လူသား DNA
တကယ်လို့ လူ့ခန္ဓာကိုယ်ထဲက ဆဲလ်တခုမှာ တွေ့ရတဲ့ DNA ကို ဖြန့်ကြက်ကြည့်မယ်ဆိုရင် ၂မီတာလောက် ရှည်ပါတယ်။ လူတယောက်မှာ ဆဲလ်ပေါင်း ၃၇ ထရီလီယံ ဝန်းကျင် ရှိတာကြောင့် ရှိသမျှ ဆဲလ်တွေရဲ့ Total DNA ကို တိုင်းမယ်ဆိုရင် ၇၀ - ၈၀ ဘီလီယံ ကီလိုမီတာလောက် အရှည် ရှိမှာပါ။
ထင်သာအောင် ဥပမာပေးရရင် ပလူတိုဟာ ကမ္ဘာကနေ ၄.၆၇ ဘီလီယံ ကီလိုမီတာ ဝေးတာကြောင့် လူတယောက်ရဲ့ DNA နဲ့ ယှဉ်မယ်ဆိုရင် ပလူတိုနဲ့ ကမ္ဘာကို အသွားအပြန် ၁၇ ကြိမ် လုပ်နိုင်ပါလိမ့်မယ်။
ဒီလောက် ရှည်တဲ့ DNA တွေဟာ အလွန်သေးငယ်တဲ့ နျူကလီးယပ်စ်ထဲမှာ ခရိုမိုဇုမ်းတွေအဖြစ် ခွေလိပ်နေကြတာ ဖြစ်ပါတယ်။
များပြားလွန်းလှတဲ့ DNA တွေ သဘာဝအလျောက် ပုံတူပွါးကြတဲ့အခါ အမှားဖြစ်နိုင်ချေဟာ DNA base pair ပေါင်း သန်း၁၀၀ မှာ တကြိမ်ပါတဲ့။ လူသားတွေဟာ မျိုးရိုးဆက်ခံတဲ့အခါ မိဘ DNA ရဲ့ ၉၉ ရာခိုင်နှုန်း ဝန်းကျင် တူညီပြီး လက်ကျန်မပြောပလောက်တဲ့ ရာခိုင်နှုန်းက မိဘနဲ့ ကွဲပြားခြားနားသွားစေတာ ဖြစ်ပါတယ်။
DNA ၁ ဂရမ်ဟာ ဒေတာစုစုပေါင်း ၂၁၅သန်း ရှိတဲ့ GB ကို သိုလှောင်နိုင်ပါတယ်။
အစောဆုံး ဘိုးဘေးတွေရဲ့ မိုက်တိုခွန်ဒရီရယ် DNA ( အတိုကောက် - mt Eve) ကို မိခင်တွေကနေပဲ လက်ဆင့်ကမ်းနိုင်တာ ဖြစ်ပါတယ်။ DNA တွေဟာ ရေဒီယိုလှိုင်းတွေ၊ ခရမ်းလွန်ရောင်ခြည်နဲ့ အခြား ဓါတုဗေဒ ပစ္စည်းများကြောင့် ပျက်စီးနိုင်ပါတယ်။

image