5 ရက် - ဘာသာပြန်ပါ။

ရခိုင်ငပိထောင်း

မိမိနှစ်သက်ရာလငါးပုဇွန်ဂဏန်းတမျိုးမျိုး
ငရုပ်သီးစိမ်း ကုလားနံနံ အာပူရွက် ဂျင်းပင်စိမ်း စပါးလင်အနည်းငယ်
ပိကောင်းကောင်း ပဒဲကောအနည်းငယ်ထည့်
ဆား အရသာမူနိ့စားရင်ထည့် နနွင်းပါရုံ
နံနံပင် ပုရာသီး
နံနံပင်သံပုရာသီးမှလွဲ၍ကျန်တန်ဆာပလာများနူးအောင်ရေခမ်းပြုတ်ပါ
ပြီးရင်ထောင်း နံနံပင်ထည့်ထောင်း စားခါနီးမှသံပုရာရည်ညှစ်ထည့်
မည်သည့်အတို့အမြုတ်နဲ့မဆိုလိုက်ဖတ်တဲ့ မွှေးပျံ့တဲ့ရခိုင်ငပိထောင်း
လေးရပါပြီ😋

image
5 ရက် - ဘာသာပြန်ပါ။

ငါးခူငါးဆုပ်ဟင်း
ပါဝင်သောပစ္စည်းများ
• ငါးခူ – ၃၀သား
• ကြက်သွန်နီ – လေးလုံး
• ကြက်သွန်ဖြူ –ခြောက်မွှာ
• ချင်း - သင့်ရုံ
• အရောင်တင် - သင့်ရုံ
• ဆား၊ ငံပြာရည် – သင့်ရုံ
• နနွင်း – သင့်ရုံ
• ဆီ – ငါးကျပ်သား
• ခရမ်းချဉ်သီး – လေးလုံး
• နံနံပင် အနည်းငယ်
ပြုလုပ်နည်းအဆင့်ဆင့်
• ငါးကို အရိအချွဲများ ကုန်စင်အောင် ပြာနှင့်တိုက်၍ ဆေးပါ၊ ခေါင်းဖြတ်၍ အူများထုတ်ပါ၊ အလယ်ရိုးနားမှကပ်၍ အသားကို လွှာယူပါ။ ထို့နောက် ၎င်းအသားလွှာကို နုပ်နုပ်စဉ်းပါ။
• ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ထောင်း၍ တစ်ဝက်ကို ချန်ထားပြီး ကျန်တစ်ဝက်ကို စဉ်းကောများနှင့်အတူ ရောထောင်းပါ။ ဆား၊ နနွင်းထည့်ထောင်းပါ။
• ထောင်း၍ အသားများ စေးပိုင်လာလျှင် အဆုပ်ကလေးများဆုပ်ပါ။ ဆီပူတွင်ငါးဆုပ်များကို နီလာအောင် ကြော်ပြီး ဆယ်ထားပါ။
• စောစောက ချန်ထားသော ချင်း၊ ကြက်သွန်ထောင်းကို ဆီသတ်ပါ။ ဆီသတ်ပြီးလျှင် ပါးပါးလှီးထားသော ခရမ်းချဉ်သီးများ ထည့်၍မွှေပါ။ ဆား၊ ငံပြာရည် သင့်အောင်ထည့်ပါ။
• ခရမ်းချဉ်သီးနွမ်းလျှင် ငါးခူငါးဆုပ်များထည့်ပါ။ ရေအနည်းငယ်ထည့်၍ အဖုံးဖုံးပြီး ချက်ပါ။ ဆီပြန်လာလျှင် နံနံပင်အုပ်ပြီး သုံးဆောင်နိုင်ပါပြီ။

image
5 ရက် - ဘာသာပြန်ပါ။

အာဗြဲခြောက်ကြော်မွှေးမွှေးလေး
************************

အာဗြဲခြောက်ကို ကြွပ်ရွအောင် အကောင်သေးသေးပိန်ပိန်လေးတွေပဲ အသုံးပြုထားပါတယ်။ ကျမက မြန်မာဟင်း ပရိတ်သက်မဟုတ်ပေမယ့် အိမ်ကလူတွေက အခုလိုကြော်တာမျိုး ဆီသတ်ချင်ရတာမျိုးကို ကြိုက်ကြပါတယ်။ မြန်မာဖြစ်ပြီး မြန်မာထမင်းဟင်း မကြိုက်ဘူးလားဆိုတော့ ကြိုက်ပါတယ် ဆီနဲ့အကြာကြီးကြော်ထားတာမျိုး ဆီပြန်ဟင်းလိုမျိုးကလွဲရင်ပေါ့။ ဆီမများတဲ့ အရည်သောက်ဟင်းတွေ စွတ်ပြုတ်တွေ အသုပ်တွေကို ကျမအကြိုက်ဆုံးပါ။ ကဲ အခုတော့ အာဗြဲခြောက်ကို သာမာန်ရိုးကျကနေ အနည်းငယ်ခွဲထွက်ပြီး ကြော်ကြည့်ရအောင်နော်....

လိုအပ်သောပစ္စည်းများ
*****************
- အာဗြဲခြောက် အချိုခြောက် အကောက်သေးလေးများ
- အပေါ်ယံအခွံသာနွှာထားတဲ့ ဗမာကြက်သွန်ဖြူအမွှာလေးများ
- ဆီ
- ဆား

ကြော်လှော်နည်း
************
- အခွံပါးသာနွှာထားတဲ့ ကြက်သွနိဖြူများကို ငရုတ်ဆုံထဲတွေ ညက်နေအောင်ထောင်းထားပါ

- အာဗြဲခြောက်များကို ရေသုံးထပ်ခန့် သဲစင်အောင်ဆေးပြီး ကတ်ကြေးဖြင့် အတုံးသေးလေးများ ရအောင် ကိုက်ဖြတ်ပါ

- ဆီဆူလာလျှင် ဆနွင်းမှုန့်အနည်းငယ်ထည့်ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူများ ထည့်ကြော်ပေးပါ. မီးအေအေးဖြင့်သာ ကြော်ပါ

- ကြက်သွန်ဖြူများ ရွှေဝါရောင်သန်းလာလျှင် ဆယ်ယူပြီး အအေးခံထားပါ

- လက်ကျန်ဆီနဲ့ အာဗြဲခြောက်များကို မီးအေးအေးဖြင့် ကြွပ်သည်အထိ ကြော်ပေးပါ

- အရသာထည့်ပါ

- အာဗြဲခြောက်များ ကြွပ်ရွလာလျှင် အနံ့မွှေးလာလျှင် အားလုံးကို ဆယ်ယူပြီး အအေးခံပါ

- အနည်းငယ် အေးသွားလျှင် အာဗြဲခြောက်ကို စောစောက ကြော်ထားတဲ့ ကြက်သွန်ဖြူကြော်များနှင့် သမအောင်ရောပြီး စားသုံးနိုင်ပါပြီ

အာဗြဲခြောက်ကြော် ကြွပ်ကြွပ်ရွရွ မွှေးမွှေးလေးကို ကုလားပဲဟင်းအချိုချက်လေးနဲ့ တွဲဖက်စားသုံးက အင်မတန်စားကောင်းပါတယ်ရှင့်။

image
5 ရက် - ဘာသာပြန်ပါ။

လက်ရှိ JWST တယ်လီစကုတ်က ရှာဖွေတွေ့ရှိလာတဲ့ redshift တန်ဖိုး မြင့်မားတဲ့ ဂလက်ဆီများ။

image
5 ရက် - ဘာသာပြန်ပါ။

MoM -z14 ကို မေလနောက်ပိုင်းမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

image
5 ရက် - ဘာသာပြန်ပါ။

လူသားသမိုင်းတစ်လျှောက်လုံးမှာ သိပ္ပံနဲ့နည်းပညာဆိုင်ရာ ရှာဖွေတွေ့ရှိမှုအသစ်တွေဟာ နေ့စဉ်နဲ့အမျှ ပေါ်ထွက်နေပြီး၊ ဒီလိုတိုးတက်ပြောင်းလဲမှုတွေဟာ အံ့ဩစရာ မဟုတ်တော့သလောက်ကို ဖြစ်နေပါပြီ။
ဒါပေမဲ့ ဒီလိုရှာဖွေတွေ့ရှိမှုတွေထဲကမှ James Webb Space Telescope (JWST) ကနေ ရရှိလာတဲ့ အချက်အလက်အသစ်တစ်ခုကတော့ စကြဝဠာဆိုင်ရာ ကျွန်တော်တို့ရဲ့ နားလည်မှုကို လုံးဝပြောင်းလဲပစ်နိုင်တဲ့ ထူးခြားဆန်းကြယ်တဲ့ ရှာဖွေတွေ့ရှိမှုတစ်ခု ဖြစ်လာပါတယ်။ဒီရှာဖွေမှုကို ပြီးခဲ့တဲ့မေလ ကုန်ခါနီးတုန်းက တွေ့ရှိလာတာပါ။
JWST တယ်လီစကုပ်ကြီးဟာ redshift ပမာဏ z=14.44 ရှိတဲ့ ရှေးဟောင်းဂလက်ဆီတစ်ခုဖြစ်တဲ့ MoM-z14 ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလိုမြင့်မားတဲ့ redshift တန်ဖိုးဟာ ဒီဂလက်ဆီဟာ ကျွန်တော်တို့ဆီကနေ အလွန်ဝေးကွာပြီး၊ စကြဝဠာရဲ့ အစောဆုံးကာလတွေမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ပြသနေပါတယ်။
Redshift ဆိုတာ ဘာလဲ?
အလွယ်ဆုံးပြောရရင် Redshift (အနီဘက်ရွေ့ခြင်း) ဆိုတာ ဝေးကွာတဲ့ အရာဝတ္ထုတွေ (ဥပမာ- ဂလက်ဆီတွေ) ကနေ ထွက်လာတဲ့ အလင်းတွေဟာ ကျွန်တော်တို့ဆီ ရောက်လာတဲ့အခါမှာ စကြဝဠာ ပြန့်ကားနေတာကြောင့် သူတို့ရဲ့လှိုင်းအလျားတွေ ပိုရှည်လာပြီး အလင်းရောင်စဉ်တန်းရဲ့ အနီရောင်ဘက်ကို ရွေ့သွားတာ ကို ဆိုလိုတာပါ။ Redshift တန်ဖိုး မြင့်မားလေလေ၊ အဲဒီအရာဝတ္ထုက ကျွန်တော်တို့ဆီက ပိုဝေးလေလေ၊ ဒါ့အပြင် အဲဒီအလင်းဟာ ကျွန်တော်တို့ဆီရောက်ဖို့ ပိုပြီး ကြာမြင့်ခဲ့လေလေ ဖြစ်ပါတယ်။ ဒါကြောင့် Redshift ပမာဏက ကျွန်တော်တို့ကို စကြဝဠာရဲ့ အတိတ်ကို ပြန်သိနိုင်အောင် ကူညီပေးပါတယ်။
MoM-z14 ဂလက်ဆီဟာ လက်ရှိအချိန်အထိ ရှာဖွေတွေ့ရှိထားသမျှ ဂလက်ဆီတွေထဲမှာ အဝေးဆုံးနဲ့ အသက်အကြီးဆုံး အစောဆုံးဂလက်ဆီတစ်ခု ဖြစ်ပါတယ်။
MoM-z14 ကနေ ထွက်လာတဲ့ အလင်းဟာ ကျွန်တော်တို့ဆီရောက်ဖို့ အနှစ်သန်းပေါင်း ၁၃.၅၃ ဘီလီယံ ကြာမြင့်ခဲ့ပါတယ်။ ဒါကြောင့် ဒီဂလက်ဆီကို ကျွန်တော်တို့ မြင်ရတဲ့ ပုံစံဟာ Big Bangဖြစ်ပေါ်ပြီး အနှစ် သန်းပေါင်း ၂၈၀ ခန့်ပဲ ကြာမြင့်သေးတဲ့ စကြဝဠာရဲ့ အစောပိုင်းကာလ က ဂလက်ဆီတစ်ခုရဲ့ပုံစံ ဖြစ်ပါတယ်။
စကြဝဠာရဲ့ လက်ရှိသက်တမ်းက အနှစ် ၁၃.၈ ဘီလီယံ ခန့်ရှိတာမို့ MoM-z14 ဟာ စကြဝဠာရဲ့ သက်တမ်းရဲ့ ၂% လောက်သာ ရှိသေးတဲ့ အချိန်က ပုံရိပ်ဖြစ်ပါတယ်။
ဒီလိုစောစောပိုင်းကာလမှာ MoM-z14 လိုမျိုး အလွန်တောက်ပပြီးအတင့်အသင့် အရွယ်ရှိတဲ့ ဂလက်ဆီတစ်ခု ရှိနေတယ်ဆိုတာက JWST သိပ္ပံပညာရှင်တွေကို အံ့အားသင့်စေခဲ့ပါတယ်။
အစောပိုင်းစကြဝဠာယူဆချက်တွေမှာ ကြယ်တွေနဲ့ ဂလက်ဆီတွေဟာ ဖြည်းဖြည်းချင်းပဲ ဖြစ်ပေါ်လာမယ်လို့ ထင်မှတ်ခဲ့ကြတာပါ။ ဒါပေမဲ့ MoM-z14 ရဲ့ တောက်ပမှုကတော့ အစောပိုင်းစကြဝဠာမှာ ကြယ်တွေ ဖြစ်ပေါ်မှုနှုန်းဟာ ကျွန်တော်တို့ ထင်ထားတာထက် ပိုမိုမြန်ဆန်ပြီးဖြစ်ပေါ်တယ်ဆိုတာကို ပြသနေပါတယ်။
နောက်ပြီး MoM-z14 ရဲ့ ဓာတုဖွဲ့စည်းပုံကို လေ့လာရာမှာ နိုက်ထရိုဂျင် (Nitrogen) ပမာဏ များပြားတာကို တွေ့ရှိရပါတယ်။ ဒါဟာ အစောပိုင်းဂလက်ဆီတွေမှာ ဟိုက်ဒရိုဂျင်နဲ့ ဟီလီယမ်ပဲ အဓိကပါဝင်မယ်လို့ ထင်ထားတဲ့ အယူအဆကို စိန်ခေါ်နေပါတယ်။ ဒီလို ဟိုက်ဒရိုဂျင်ထက်ပိုမိုလေးလံတဲ့ ဒြပ်စင်တွေ (နိုက်ထရိုဂျင်) ပါဝင်နေတယ်ဆိုတာက ဂလက်ဆီရဲ့ သက်တမ်းမကြာသေးခင်မှာကို ကြယ်စင်တွေ အများအပြားဖြစ်ပေါ်ပြီး ပေါက်ကွဲခဲ့ကြပြီ (စူပါနိုဗာ ဖြစ်ခဲ့ကြပြီးပြီ) ဆိုတာကို ပြသနေပါတယ်။နေဟာ တတိယမျိုးဆက် ကြယ်စင်တစ်လုံးဖြစ်ပါတယ်။
MoM-z14 လို ဂလက်ဆီတွေရဲ့ ရှာဖွေတွေ့ရှိမှုဟာ စကြာဝဠာကြီးထဲမှာ ဂလက်ဆီတွေ ဘယ်လိုစတင်ဖြစ်ပေါ်လာခဲ့လဲဆိုတဲ့ ကျွန်တော်တို့ရဲ့ နားလည်မှုကို ပြန်လည်သုံးသပ်ဖို့ လိုအပ်လာပြီဆိုတာကို ဖော်ပြနေပါတယ်။
MoM-z14 ကို ရှာဖွေတွေ့ရှိခြင်း မပြုမီက၊ Redshift အမြင့်ဆုံး ဂလက်ဆီရဲ့ စံချိန်ကို JADES-GS-z14-0 လို့ ခေါ်တဲ့ ဂလက်ဆီက ပိုင်ဆိုင်ထားခဲ့ပါတယ်။
JADES-GS-z14-0 ရဲ့ Redshift တန်ဖိုးကတော့ z=14.32 ဖြစ်ပြီး၊ သူကနေ ထွက်လာတဲ့အလင်းဟာ Big Bang ဖြစ်ပြီး အနှစ် ၃၀၀ သန်း ခန့်အကြာမှာ ထွက်ပေါ်လာခဲ့တာပါ။ ဆိုလိုတာကတော့ MoM-z14 (အနှစ် ၂၈၀ သန်း) ထက် နှစ်သန်း ၂၀ လောက် ပိုပြီး နောက်ကျတဲ့ အချိန်ကာလက ဖြစ်ပါတယ်။
JWST တယ်လီစကုတ်ကြီးဟာ စတင်လည်ပတ်ပြီးနောက်ပိုင်းမှာ Redshift တန်ဖိုး မြင့်မားတဲ့ ဂလက်ဆီများစွာကို ဆက်တိုက်ဆိုသလို ရှာဖွေတွေ့ရှိနေတာပါ။ ဒါဟာ JWST ရဲ့ စွမ်းဆောင်ရည်ကြောင့် စကြဝဠာရဲ့ အစောပိုင်းကာလတွေကို ကျွန်တော်တို့ ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်လာတာကို ပြသနေပါတယ်။ MoM-z14 ကတော့ အခုလက်ရှိ စံချိန်တင်ထားတဲ့ ဂလက်ဆီဖြစ်ပြီး၊ နောင်မှာလည်း ပိုမိုဝေးကွာတဲ့ ဂလက်ဆီအသစ်တွေ ထပ်မံတွေ့ရှိလာနိုင်ပါသေးတယ်။
ဒီလို ရှေးအကျဆုံး ဂလက်ဆီတွေကို လေ့လာခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ စကြဝဠာ ဘယ်လိုစတင်ခဲ့ပြီး ဘယ်လိုတိုးတက်ပြောင်းလဲလာခဲ့တယ်ဆိုတာကို ပိုမိုနားလည်နိုင်မှာ ဖြစ်ပါတယ်။

imageimage
5 ရက် - ဘာသာပြန်ပါ။

နေအဖွဲ့အစည်းပြင်ပက တတိယမြောက်ဧည့်သည်သစ်- A11pl3Z (ATLAS)
နေအဖွဲ့အစည်းရဲ့ အပြင်ဘက်ကနေ ရောက်လာတဲ့ တတိယမြောက် ဧည့်သည်သစ်တစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ပါပြီ။
ဒီဧည့်သည်ကတော့ A11pl3Z လို့ အမည်ပေးထားတဲ့ အရာဝတ္တု ဖြစ်ပြီး၊ လက်ရှိမှာ နေဆီကို ဦးတည်ပြီး ရွေ့လျားနေပါတယ်။
ဘယ်လို သိရှိခဲ့တာလဲ ?
ဒီကြယ်တံခွန်ကို အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီမှာရှိတဲ့ ATLAS (Asteroid Terrestrial-impact Last Alert System) က ဇွန်လ ၂၅ ရက်နေ့က စတင်တွေ့ရှိခဲ့တာပါ။
ကမ္ဘာ့နေရာအတော်များများက နက္ခတ္တသိပ္ပံပညာရှင်တွေက ဒီအရာဝတ္တုရဲ့ ရွေ့လျားမှုကို လေ့လာပြီးနောက် ဒါဟာ နေအဖွဲ့အစည်းပြင်ပကနေ ရောက်ရှိလာတဲ့ ဥက္ကာပျံ တစ်ခု ဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။
ဒီအရာဝတ္တုဟာ နေအနားကနေ သူဖြတ်သန်းသွားမယ့် နေရာဖြစ်တဲ့ 2AU ( မိုင်သန်းပေါင်း ၁၉၀ ခန့်) အကွာအဝေးကနေ တစ်နာရီကို မိုင် ၁၅၀၀၀၀ ကျော်အလျင် နဲ့ လာမယ့် October မှာ ချဉ်းနင်းဖြတ်သန်းသွားမယ်လို့ တွက်ချက်ထားပါတယ်။သူ့ရဲ့အရွယ်အစားက ၁၂ မိုင်ခန့် အချင်းရှိတာမို့ မြို့ငယ်လေးတစ်မြို့စာလောက်ရှိပါတယ်။
ကမ္ဘာကို လာဝင်တိုက်မိမှာမျိုးတော့မဟုတ်ပဲ နေအနားကပဲ ဖြတ်သန်းသွားမှာဖြစ်ပါတယ်။
A11pl3Z ဟာ နေအဖွဲ့အစည်းပြင်ပက ရောက်လာတဲ့ သုံးခုမြောက် အရာဝတ္ထု ဖြစ်လာနိုင်ပါတယ်။ ပထမဆုံး တွေ့ရှိခဲ့တာကတော့ 'Oumuamua (၂၀၁၇ ခုနှစ်) ဖြစ်ပြီး၊ ဒုတိယတစ်ခုကတော့ 2I/Borisov (၂၀၁၉ ခုနှစ်) ဖြစ်ပါတယ်။