နေအဖွဲ့အစည်းပြင်ပက တတိယမြောက်ဧည့်သည်သစ်- A11pl3Z (ATLAS)
နေအဖွဲ့အစည်းရဲ့ အပြင်ဘက်ကနေ ရောက်လာတဲ့ တတိယမြောက် ဧည့်သည်သစ်တစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ပါပြီ။
ဒီဧည့်သည်ကတော့ A11pl3Z လို့ အမည်ပေးထားတဲ့ အရာဝတ္တု ဖြစ်ပြီး၊ လက်ရှိမှာ နေဆီကို ဦးတည်ပြီး ရွေ့လျားနေပါတယ်။
ဘယ်လို သိရှိခဲ့တာလဲ ?
ဒီကြယ်တံခွန်ကို အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီမှာရှိတဲ့ ATLAS (Asteroid Terrestrial-impact Last Alert System) က ဇွန်လ ၂၅ ရက်နေ့က စတင်တွေ့ရှိခဲ့တာပါ။
ကမ္ဘာ့နေရာအတော်များများက နက္ခတ္တသိပ္ပံပညာရှင်တွေက ဒီအရာဝတ္တုရဲ့ ရွေ့လျားမှုကို လေ့လာပြီးနောက် ဒါဟာ နေအဖွဲ့အစည်းပြင်ပကနေ ရောက်ရှိလာတဲ့ ဥက္ကာပျံ တစ်ခု ဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။
ဒီအရာဝတ္တုဟာ နေအနားကနေ သူဖြတ်သန်းသွားမယ့် နေရာဖြစ်တဲ့ 2AU ( မိုင်သန်းပေါင်း ၁၉၀ ခန့်) အကွာအဝေးကနေ တစ်နာရီကို မိုင် ၁၅၀၀၀၀ ကျော်အလျင် နဲ့ လာမယ့် October မှာ ချဉ်းနင်းဖြတ်သန်းသွားမယ်လို့ တွက်ချက်ထားပါတယ်။သူ့ရဲ့အရွယ်အစားက ၁၂ မိုင်ခန့် အချင်းရှိတာမို့ မြို့ငယ်လေးတစ်မြို့စာလောက်ရှိပါတယ်။
ကမ္ဘာကို လာဝင်တိုက်မိမှာမျိုးတော့မဟုတ်ပဲ နေအနားကပဲ ဖြတ်သန်းသွားမှာဖြစ်ပါတယ်။
A11pl3Z ဟာ နေအဖွဲ့အစည်းပြင်ပက ရောက်လာတဲ့ သုံးခုမြောက် အရာဝတ္ထု ဖြစ်လာနိုင်ပါတယ်။ ပထမဆုံး တွေ့ရှိခဲ့တာကတော့ 'Oumuamua (၂၀၁၇ ခုနှစ်) ဖြစ်ပြီး၊ ဒုတိယတစ်ခုကတော့ 2I/Borisov (၂၀၁၉ ခုနှစ်) ဖြစ်ပါတယ်။

