ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
𝗕𝗼𝗻𝘂𝘀 𝗖𝗵𝗮𝗽𝘁𝗲𝗿_______𝗧𝗵𝗲 𝗘𝘅𝗼𝗿𝗰𝗶𝘀𝘁
အမေရိကန်ကားတွေကို hypercar level၊ supercar level ရောက်အောင် တစ်ဖက်တစ်လှမ်းမှ မြှင့်တင်ပေးနေသူက '𝙃𝙚𝙣𝙣𝙚𝙨𝙨𝙚𝙮 𝙋𝙚𝙧𝙛𝙤𝙧𝙢𝙖𝙣𝙘𝙚' (𝗈𝗋) 𝙃𝙋𝙀 ဘဲဖြစ်ပါတယ်။ HPE က အမေရိကန်ပီပီ ကျယ်လောင်တဲ့ V8 တွေကြိုက်တယ်၊ muscle car နှင့် ထရပ်ကားတွေ ကြိုက်တတ်တာ မဆန်းပါဘူး၊ သို့ပေမယ့် သာမာန်ကားတွေနှင့် မတူညီတာက HPE ကနေ မွေးဖွားပေးလိုက်တဲ့ကားတွေဟာ အလွန်များပြားတဲ့ မြင်းကောင်ရေနှင့်အတူ နာမည်အကြမ်းစားတွေ ဖြစ်နေတတ်တာပါ။ စာဖတ်သူဟာ အားလပ်ချိန်မှာ Youtube ထဲဝင်ပြီး ကားအကြောင်းစပ်စုတတ်သူဆိုရင်တော့ Hennessey ကထုတ်သမျှ မော်ဒယ်တွေကို အလွတ်ရနေလောက်မယ်လို့ ကျွန်တော် ထင်ပါတယ်။ လွန်ခဲ့တဲ့ လပိုင်းလောက်ကမှ ထွက်ရှိလာတဲ့ 1000 hp Camaro ZL1 ဟာ top speed 217 mph အရှိန်နှုန်းနှင့် ကမ္ဘာ့အမြန်ဆုံး muscle car ဂုဏ်ပုဒ်ကို ကိုင်ဆောင်ထားတယ်ဗျ။ 0-60 မှာ အမြန်ဆုံးက Dodge Demon(2.3 sec) ဆိုပေမယ့် သူက top speed 211 mph ဘဲရှိပါတယ်။ HPE မှ တည်ဆောက်ထားသော Camaro ZL1 ကို '𝖳𝖧𝖤 𝖤𝖷𝖮𝖱𝖢𝖨𝖲𝖳' လို့အမည်ပေးထားပြီး ပယောဂဆရာလို့ အဓိပ္ပါယ်ရပါတယ်။ မူလ LT4 V8 အင်ဂျင်ကို 650 hp ကနေ 1000 hp ထွက်အောင် ဂရုတစိုက် tuning ပြုလုပ်ပေးခဲ့ရပြီး force-induction system အတွက် 1.7L Supercharger ကို 2.9L Supercharger နှင့် အစားထိုးခဲ့ပါတယ်။ တာယာ၊ ဘရိတ်စနစ်၊ air-intake တို့အတွက် အဆင့်မြှင့်တင်မှုပေါင်းစုံ ဖြတ်ကျော်ခဲ့တဲ့နည်းတူ handling ပိုင်းကိုလည်းကိုင်တွယ်ခဲ့ပါတယ်။ ယခုလို HPE ရဲ့ treatment အကြမ်းစားကို muscle car ချစ်သူအယောက် ၁၀၀ ကဘဲ ပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ သိန်းနီးပါး ကျသင့်မှာလည်း ဖြစ်ပါတယ်။ Specification အပြည့်အစုံကို HPE website မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။
𝗭𝗟𝟭 𝟭𝗟𝗘
••••••••••••
Camaro ဟာ pony car လောကကို စတင်ခဲ့တာမဟုတ်ပေမယ့် Mustang မစီးချင်သူတွေအတွက် ရွေးချယ်စရာတစ်ခုအဖြစ်နှင့် ရပ်တည်ပေးခဲ့လို့ Chevrolet ကုမ္ပဏီအတွက် တန်ဖိုးထားရတဲ့ မော်ဒယ်တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာ Ford နှင့် Dodge တို့က muscle car DNA ပါဝင်တဲ့ EV တွေကို ထုတ်လုပ်နေပြီး Chevy အနေနှင့် ဘယ်လိုတုန့်ပြန်မလဲ ဆိုတာ မသိရသေးပါဘူး။ သို့ပေမယ့် အတိအကျပြောနိုင်တာက Camaro ဟာ Mustang နှင့် Challenger ထက် ဒီဇိုင်းဆုတံဆိပ်ပေါင်းများစွာ ရရှိခဲ့တဲ့အပြင် motorsport လောကနှင့်လည်း လုံးဝမစိမ်းတဲ့ မော်ဒယ်တစ်ခုပါ။ Indy 500 ပြိုင်ပွဲမှာလည်း ဒုတိယထည့်သွင်းခံရဆုံး Pace Car ဖြစ်တဲ့အပြင် ဆွီဒင် racing series: Camaro Cup မှာ ၃၈ နှစ်တိုင်တိုင် တည်ရှိလာတဲ့ ကားတစ်စီးလည်း ဖြစ်ပါတယ်။
Mustang ပိုကောင်းလား Camaro ပိုကောင်းလားမေးခွန်းက ယခုချိန်ထိ အငြင်းပွားစရာသီအိုရီတစ်ခုအဖြစ် ကျန်ရှိနေပေမယ့် အချက်အလက်ကျကျ နှိုင်းယှဥ်ပြရင် Camaro က ပိုကောင်းပါတယ်။ Safety ဖြစ်မှုမှာလည်း Mustang ထက်ပိုသာပြီး track မှာ စူပါကားတွေနှင့်တောင် ယှဥ်နိုင်တာမို့ Camaro ဟာ muscle car လောကရဲ့ အောင်မြင်မှုအရှိဆုံး မော်ဒယ်တစ်ခုပါ။ ယနေ့ episode လေးကို ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးပင်ရှိပါတယ်🖤 နှုတ်မဆက်မှီ အောက်မှာ ထည့်သွင်းထားသော bonus chapter များကို ဖတ်ရှုပေးကြပါဦးခင်ဗျာ။
𝗙𝗶𝗳𝘁𝗵 𝗚𝗲𝗻 𝗖𝗮𝗺𝗮𝗿𝗼
•••••••••••••••••••••••••
၁၉၉၂ ခုနှစ်ကနေ ထုတ်လုပ်လာခဲ့တဲ့ စတုတ္ထမျိုးဆက် Camaro ဟာ ၂၀၀၂ ခုနှစ်မှာ ထုတ်လုပ်မှုရပ်ဆိုင်းခြင်း ခံခဲ့ရပါတယ်။ Camaro ပဉ္စမမျိုးဆက်မလာခင် ၈ နှစ်လောက် ဝေးကွာသွားတဲ့ ကြားကာလမှာ Ford က မူလဒီဇိုင်းအပေါ် ပြန်မှီခိုထားတဲ့ retro-futurism ရုပ်ထွက်ကို သုံးပြီး all new Mustang ကို ၂၀၀၅ ခုနှစ်မှာ မိတ်ဆက်ခဲ့ပါတယ်။ တစ်နှစ်တည်းမှာဘဲ Dodge Challenger၊ ၂၀၀၆ ခုနှစ်မှာ Dodge Charger တို့ကပါ ထွက်ရှိလာပြီဆိုတော့ စျေးကွက်ထဲ လူစုံတက်စုံရှိနေပြီဗျ။ နောက်ကျနေခဲ့တာဆိုလို့ Camaro တစ်ယောက်ဘဲ ကျန်ပါတော့တယ်။ ပဉ္စမမျိုးဆက် Camaro ကို ၂၀၀၆ ခုနှစ်၊ ဝါရှင်တန်ကားပြပွဲမှာ စတင်မိတ်ဆက်၍ ၂၀၀၈ ခုနှစ်မှာ '𝙏𝙧𝙖𝙣𝙨𝙛𝙤𝙧𝙢𝙚𝙧𝙨' ရုပ်ရှင်နှင့် လူသိထင်ရှားကြေငြာခဲ့ပါတယ်။ ၎င်းရုပ်ရှင်က ချက်ချင်းဆိုသလို ပေါက်သွားခဲ့ပြီး Camaro ဟာလည်း ဇာတ်ကောင် 'Bumblebee' နှင့် တစ်သားတည်းဖြစ်သွားပါတယ်။ ပဉ္စမမျိုးဆက်ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလမှ တရားဝင်ရောင်းချခဲ့တယ်ဆိုပေမယ့် ရုပ်ရှင်က အလွန်အောင်မြင်ခဲ့တာကြောင့် ဇူလိုင်က ၂၂ ရက်နေ့ကတည်းက Camaro SS: Transformer Edition ကို GM မှမိတ်ဆက်ပေးခဲ့ပါတယ်။ ယနေ့ခေတ်မှာ တွေ့မြင်နေရတဲ့ Camaro က နောက်ဆုံးမျိုးဆက်ဖြစ်ပြီးတော့ Aerodynamics အရ၊ Nurburgring Lap Record အရ အမြန်ဆုံး muscle car လည်းဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ကျရောက်တဲ့ Camaro နှစ် ၅၀ ပြည့် နှစ်ပတ်လည်မှာ limited edition မော်ဒယ်ကို ထုတ်လုပ်ခဲ့ပြီး မြင်တွေ့နေကြ အဝါရောင်အစား အမည်းရောင်ကို အသုံးပြုခဲ့ပါတယ်။ Mustang မှာက RTR specs တို့၊ GT500၊ Shelby Cobra စတဲ့ special edition တွေရှိပေမယ့် Camaro က သူမတူအောင် ရုပ်ရှင်နှင့် ကစားစရာဘက်မှာ ပိုထိုးဖောက်နိုင်ခဲ့ပါတယ်။ ယနေ့ချိန်မှာ Hot Wheels Special Edition အများအပြား ရှိနေပြီး Transformers 5: The Last Knight မှာ သုံးသွားတဲ့ Camaro ဆိုရင် modified facelift ကြောင့် လူစိတ်ဝင်စားမှုအများအပြား ရရှိခဲ့ပါတယ်
𝗖𝗵𝗮𝗽𝘁𝗲𝗿 𝟱_______𝟵𝟬𝘀 𝗮𝗻𝗱 𝗣𝗿𝗲𝘀𝗲𝗻𝘁 𝗗𝗮𝘆𝘀
စတုတ္ထမျိုးဆက် Camaro မှာဆိုရင် ၉၀ ခုနှစ်ရဲ့ သဘာဝအတိုင်း ဒီဇိုင်းပြောင်းလဲမှု ကြီးကြီးမားမားပြုလုပ်ခဲ့ပါတယ်။ တတိယမျိုးဆက်နည်းတူ GM F-body platform ပေါ်မှာဘဲ တည်ဆောက်ထားတယ်ဆိုပေမယ့် ဘော်ဒီစတိုင်က exotic coupe ပုံစံပေါက်လာပါတယ်။ ပုံထဲမှာ ကြည့်လိုက်ရင် Corvette နဲ့ အလွန်ဆင်တူတာကို တွေ့ရမှာပါ။ မတူဘူးလို့ မြင်မိရင်တောင် ယခင်မျိုးဆက်တွေနှင့် ကွဲပြားတာကိုတော့ စာဖတ်သူ လက်ခံရပါမယ်။ သာမာန်မော်ဒယ်တွေမှာ ပါဝင်တဲ့ V6 အင်ဂျင်နှစ်မျိုးက 160 hp၊ 205 hp လောက်ဆိုပေမယ့် V8 အင်ဂျင်သုံးမျိုးစလုံးက 275-305-330 hp အထိ ထုတ်လုပ်ပေးနိုင်ပါတယ်။ LT1, LT4, LS1 တို့မှာ အင်ဂျင် capacity 5.7L တူညီသော်လည်း အမြင့်ဆုံး option က 346 cu in LS1 ဖြစ်ပါတယ်။ အမေရိကန်ကားနှစ်သက်သူဆိုရင် LS1 ကို ရင်းရင်းနှီးနှီးရှိကြမှာပါ။ Toyota က 2JZ နှင့် နာမည်ကြီးရင် Chevy က LS1 နှင့် နာမည်ကြီးပါတယ်။ C5 Corvette မှလာတဲ့ ဒီအင်ဂျင်က 330 hp သာထုတ်ပေးနိုင်ပေမယ့် အကြမ်းခံတယ်၊ ကိုင်တွယ်ရလွယ်ကူပြီး peak hp ဖန်တီပေးနိုင်တာကြောင့် ယနေ့အချိန်အထိ Drift Car နှင့် Drag Car တွေမှာ ဆက်လက်အသုံးပြုနေကြပါတယ်။
အမေရိကန်ကားတွေမှာ အင်မတန်တွေ့ရခဲတဲ့ manual transmission ကို ယခုမျိုးဆက်မှာ 6-speed အထိ ရွေးချယ်ခွင့်ပေးထားတဲ့အပြင် limited edition များစွာရှိခဲ့သော်လည်း ရောင်းအားအင်မတန်ကျခဲ့ပါတယ်။ ဒါကလည်း Mustang ပယောဂထက် SVT ကြောင့်လိုဘဲ မြင်မိတယ်ဗျ။ Ford ကုမ္ပဏီမှ ဖွဲ့စည်းခဲ့တဲ့ Special Vehicle Team (ခေါ်) SVT ဟာဆိုရင် ရှိပြီးသားမော်ဒယ်တွေကို မြင်းကောင်ရေအားပိုများ၊ ပို handling ကောင်းအောင် ဖန်တီးပေးနိုင်ပြီး၊ အသေးစိတ်ကအစ build quality တိုးတက်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဒီတော့ Ford Mustang ဟာ SVT Cobra ရယ်လို့ဖြစ်လာပြီး အရင်ချိန်က မယှဥ်နိုင်ခဲ့တဲ့ Chevy Camaro ကို အနိုင်ယူခဲ့ပါတယ်
𝗖𝗵𝗮𝗽𝘁𝗲𝗿 𝟰_______𝗗𝗲𝘁𝗵𝗿𝗼𝗻𝗲𝗱
Oil Crisis ကာလအတွင်း brand တော်တော်များများရဲ့ pony car တွေဟာ ထုတ်လုပ်မှုရပ်ဆဲခြင်းခံခဲ့ရပေမယ့် Mustang နှင့် Camaro ကတော့ ဆက်လက်ရှင်သန်နေခဲ့ပါတယ်။ တတိယမျိုးဆက် Camaro ကို ၁၉၈၁ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင်ထုတ်လုပ်ပြီး fast-back muscle car မဟုတ်ဘဲ hatch-back muscle car ဖြစ်သွားပါတယ်။ Hatch-back ဆိုတော့ သဘောကျစရာဗျ၊ အပေါင်းအသင်းတွေနှင့် အပျော်မောင်းတာဘဲဖြစ်ဖြစ်၊ မိသားစုလိုက် ခရီးသွား၊ စျေးဝယ် အဆင်ပြေစေပါတယ်။ Sport Coupe, Berlinetta နှင့် Z28 ဘော်ဒီစတိုင်ရွေးချယ်စရာတွေ ရှိခဲ့တဲ့အပြင် inline 4 အင်ဂျင်ပါဝင်လာတော့ muscle car မောင်းချင်ပေမယ့် အထိန်းအချုပ်ကောင်းကောင်းမကျွမ်းကျင်သေးတဲ့ လူမျိုးတွေကပါ Camaro ဆီမျက်စိကြလာပါတယ်။
inline 4 Camaro က 0-60 ရောက်ဖို့ စက္ကန့် ၂၀ တောင်ကြာမြင့်တာကြောင့် Camaro ဝယ်သော လူအယောက် ၁၀၀ မှာ ၁၂ လောက်ဘဲ ၎င်းမော်ဒယ်ကို ယူကြပါတယ်။ ကျန်သော ၃၇ ယောက်က V6 Camaro ရွေးချယ်ပြီး ၅၁ ယောက်က V8 Camaro ကို ရွေးချယ်ကြပါတယ်။ ထွက်ထွက်ပြီးချင်း ၁၉၈၂ ခုနှစ်မှာ Motor Trend မဂ္ဂဇင်းရဲ့ "Car of the Year" ဆုကိုရရှိပြီး ၁၉၈၅ ခုနှစ်မှာ IROC ပြိုင်ပွဲကြီးရဲ့ ပင်တိုင်မော်ဒယ်အဖြစ်ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ International Race Of Champions (ခေါ်) IROC ပြိုင်ပွဲကြောင့် Camaro Z28 က စက်ရုံတွင်းကုဒ်နာမည် 'Z28' ပျောက်ပြီး IROC-Z ရယ်လို့ ဖြစ်လာခဲ့ပါတယ်။ Corvette ရဲ့ အစိတ်အပိုင်းတော်တော်များများ ထည့်သွင်းတည်ဆောက်ထားပြီး drag-race တွေမှာ အသုံးများပါတယ်။ ပြိုင်ဘက်ဖြစ်သူ Mustang ရဲ့ ကံအဆိုးဆုံးအချိန် လို့ ပြောရမလို၊ ၈၀ ခုနှစ်ကာလရဲ့ Mustang က အိမ်စီးကားသာသာ လောက်ဘဲရှိပါတယ်။ ဒီဇိုင်းပိုင်းတင်မက performance အရပါ Camaro ကို ယှဥ်လို့မရတဲ့မပြင် motorsports လောကမှာ Ford က ခြေလှမ်းပျက်နေတော့ Chevy ကုမ္ပဏီရဲ့ ရည်ရွယ်ချက်က ဖြစ်မြောက်ခဲ့ပါတယ်။ ၁၉၆၀ ပထမမျိုးဆက်မှာကတည်းက လိုက်လံယှဥ်ပြိုင်ခဲ့တဲ့ Camaro ဟာ ၁၉၈၀ တတိယမျိုးဆက်ရောက်ကာမှ Mustang ကို အပြတ်အသတ် အနိုင်ရခဲ့ပါတယ်
𝗖𝗵𝗮𝗽𝘁𝗲𝗿 𝟯_______𝗢𝘂𝘁𝘀𝗼𝗹𝗱
ပထမမျိုးဆက်က သေးသေးကွေးကွေးလေးဆိုပေမယ့် ဒုတိယမျိုးဆက်မှာတော့ american muscle စစ်စစ်ဖြစ်လာပါတယ်။ Hood ပိုရှည်လာမယ်၊ နောက်ဖင် fast-back style ကလည်းပိုကားလာမယ် စသဖြင့်ပေါ့။ ဒုတိယမျိုးဆက် ထွက်ထွက်ချင်းတုန်းက ရှေ့ရုပ်ကို သိပ်အကြိုက်အတွေ့ခဲ့ကြပါဘူး။ Ferrari 250GT ဒီဇိုင်းအပေါ်အခြေခံပြီး အမေရိကန်ဆန်သွားအောင် ဘော်ဒီကို နဲနဲကား၊ wheel base ရှည်အောင် လုပ်ခဲ့ပါတယ်။ Ferrari နှင့်မတူတာက မျက်လုံးပိုပြူးတယ်ထင်ရတဲ့ ရှေ့မီးလုံးတွေပါ။ ၁၉၇၀ ခုနှစ်ကနေ ၁၉၈၁ ခုနှစ်အထိ တည်ဆောက်ခဲ့တဲ့ ၁၁ နှစ်တာကာလမှာ facelift က တဖြည်းဖြည်းချွန်သလိုပုံစံရှိလာပြီး Nascar ပြိုင်ကားနဲ့ ပိုတူလာပါတယ်။ ၁၉၇၁ ခုနှစ်ထုတ်၊ Camaro SS 350 ဟာဆိုရင် Road & Track မဂ္ဂဇင်းရဲ့ ကမ္ဘာ့အကောင်းဆုံး မော်တော်ကား ၁၀ စီး စာရင်းမှာ ထည့်သွင်းဖော်ပြခံခဲ့ရပါတယ်။ ၁၉၇၁ ဆိုတဲ့အတိုင်း Oil Crisis ပြသနာကလည်း စလာပါပြီ။ ဆီစျေးတွေအဆမတန်တက်၊ ကားထုတ်လုပ်သူတိုင်းကလည်း ဆီစားသက်သာမယ့် ကားအသေးစား၊ အင်ဂျင်အသေးစားလေးတွေသာ ထုတ်လာပြီး Mustang ကော Camaro ကော အမေရိကန်ကားသိပ်မစစ်ချင်သလိုဖြစ်လာပါတယ်။
စျေးကွက်ထဲ တစ်ယောက်ကို တစ်ယောက်ယှဥ်ဖို့ထက် Oil Crisis ဖြစ်ရပ်ဆိုးကြီးကို ကျော်ဖြတ်နိုင်ဖို့ဘဲ ပိုအာရုံစိုက်ခဲ့ရတော့ performance တွေကျလာခဲ့တယ်ဗျ။ Base model နှစ်မျိုးလုံးမှာ 105 hp အများဆုံးသာရှိတဲ့ inline 6 လေးတွေနှင့် 0-60 ရောက်ဖို့ ၁၀ စက္ကန့်ကျော်ကျော်ဖြစ်နေတော့ ၁၉၇၀-၈၀ ကာလက Mustang၊ Camaro ပြိုင်ဖက်နှစ်ယောက်လုံးအတွက် ခေတ်မကောင်းခဲ့ချိန်ပေါ့။ ၁၉၇၀ ထုတ် Camaro တွေကို ရုပ်ဆိုးတယ်ပြောကြပေမယ့်လည်း အံ့သြစွာနှင့် ဒုတိယမျိုးဆက်က Mustang ထက် ရောင်းအားအစီးရေ ၁ ထောင်ကျော်လောက် သာခဲ့တယ်တဲ့ဗျ။ သိပ်အများကြီးမဟုတ်ပေမယ့် ဆီစျေးတက်နေချိန် ဒီလောက်ရောင်းရတာက Chevy ကုမ္ပဏီအတွက် ကျေနပ်စရာရလဒ်ပါ။
𝗖𝗵𝗮𝗽𝘁𝗲𝗿 𝟮_______𝗟𝗶𝘃𝗲 𝘂𝗽 𝘄𝗶𝘁𝗵 𝘁𝗵𝗲 𝗡𝗮𝗺𝗲
၁၉၆၆ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့မှာ Camaro ကို ဒီထရိုက်မြို့၊ သတင်းစာရှင်းလင်းပွဲတွင် စတင်မိတ်ဆက်ပြီး ၇ ရက်ကြာ၊ စက်တက်ဘာလ ၁၉ ရက်နေ့မှာ လောစ့် အန်ဂျလိစ်မြို့တွင် ထပ်မံမိတ်ဆက်ခဲ့ပါတယ်။ ရောင်းချမယ့်မော်ဒယ်အတွက် လူသိထင်ရှား ပွဲထုတ်မှုကိုတော့ စက်တင်ဘာ ၂၆ ရက်နေ့တွင် ကျင်းပပြီး အားလုံးစောင့်မျှော်နေကြတဲ့ Camaro ကို စက်တင်ဘာ ၂၉ ရက်နေ့မှာ စတင်ရောင်းချခဲ့ပါတယ်။ ထုတ်လုပ်မှုက ၁၉၆၆ ကတည်းက ဆိုပေမယ့် Model Year ကိုတော့ ၁၉၆၇ ခုနှစ်မော်ဒယ်လို့ ဖော်ပြထားပါတယ်။ Chevy Nova ပေါ်မှာ အခြေခံတည်ဆောက်ထားပြီး 2+2 coupe၊ Convertible အစရှိသဖြင့် မြင်တွေ့နေကြ body style တွေနှင့် ရောင်းချခဲ့ပါတယ်။ သို့ပေမယ့် အခုလို coupe ရယ်လို့ ဖြစ်မလာခင် Camaro က station wagon ဖြစ်ခဲ့ပါသေးတယ်။ စတင်ရောင်းချတဲ့ ပထမမျိုးဆက်မှာတင် အင်ဂျင် (၈) မျိုးအထိ ရွှေးချယ်မှုပေးထားခဲ့တယ်ဗျ။
𝖲𝗍𝖺𝗇𝖽𝖺𝗋𝖽 𝖬𝗈𝖽𝖾𝗅 𝗂𝗇𝗅𝗂𝗇𝖾-6
________________________
• 230 cu in (3.8L) L26
• 250 cu in (4.1L) L22
၁၉၆၀-၇၀ လောက်က inline-6 ဆိုတော့ power figure ကလည်း တစ်ရာကျော်ရုံလေးတင်ရှိပါတယ်။ အနည်းငယ်ပျင်းဖို့တော့ ကောင်းတာပေါ့နော်၊ သို့ပေမယ့် ဒီ standard model က ပထမမျိုးဆက်ကို ထုတ်လုပ်ခဲ့တဲ့ ၂ နှစ်အတွင်း အစီးရေနှစ်သိန်းကျော်မှာ တစ်သိန်းနှစ်သောင်းလောက် သူတို့တွေချည်းဘဲဗျ။
(cu in = ကုဗစ်လက်မ)
𝖵8 𝖮𝗉𝗍𝗂𝗈𝗇𝗌
________________________
• 302 cu in (4.9L) Z28
• 307 cu in (5.0L) L14
• 327 cu in (5.4L) L30
• 350 cu in (5.7L) L65
• 396 cu in (6.5L) L34
• 427 cu in (7.0L) ZL1
V8 Camaro တွေထဲ ကိန်းဂဏန်းများစွာရှိလို့ တော်တော်လေးတော့ ရှုပ်ပါတယ်။ Trim Level တွေမှာ RS (𝘳𝘢𝘭𝘭𝘺 𝘴𝘱𝘰𝘳𝘵), SS(𝘴𝘶𝘱𝘦𝘳 𝘴𝘱𝘰𝘳𝘵) နှင့် Z28(𝘱𝘦𝘳𝘧𝘰𝘮𝘢𝘯𝘤𝘦) ဆိုပြီး သုံးမျိုးရှိပါတယ်။ ပြင်ပ ပြောင်းလဲမှုတွေဆိုရင် အင်ဂျင်အရွယ်အစားကွာသွားမယ်၊ headlights နှင့် ဒီဇိုင်းအနည်းငယ်လေးကွာသွားမယ်ပေါ့၊ Transmission တွေကတော့ 2 speed ကနေ 4 speed auto (or) manual ဆိုပြီး ရွေးချယ်ခွင့်ပေးထားပါတယ်။ Z28 အင်ဂျင်က 302 cu in (4.9L) ဖြစ်ပြီး Boss 302 Mustang ရဲ့ နှစ်ယောက်မရှိသော ပြိုင်ဘက်ဖြစ်ပါတယ်။ ပထမမျိုးဆက်ရဲ့ Camaro Z28 မော်ဒယ်ကို အစီးရေ ၆၀၂ စီးတည်းသာ တည်ဆောက်ရောင်းချပေးခဲ့ပြီး utlimate model လို့ ခေါ်ဆိုထိုက်ပါတယ်။ Z28 မှာ ဘာ Chevy ရဲ့ နာမည်ကျော် Small Block V8 (အမည် = Turbo Fire) ပါဝင်ပြီး 290hp၊ 290 lb-ft of torque ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ၇၀ ခုနှစ်က ကားတစ်စီးအတွက် ဒီလောက်မြင်းကောင်ရေအားက မဆိုးဘူးလို့ပြောရမယ်ဗျ၊ 0-60 ကို ၇.၇ စက္ကန့်ဆိုတာကလည်း သူ့ခေတ်သူ့အခါက အတော်အသင့်မြန်သေးတဲ့အတွက် Z28 Camaro တွေက အောင်မြင်ခဲ့ပါတယ်။ Z28 က 0-60 မှာ Boss 302 Mustang ကို ယှဥ်ပြိုင်နိုင်ခြင်းမရှိသော်လည်း Mustang Shelby GT500 ကိုတော့ ZL1 (7.0L)မှ မြင်းကောင်ရေ ၁၀၀ လောက်အသာနှင့် အနိုင်ယူနိုင်ပါတယ်။ ZL1 ကို စာဖတ်သူလည်း မြင်ဖူးလောက်မယ်ဆိုပေမယ့် ၁၉၆၉ ခုနှစ်ထုတ် မူလမျိုးဆက်မှ ZL1 Camaro ကတော့ ယနေ့ခေတ်မှာ မြင်နိုင်ဖို့ခက်ခဲပြီး အတော်လေးရှားပါးနေပါပြီ။
𝘁𝗮𝘁𝗶𝗼𝗻 𝗪𝗮𝗴𝗼𝗻 𝗗𝗲𝘀𝗶𝗴𝗻 𝗳𝗼𝗿 𝗖𝗮𝗺𝗮𝗿𝗼
••••••••••••••••••••••••••••••••••••••••••••••••
Chevy ကုမ္ပဏီဟာ mustang မိတ်ဆက်ပြီးချိန် တုံ့ပြန်နိုင်ဖို့ အသင့်ပြင်ဆင်မှု ဘာမှမရှိခဲ့တာကြောင့် code- name: 𝘗𝘢𝘯𝘵𝘩𝘦𝘳 ကို လျို့ဝှက်စွာ စတင်ခဲ့ပါတယ်။ ထောက်လှန်းရေးကောင်းတဲ့ ဂျာနယ်လစ်တွေကလည်း automotive သတင်းတွေမှာ "Chevy ဟာ Ford Mustang ကို ယှဥ်ပြိုင်ဖို့ Panther မော်ဒယ်ကို ပြင်ဆင်နေတယ်" လို့ သတင်းဖြန့်တော့ Camaro ရယ်လို့ မမွေးဖွားခင်ကတည်းက Mustang နှင့် ပြိုင်ဖက်လိုဖြစ်နေခဲ့တယ်ဗျ။ GM ပြန်ကြားရေးအရာရှိတွေကလည်း လူသိခံရခြင်းနည်းတူ တမူထူးအောင် မိတ်ဆက်ချင်တာကြောင့် ၁၉၆၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှာ ဂျာနယ်လစ် အယောက် ၂၀၀ ခန့်ဆီ ကြေးနန်းစာ နှစ်ဆောင်ပေးပို့ခဲ့ပါတယ်။ ပေးပို့ခဲ့သော ကြေးနန်းမှာ
(𝖮𝗋𝗂𝗀𝗂𝗇𝖺𝗅 𝖲𝗍𝖺𝗍𝗆𝖾𝗇𝗍)
" 𝘗𝘭𝘦𝘢𝘴𝘦 𝘴𝘢𝘷𝘦 𝘵𝘩𝘦 𝘯𝘰𝘰𝘯 𝘰𝘧 𝘑𝘶𝘯𝘦 28 𝘧𝘰𝘳
𝘪𝘮𝘱𝘰𝘳𝘵𝘢𝘯𝘵 𝘚𝘌𝘗𝘈𝘞 𝘮𝘦𝘦𝘵𝘪𝘯𝘨. 𝘏𝘰𝘱𝘦 𝘺𝘰𝘶
𝘤𝘢𝘯 𝘣𝘦 𝘰𝘯 𝘩𝘢𝘯𝘥 𝘵𝘰 𝘩𝘦𝘭𝘱 𝘴𝘤𝘳𝘢𝘵𝘤𝘩 𝘢 𝘤𝘢𝘵.
𝘋𝘦𝘵𝘢𝘪𝘭𝘴 𝘸𝘪𝘭𝘭 𝘧𝘰𝘭𝘭𝘰𝘸...."
𝘑𝘰𝘩𝘯 𝘓. 𝘊𝘶𝘵𝘵𝘦𝘳
𝘊𝘩𝘦𝘷𝘺 𝘱𝘶𝘣𝘭𝘪𝘤 𝘳𝘦𝘭𝘢𝘵𝘪𝘰𝘯𝘴
𝘚𝘌𝘗𝘈𝘞 𝘴𝘦𝘤𝘳𝘦𝘵𝘢𝘳𝘺
(𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝖾𝖽 𝖲𝗍𝖺𝗍𝗆𝖾𝗇𝗍)
" ကျေးဇူးပြု၍ အရေးကြီး 𝘚𝘌𝘗𝘈𝘞 𝘮𝘦𝘦𝘵𝘪𝘯𝘨
အတွက် ဇွန်လ ၂၈ ရက်၊ နေ့လယ်ခင်းကို
အချိန်ပေးကြပါခင်ဗျ။ တွေ့ဆုံမှုကနေ
ရရှိနိုင်သမျှ အကြံအဉာဏ်၊ အကူအညီကို
မျှော်လင့်နေမိပါတယ်။ အသေးစိတ်အချက်
များ လာရန်ရှိသည်...."
ဂျွန် အယ်လ်. ကတ်တာ
𝘊𝘩𝘦𝘷𝘺 လူမှုဆက်ဆံရေး
𝘚𝘌𝘗𝘈𝘞 အတွင်းရေးမှုး
(𝖮𝗋𝗂𝗀𝗂𝗇𝖺𝗅 𝖲𝗍𝖺𝗍𝗆𝖾𝗇𝗍)
" 𝘚𝘰𝘤𝘪𝘦𝘵𝘺 𝘧𝘰𝘳 𝘵𝘩𝘦 𝘌𝘳𝘢𝘥𝘪𝘤𝘢𝘵𝘪𝘰𝘯 𝘰𝘧 𝘗𝘢𝘯𝘵𝘩𝘦𝘳𝘴
𝘧𝘳𝘰𝘮 𝘵𝘩𝘦 𝘈𝘶𝘵𝘰𝘮𝘰𝘵𝘪𝘷𝘦 𝘞𝘰𝘳𝘭𝘥(𝘚𝘌𝘗𝘈𝘞) 𝘸𝘪𝘭𝘭
𝘩𝘰𝘭𝘥 𝘧𝘪𝘳𝘴𝘵 𝘢𝘯𝘥 𝘭𝘢𝘴𝘵 𝘮𝘦𝘦𝘵𝘪𝘯𝘨 𝘰𝘯 𝘑𝘶𝘯𝘦 28...."
𝘑𝘰𝘩𝘯 𝘓. 𝘊𝘶𝘵𝘵𝘦𝘳
𝘊𝘩𝘦𝘷𝘺 𝘱𝘶𝘣𝘭𝘪𝘤 𝘳𝘦𝘭𝘢𝘵𝘪𝘰𝘯𝘴
𝘚𝘌𝘗𝘈𝘞 𝘴𝘦𝘤𝘳𝘦𝘵𝘢𝘳𝘺
(𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝖾𝖽 𝖲𝗍𝖺𝗍𝗆𝖾𝗇𝗍)
" Automotive လောကမှ Panther များကို
အပြီးတိုင်ဖျက်သိမ်းသွားရန်အတွက်
အသင်းအဖွဲ့(𝘚𝘌𝘗𝘈𝘞) ၏ ပထမဆုံးနှင့်
နောက်ဆုံး meeting ကို ဇွန်လ ၂၈ ရက်နေ့မှာ
ပြုလုပ်သွားပါမည်..."
ဂျွန် အယ်လ်. ကတ်တာ
𝘊𝘩𝘦𝘷𝘺 လူမှုဆက်ဆံရေး
𝘚𝘌𝘗𝘈𝘞 အတွင်းရေးမှုး
(ဘာသာပြန်အမှားပါခဲ့ရင် ထောက်ပြပေးကြပါခင်ဗျာ)
ရုတ်တရက်ကြီး ကြေးနန်းစာဆောင်ဝင်လာပြီး SEPAW ပထမဆုံးနှင့် နောက်ဆုံး meeting ဆိုတော့ ဘာကိုပြောလို့ပြောချင်မှန်းမသိဘဲ အဖြေရှာမရဖြစ်ခဲ့ပါတယ်။ ဒီလိုနှင့် ဇွန် လ ၂၈ ရက်နေ့ရောက်ရှိလာတဲ့အခါ GM မှ SEPAW meeting ကို ဒီထရိုက်မြို့ (Detroit)၊ Statler-Hilton ဟော်တယ်တွင် အမေရိကန်မြို့ကြီး ၁၄ မြို့ဆီ တိုက်ရိုက်ချိတ်ဆက်သော တယ်လီဖုန်းလိုင်းမှ တဆင့်ကျင်းပခဲ့ကာ သမိုင်းရဲ့ ပထမဆုံး 'Mass Teleconference' ဖြစ်ခဲ့ပါတယ်။
SEPAW meeting မှာ Chevy အထွေထွေမန်နေဂျာ Pete Estes က ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ကို တက်ရောက်သူအားလုံးဟာ SEPAW ရဲ့ အဖွဲ့ဝင်တွေဖြစ်ပြီး ယခုတွေ့ဆုံမှုဟာလည်း ပထမဆုံးနှင့် နောက်ဆုံးသော SEPAW meeting ပါလို့ တစ်ပါတည်းပြောကြားခဲ့ပါတယ်။ ထို့နောက် မော်ဒယ်လိုင်းအသစ်တစ်ခုနှင့် ဒီဇိုင်းပရောဂျက်: XP-836 ကို ကြေငြာခဲ့ပါတယ်။ စာဖတ်သူက ကြေငြာမည့် မော်ဒယ်သစ်နာမည်ကို Camaro မှန်းသိပြီးသားဖြစ်မှာပေါ့နော်။ ဒါပေမယ့် မသိကြသေးတဲ့ သူတွေက Camaro နာမည်ကို ဘာပြောချင်မှန်း အဓိပ္ပါယ်ဖော်မရဖြစ်နေခဲ့ပါတယ်။ ဒီတော့ Pete က "Camaro ဆိုတာ သေးငယ်၊ ရက်စက်ပြီး Mustang တွေကို သတ်ဖြတ်စားသောက်တတ်တဲ့ တိရစ္ဆာန်တစ်ကောင်" လို့ ဖြေကြားခဲ့တယ်ဗျ။
Chevy ကားအသစ်က Mustang ကို ယှဥ်ပြိုင်ဖို့မှန်း လူတိုင်းလိုလိုသိပေမယ့် အခုလိုပြောလိုက်တော့ Camaro နှင့် Mustang တို့ဟာ သားကောင် နှင့် သားရဲဆန်ဆန် ဖြစ်လာပါတယ်။ ဒါကလည်း ကောင်းတဲ့အချက်ဘဲဗျ၊ ပြင်သစ်ဗန်းစကားအရ Camaro ကို ရဲဘော်ရဲဘက်၊ သူငယ်ချင်းလို့သာ အဓိပ္ပါယ်ဖော်ကြမယ်ဆို မိသားစုကားလိုလို၊ လူငယ်စီးကားအသေးစားလိုလိုဘဲ ဖြစ်နေမှာ၊ အခုလို ဒဲ့ပြောလိုက်တော့မှ Camaro နာမည်က aggressive ဖြစ်လာတယ်လို့ စိတ်ထဲခံစားမိပါတယ်။ စာဖတ်သူကော ဘယ်လိုထင်မိပါသလဲ...?