Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Ser Arthur Dayne ရဲ့ Nickname ကတော့ Sword of the Morning ဖြစ်ပြီး Westeros ရဲ့ 7 kingdoms ထဲမှာ အတော်ဆုံး ဓားသမားအဖြစ် သတ်မှတ်ခံထားရပါတယ် ။
Mad King ( Aerys II ) ရဲ့ Kingsguard တစ်ယောက်ဖြစ်ပြီး Legend တွေအရ One on One Sword Combat မှာ Ser Arthur Dayne ကို ယှဉ်နိုင်တဲ့သူ မရှိဘူးလို့သိရပါတယ်။
Battle at Tower Of Joy မှာ Lord Stark နဲ့ ယှဉ်တိုက်ရင်း
Howland Reed ရဲ့ နောက်ကျောကိုဓားနဲ့ထိုး ခံရမှုကြောင့် ကျဆုံးခဲ့ရပါတယ်။
1996 ကနေစတင်ခဲ့ပြီး Novel ခုနှစ်နဲ့ အတူ စာရေးဆရာကြီး George R R Martin ရဲ့ The Song of Ice and Fire ဟာ ယနေ့ထိတိုင်အပြီးသတ်ခြင်းမရှိသေးပါဘူး ။ Novel ကိုအခြေခံပြီးရိုက်တဲ့ Game of Thrones Series ကိုတောင် Showrunners တွေကပဲဇာတ်သိမ်းကို ကိုယ်တိုင်ရေးပြီးအဆုံးသတ်ပေးလိုက်ပြီပဲဖြစ်ပါတယ် ။ The Song of Ice and Fire ဟာ အဆုံးသတ်ဖို့ The Winds of Winter နဲ့ The Dream of Spring ဆိုပြီး novel နှစ်ခုကျန်ပါသေးတယ် ။
အခုထိမပြီးဆုံးနိုင်သေးတဲ့ Geroge R.R Martin ရဲ့ The Song of Ice and Fire ကို independent developer တစ်ယောက်ဖြစ်တဲ့ Liam Swayne က အဆုံးသတ်စာအုပ်နှစ်အုပ်ဖြစ်တဲ့ The Winds of Winter နဲ့ The Dream of Spring ကို Chatgpt နဲ့ အဆုံးသတ်ပေးလိုက်ပါတယ် ။
ဒီဘဲ Chatgpt ကိုဘယ်လိုခိုင်းလဲ ဆိုတော့ အရင်ဆုံး The Winds of Winter ရဲ့ First Chapter outlines တွေအတွက် developer ရဲ့အကြောင်းအရာအတွေးတစ်ခုကို ChatGpt ကိုအရင်ပေးလိုက်ပါတယ် ။ နောက်ထပ် Chapter 45 ခုအတွက်လဲ အဲ့လို chatgpt ကိုအဲ့လိုအကြောင်းအရာတွေ အရင်ပေးလိုက်ပါတယ် ။ နောက်ပြီးတဲ့ခါကျ အဲ့ဒီအကြောင်းအရာ ကို Chatgpt အားမေးပြီး ဘယ်လိုနေလဲ ဘာလိုလဲ မင်းအမြင်ကရောဘာလဲ ဆိုပြီးမေးပါတယ် ။ အဲ့လိုနဲ့ Chatgpt ရဲ့ အမြင်တွေထွက်လာတဲ့ အခါ အဲ့အတွေးကိုပဲ အသုံးပြုပြီး ရေးခိုင်းလိုက်ပါတယ် ။ အစပိုင်းမှာတော့ ကိုယ်တိုင်အားစိုက်ထုတ်ရတာပေါ့ နောက်ပိုင်းမှာတော့ ငါးကြင်းဆီနဲ့ငါးကြင်းကြော်တာပေါ့ ။
ဇာတ်လမ်းကမဆိုးဘူးလို့တော့ပြောပါတယ် ။ ဒါပေမဲ့ original ကိုတော့ဘယ်မှီမလဲ ။
နောက်ပိုင်းအခုလို Ai ကိုအသုံးပြုပြီး အနုပညာနယ်ပယ်ကိုချဲ့ထွင်လာတာတွေကိုတော်တော်များများတွေ့မြင်နေရပါတယ် ။ ဒါဟာ ကောင်းမွန်တဲ့ အရာလဲဖြစ်သလို ဆိုးဝါးတဲ့ အရာလဲဖြစ်နိုင်ပါတယ် ။
Trinity အကြောင်းကိုပြောရမယ်ဆိုရင် အရင်ဆုံး Manhattan Project ကိုအရင်ပြောရပါမယ် ။ ဘာလို့လဲဆို Trinity ဟာ Manhattan Project ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လို့ပါ ။ Manhattan Project ကို 1942 ခုနှစ်မှာစတင်ခဲ့တယ်လို့ဖော်ပြပါတယ် ။ ဒါပေမဲ့ ဒုတိယ ကမ္ဘာစစ် စတင်ဖြစ်သွားတဲ့ အချိန် 1939 ကတည်းက Manhattan Project ကို စတင်အကောင်အထည်ဖော်နေပြီပဲဖြစ်ပါတယ် ။ Manhattan Project ကို အမေရိကန်ပြည်ထောင်စု ၊ ဗြိတိန်နိုင်ငံ နဲ့ ကနေဒါနိုင်ငံတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဓိကရည်ရွယ်ချက်ကတော့ အင်အားကြီးမားလာတဲ့ နာဇီ ဂျာမာန်တွေနဲ့ ဖက်ဆစ် တွေကို တန်ပြန်တိုက်ခိုက်ဖို့ပဲဖြစ်ပါတယ် ။
Manhattan Project ကို အမေရိကန် စစ်အင်ဂျင်နီယာ ဗိုလ်ချုပ်ကြီး Leslie Groves ကဦးဆောင်ပါတယ် ။ နျူးကလီးယားဗုံးတွေပြုလုပ်ခြင်းနဲ့ ဒီဇိုင်းဆွဲခြင်းကိုတော့ Los Alamos Laboratory ကလုပ်ဆောင်ပါတယ် ။ Los Alamos Laboratory ကိုတစ်နည်းအားဖြင့် Project Y လို့လဲခေါ်ပါတယ် ။ နျူးကလီးယား Physics ပညာရှင် Dr . Robert Oppenheimer ကတော့ Los Alamos Laboratory ရဲ့ Director ပဲဖြစ်ပါတယ် ။ Manhattan Project မှာလူပေါင်း 130000 နီးပါး ပါဝင် ပြီး ရုံးချုပ်ကို အမေရိကန် Manhattan မှာ ထားရှိသောကြောင့် Manhattan Project လို့ခေါ်ရခြင်းဖြစ်ပါတယ် ။ Manhattan Project ရဲ့ ဘတ်ဂျက်ကထိုခေတ်က အမေရိကန် US ဒေါ်လာ 2 Billions ရှိပါတယ် ။ ဒီဘက်ခေတ်ငွေကြေးနဲ့ပြန်တွက်ကြည့်မယ်ဆို 24 Billions လောက်ရှိပါတယ် ။ အဲ့ဒီ ဘတ်ဂျတ်တွေရဲ့ 90 ရာခိုင်နှုန်းကို လက်နက်တွေထုတ်ဖို့အတွက်အသုံးပြုခဲ့တာပဲဖြစ်ပါတယ်
Manhattan Project မှာ Atom ဗုံးတွေကို gun type fission weapon နဲ့ implosion type ဆိုပြီး နှစ်မျိုးခွဲပြီးထုတ်ခဲ့ပါတယ် ။ Trinity ကတော့ Implosion ပုံစံဖြစ်ပါတယ် ။ Implosion type ဆိုတာကတော့ ပလူတိုနီယံတွေပေါက်ကွဲတဲ့ပုံစံကိုပြောတာဖြစ်ပြီး ထိုပုံစံကို Gadget လို့လဲခေါ်ပါတယ် ။
Trinity မှာတော့ ယူရေနီယံ နဲ့ ပလူတိုနီယံတွေပါဝင်ဓာတ်ပေါင်းထားပါတယ် ။ ဒီလိုဓာတ်ပေါင်းဖို့ဆို နျူးကလီးယားဓာတ်ပေါင်းဖိုလိုပါတယ် ။ ဒီ နျူးကလီးယား Elements တွေကို ဝါရှင်တန်ပြည်နယ် ကိုလံဘီယာ မြစ်နားမှာရှိတဲ့ Hanford Site နျူးကလီးယားစက်ရုံ ဓာတ်ပေါင်းဖို Chicago Pile -1 မှာ ဓာတ်ပြုသိုလှောင်ခဲ့တာပဲဖြစ်ပါတယ် ။
( ဒီလောက်နဲ့ပဲ ထုတ်လုပ်တဲ့အပိုင်းကိုထားသွားပြီး စမ်းသပ်တဲ့ အပိုင်းကိုသွားပါတော့မယ် )
Trinity ရဲ့ စမ်းသပ်မှုကိုတော့ 1945 July 16 မနက် 5 : 30 မှာ New Mexico Jornada del Muerto ဆိုတဲ့ သဲကန္တာရမှာ ပြုလုပ်ခဲ့ပါတယ် ။ Trinity ရဲ့ ပေါက်ကွဲ ပြင်းထန်မှုဟာ Trinity ကိုတင်ထားတဲ့ စတီး မျှော်စင်ကြီးတစ်ခုလုံးကိုအရည်ပျော်ကျသွားစေခဲ့ပြီး အနီးအနားမှာရှိတဲ့ သဲတွေဟာလဲ ဖန်သားတွေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ် ။ Trinity ပေါက်ကွဲမှုမှ ထွက်လာတဲ့ မှိုပုံစံ အငွေ့တွေကိုလဲ မိုင်ပေါင်း 150 ကနေမြင်တွေ့နေရပါတယ် ။ Trinity ရဲ့ ပေါက်ကွဲအားဟာ 25 kilotons of TNT ရှိပါတယ် ။ အဓိပ္ပါယ်ကတော့ TNT မိုင်း 25 kilotons ပေါက်ကွဲတာနဲ့ညီမျှပါတယ် ။
Trinity ဆိုတဲ့ နာမည်ကို Dr Oppenheimer ကိုယ်တိုင်ပေးထားတာဖြစ်ပြီး Trinity ရဲ့ အဓိပ္ပါယ်ကတော့ Father , Son and Holy Spirit တို့ကိုကိုယ်စားပြုပြီးနာမည်ပေးထားတာဖြစ်ပါတယ် ။
Trinity အကြောင်းကတော့ ဒီလောက်ပါပဲ ။
စပြောရမယ်ဆိုရင် Inception ကိုမရိုက်ကူးခင်လွန်ခဲ့တဲ့ 17 နှစ် 18 နှစ် ခန့်လောက်ကစပါမယ် ။ နိုလန်ဟာ 1993 ခုနှစ်မှာ UCL ( ချန်ပီယံလိဂ် မဟုတ်ပါဘူး ) University College London မှာ English Degree ကိုရရှိခဲ့ပါတယ်။ အဲ့မတိုင်ခင်မှာ UCL မှာပဲ English Literature ကိုသင်ယူနေခဲ့ပါတယ်။
နိုလန့်ဟာ ကောလိပ်ကျောင်းသားဘဝတုန်းက လက်ရှိ Admin တို့လိုပဲ စောက်မွဲပါ ။ ကောလိပ်မှာ မနက်စာ အလကားကျွေးပါတဲ့ မနက်စာကိုပဲ အားကိုးမှီခိုရပါတယ် ။ မနက် 7 နာရီကျော်ဆို ကျွေးပါပြီ နိုလန်ဟာ ကောလိပ်တုန်းက မနက် 4 နာရီမှ အိပ်ယာဝင်တာပါ ။ အဲ့လို မျိုး 4 နာရီမှာ အိပ်တယ် မနက်စာ ထစားတယ် ပြန်အိပ်တယ် ပေါ့ ။
အဲ့လိုမျိုး မနက်စားပြီးပြန်အိပ်နေတုန်း တစ်နေ့မှာ Nolan ဟာ အိမ်မက်မက်သူဟာ အိမ်မက် မက်နေတာကို သတိထားမိတဲ့အခြေအနေ ( သို့မဟုတ် ) အိမ်မက်မက်တာကို သိတဲ့အခြေအနေကို ရောက်ရှိခဲ့ပါတယ်။ Technically ပြောရမယ်ဆိုရင် Lucid Dream ပါ။
Nolan ဟာ အိမ်မက်ကို အလယ်ကနေ အဆုံး ထိမှတ်မိခဲ့ပါတယ် ။အိမ်မက်မက်သူတွေဟာ အိမ်မက်ရဲ့အစကို မမှတ်မိနိုင်ကြပါဘူး ။ ဒီအကြောင်းကို Inception မှာလဲထည့်ပြောခဲ့ဖူးပါတယ်။
နိုလန် ရဲ့အိမ်မက်ဟာဘာလဲဆိုတော့ “ နိုလန်ဟာ စာအုပ်စင် တစ်စင်ရှေ့ကို ရောက်နေခဲ့ပါတယ် ။ အဲ့ထဲကစာအုပ်တစ်အုပ်ကို ဆွဲထုတ်ပြီး စာလုံးတစ်လုံးချင်စီတိုင်းကို ဦးနောက်ထဲ မှတ်ယူနေခဲ့ပါတယ် ။ နောက်ပြီးတော့ နိုလန်ဟာ ကမ်းခြေတစ်ခုကို ရောက်သွားပြီး လက်ထဲကိုသဲတစ်ဆုပ်စာ ကိုင်ပြီးလွှင့်ချလိုက်ပါတယ် ။ ဒါပေမဲ့သဲတွေဟာ မကုန်သွားပါဘူး သဲတွေမကုန် တာ စာအုပ်ထဲကစာတွေကို မှတ်တာတွေ ဟာ နိုလန့်ရဲ့ ဦးနောက်က လုပ်ဆောင်နေတာပါ ။ ဒါကို နိုလန်လဲ သိရှိခဲ့ပါတယ်။
နောက်ပိုင်းမှာ နိုလန်ဟာ အိမ်မက်ထဲက အရာတွေ နဲ့ အိမ်မက်တွေကိုထိန်းချုပ်ဖို့စတင် လေ့ကျင့်ခဲ့ပါတယ် ။
( အောင်မြင်လားမအောင်မြင်ဘူးလား ဆိုတာကတော့ Inception ရုပ်ရှင်က အဖြေပါပဲ )
Inception ရုပ်ရှင်ထဲမှာပါတဲ့ Cobb နဲ့ Mal တို့ သဲသောင်ပြင်ပေါ်မှာ အဆောက်အဦးတွေဆောက်နေတာ ဟာ Noaln ရဲ့ သဲအိမ်မက်ကို ပြန်သုံးထားတာပါ။