7 w - Translate

IP69 Rating ပါတဲ့ OPPO A15 Pro
OPPO က သာမန်ထက်ပိုတဲ့ အကြမ်းခံနိုင်မှုနဲ့ ရေဒဏ် ဖုန်ဒဏ်ခံနိုင်မှု IP 69 အဆင့်ရှိပြီး ဈေးတန်းတူ စမတ်ဖုန်းများအကြား အကြမ်းခံနိုင်မှု မြင့်မားတဲ့ OPPO A5 Pro ကို ဝယ်ယူသူတွေအတွက် 180 Days Screen Protection Plan ၊ အားပြန်သွင်းပြီး အသုံးပြုနိုင်တဲ့ LED မီးအိမ် နဲ့အတူ ATOM Package တွေကို အထူး လက်ဆောင်အဖြစ် ပေးအပ်သွားမှာဖြစ်ပါတယ်။
OPPO A5 Pro မှာ ပါ၀င်တဲ့ IP68/69 က ဘာလို့ အခြားစမတ်ဖုန်းတွေနဲ့ မတူညီဘဲ ထူးခြားနေရတာလဲ
သာမန်အားဖြင့် စမတ်ဖုန်းတွေမှာ ပါဝင်လာတဲ့ IP Rating ဟာဆိုရင် Ingress Protection Rating လို့ ခေါ်ဆိုတာဖြစ်ပြီး ပထမ စာလုံး I ဟာ ဖုန်ဒဏ် သဲ ဒဏ်တွေကို ခံနိုင်ရည်ရှိကြောင်းပြတဲ့ စကားလုံးဖြစ်သလို အနောက် စာလုံး P ဟာဆိုရင် ရေစိုဒဏ် ရေစိမ်ဒဏ် ခံနိုင်ရည်ရှိမှုကို ဖော်ညွှန်းထားတာဖြစ်ပါတယ်။ IP Rating ကို ပြောရမယ်ဆိုပါက ဖုန်ဒဏ် သဲဒဏ် ခံနိုင်မှုကို ဖော်ပြတဲ့ I မှာဆိုရင် အဆင့် (၀) မှ (၆) အထိ ရှိပြီး ၆ ဆိုတာက အမြင့်ဆုံး ဖုန်ဒဏ် သဲဒဏ်ခံနိုင်ရည်ရှိမှုကို ဖော်ပြပါတယ်။ အနောက်စာလုံး P မှာဆိုရင် အဆင့် (၀) မှ (၉) အထိရှိပြီး အဆင့် ၉ ဟာဆိုရင် ရေစိမ်၊ ရေစိုဒဏ်ခံနိုင်မှု အမြင့်ဆုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ယခုနောက်ပိုင်းစမတ်ဖုန်းတွေမှာဆိုရင် IP 68/69 အဆင့်အထိ မာကြောမှုဒဏ်ကို ခံနိုင်ရည်ရှိကြောင်း ဖော်ပြလာကြပြီဖြစ်ပါတယ်။
မာကြောမှုဆိုင်ရာ စမ်းသပ်ချက် ၁၄ ခုကို အောင်မြင်ထားပြီး Military-Grade Shock Resistance လက်မှတ်ရရှိထားတဲ့ OPPO A5 Pro ရဲ့ Screen Cover ကိုလဲ အခြားသော စမတ်ဖုန်းတွေမှာ အသုံးပြုတဲ့ ပုံမှန် Double-tempered Glass တွေထက် ၁၆၀ ရာခိုင်နှုန်းအထိ ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးနိုင်တဲ့ အဆင့်မြင့် Double-tempering Glass ကို အသုံးပြုထားပါတယ်။ ဒါအပြင် Motherboard Cover အတွက်ဆိုရင်လဲ အားကောင်းတဲ့ Aluminium သတ္တုစပ် ကိုယ်ထည် AM04 က ဖုန်းရဲ့ အရေးကြီးတဲ့ အဓိကအစိတ်အပိုင်းတွေကို ကာရံထားပြီး Camera ၊ Motor ၊ Speaker ၊ Battery နဲ့ အခြားအရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ပွတ်တိုက်မိတဲ့အခါ အပေါ်မှ လေအိတ်ငယ်ကဲ့သို့ ကာကွယ်ပေးနိုင်မဲ့ Sponge Bionic Cushioning ကို ထည့်သွင်းအသုံးပြုလာတာဖြစ်ပါတယ်။
အပူရော အအေးပါ ခံနိုင်ရည်ရှိပြီး အကြမ်းခံနိုင်မှုတွေကြောင့် သုံးစွဲသူတွေနဲ့ စမတ်ဖုန်းချစ်သူတွေအကြား နာမည်ကျော်ကြားနေဆဲဖြစ်တဲ့ OPPO A5 Pro ဟာ ဒီဇိုင်းအားဖြင့် စတိုင်ကျလှပနေသလိုပဲ နေ့စဉ်သုံးရတဲ့အခါမှာလဲ IP69 ၊ IP68 နှင့် IP66 ရေနှင့်ဖုန်ဒဏ်ခံနိုင်ရည် ပါရှိရုံသာမက Military-Grade Shock Resistance အားဖြင့်လဲ အကြမ်းခံနိုင်တာဖြစ်ပါတယ်။ ရေစို ရေစိမ်ခံနိုင်တာနဲ့ပတ်သက်ပြီး OPPO A5 Pro ဟာ သာမန် IP 69 အဆင့်ပါရှိတဲ့ဖုန်းတွေထက် ဖုန်းရဲ့ အတွင်းအစိတ်အပိုင်းတွေထဲအထိ ထိခိုက်မှုနဲ့ ရေစိမ့်ဝင်မှုတွေ မဖြစ်ပေါ်စေနိုင်အောင် ဖန်တီးထုတ်လုပ်ထားတာဖြစ်ပါတယ်။
ဘက်စုံကာကွယ်မှုအပိုင်းမှာဆိုရင်လဲ OPPO A5 Pro ဟာ သာမန်ရေစိမ်ခံနိုင်ရုံသာမက အပူချိန်မြင့်တဲ့ရေအထိ ရေစိမ်ခံနိုင်ခြင်း၊ ဖိအားမြင့် ရေဖြန်းခြင်းနဲ့ ဖုန်မှုန့်ဝင်ရောက်ခြင်းမှလဲ ကာကွယ်ပေးနိုင်အောင် ဖုန်းရဲ့ ဘေးဘက်နေရာအားလုံးကို လေလုံစေဖို့ ဆီလီကွန်ကွင်းတွေနဲ့ ကော်တွေ သုံးကာ အထူးတလည် ပိတ်ထားတာကြောင့် အလွှာနှစ်ခုပါရှိတဲ့ Sponge Bionic Cushioning နဲ့အတူ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ သုံးစွဲသူတွေ စိုးရိမ်နေကြတဲ့ ဖုန်းရဲ့ အရေးပါတဲ့အစိတ်အပိုင်းတွေကို ရေစိမ့်ဝင်ခြင်း နဲ့ ထိခိုက်ခြင်းတွေမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
အတွင်းရော အပြင်ပါ အကြမ်းခံတဲ့ OPPO A5 Pro က နေ့စဉ် ဘဝမှာ ခပ်ကြမ်းကြမ်းသုံးနိုင်လောက်အောင် ဖန်တီးထားသလို ဈေးနှုန်းတူ ဝန်းကျင် ဖုန်းတွေအကြား AI လုပ်ဆောင်ချက်တွေ ပါရှိလာတာကြောင့် သုံးစွဲသူတွေအတွက် ဘက်စုံအဆင်ပြေစေမဲ့ ဖုန်းတစ်လုံးအဖြစ် သတ်မှတ်နိုင်မှာဖြစ်ပါတယ်။

image
7 w - Translate

ဒီတစ်ခါတော့ Performance ကောင်းလောက်ပြီ 👀
.
Xiaomi ကနေ မကြာခင်မှာ ကိုယ်ပိုင် XRING O1 Chip ကို မိတ်ဆက်သွားမှာဖြစ်ပြီး Xiaomi 15S Pro က ပထမဆုံး XRING O1 Chip နဲ့ ဖုန်းဖြစ်လာမှာပါ။ ဒါ့အပြင် Xiaomi Civi 5 Pro ၊​ Xiaomi YU7 EV နဲ့ တခြား Ecosystem Product အသစ်တွေကိုလည်း တစ်ခါတည်း မိတ်ဆက်သွားမယ်လို့ သိရပါတယ်။
ဘယ်အချိန်မိတ်ဆက်မလဲဆိုတာကိုတော့ Xiaomi ဘက်က မကြေညာသေးပေမယ့် အခုဆို Xiaomi ရဲ့ ကိုယ်ပိုင် XRING O1 Chip ရဲ့ စွမ်းဆောင်ရည်ကို သိရှိလာရပြီဖြစ်ပါတယ်။
အခုထွက်ပေါ်လာတဲ့ Geekbench Benchmark အရ Xiaomi XRIN O1 Chipset ဟာ Single-Core မှာ 2700 ဝန်းကျင်၊ Multi-Core ပိုင်းမှာ 8100 ဝန်းကျင်ရရှိထားပါတယ်။​
ဒါကြောင့် Xiaomi XRING O1 Chip ဟာ လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်က မိတ်ဆက်ခဲ့တဲ့ Qualcomm Snapdragon 8 Gen 3 Chipset ထက် စွမ်းဆောင်ရည်ပိုသာနေမှာဖြစ်ပါတယ်။
Xiaomi XRING 01 Chip ဟာ 10-Core CPU အမျိုးအစားဖြစ်ပြီး 2× 3.90GHz Cortex-X925 | 4× 3.40GHz Cortex-A725 | 2× 1.89GHz Cortex-A725 | 2× 1.80GHz Cortex-A520 Core တွေပါဝင်မှာဖြစ်ပါတယ်။​ GPU ပိုင်းမှာ သတင်းထွက်ထားသလို Immortalis-G925 MC16 (1.795GHz) GPU ကို အသုံးပြုထားပါတယ်။ အဆိုပါ XRING O1 Chip ဟာ TSMC ရဲ့ 3nm Architecture နဲ့ထုတ်ထားတဲ့ Chip အမျိုးအစားဖြစ်တယ်လို့လည်း သတင်းထွက်နေပါတယ်။
ဆိုတော့ ဒီလောက် Performance Level ဆိုရင် Xiaomi 15S Pro ကို စောင့်ကြည့်ရတော့မလားပဲ 👀

image
7 w - Translate

မင်းဖုန်းက ပါးတာ ငါ့ဖုန်းက ပါးတာတွေ ပွက်လောရိုက်နေတာကို နည်းနည်းတော့ မျက်စိနောက်လာပြီထင်ပါတယ်။ Battery 5150mAh ပါတဲ့ ကမ္ဘာ့အပါးဆုံးခေါက်ဖုန်းပိုင်ရှင် Honor Magic V3 တစ်ကောင်တော့ ထပြီး ကိုယ်ထင်ပြလိုက်ပါတယ်။
“Thin Without The Catch” ဆိုတဲ့ စာသားလေးနဲ့အတူပေါ့....
ဘယ်လောက်ပါးပါး ဘတ်ထရီ 3000 / 4000 လောက်နဲ့ တက်မလာနဲ့တော့ကွာ 🥹

image
7 w - Translate

Bitcoin ဈေးတက်အောင် SEC အကောင့် hack ခဲ့သူ


အဖြစ်က မနှစ်ကပါ။ အခုတော့ အဲ့ဒီလူလည်း ထောင်ကျသွားပါပြီ။

၂၀၂၄ ဇန်နဝါရီလတုန်းက SEC (ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်) ရဲ့ X အကောင့် အခိုးခံလိုက်ရပါတယ်။ SEC ဆိုတာက စတော့ရှယ်ယာနဲ့ ငွေကြေးဈေးကွက်ကို ကြီးကြပ်ထိန်းကျောင်းတဲ့ အစိုးရအဖွဲ့ပါ။

ဒီအကောင့်ကို Hack ခဲ့သူက X မှာ "Bitcoin ETFs (Exchange Traded Funds) တွေကို SEC က ခွင့်ပြုလိုက်ပြီ" ဆိုပြီး တင်ခဲ့တာပါ။ Bitcoin ETF တွေ SEC ရဲ့ ရင်းနှီးမြှုပ်နှံမှု စတော့အိတ်ချိန်းဈေးကွက်ဝင်ပြီဆိုတဲ့ ဒီပို့စ်ကြောင့် Bitcoin ဈေး ဒေါ်လာ ၁၀၀၀ ကျော် တက်သွားခဲ့ပါတယ်။

SIM swap လို့ ခေါ်တဲ့ SEC ရဲ့ X အကောင့်နဲ့ ချိတ်ထားတဲ့ ဖုန်းနံပါတ်ကို ပွားပြီး Hack သွားတာပါ။ hack သွားတဲ့သူ နာမည်က SEC ရဲ့ နောက်ဆုံးစာလုံးနဲ့ နာမည်တူ အဲရစ်ကောင်စီလို့ ဖြစ်ပါတယ်။

Bitcoin ETF တွေအတွက် ကောင်စီဘက်က ဆုံးဖြတ်ချက်ကို ဈေးကွက်က မျှော်နေတဲ့အချိန် ဖြစ်လို့ ခဏလေးနဲ့ Bitcoin တွေ ဈေးထိုးတက်ခဲ့ပါတယ်။ နောက်သတင်းမှား ဖြစ်မှန်းသိမှ ပြန်ထိုးကျသွားတာပါ။

အခု သောကြာနေ့မှာပဲ SEC အကောင့် ခိုးခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် အဲရစ်ကောင်စီကို ထောင်ဒဏ် ၁၄ လနဲ့ ၃ နှစ် ခြေချုပ်စောင့်ကြည့်ခံရဖို့ အမိန့်ချမှတ်ခံထားရပါတယ်။

image
7 w - Translate

စင်ကာပူရဲ့အရောင်းရဆုံးကား brand ဖြစ်လာတဲ့ BYD
တရုတ်လျှပ်စစ်ကားကုမ္ပဏီ BYD က ပထမဆုံးအကြိမ် စင်ကာပူရဲ့ အရောင်းရဆုံးကားတံဆိပ် ဖြစ်လာပါတယ်။
Toyota ကြီးစိုးနေတဲ့ စင်ကာပူဈေးကွက်မှာ BYD က ထိပ်ဆုံးရောက်လာတာ ဖြစ်ပြီး ၂၀၂၅ လေးလအတွင်း အစီးရေ ၃၀၀၂ စီးရောင်းချနိုင်ခဲ့တာပါ။ ဒါက စင်ကာပူကားဈေးကွက်ထဲ ရောင်းရသမျှကားအရေအတွက်ရဲ့ ၂၀% ဖြစ်လို့ BYD လူကြိုက်များမှုက အတော်မြင့်တယ်လို့ ပြောရမှာပါ။
BYD ရဲ့ အဓိကပြိုင်ဘက် Toyota နဲ့ Tesla တို့က ဒီ ၄ လအတွင်းမှာ ကားအစီးရေ ၂၀၅၀ နဲ့ ၅၃၅ စီး ရောင်းချနိုင်ခဲ့တာနဲ့ ယှဉ်ကြည့်လို့ ရပါတယ်။ မနှစ်က စင်ကာပူမှာ Toyota ကားအစီးရေ ၇၈၇၆ စီး ရောင်းနိုင်ခဲ့ပြီး BYD က ၆၁၉၁ စီး ရောင်းနိုင်ခဲ့ပါတယ်။
စင်ကာပူ‌ဈေးကွက်ထဲ BYD က ၂၀၂၂ မှာ စဝင်ပါတယ်။ အဲ့ဒီအချိန် Tesla က စင်ကာပူရောက်နေတာ တစ်နှစ်ကျော်ပြီ ဖြစ်ပါတယ်။ စင်ကာပူရောက်ပြီးကတည်းက BYD ကားရောင်းအားက ဆက်တိုက်ထိုးတက်လာနေတာပါ။ ၂၀၂၃ မှာ BYD ရောင်းအား နှစ်ဆတိုးပြီး ၁၄၁၆ စီးအထိ ရှိခဲ့ပါတယ်။
BYD က ထိုင်းလိုမျိုး အရှေ့တောင်အာရှဈေးကွက်တွေမှာလည်း အောင်မြင်မှု ရထားပါတယ်။ ၂၀၃၀ မှာဆို BYD ကားရဲ့ ထက်ဝက်ကို နိုင်ငံခြားဈေးကွက်တွေမှာ ရောင်းနိုင်ဖို့အထိ အိပ်မက်ရှိနေပါတယ်။

image
7 w - Translate

ရီးရဲလ်မက်ဒရစ်ကစားသမားသစ် ဒင်းဟောက်ဂ်ျဆန်ကို ကြိုဆိုဂု၊ဏ်ပြုခဲ့တဲ့ ဆာဂျီယို ရာမို့စ် 🤝❤️

image
7 w - Translate

မန်ချက်စတာယူနိုက်တက်အသင်း‌ဖော်ဟောင်း ဒင်းဟန်ဒါဆန်ကို ဂု၊ဏ်ပြုပေးခဲ့တဲ့ ဒီဂီယာ👏🔴

image
7 w - Translate

ဘင်ဖီကာအတွက် နောက်ဆုံးပွဲစဉ်မှာ ပရိသ၊တ်တွေကိုမျက်ရည်စတွေနဲ့ နှုတ်ဆက်သွားခဲ့တဲ့ ဒီမာရီယာ 🥹🔴

image
7 w - Translate

• ပြင်သစ်လိဂ်ဂူးရွှေဖိနပ်ဆုအတွက် ပူးတွဲရပ်တည်
• မာဆေးအသင်းအတွက် ပွဲဦးထွက်ရာသီမှာ ဂိုးအများဆုံးသွင်းနိုင်တဲ့ကစားသမားအဖြစ် မှတ်တမ်း၀င်
အမှားတွေကိုသင်ခန်းစာယူပြီး အကောင်းဆုံးပြန်လာနိုင်ခဲ့တဲ့ သစ်သားစိမ်းလေး 👏❤️

image
7 w - Translate

🚨ဘရာဇီးကလပ် ပါးမီးရက်စ်အသင်းဟာ ရော်နယ်ဒိုကို တရား၀င်ကမ်းလှမ်းမှုပြုလု၊ပ်ခဲ့တယ်လို့ သိရပါတယ်။
တဖက်မှာလည်း အယ်လ်ဟီလယ်အသင်းနဲ့ သတင်းတွေ ဆက်တို၊က်ထွက်ပေါ်နေပြီး ရော်နယ်ဒိုနဲ့ အယ်လ်နာဆာကြား နောက်ဆုံးအခြေနေရောက်ရှိနေပြီဖြစ်ပါတယ်။

image