တရက်ကြာချိန် ၂၅နာရီ
ကမ္ဘာဟာ တောင်နဲ့မြောက် ဝင်ရိုးကို ဗဟိုပြုပြီး လည်ပတ်နေတယ်ဆိုတာ အားလုံး သိကြပါတယ်။ ဒါကြောင့်ပဲ နေ့ ၊ ည ၊ အရုဏ် ၊ ဆည်းဆာ တွေကို မြင်ကြရတာပေါ့။
အခုလက်ရှိ တရက်ပြည့်အောင် ၂၄ နာရီ ဝန်းကျင် လည်နေရာကနေ
-လနဲ့ ကမ္ဘာ ဆွဲအားပြိုင်မှုတွေ၊
-ကမ္ဘာမြေကြီးထဲက ချော်ရည်ပူတွေရဲ့ ပုံသဏ္ဌာန်မမှန် စီးဆင်းမှုတွေနဲ့
-လေထုရွေ့လျားမှုတွေကြောင့်ဝင်ရိုးဗဟိုပြုလည်နှုန်းဟာ တဖြည်းဖြည်း နှေးကွေးလျက် ရှိပါတယ်။
ဒါကြီးက အထူးအဆန်းတော့ မဟုတ်ပါဘူး။ သဘောတရားချင်း မတူပေမဲ့ နားလည်လွယ်အောင် ပြောရရင် ကလေးဘဝက ဂျင်ပေါက်တမ်း ကစားတဲ့အခါ ဂျင်ဟာ မွတ်နေအောင် လည်ရာကာ အရှိန်တဖြည်းဖြည်း နှေးသွားတာပဲမဟုတ်ပါလား။လွန်ခဲ့တဲ့ နှစ်ပေါင်း ၄.၆ ဘီလီယံကတည်းက ကမ္ဘာတည်ကာစမှာ ဒီကမ္ဘာကြီးဟာ အခုထက် ပိုမြန်အောင် လည်ခဲ့ပြီး တရက်ဟာ ၁၈ နာရီနဲ့ ၄၁ မိနစ်ပဲ ကြာခဲ့ပါတယ်တဲ့။ ဒိုင်နိုဆောခေတ်မှာ တရက်ကို ၂၃ နာရီဖြစ်လာပြီး ယနေ့ခေတ်မှာတော့ ၂၄ နာရီဝန်းကျင် ဖြစ်နေတာပါ။
ဒီလိုနဲ့ နောက် နှစ် သန်း၂၀၀ မှာ ကမ္ဘာတရက်ကို ၂၅ နာရီ ဖြစ်လာတော့မှာပါ။ သန်း၂၀၀ ဆိုတာ လူသားတွေမျိုးဆက်ပေါင်းများစွာ၊ ခေတ်ပေါင်းများစွာ ဖြစ်သန်းရဦးမှာဖြစ်ပြီး၊ အဲ့ဒီအချိန် လူမျိုးနွယ်တောင်ရှိပါဦးမလားလို့ သံသယ ဝင်စရာ ကောင်းပေမဲ့ ဆင့်ကဲဖြစ်စဉ်နဲ့ ယှဉ်ရင် ဘာမှမဟုတ်တော့တဲ့ ကာလပါ။
Ref:
Sarah Millholland | Munich Technical University
ဆာရာမီဟော်လန်ဟာ ဂျာမနီနိုင်ငံ MTU က တွဲဖက်ပါမောက္ခတဦးဖြစ်ပြီး နေအဖွဲ့အစည်းနဲ့ ဂြိုဟ်တွေရဲ့ ဖွဲ့စည်းပုံ၊ ဆင့်ကဲ ဖြစ်ပေါ်ပုံနဲ့ ၊ ပြောင်းလဲနေမှုတို့ကို အဓိကလေ့လာစောင့်ကြည့်တဲ့ ပညာရှင်ဖြစ်ပါတယ်။
သူ ရထားတဲ့ AWARDS & HONORS
* 2025 // Sloan Research Fellowship
* 2024 // Vera Rubin Early Career Award of the American Astronomical Society “for contributions to the dynamics of multi-planet extrasolar systems.”
* 2020-2022 // NASA Hubble Fellowship Program (NHFP) Sagan Fellowship
* 2021 // Yale Astronomy Dirk Brouwer Prize
* 2018 // DDA/AAS Raynor L. Duncombe Prize for Student Research
* 2017-2020 // NSF Graduate Research Fellowship
* 2014-2015 // Barry M. Goldwater Scholarship
သူရေးခဲ့တဲ့ နာမည်ကြီး စာတမ်းတွေ
* Millholland, S., Wang, S., & Laughlin, G. “Kepler Multi-Planet Systems Exhibit Unexpected Intra-system Uniformity in Mass and Radius.” 2017, ApJL, 849, L33
* Millholland, S. & Laughlin, G. “Obliquity-Driven Sculpting of Exoplanetary Systems.” 2019, Nature Astronomy, 3, 424
* Millholland, S. & Spalding, C. “Formation of Ultra-Short-Period Planets by Obliquity-Driven Tidal Runaway.” 2020, ApJ, 905, 71