သက်ရှိဆိုရာဝယ်
တလောက အလင်းနှစ် ၁၂၄ အကွာက ဂြိုဟ်မှာ သက်ရှိတွေ ရှိနေနိုင်တဲ့ သမိုင်းတလျှောက်အခိုင်မာဆုံး အထောက်အထားကို ဂျိမ်းဝပ် တယ်လီစကုပ်နဲ့ တွေ့ခဲ့ရတယ်ဆိုတော့ အများစုအမြင်မှာ လူ ဒါမှမဟုတ် သတ္တဝါ ကိုပဲ မြင်ကြတာ များပါတယ်။ မြန်မာနိုင်ငံက တချို့Page တွေအပါအဝင် ရိုက်တာလို သတင်းဌာနကြီးတွေကတောင် သက်ရှိဆိုတာနဲ့ ဂြိုဟ်သားပဲ ပြေးမြင်ရမလိုဟန် ရေးထားတာကြောင့် ၊ တချို့ဆို ဂြိုဟ်သားလို့ကို misleading information ပေးပြီး ဘာသာပြန်လိုက်တာကြောင့် Page ရဲ့ Follower တွေအတွက် လက်ဆောင်အနေနဲ့ ဒီပို့စ်ခုကို တင်ပါတယ်။
သက်ရှိမျိုးစုံ အသက်ရှင်နေကြတဲ့ လောကမှာ ဘယ်လိုပဲ မျိုးရင်း ၊ မျိုးနွယ် ၊ အမျိုးအစား ကွဲပြား စုံလင်ပါစေ လက်ရှိခေတ်သစ်ကမ္ဘာရဲ့ လက်ခံထားချက်အရ သိပ်မကြာသေးခင်အထိ သက်ရှိပုံစံ (၅) မျိုးပဲရှိပါတယ်။
မိုနီယာ၊ ပရိုတစ် ၊ အပင် ၊ မှို နဲ့ သတ္တဝါ ဆိုတဲ့ ပုံစံတွေပါ။ တူရာအုပ်စုအနေနဲ့တော့ ပရိုကားရား အုပ်စုမှာ မိုနီယာ ပုံစံ ကိုပဲ ဘက်တီးရီးယား နဲ့ အာခီးယား လို့ ထပ်ခွဲပြီး ကျန်တဲ့ ပုံစံ ၄ မျိုးလုံးဖြစ်တဲ့ အပင်၊ မှို ၊ပရိုတစ် နဲ့ လူအပါအဝင် သတ္တဝါမျိုးနွယ်တွေဟာ ယူကားရား အုပ်စုဝင်တွေပါ။ ဒါကြောင့် သက်ရှိလို့ ပြောလိုက်ရင် သတ္တဝါလည်း ဖြစ်နိုင်သလို ၊ မှို ၊ အပင် ၊ ပရိုတစ် (ဥပမာ- ရေညှိ)၊ မိုနီယာ စတာတွေ အကုန် ဖြစ်နိုင်ပါတယ်၊
ဒီ သတ်မှတ်ချက်ကိုပဲ ထပ်တိုးဖွံ့ဖြိုးစေမယ့် ဖြစ်ရပ်တခုအနေနဲ့ အငြိမ်မနေနိုင်ပဲ အမြဲစူးစမ်းနေကြတဲ့ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာမှာ သတ်မှတ်ထားတဲ့ သက်ရှိပုံစံထဲက မဟုတ်ပဲ လွန်ခဲ့တဲ့နှစ် သန်းပေါင်း ၄၂၀ ကနေ ၃၇၅သန်း အတွင်းရှင်သန်ခဲ့တဲ့ ပုံစံသစ်တမျိုးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အစပိုင်းမှာ မှို ပုံစံ သက်ရှိ လို့ ထင်ခဲ့ကြပေမဲ့ တကယ်တမ်း ကွဲလွဲနေတာကြောင့် သက်ရှိပုံစံ အသစ်တခုအနေနဲ့ နဂိုမူလ ၅ မျိုးကနေ ၆ မျိုး အဖြစ် သတ်မှတ်ရတော့မယ့် အခြေအနေ ဖြစ်ပါတယ်။ အုပ်စုခွဲရင်တော့ လူပါဝင်တဲ့ ယူကားရား အုပ်စုဖြစ်ပြီး အုပ်စု ၂ မျိုးကတော့ ၂ မျိုးပါပဲ။
လူသားမျိုးနွယ်ပါဝင်တဲ့ သတ္တဝါနဲ့ အုပ်စုချင်း တူပြီး
၈ မီတာအထိ အမြင့်ရှိတဲ့ သူတို့ဟာ တခြားသက်ရှိတွေနဲ့မတူပဲ ဘယ်လို ဖွဲ့စည်းဖြစ်ပေါ်ခဲ့တာလဲ။ဘယ်လို နည်းလမ်းတွေနဲ့ ရှင်သန်ကြသလဲ။ ပြီးတော့ ဘာကြောင့် မျိုးတုန်း ပျောက်ကွယ် သွားရတာလဲ။ ဒါတွေကို လေ့လာ နှိုင်းယှဉ်သုံးသပ်ရင်း ရှင်သန်ခြင်းဆိုင်ရာ သီအ်ိုရီ အသစ်တွေ တီထွင်ကြံဆပြီး ပိုကောင်းတဲ့ ကမ္ဘာလောကကြီး ဖြစ်လာအောင် ကြိုးပမ်းနေကြပါတယ်။ ဒါတွေကို အဖြေရှာမရခင်မှာပဲ တခြားဂြိုဟ်မှာ သက်ရှိတွေ ရှိနိုင်တယ်ဆိုတဲ့ အခိုင်မာဆုံး အထောက်အထားကြီးက သိပ္ပံပညာရှင်တွေကို အိမ်စာထပ်ပေးလိုက်ပြန်ပါပြီ။ ကမ္ဘာခြားက သက်ရှိဆိုတာနဲ့ပဲ ဂြိုဟ်သားလို့ မမြင်ကြနဲ့ဦးနော်။ အပေါ်ကပြောခဲ့တဲ့ သက်ရှိပုံစံတွေထဲက တခုခုကို ပြောတာပါ။
ဂြိုဟ်သားလည်း လုံးဝမဖြစ်နိုင်ဘူးလား ကပ်သပ်မေးရင်တော့ ဖြစ်နိုင်ချေ ရှိနေတာပါပဲ။
