါတယ်။

image
13 w - Translate

အပိုင်အခွင့်အရေး လွဲချော်မှုအများဆုံးအသင်းအဖြစ် မန်ယူအသင်း ထိပ်ဆုံးမှရပ်တည်

အပိုင်အခွင့်အရေး လွဲချော်မှုအများဆုံးအသင်းအဖြစ် မန်ယူအသင်းက နံပါတ် ၁ နေရာမှာရပ် တည်နေပါတယ်။

ဘောလုံးအချက်အလက် လေ့လာမှုအဖွဲ့ Opta ရဲ့ ထုတ်ပြန်ချက်အရ မန်ယူအသင်းဟာ တပွဲကို အပိုင်အခွင့်အရေး ၃ ကြိမ်အထိလွဲချော်ခဲ့ပြီး စုစုပေါင်း ၅ ပွဲမှာ အခွင့်အရေး ၁၇ ကြိမ်အထိ လွဲချော်ခဲ့တာပါ။

တောင်ပံကစားသမား ဂါနာချိုနဲ့ တိုက်စစ်မှူး ဇီယက်ဇီတို့က အပိုင်အခွင့်အရေး ၄ ကြိမ်အထိ လွဲချော်ခဲ့ပြီး ဘရူနိုဖာနန်ဒက်ဟာလည်း လွဲချော်မှု အမှားအများဆုံး ထိပ်တန်းကစားသမား ၈ ယောက်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

မန်ယူအသင်းရဲ့နောက်မှာ အက်စ်တန်ဗီလာ၊ လီဗာပူး၊ စပါးနဲ့ ဆောက်သမ်တန်အသင်းတွေက အစဉ်လိုက် ရပ်တည်ပါတယ်။
DVB

image
13 w - Youtube

13 w - Translate

Elbow shot
ကောင်းလိုက်တဲ့ တံတောင်ရိုက်ချက်