7 w - Translate

❝ လောကကြီးမှာ
ကျွန်တော် ဘာကိုမှ မလိုချင်ပါဘူး။
ကျွန်တော့် ဒုက္ခ မှန်သမျှကို
လိုက်ကြည့်ပေးပြီး
ဖြစ်မှ ဖြစ်ရလေကွာ လို့ ပြောပေးမယ့်
လူတစ်ယောက်ပဲ လိုချင် တာပါ။
အဲဒီလူ ရှိ/မရှိလည်း
ကျွန်တော် မသိပါဘူး။
ကိုယ့်ကိုသိတဲ့ လူတစ်ယောက်
လောကကြီးမှာ ရှိနေစေချင်တာ
လူတိုင်းရဲ့ အမြင့်မားဆုံးသော ဆန္ဒလို့
ကျွန်တော် ထင်တယ် ❞
ကိုယ်က လူများကို
သိပေးလိုက်ရလေလေ၊
ကိုယ့်ကိုသိတဲ့ လူတစ်ယောက်
ရှိချင်လေလေပါပဲ ။
▫️နီကိုရဲ - ကျွန်ုပ်နှင့်မနက်ဖြန် / မှ

image

The Fantastic Four: First Steps မှာတွေ့ရမယ့် Galactus ရဲ့ First Look ဖြစ်ပါတယ်။
ဒီဇာတ်ကားကို July 25 မှာကြည့်ရမှာဖြစ်ပါတယ်။

image

Final Destination Facts'
ပထမ Facts ကတော့ ရုပ်ရှင်‌ေကျာင်းက ဆရာ တစ်ယောက် James Wong က X Files Trilogy ရဲ့ရုပ်ရှင်တစ်ကား အတွက် Final Destination script ကိုရေးခဲ့ပေမဲ့ producer တွေကရှုပ်တယ်ပြောတာကြောင့် James Wong က New Line Cinema နဲ့ ဆက်သွယ်ပြီး Final Destination ဆိုတဲ့ရုပ်ရှင်ကို သူ့ဘာသာသူ ရိုက်ကူးနိုင်ခဲ့ပါတယ်။
Tony Todd ကိုအစက Killer ပုံစံ လိုက်သ-တ်တဲ့ပုံစံထားစေချင်ပေမဲ့ Tonyက အဲ့ဒီ့လောက် မအားတာကြောင့် Death အဖြစ် ပြန်ပြောင်းခဲ့ရပါတယ်။ Death ကိုဖန်တီးရာမှာလည်း Tony ကို ဝတ်ရုံအရှည်ဝတ်ခိုင်းကြပေမဲ့ Tony ဟာ ရိုးရိုး casual ကိုပဲဝတ်ဆင်ပြီး သရုပ်ဆောင်နေတာ အခုထွက်မဲ့ကားအသစ်ထိကိုပါပဲ။
Accident တွေကိုဖန်တီးတဲ့နေရာမှာ တစ်ကယ့်အပြင်ဘက်က လူတွေ ဖြစ်လေ့ရှိပြီး ‌ေ-သတာအများဆုံး Accident တွေကိုပဲရွေးချယ်ပါတယ်။
Final Destination ရိုက်ကူးပြီးရုံတင်ချိန် (သို့) ပြီးဆုံးချိန်မှာ ကဏ္ဍတစ်ခု၊ အလုပ်တစ်ခုဟာ အမြဲတမ်း ၈၀% ရောင်းအားကျလေ့ရှိပါတယ်။
အမှန်တော့ FD ဟာကြောက်စရာမကောင်းပဲ Death Point of view နဲ့ ‌ေ-သချိန်တန် မသေတဲ့ လူတွေရဲ့အကြောင်းပါပဲလို့ Director ကဖြေဖူးပါတယ်။
Nail gun accident, laser eyes accident တွေကြောင့် ယခုထိ လူတွေဟာ Laser ပြ-စ်တာကို FDကြည့်ပြီးနောက် ၉၀%လူတွေဟာ တွန့်ဆုတ်သွားကြပါတယ်။
နောက်ဆုံး fact ကတော့ ပထမရုပ်ရှင်မှာ မင်းသား၊မင်းသမီးတွေဟာ ဒီတစ်ကားထဲမှာသာ ပါရမယ်ဆိုတာကြောင့် မရိုက်ကူးချင်ကြပဲ Clear နေရာသရုပ်ဆောင်တဲ့ Ali Larter ဟာ FD2 မှာ ထပ်ပါလာတာကြောင့် အရင်ဒါရိုက်တာ ဟောင်း James Wong က ချက်ချင်း ‌ေ-သခိုင်းခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ ‌ေ-သရမဲ့ သူက ‌ေ-သကို ‌ေ-သရမှာ မလို့ပါတဲ့ဗျာ။

image

Final Destination:Bloodlines
Review by Kilian Rexx:
Spoiler Alert 🚨
၁၄နှစ်တိုင်အောင် စောင့်ခဲ့ရတာ တကယ်ကိုတန်ခဲ့တဲ့
ရုပ်ရှင် တစ်ကားလို့ပြောလို့ ရလောက်တဲ့အထိကို
ကောင်းခဲ့ပါတယ်။
ကျွန်တော်တို့ငယ်ဘဝကထဲကနေ အခုချိန်ထိ Trauma ပေါင်းသောင်းခြောက်ထောင်ကို ပေးစွမ်းနိုင်ခဲ့တဲ့ Horror Franchiseကြီးတစ်ခုလို့ပြောရင်လည်း မမှားခဲ့ပါဘူး။
FD fanတစ်ယောက်အနေနဲ့လည်း ဒီကားကို အများကြီးမျှော်လင့်ထားခဲ့တာပါ။တကယ်လည်း စိတ်မပျက်စေခဲ့သလို အရင်ကားတွေဖြစ်တဲ့ FD 1-5 ရဲ့အငွေ့အသက်တွေလည်း မပျောက်သွားစေခဲ့ပါဘူး။
မျှော်လင့်ထားတာထက်ကိုကောင်းခဲ့တယ်လို့တောင်
ပြောလို့ရပါတယ်။
Storylineတစ်ခုထဲနဲ့သွားနေတဲ့FDဟာ တစ်ကားနဲ့ တစ်ကားကို မတူညီနဲ့Death Signပေါင်းစုံနဲ့
ပရိတ်သတ်တွေကိုရင်ခုန်စေခဲ့ပြီး အခုFD 6ရဲ့ Death Signတွေကလည်း modernပိုဆန်လာခဲ့သလို ပိုပြီးတော့လည်း creativeဖြစ်နေတာကို မြင်ခဲ့ရပါတယ်။
ကျွန်တော်တို့လက်တွေ့ဘဝမှာ အဖြစ်နိုင်ဆုံး
မတော်တဆမှုတွေကို အခြေခံပြီး စိတ်ကူးယဉ်ဆန်ဆန်
ဖန်တီးထားတာမို့လို့ သတိထားစရာ/ကြောက်စရာ
အသစ်တွေလည်း ပိုလာတာပေါ့ဗျာ:”)
FD:6ရဲ့Opening sceneဖြစ်တဲ့Sky View restaurant towerပြိုကျတဲ့ sceneဟာလည်း ခမ်းနားလွန်းပြီး တကယ်ကို ရင်ခုန်မှုအပြည့်ပေးနိုင်ခဲ့သလို အရင်FDတွေနဲ့မတူတဲ့opening sceneတစ်ခုလည်းဖြစ်ခဲ့ပါတယ်။
But FD:5ရဲ့ opening sceneတစ်ခုဖြစ်တဲ့ တံတားပြိုကျတဲ့sceneကတော့ ကျွန်တော့်အတွက် အခုချိန်ထိ အကောင်းဆုံးဖြစ်နေဆဲပါပဲ။Modern CGIတွေရဲ့အစွမ်းကိုလည်း အခုFD:6မှာ ကောင်းကောင်းကြီးကို ခံစားရစေမှာပါ။
Ok! Let’s talk about movie:
ဇတ်ညွန်းကိုပြောရမယ်ဆိုရင် အခုFD:6ရဲ့character တစ်ယောက်ဖြစ်တဲ့ Irisဟာ Sky View tower
ပြိုကျမယ့် အဖြစ်ကို ကြိုမြင်ခဲ့ပြီး လူပေါင်းရာကျော်ကိုကယ်တင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် သူကယ်လိုက်တဲ့အသက်တွေက မကယ်သင့်
ခဲ့တဲ့ အသက်တွေ ဖြစ်နေခဲ့တာပါ။
ကျွန်တော်တို့လူသားတွေက ဘယ်နေ့ဘယ်ချိန်ဘယ်နေရာမှာ ဘယ်လိုသေမလဲဆိုတာ မသိသလို သေခြင်းတရားကိုလည်း တားဆီးပိုင်ခွင့်မရှိခဲ့ပါဘူး။
ဒါပေမယ့် visionarတစ်ယောက်ဖြစ်တဲ့ Irisဟာ မကယ်သင့်ခဲ့တဲ့ အသက်တွေကို ကယ်တင်ခဲ့မိတဲ့အတွက် သေခြင်းတရားကို လှည့်စားမိသလိုဖြစ်သွားခဲ့ပါတယ်။
Tony Todd:မင်းသေခြင်းတရားနဲ့သွားရှူပ်မိလို့ ရှူံးသွားခဲ့ရင် ကိစ္စတွေက ပိုပြီး ရှုပ်ထွေးလာတတ်တယ်။
🩸Bloodlinesဆိုတဲ့အတိုင်းပဲ Irisကယ်ခဲ့တဲ့လူတွေအားလုံးက ထူးဆန်းတဲ့ 6သနည်းပေါင်းစုံနဲ့သေဆုံး
ကုန်ကြပါတယ်။သူတို့နဲ့တင်မပြီးပဲ လောကကြီးထဲကိုရောက်မလာခဲ့သင့်တဲ့ သူတို့ရဲ့ မျိုးဆက်တွေအထိပါ သေခြင်းတရားက ပြန်လာခဲ့ပါတယ်။
ပြောရရင် ကျွန်တော်တို့ ရှေ့မှာ ကြည့်ခဲ့ရတဲ့FD:1-5ရဲ့ characterတွေအကုန်လုံးက သူတို့ရဲ့မျိုးဆက်တွေပါ။ဘယ်သူမှမထင်ထားတဲ့twistတစ်ခုလို့လည်းပြောရမလားပဲ။ကျွန်တော်ကိုယ်တိုင်တောင် မတွေးမိခဲ့ပါဘူး။
နောက်ဆုံးမှာတော့ သေခြင်းတရားက Irisတို့ ဆီကို
ပြန်လာခဲ့ပါတယ် ဒါကိုကြိုသိတဲ့Irisကလည်း သူ့ဘဝ
တစ်ခုလုံးကို အဆုံးရှုံးခံပြီး မြို့နဲ့ဝေးရာ တစ်နေရာမှာ တဲတစ်ခုဆောက်ပြီး သူကိုယ်တိုင်မသေအောင် ကြိုးစားနေပြီး သူ့မျိုးရိုးကိုကာကွယ်ပေးနေခဲ့တာပါ။
သူမရဲ့ မြေးဖြစ်ပြီး ဒီဇတ်ကားရဲ့MCတစ်ယောက်ဖြစ်တဲ့ Stefaniဟာ သူ့အဖွားကြုံတွေ့ခဲ့ရတဲ့ Sky view towerပြိုကျမှုကို ၂လနီးပါး အိမ်မက်တွေမက်ခဲ့ပြီး
နောက်ဆုံးမှာ သူ့အဖွားကိုသွားတွေ့ခဲ့ပါတယ်။
ဒါပေမယ့် သူ့မိသားစုကပြောသလိုပဲ Irisကိုရူးနေတယ်
ထင်ခဲ့ပြီး လှည့်အပြန်မှာ Irisက သူ့ကိုယ်သူစတေးခံပြီး Stefaniကို သူမြင်ထားသမျှ Death Signs dataတွေပါတဲ့ စာအုပ်လေးကို သွားပေးခဲ့ပါတယ်။
(သူ့မျိုးဆက်ကိုကာကွယ်ပေးချင်တဲ့စိတ်ရယ် Stefaniကို သူ့အပေါ်ယုံကြည်စေချင်တဲ့စိတ်ရယ်နဲ့ပေါ့)
သူထင်ထားသလိုမဖြစ်ခဲ့ပဲ Irisသေသွားတဲ့ အတွက်
ကြောင့် သူ့မျိုးဆက်ဆီကို သေခြင်းတရားက ပြန်
ရောက်လာပါတယ်။
ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက်ဘယ်လိုသေနည်းတွေနဲ့ သေမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ဇတ်ကား
တစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့FD fanတွေရဲ့ legendary သစ်လုံးကြီးတွေကိုလည်း Endingမှာ အ
သွင်မတူတဲ့ sceneတစ်ခုကနေပြန်မြင်ရပါမယ်နော်:”)
တကယ်တော့ ဒီဇတ်ကားတစ်ခုလုံးရဲ့MCက
အကြွေစေ့လေးတစ်စေ့လို့ပဲပြောရမလားဗျာ။
Nah I’m just kidding Guys!😭
Cenima experienceလေးနဲ့ဆိုရင် သေချာပေါက်ပို
မိုက်မယ့်ကားဖြစ်တဲ့အတွက် မကြည့်ရသေးရင် ကြည့်
ဖြစ်အောင်သွားကြည့်သင့်ပါတယ်နော်။စာအရမ်း
ရှည်သွားမှာဆိုးတဲ့အတွက်reviewလေးကိုဒီလောက်နဲ့ပဲ
ရပ်လိုက်ပါမယ်နော်။
Ratingပေးရမယ်ဆိုရင် ကျွန်တော့်အတွက်တော့8/10ပါ။

image
7 w - Translate

အိမ်တံခါးပေါက်မှ
ဆင်းရဲမွဲတေခြင်း ဝင်လာသည့်အခါ
ပြတင်းပေါက်မှ
အချစ် ပြန်ထွက်သွားကြောင်း
လူတွေ ပြောကြသည်။
ယောက်ျားတွေ အိတ်ထောင်ထဲ
ပိုက်ဆံပြတ်သွားသည့်အခါ
မိန်းမတွေ ထွက်ပြေးသွားသည်ဆိုသော
အဓိပ္ပာယ် မဟုတ်။ ယောက်ျားတစ်ယောက်
ပိုက်ဆံပြတ်သွားသည့်အခါ
သူ့အလိုအလျောက်ပင်
အမှိုက်ပုံထဲ ရောက်သွားသည်။
လုံးဝ သုံးစားမရသူ ဖြစ်သွားသည်။
ရယ်သံတွေ အင်အားချည့်နဲ့ပြီး
တဖြည်းဖြည်း စိတ်အချဉ်ပေါက်လာကာ
နောက်ဆုံးတွင် သွေးရူးသွေးတန်းနှင့်
မိန်းမဆီက ထွက်ပြေးတော့သည်။
ယောက်ျားတစ်ယောက်
စိတ်နှောင့်လာပြီဆိုလျှင်
မိန်းမတစ်ယောက်လက်ထဲမှ
လွတ်မြောက်သည်အထိ ရုန်းထွက်ဖို့
ကြိုးစားနေသည်ဆိုသော စကားပုံဖြစ်ပြီး
အဲဒီရှင်းလင်းချက်ကို
ခါနဇာဝ အဘိဓာန်မှာ ရှာဖွေကြည့်နိုင်သည်။
ကျုပ်ကိုယ်တိုင်အနေနဲ့တော့ အဲဒီအဓိပ္ပာယ်ကို အလွယ်တကူ နားလည်နေသည်။

image
7 w - Translate

ခေတ်သစ်ကမ္ဘာရင်ဆိုင်နေရတဲ့
ကိုယ်ကျင့်တရားဆိုင်ရာ
အကျပ်အတည်းတွေကို
ဗုဒ္ဓရဲ့ သွန်သင်ချက်တွေက
ဘယ်လို တုံ့ပြန်နိုင်လဲဆိုတာကို
တတ်နိုင်သလောက် ခြုံငုံရေးထားပါတယ်။
တိရစ္ဆာန်တွေနဲ့ပတ်ဝန်းကျင်၊
လိင်စိတ်၊ ကိုယ်ဝန်ဖျက်ချမှု၊
ကိုယ့်ကိုယ်ကိုယ်သ-တ်သေမှု၊
ညင်သာစွာ ဇီဝိန်ခြွေပေးခြင်းနဲ့
မျိုးပွားခြင်း စတဲ့ ပြဿနာ ၆ ခုကို
ဆွေးနွေးထားပါတယ်။
ဒီလိုအကြောင်းအရာတွေကို
ကိုင်တွယ်ဖြေရှင်းဖို့ ဗုဒ္ဓရဲ့ဓမ္မတွေမှာပါတဲ့
အခြေခံကျင့်ဝတ်ဆိုင်ရာ
သွန်သင်ချက်တွေကို အရင်ဆုံး
သိဖို့လိုပါတယ်။ ဒါကို ပထမပိုင်းအနေနဲ့
ရှင်းပြထားပါတယ်။
ဒုတိယပိုင်းမှာတော့
ဗုဒ္ဓသွန်သင်ချက်တွေရဲ့
သဘောသဘာဝကို လေ့လာဖို့
အနောက်တိုင်းက ကျင့်ဝတ်တွေရဲ့
သီအိုရီတွေနဲ့ မေးခွန်းထုတ်ပြီး
စဉ်းစားကြည့်ထားပါတယ်။
_ _ _ _ _ _ _ _ _ _ _
▫️မင်းသန့်ဟန်▫️

image
7 w - Translate

❝ ခင်သည် ကျနော့်ကိုချစ်၏။
ကျနော်သည် ခင့်ကို ချစ်သည်။
ထိုကြောင့် ကျနော်တို့နှစ်ယောက်
ပြန်မဆုံနိုင်အောင်
ကွေ့ကွင်းဝေးကွာခဲ့ကြသည် ❞
▫️ကွိုင် (နွေလယ်အိပ်မက်)
ဖတ်ရတာ အတော်ကို
အရသာရှိလှတဲ့စာအုပ်တစ်အုပ်ပါပဲ။
ကိုယ်တကယ်ခံစားရတာက
စာအုပ်ဖတ်ရတာနဲ့တောင် မတူတော့ဘဲ
ခင်မင်ရတဲ့ ညီအစ်ကိုတစ်ယောက်က
ခပ်ညစ်ညစ် အရက်ဆိုင်ထဲမှာ သူနာကျင်
ကြေကွဲခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို
ပုခုံးဖက်ပြောပြနေသလိုပါပဲ ။
နားထောင်နေရင်းနဲ့ စိတ်အတွင်းသားထဲ
တဖြည်းဖြည်းနစ်ဝင်လာပြီး
ကိုယ်ကိုယ်တိုင် ​တစစကြေကွဲလာရတယ် ။
တရွေ့ရွေ့ကျန်ခဲ့တဲ့ ကံ့ကော်ပင်တန်းတွေ
စာရေးသူ ပေတေလေလွင့်ခဲ့တဲ့
ရန်ကုန်မြို့လယ်ခေါင်လမ်းမတွေ
ညလုံးပေါက် မှုန်တေတေ အလင်းဆိုင်တွေနဲ့
ငွေကြေး၊ အဆင်မပြေပြန့်ကျဲနေတဲ့ဘဝတွေ
နှစ်ယောက်ဘဝတစ်ခုနဲ့
အတူယှဥ်တွဲနေထိုင်နေရင်းကနေ
နောက်ဆုံး စာတစ်စောင်ကိုချန်ထားခဲ့ပြီး
ဘဝထဲကနေ တသက်လုံးအပြီးအပိုင်
ထွက်သွားတော့မဲ့ မိန်းမတစ်ယောက်ဆိုတာ
ကျန်ရစ်ခဲ့သူအတွက် ဆွေးမယ်ဆိုရင်
တစ်ဘဝလုံး ဆွေးမြေ့စရာကြီးပဲမဟုတ်လား။
"နွေတစ်ည" မှာ "ခင်ဝေ" နဲ့
လွဲချော်ခဲ့ခြင်းအတွက် တဘဝလုံး
နာကျင်လောင်ကျွမ်းခဲ့ရသလို
အခုလည်း "နွေလယ်အိပ်မက်" မှာ
စာအုပ်ဖတ်အပြီး စီးကရက်မီးထညှိရင်း
တမြေ့မြေ့နဲ့ လောင်မြိုက်ကျန်ခဲ့ရပါတယ် ။

image
7 w - Translate

❝ ငါဟာ ငါ မဖြစ်ခဲ့ဘူးဆိုရင်
တွမ် အင်န် ဂျယ်ရီ ဖြစ်ချင်တယ်။
ဘယ်သူကလိုက်လိုက်
ဘယ်သူကပြေးပြေး
အားလုံးကို အပြုံးဆေး ကျွေးနေရရင်
ပြတ်သွားတဲ့ လက်တွေ ပြန်ဆက်မယ်
ကွဲသွားတဲ့ ခေါင်းတွေ ပြန်ကောင်းမယ်
ဆယ်ပေါင်တူကြီးနဲ့ ထုပြီး
ပုသွားတော့လည်း ပြန်ရှည်မယ်
နာကျင်ရလွန်းလို့ ထွက်သွားရတဲ့
ကြယ်တွေလည်းပဲ
ပြန်လည်ချိတ်ဆွဲ တောက်ပမယ်။
တွမ် အင်န် ဂျယ်ရီ ဆိုတာ
အမြောက်ထဲ ထည့်ပစ်ခံရပြီး
ပြန်လာနိုင်ကြတဲ့ သူရဲကောင်းတွေပဲ ❞
• သုခမိန်လှိုင် •

image
7 w - Translate

❝ သက်ရှိကဗျာ - ဘုန်းပြည့်စုံမင်း ❞
× ×
❛ ရာသီဥတုက
အနုတ်လက္ခဏာအောက်ကို
ရောက်လေလေ
ကိုယ်တို့ ဆက်ဆံရေးတွေ
အေးခဲသွားမှာကို စိုးရိမ်လေလေ
မဆီမဆိုင်ပဲပေါ့
ဒီမှာ . . .
အနေဝေးမှုအပေါ်
သံသယကြီးကြီးရှိတယ်
တစ်ယောက်တည်း အိပ်ပြီး
တစ်ယောက်တည်း နိုးရတာကို မုန်းတယ်
စိုးလွင်လွင် သီချင်းလို
ငလျင်လှုပ်တုန်း
ပုခက်လွှဲချင်ကြတဲ့ လက်တွေ
ကိုယ်တို့ကြားကို
ပင့်ကူမျှင်တွေနဲ့ အပစ်ခံရတယ်
ကြားလေသွေးလို့ ဝေးရရင်
ဒီသွေးတွေ မခြောက်ပါရစေနဲ့တော့
လောင်ပါစေ
ဒီလိုပြောတဲ့အခါ
သွားလေးတွေပေါ်အောင် ပြုံးပြီး
နှုတ်ခမ်းလေးတွေ တွန့်အောင်
ရယ်နေမလား
အနေဝေးတဲ့အခါ
ဆောင်းညတွေဟာ ပိုအေးကြောင်း
မင်းကော ကိုယ်ပါ သိလာပြီ
စောင်ကို ခေါင်းမြီးမခြုံပါနဲ့
ကိုယ် အသက်ရှူကြပ်တယ်
တယ်လီပသီဟာ
ကိုယ်တို့နှစ်ယောက်ကြား ယှက်ဖြာလို့
တစ်ဆောင်းသစ်တဲ့အခါတိုင်း
ချစ်ခြင်းမေတ္တာဟာ
မဟောင်းကြောင်း ပြောပြမယ်
အရမ်းအေးတဲ့အခါ
ကိုယ့်အကြောင်း သတိရပါ
ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ပြင်လို့ ရချင်ရမယ်
ငါ မင်းကိုချစ်တာကိုတော့ ပြင်လို့ မရဘူး ❜
• ဘုန်းပြည့်စုံမင်း •

image
7 w - Translate

❝ တစ်ကမ္ဘာလုံး
အမုန်းရောဂါ
ပျောက်ကင်းပါစေ
မေတ္တာဓာတ်များ
ထုတ်လုပ်အားလျှင်
မြင့်မားပါစေ
တောင်းဆုခြွေသည်
ပြည်သူအချစ် ခေါ်စေသော် ❞
• မင်းလူ •

image