7 w - Translate

အကြီးအကျယ်စွန့်စားခန်းပေါ့ဗျာ
တွမ်ဘယ်လိုခရီးနှင်ခဲ့လဲ၊ ပိုက်ဆံမရှိဘဲ
ကမ္ဘာကြီးရဲ့ နေရာတော်တော်များများကို
သူဘယ်လိုအရောက်သွားခဲ့လဲ။ ကျွန်တော်
အခုပြောမှာက တွမ့်အကြောင်းတော့ မဟုတ်ဘူး။
တွမ့်ကို အားကျပြီးတော့ သူလိုမျိုး
လျှောက်သွားဖို့ ကြိုးစားတဲ့ လူလတ်ပိုင်း
လူတစ်ယောက်ရဲ့ အကြောင်းပေါ့။ သူ့လိုရော
ကျွန်တော် သွားနိုင်ပါ့မလား၊ ကျွန်တော် ခဏခဏစဉ်းစားနေမိတယ်။ ဒါပေမဲ့ ပြောခဲ့တဲ့
စကားတစ်ခွန်းကြောင့် ကျွန်တော် ဒီခရီးကိုစခဲ့တယ်။
Twenty years from now
you will be more disappointed
By the things that
you did'nt do that by the ones you did do.
• Mark Twain •
တွမ်ရဲ့ ကမ္ဘာပတ်ခရီးစဉ်က
သူ့အိမ်ကထွက် အဝေးပြေးလမ်းမပေါ်တက်
အဲဒီကနေစတာပဲ။ သူက ကားကြုံတားစီးမယ်၊ အလကားပေးတည်းတဲ့ သူတွေဆီမှာ နေမယ်။
သူ့စရိတ်အတွက် ခရီးတစ်လျှောက်မှာ
ရတဲ့အလုပ် ဝင်လုပ်သွားမယ်ပေါ့ဗျာ။
ကျွန်တော်ကတော့ ငယ်ငယ်ကတည်းက
အရမ်းဂရုစိုက်တဲ့ မိဘနဲ့၊ အိမ်အကူနဲ့
ကြီးပြင်း လာရတာ၊ ကိုယ်စားတဲ့ပန်းကန်တောင်
သူများဆေးပေးနေရတဲ့သူ၊ ရေဘူးလေး
လှမ်းပါဦးဆိုတဲ့ လူမျိုးပေါ့။ ဒါပေမဲ့
တွမ်ပြောတဲ့စကားကို ကြိုက်တယ်။
အဲဒီစကား ကပဲ ကျွန်တော့်ကို ကြီးမားတဲ့
တွန်းအားတစ်ခုဖြစ်စေခဲ့တယ်။ သူပြောတာက
အဲဒီလိုလျှောက်သွားဖို့ အရဲရင့်ဆုံးလူတစ်ယောက်
ဖြစ်ဖို့ မလိုဘူး။ ဟော်လီးဝုဒ် ရုပ်ရှင်ထဲက
မင်းသားတစ်ယောက်လည်းဖြစ်ဖို့ မလိုဘူး။
သတ္တိနည်းနည်းရှိရင်ရပြီ။ အဲဒါကတော့
ထွက်ခွာဖို့သတ္တိ၊ အဲဒီလို ငွေနည်းနည်းပါးပါးနဲ့
ခရီးသွားဖို့ ကျွန်တော့်သူငယ်ချင်းတွေကို
ပြောပြတော့ ဒီကောင်တွေက ဘာမှတ်နေလဲ
မင်းကို ကလီစာ ထုတ်ရောင်းလိမ့်မယ်၊
တချို့ကကျတော့လည်း မင်းရူးနေလား၊
ပိုက်ဆံမပါဘဲနဲ့ မြန်မာ တစ်ယောက်အနေနဲ့
ဒါမျိုးက မဖြစ်နိုင်ဘူး။ ဒါမျိုးက လူဖြူတွေပဲ
လုပ်လို့ရတာကွ။ မင်းတစ်ခုခုဖြစ်ရင်
မြန်မာသံရုံးက မင်းကိုလာမခေါ်ဘူး။
တချို့တွေကတော့ မင်းလု ခံရမှာ။
တစ်ယောက်ယောက်က မင်းကို မုဒိမ်းကျင့်လိမ့်မယ်။ အဲဒီလိုမျိုး ကျွန်တော်တို့ ဖြတ်သန်းကြီးပြင်းလာတဲ့
ဖိနှိပ်ဘောင်ခတ်ပုံစံခွက်ထဲက အသားကျနေတဲ့
အမြင်တွေနဲ့ ဝိုင်းပြောကြပါတယ်။ ပထမတော့ ကျွန်တော် ညစ်သွားတယ်။ ငါရူးနေပြီလားပေါ့။
ဒီတော့ ကျွန်တော် စဉ်းစားမိတာက
ငွေနည်းနည်းလေးနဲ့ ခရီးသွားတာ လူဖြူတွေပဲ
လုပ်လို့ရတဲ့ကိစ္စဆိုတာ ဟုတ်ရဲ့လား၊
သွားတဲ့နည်းလမ်းတချို့ကိုသိရင်
ကျွန်တော်တို့ရော သွားလို့မရနိုင်ဘူးလား။
ဘော်ဒါတစ်ယောက်၊ နှစ်ယောက်လောက်ကတော့
လုပ်ကွာလို့ အားပေးကြပါတယ်။
အမေ့ကိုပြောတော့ သွားချင်တဲ့ဆီသွား၊
တစ်နေ့ သူ့ဆီကိုသာ ရောက်အောင်ပြန်လာခဲ့တဲ့။
အစက သွားဖြစ်ရင် လိုက်မယ်ဆိုတဲ့
လူတွေကလည်း သွားကာနီးမှာ အမေနဲ့
တိုင်ပင်ဦးမယ်၊ စာမေးပွဲဖြေရဦးမယ်၊
ကျူရှင်တက်ဦးမယ်တွေ ဖြစ်ကုန်ကြတာပေါ့။ သူငယ်ချင်းတွေနဲ့ ခရီးသွားဖို့ချိန်းရင်
ဘယ်လိုဖြစ်တတ်တယ်ဆိုတာ
ကျွန်တော်မပြောလည်း အားလုံးသိပြီးသားပါ။
ဒါနဲ့ ကျွန်တော် တွမ်ပြောသလို သိပ်မတွေးတဲ့
နည်းလမ်းကို အသုံးပြုလိုက်ပါတယ်။
❝ ငါ India သွားမယ် ❞
• ရဲငွေစိုး •
× × × × × × ×
အစီအစဉ်မဲ့ ခရီးသွားဟာ
ပုံမှန်သမားရိုးကျ ခရီးသွားအကြောင်းအရာတွေနဲ့
ကွဲပြားတဲ့အတွေ့အကြုံတွေကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ဖန်တီးထား နိုင်တယ်။ အရေးကြီးတယ်လို့ ကျွန်တော်ခံယူထားတဲ့လွတ်လပ်မှုနဲ့
ကိုယ်ပိုင်ဟန်ကို ဖော်ကြူးနိုင်ခဲ့တယ်။
ဒီစာအုပ်ကိုဖတ်ရင်း စာရေးသူကြိုက်တဲ့
သီချင်းတွေ၊ အနုပညာ တွေနဲ့အတူ
လွင့်မျောနိုင်ပါလိမ့်မယ်။
• မျိုးဇေယျာဦး •
× × × × × ×
ဒီစာအုပ်လေးမှာ စာဖတ်ရင်း ရဲငွေစိုးနှင့်အတူ
သူသွားခဲ့တဲ့ ခရီးစဉ်တွေကို Video အနေနဲ့ပါ
ခံစားနိုင်ဖို့၊ အခန်းတိုင်းရဲ့အဆုံးမှာ
စာဖတ်ပရိသတ်ရဲ့ ဖုန်းနဲ့ Youtuneကနေ
ကြည့်နိုင်ဖို့ QR Code တွေ ထည့်ပေးထားပါတယ်။
ဖုန်းနဲ့ Scan ဖတ်ပြီးကြည့်နိုင်ပါတယ်။
လူငယ်တွေ ခရီးတွေများများ ထွက်နိုင်ဖို့
ဆန္ဒပြု မျှော်လင့်ရင်း. . .
• စာပေလောက •

image
7 w - Translate

❝ ကမ္ဘာကြီးလုံးတယ်ဆိုတုန်းကလည်း
ကျွန်တော်ပြုံးမိပါတယ်။
တယ်လည်းလျှာရှည်တဲ့
ပညာတတ်တွေပဲလို့။
တစ်ခါ
ကမ္ဘာကြီးပြားပြန်ပြီတဲ့
ဘယ်လိုဖြစ်ရတာတုံး။
အင်းပေါ့လေ။
တယ်လည်းလျှာရှည်တဲ့
ပညာတတ်တွေပဲကိုး။
ကမ္ဘာကြီးဟာ
သူတို့အလိုအရ လုံးရပြားရ။
သူတို့အလုပ်က
တော်တော်လည်းဟုတ်တယ်လို့
သူတို့ဘာသာသူတို့
သက်သေပြချက်ထုတ်ကြတယ်။
ကျွန်တော်ဟာသာမန်ပြည်သူ
ကဗျာတို၊စာတိုလေးတွေ
မရေးတတ် ရေးတတ်နဲ့ရေးနေတဲ့
ကဗျာရေးသူပါ။
ကမ္ဘာကြီးလုံးသည်ဖြစ်စေ
ကမ္ဘာကြီးပြားသည်ဖြစ်စေ
တရားမျှတသောကမ္ဘာကြီးသာ
တောင့်တပါ၏။ ။
• အောင်ချိမ့် •

image

Comrades: Almost A Love Story <br> ဒီရုပ်ရှင်ကို ဟောင်ကောင်ဒါရိုက်တာ Peter Chan က ရိုက်ကူထားပြီး သရုပ်ဆောင်အ‌ေနနဲ့Leon Lai,နဲ့ Maggie Cheung တို့က အဓိကပါဝင်ထားပါတယ်။Romance, Drama အမျိုးအစား

7 w - Translate

❝ မ ခင် ချော မေ ❞
ကျစ်ဆံမြီးလေး ဖြစ်ဖြစ်
အင်္ကျီအစွန်းလေး ဖြစ်ဖြစ်
ခေါက်ထီးကလေး ဖြစ်ဖြစ်ပေါ့။
မခင်ချောမေရေ . . .
ချစ်ခြင်းမေတ္တာကို ခပ်ဝေးဝေးက
တစ်ခါလောက် လှမ်းမြင်ရင် တော်ပါပြီ ။
• အီလစ် •

image
7 w - Translate

❛ မအောင်မြင်တဲ့ ဆိုရှယ်လစ်ခေတ်ရဲ့
နောက်ဆုံးနေ့ ရက်တွေဟာ
လူငယ်လေးတစ်ယောက်ကို
ကျောင်းမှာမသင်တဲ့ အရာတွေကို
သင်ကြားပြသပေးခဲ့တယ်။
နွားနို့ခွက်ဟာ အလွယ်တကူ
အေးစက်သွားတတ်မှန်း၊
လူသားရဲ့ဆန္ဒဟာ တောင်ပံနာနေတဲ့
ဌက်ကလေးတစ်ကောင် ဖြစ်မှန်း၊
တိမ်မည်းတွေထဲမှာ နတ်ဘုရားတွေရဲ့
ရယ်သံတွေ ကိန်းဝပ်နေမှန်း၊
စနစ်တစ်ခုရဲ့ ပင့်ကူအိမ်ဟာ
အဲဒီစနစ်ရဲ့ ခြေတွေ လက်တွေကို
ပြန်တုပ်နှောင်ထားမှန်း၊
လူငယ်လေးကို တစစ
သိမြင်လာစေတဲ့ နေ့ တွေပေါ့လေ ။
▫️အောင်ခင်မြင့် // ဟယ်လိုကော့ပါးနီးကပ်စ်

image

ရုပ်ရှင်စကတည်း အဲ့ကျက်သတုံး နဲ့ ဘယ်အချိန်ပြတ်မလဲစောင့်နေတာ။Bar မှာ Keira လေးက A Step We Can't Take Back ကိုဆိုတော့ အချစ်ကလွဲပြီး ဘာမှ မရှိတဲ့ relationship တစ်ခုကို အတိုင်းသားမြင်ရတယ်။Keira လေးက အဲ့ဘဲကို တအားချစ်ရှာတယ်။သူရုန်းကန်နေရတဲ့အချိန်မှာတောင် အဲ့ငနာအတွက်အမြဲအသင့်ရှိတယ်။အဲ့လူအတွက် ဘာမဆိုပေးဆပ်ရဲတယ်။သူအောင်မြင်ဖို့ ဘ၀ကြီး တစ်ခုလုံးရင်းပြီးပံ့ပိုးတယ်။တစ်လောကလုံးမှာ သူ့‌တစ်ယောက်တည်း ယောက်ျားလို့မြင်တယ်။ဘယ်လောက်ပဲမျက်ရည်နဲ့မျက်ခွက်ဖြစ်ဖြစ် ဒီလူဆီက မခွာနိုင်ဘူး။ဟိုကောင်ကလဲ လူလည်။သူလုပ်ချင်တာလုပ်တယ် အချိုသတ်တယ် ဒီအဖိုးတန်လေးကို လုံး၀လက်မလွှတ်ဘူး။နောက်ဆုံး ဆဲလွှတ်လိုက်တဲ့ အခန်းကျမှ အလုံးကြီးကျသွားတော့တယ်။ခေါင်းဆောင် မင်းသမီးနဲ့ မင်းသားကိုညားမယ်ထင်လိုက်သေးတယ်။ဪ မအေးအေး၀င်းစီစဉ်တဲ့ ဗမာ‌ကားတွေ ငါအတော်ကြည့်ခဲ့တာပဲလို့တောင် ပြန်တွေးမိသေး။
ဒါရုပ်ရှင်ရဲ့ Plot မဟုတ်ပါဘူးနော်။ဒီရုပ်ရှင်လေးကြည့်မိတုန်းက ကိုယ်ဆို ဆယ်ကျော်သက်ရှိသေး။အခု 30 နားကပ်တဲ့အထိ အကြိုက်ဆုံးဖြစ်နေတုန်းပဲ။ Musical/Drama တွေ try ချင်ရင် ဒီရုပ်ရှင်က တကယ့် masterpiece ပဲ။မင်းသားကြီးရဲ့ ဇာတ်အိမ်ကိုဘာတစ်ခုမှ မ mention ခဲ့ဘူးနော်။Mark Rufflo ရဲ့ သရုပ်ဆောင်ချက်တွေက ရူးချင်စရာကောင်းလောက်အောင်လက်ရာမြောက်လွန်းသလို။ကျက်သရေလေး Adam Levine က အဆိုတော် တစ်‌ယောက်ရုပ်ရှင်၀င်ရိုက်နေတယ်လို့ မထင်ရအောင်ကို ပြည်သူ့မေတ္တာခံယူသွားတာ။ City of Stars ကလဲ အထင်ကရ ဇာတ်၀င်တေးဖြစ်ခဲ့သေး။Hollywood မှာပဲ ဒီလို vice versa ဆန်တဲ့ Drama မျိုးရတာ။လေးပင်မနေဘူး ပေါ့ရွှတ်မနေဘူး။Realityကိုဆန့်ကျင်မနေဘူး။ဒီတိုင်း လူ့လောကကြီးထဲက လူတွေ လူသားဆန်နေကြတာပဲ။Director ကြီး John Carney ရဲ့ အကောင်းဆုံးလက်ရာလို့တောင်ဆို‌နိုင်တယ်(Once ကိုကြိုက်မှမကြိုက်တာ)။အဲ့တော့ try ကြည့်ကြ အချိန် 2နာရီက တစ်ခုခုပြန်ရလိမ့်မယ်။
🎥 Begin Again

image

အဖေရုပ်ရှင်
နောက်တချိန် အားလပ်ရက်မှာ အဖေနဲ့အတူ ရုပ်ရှင်ကြည့်ပြီး ဖြတ်သန်းချင်တဲ့သူတွေအတွက် အဖေတွေအကြိုက်တွေ့လောက်မယ့် ဇာတ်ကားတချို့ကို တင်ဆက်လိုက်ရပါတယ်

image

အဖေရုပ်ရှင်
နောက်တချိန် အားလပ်ရက်မှာ အဖေနဲ့အတူ ရုပ်ရှင်ကြည့်ပြီး ဖြတ်သန်းချင်တဲ့သူတွေအတွက် အဖေတွေအကြိုက်တွေ့လောက်မယ့် ဇာတ်ကားတချို့ကို တင်ဆက်လိုက်ရပါတယ်

image

အဖေရုပ်ရှင်
နောက်တချိန် အားလပ်ရက်မှာ အဖေနဲ့အတူ ရုပ်ရှင်ကြည့်ပြီး ဖြတ်သန်းချင်တဲ့သူတွေအတွက် အဖေတွေအကြိုက်တွေ့လောက်မယ့် ဇာတ်ကားတချို့ကို တင်ဆက်လိုက်ရပါတယ်

image

အဖေရုပ်ရှင်
နောက်တချိန် အားလပ်ရက်မှာ အဖေနဲ့အတူ ရုပ်ရှင်ကြည့်ပြီး ဖြတ်သန်းချင်တဲ့သူတွေအတွက် အဖေတွေအကြိုက်တွေ့လောက်မယ့် ဇာတ်ကားတချို့ကို တင်ဆက်လိုက်ရပါတယ်

image