ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Former Pres. Biden is battling an "aggressive" form of prostate cancer, his office announced on Sunday, adding that his condition is characterized by a "Gleason score of 9."
His office also said Biden's diagnosis included metastasis to the bone.
As the world reacts to Biden's medical news, ABC News has broken down what his condition means and what possible treatments can be done.
Read more: https://abcnews.visitlink.me/-7cA5G
Former Pres. Obama posted on X that he and former first lady Michelle Obama are "thinking of the entire Biden family" following former Pres. Biden's cancer diagnosis: "We pray for a fast and full recovery."
Read more: https://abcnews.visitlink.me/gYHkNT
ပုလဲမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးသူ သုံးဦးထက်မနည်းရှိ
မေ ၊၁၉ ၊၂၀၂၅
SP (VOM)
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ချင်ပြစ်ကျေးရွာအုပ်စု ၊နွယ်အင်းကျေးရွာမှာ မနေ့က လေကြောင်းက တိုက်ခံရလို့ အနည်းဆုံး လူသုံးယောက်ထက်မနည်း ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ချင်ပြစ်ကျေးရွာအုပ်စုနေ ဒေသခံတွေက ပြောပါတယ် ။
မနေ့ ေမ ၁၈ရက် နေ့လယ်ပိုင်း ၁၂ နာရီနောက်ပိုင်း ၁ နာရီ ၀န်းကျင် နွယ်အင်းရွာမှာ လေကြောင်းတိုက်ခိုက်ခံရတယ် ၊ ထိခိုက်သေဆုံးသူ အနည်းဆုံး လူသုံးယောက်ထက်မနည်း ရှိတယ်လို့ သိရတယ် ၊ရွာခံတွေက လေကြောင်းရန် ကာကွယ်ဖို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေလို့ အသေအပျောက် စာရင်းအတိအကျ မသိရသေးဘူး " လို့ ချင်ပြစ်ဒေသခံတယောက်က ပြောပါတယ်။
အဲ့ဒီ နွယ်အင်းကျေးရွာ၀န်းကျင်မှာ ဟိုအရင်က ဗိုလ်နဂါးတပ်ဆိုပြီး ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ ရှိခဲ့တယ်လို့ သိရပါတယ်။
" ထိခိုက် သေဆုံးသူတွေကတော့ မကြယ်စင်ဦး (၁၂ တန်း ကျောင်းသူ ) မောင်ဖုန်းမင်းသန့် ၊ဒေါ်မရီ ဆိုသူအပါအ၀င် သုံးယောက်ဟာ အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲ့ဒီဖြစ်စဥ်မှာ မသင်းမြတ် ဆိုသူလည်း ဆေးကုသခံရင်း ထပ်မံသေဆုံးသွားတယ်လို့ နောက်ဆက်တွဲကြားသိရပါတယ်။
နွယ်အင်းရွာခံတယောက် ပြောတာက " ကိုဖိုးတုပ် ကိုလင်းစိန် ၊မောင်ေ၀ယံစိုး ၊ မဆွေမာ၀င်း ၊ မဖြူဖြူလုံး နဲ့ သုံးနှစ်အရွယ် ကလေးငယ် တယာက်လည်း ဒဏ်ရာတွေရခဲ့တယ် " လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်အစပ် မြောက်ယမားဆည်ဘောင်နားမှာ သစ်ကုန်သည်လို့ ယူဆရတဲ့ လူနှစ်ယောက် သတ်ဖြတ်ခံရပြီး ပိုက်ဆံ သိန်းသုံးရာကျော် အပါအ၀င် လက်စွပ် ၊ ဆွဲကြိုး ၊ ဖုန်းနဲ့ ဆိုင်ကယ်တွေပါ ပျောက်ဆုံးနေတဲ့ မှုခင်းဖြစ်စဥ်တခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(မေ - ၁၉ ရက်)
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၃၂၂၆ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၇၁၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၄၈၀၀၀၀ ကျပ်
ဝယ်ဈေး ၇၄၄၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၀၈၀၀၀၀ ကျပ်
ဝယ်ဈေး ၇၀၄၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၃၆၀၀၀၀ ကျပ်
ဝယ်ဈေး ၇၃၂၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၉၆၀၀၀၀ ကျပ်
ဝယ်ဈေး ၆၉၂၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၄၁၀ ကျပ်
ဝယ်ဈေး - ၄၃၆၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၀၀ ကျပ်
ဝယ်ဈေး - ၃၃၆၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၉၇၀ ကျပ်
ဝယ်ဈေး - ၄၈၇၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၇၈ ကျပ်
ဝယ်ဈေး - ၁၃၁.၂၈ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၃၀ ကျပ်
ဝယ်ဈေး - ၁၀၁၅ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၁၅ ကျပ်
ဝယ်ဈေး - ၆၀၄ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၃၀.၅၆ ကျပ်
ဝယ်ဈေး - ၃၀.၂၁ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၇၆ ကျပ်
ဝယ်ဈေး - ၅၀.၇၅ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၈ ကျပ်
ဝယ်ဈေး - ၃.၁၄ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၀၀ ကျပ်
ဝယ်ဈေး - ၅၇၉၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၄၅ ကျပ်
ဝယ်ဈေး - ၂၈၁၃ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၇၀ ကျပ်
ဝယ်ဈေး - ၃၁၁၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၉ ကျပ်
ဝယ်ဈေး - ၅၅၈ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၁၀ ကျပ်
ဝယ်ဈေး - ၁၁၈၅ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အစ္စတန်ဘူလ်ဆွေးနွေးပွဲအပြီး ရက်ပိုင်းအတွင်း မောင်းသူမဲ့လေယာဉ် ၂၇၀ ကျော်ဖြင့် ယူကရိန်းကို ရုရှားအပြင်းထန်ဆုံးတိုက်ခိုက်
ယူကရိန်းစစ်ပွဲ တင်းပြည့်ကျပ်ပြည့် စတင်ခဲ့သည့် ၂၀၂၂ ခုနှစ် နောက်ပိုင်း အပြင်းထန်ဆုံးနှင့် အကြီးမားဆုံး မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုကိုရုရှားနိုင်ငံက မေ ၁၈ ရက် တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် တူရကီနိုင်ငံ အစ္စတန် ဘူလ်မြို့တော်၌ သုံးနှစ်တာ ကာလအတွင်း ပထမဆုံးနှစ်နိုင်ငံ တိုက်ရိုက် ဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် စစ်ကာလတစ်လျှောက် အပြင်းထန်ဆုံး မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုကို ရုရှားနိုင်ငံက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်းတာဝန်ရှိသူများက ပြောကြားသည်။
မေ ၁၈ ရက် မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုတွင် ရုရှားတပ်များသည် မောင်းသူမဲ့လေယာဉ် ၂၇၃ စင်း အသုံးပြု၍ ယူကရိန်းအရှေ့ပိုင်းဒွန်းနက်စ်ဒေသနှင့် ကိယက်ဗ်ဒေသကြီးများကိုတိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းလေတပ်ကသတင်းထုတ်ပြန်ထားသည်။
ယူကရိန်းစစ်ဘက်၏ သတင်းအချက်အလက်များအရ မေ ၁၈ ရက် မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုသည် ယူကရိန်းစစ်ပွဲကာလတစ်လျှောက် မောင်းသူမဲ့လေယာဉ်စင်းရေ အများဆုံးပါဝင်ခဲ့သော တိုက်ခိုက်မှုဖြစ်ကြောင်း သိရသည်။
ရုရှားနိုင်ငံသည် ယူကရိန်းစစ်ပွဲဖြစ်ပွားမှုသုံးနှစ်ပြည့် နှစ်ပတ်လည်အကြိုနေ့ဖြစ်သည့် ယခုနှစ်ဖေဖော်ဝါရီ ၂၃ ရက်ကလည်း ယူကရိန်းနိုင်ငံကို မောင်းသူမဲ့လေယာဉ်များဖြင့် အကြီးအကျယ်တိုက်ခိုက်ခဲ့ရာ ထိုစဉ်ကမောင်းသူမဲ့လေယာဉ် ၂၆၇ စင်းအထိ အသုံးပြုခဲ့သည်။
အစ္စတန်ဘူလ်မြို့တော်၌ မေ ၁၆ ရက်တွင် ကျင်းပခဲ့ပြီး အချိန်ကာလအားဖြင့် တစ်နာရီနှင့်မိနစ် ၄ဝ သာကြာမြင့်ခဲ့သော နှစ်နိုင်ငံတိုက်ရိုက်ဆွေးနွေးပွဲတွင် ရုရှားနှင့်ယူကရိန်းတာဝန်ရှိသူများအနေဖြင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရယူနိုင်မှုမရှိခဲ့ပေ။
မေ ၁၈ ရက် မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုတွင် ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးတပ်များက ရုရှားမောင်းသူမဲ့လေယာဉ် ၈၈ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ရုရှားနိုင်ငံသည် အယောင်ပြမောင်းသူမဲ့လေယာဉ် ၁၂၈ စင်းကိုလည်း အသုံးပြုခဲ့ရာ ယင်းလေယာဉ်များအနေဖြင့်မည်သည့်ပစ်မှတ်ကိုမျှ ထိမှန်ခဲ့ခြင်းမရှိကြောင်း ယူကရိန်းလေတပ်က ထုတ်ဖော်ပြောကြားထားသည်။
ရိုက်တာ
မင်္ဂလာပါရှင် ဖတ်ဖြစ်ခဲ့တဲ့စာအုပ် ဆရာမနုနုရည်(အင်းဝ)ရဲ့ လဝန်းစက်ဝိုင်းထက်ပိုင်းပြတ်ကြွေ ဆိုတဲ့ ရသစာပေဝတ္ထုတစ်ပုဒ်ကို sharing လုပ်ပေးချင်ပါတယ်ရှင်။
စာအုပ်အမည် _ လဝန်းစက်ဝိုင်းထက်ပိုင်းပြတ်ကြွေ
စာရေးဆရာ _ နုနုရည်(အင်းဝ)
အမျိုးအစား _ ရသစာပေ( စိတ်ပညာနှင့်ဆက်နွှယ်ပြီးရေးဖွဲ့ထားသော မိန်းကလေးတစ်ယောက်ရဲ့ဘဝအကြောင်း)
စာမျက်နှာ _ ၂၃၇
ဒီစာအုပ်ကလွန်ခဲ့တော့၂၈နှစ်ခန့်ကရေးသားခဲ့တဲ့စာအုပ်တစ်အုပ်လို့အမှာစာမှာဖော်ပြထားပါတယ်။ဆရာမကဒီစာအုပ်ကိုရေးဖို့ စံလွဲစိတ်ပညာအကြောင်း၊ ကျားမခွဲခြားမှု၊ အိမ်တွင်းအကြမ်းဖက်မှု ( Domestic Violence) စသည့် စိတ်ပညာဘာသာရပ်ဆိုင်ရာ စာအုပ်တွေဖတ်ခဲ့ရတယ်လို့ သိရပါတယ်။
ထူးခြားတာတစ်ခုကတော့ စာအုပ်ထဲက ဇာတ်လိုက်ဖြစ်တဲ့မိန်းကလေးဟာ သူ့စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့အကြောင်းတွေ၊ မြင်ရတွေ့ရတဲ့အရာတွေ၊ ဖြစ်ချင်တာတွေကို သူချစ်ရတဲ့ သူ့အရုပ်လေး “ ဒေါ်လီ” ကိုပြန်ပြောပြနေတဲ့ပုံစံမျိုးရေးဖွဲ့ထားတာဖြစ်ပါတယ်။
ဇာတ်လိုက်မိန်းကလေးက သူ့ဘဝမှာ နာမည် ၃ ခုနဲ့နေထိုင်ခဲ့ရတယ်။ ဘာလို့နာမည်၃ခုနဲ့ နေခဲ့ရတဲ့အကြောင်းကိုပြောပြချင်တာဖြစ်လို့ spoil ဖြစ်သွားရင် တောင်းပန်ပါတယ်ရှင်။
“ အမှောင်ကို ကြောက်တယ် . .
နှင်းဆီပန်းတွေကို မုန်းတယ် . . .
ပုလဲလုံးတွေကို မုန်းတယ် . . .
အတွယ်တာဆုံးကတော့ . . .
ငယ်ငယ်လေးကတည်းက
မခွဲမခွာအတူနေခဲ့တဲ့
ဒေါ်လီအရုပ်ကလေးပေါ့ . . . ။”
လဝန်းစက်ဝိုင်း ထက်ပိုင်းပြတ်ကြွေ
ခွေးနီမ
ခွေးနီမတဲ့ ကြီးတော်ခေါ်တဲ့နာမည်လေ သူသိပ်မုန်းတဲ့နာမည်ပေါ့။ ၇လနှင့်မွေးလို့ အဖေကသူ့သမီး မဟုတ်ဟုစွပ်စွဲကာ သူ့မိဘတွေရန်တွေဖြစ်၊ ကွဲကြကွာကြပြီး ငယ်စဉ်အခါကတည်းက သူ့ကိုကြီးတော်ဆီမှာပစ်ထားခဲ့ကြတယ်။ ကြီးတော်ရဲ့ လက်အောက်မှာ ကြီးပြင်းခဲ့တဲ့သူဟာ ငယ်ငယ်ကတည်းကမပြောရဲမဆိုရဲ၊ ကြီးတော်ကို အင်မတန် ကြောက်ခဲ့ရသူဖြစ်တယ်။ ထိုချိန်ကတည်းက ဒေါ်လီ အရုပ်ကလေးဟာ သူ့အတွက် တွယ်တာရာ၊ သူ့ခံစားချက်တွေကိုထုတ်ဖော်ရာ ထွက်ပေါက်လေးတစ်ခု ဖြစ်လာတယ်။ လူကြီးတစ်ယောက်ရဲ့ဆိုဆုံးမမှု မှားယွင်းပုံကြောင့် ထိုစဉ်ကတည်း ကလေးငယ်တစ်ယောက်ဟာ စိတ်တွင်းအနာတရ ဖြစ်လာတတ်တယ်။
ခင်ကျော်လေး
ခင်ကျော်လေးတဲ့ မိဘတွေနာမည်နှစ်ခုစလုံးပါတဲ့နာမည်လေးပေါ့၊ သူ့အမေပေးထားတဲ့ သူသိပ်ကြိုက်တဲ့နာမည်လေးပေါ့။
ကြီးတော်ဆုံးပါးပြီးနောက်မှာ သူဟာ သူ့အမေကလာခေါ်ခဲ့တယ်။ သူ့အမေနှင့် နေရမယ်ဆိုတော့သူပျော်ခဲ့တာပေါ့။ သို့သော် သူသည် သူ့အမေရဲ့နောက်အိမ်ထောင်ရယ်၊ သူ့ရဲ့မအေတူဖအေကွဲ မောင်နှမတွေရှိသော ထိုအိမ်၌ ကျောင်းတက်ရင်း ကျဉ်းကျပ်စွာ လိုက်နေခဲ့ရတယ်။ အမေရဲ့ ချစ်မေတ္တာကိုတစ်ယောက်ထဲအပိုင်ရချင်သောသူဟာ မောင်နှမတွေအပေါ်မနာလိုဝန်တိုမှုတွေတိုးလာခဲ့တယ်။ ကျောင်းတွေပိတ်ချိန်မှာတော့ အဖေ့အိမ်မှာသွားနေခဲ့ရတယ်။ အဖေ့နောက်အိမ်ထောင်ရယ်၊ ကျန်းမာရေးမကောင်းသော ဖအေတူမအေကွဲမောင်နှင့် ထပ်၍နေထိုင်ခဲ့ရပြန်တယ်။ အဲဒီနောက်မှာ သူရဲ့စိတ်အတွင်း မှာလည်း အနာတရဖြစ်စရာတွေပိုများလာခဲ့ပြန်ပါတယ်။
ခင်ငြိမ်းအေး
“ခင်ငြိမ်းအေး” သူကိုယ်တိုင်ပြောင်းခဲ့တဲ့နာမည်လေးပေါ့။ သူ့ကိုကြီးခေါ်တာတော့ငြိမ်းတဲ့။
မူလတန်းပြဆရာမလေးငြိမ်း၊ သူချစ်ခင်နှစ်သက်ရသူ ကိုကြီးနှင့် လက်ထက်ခဲ့သောငြိမ်း။
ထိုနာမည် သုံးခုနှင့် မိန်းကလေးဟာ သူ့ဘဝဘယ်လိုနေထိုင်ခဲ့ရလဲ၊ ဘယ်လိုကြီးပြင်း လာခဲ့လဲ၊ သူ့ရဲ့အိမ်ထောင်ရေးကရော ဘယ်လိုဖြစ်မလဲ၊ သူမျှော်မှန်းထားသလို အေးချမ်း သာယာတဲ့ဘဝမျိုးရနိုင်မလားဆိုတာဖတ်ရှုရမှာဖြစ်ပါတယ်။ ပုံစံတစ်မျိုးကွဲထွက်နေတဲ့ စာအုပ်လေးမလို့ ဖတ်ကြည့်ကြဖို့အကြံပြုချင်ပါတယ်ရှင်။
ဒီစာအုပ်ကိုဖတ်နေရင်း တော်တော်ကိုမွန်းကြပ်ရပါတယ်၊ အရေးအသားက ကိုယ်တိုင် တွေ့ကြုံနေရသလို ဖတ်နေရင်းနဲ့ကို မွန်းကြပ်ပြီးစိတ်ညစ်သွားတယ်။ ဇာတ်လိုက် မိန်းကလေးကိုတော့ သနားဂရုဏာသက်ရပြန်ပါရော။ စိတ်အဆင်မပြေတဲ့အချိန်မှာ တော့မဖတ်သင့်ဘူးလို့ထင်ပါတယ်။
Rating _3.9/5 မကြိုက်တဲ့အချက်တော့ရှိပါတယ်။ ဇာတ်အရမ်းနာပါတယ်။ ကိုယ့်အမြင်အရ အဲလိုပုံစံမျိုးသိပ်မကြိုက်လို့ပါ။
အမှားပါရင်နားလည်ခွင့်လွှတ်ပေ
စာအုပ်အမည် – မေတ္တာမီးအိမ်
စာရေးသူ – ဆရာမ ကြည်အေး
"မေတ္တာမီးအိမ်" ဟာ ဆရာမ ကြည်အေး ရေးသားထားတဲ့ စိတ်ထိခိုက်စရာ၊ သံသရာသဘောအပြည့်အဝ ထင်ဟပ်စေတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ စာအုပ်အမည်အတိုင်းပင် မေတ္တာဆိုတဲ့အကြောင်းအရာကို အဓိကထားပြီး၊ ၅၂၈ မေတ္တာနဲ့ ၁၅၀၀ မေတ္တာဟုခေါ်ဆိုသော မေတ္တာနှစ်မျိုးကို ပေါင်းစပ်ကာ ဖော်ပြထားပါတယ်။
စာအုပ်ထဲမှာ မေတ္တာပေးနည်းမှန်ကန်ဖို့၏ အရေးပါမှုကို ထင်ဟပ်စွာဖော်ပြထားပြီး၊ “မေတ္တာပေးနည်းကို မှန်မှန်ကန်ကန် သိထားဖို့က အရေးကြီးတယ်” ဆိုတဲ့ သင်ခန်းစာဟာ စာဖတ်သူရဲ့စိတ်ထဲမှာ ကျန်နေစေမှာ သေချာပါတယ်။
ဇာတ်လမ်းအစမှာ မိဘတစ်ဦးကို မုန်းနေတဲ့ စိတ်ဒဏ်ရာနဲ့ ပြည့်နေတဲ့ မိန်းကလေးတစ်ဦး — အဖြူ ကိုမိတ်ဆက်ပေးချင်ပါတယ်။ သူမအဖေ ဦးကိုလေး နှင့် သူမရဲ့ချစ်သူ ဒေါက်တာလှဦး တို့က အဓိက ဇာတ်ကောင်များဖြစ်ပြီး၊ သူတို့သုံးဦးလုံးရဲ့ ဆက်နွယ်မှုတွေ၊ စိတ်ထဲက မေတ္တာနဲ့နာကျင်မှုတွေကို တဖြည်းဖြည်းဖော်ပြလာပါတယ်။
ဤဇာတ်လမ်းသည် လူမှုဘောင်ထဲက မိသားစုဆိုင်ရာ အမှားအယွင်းများ၊ မေတ္တာပေးနည်းအမှားများကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စိတ်ဒဏ်ရာများကို အနုစိတ်ဖော်ပြထားပြီး၊ မိဘများအနေနဲ့ မေတ္တာကိုဘယ်လိုပေးသင့်သလဲ၊ မိမိလုပ်ဆောင်မှုက သားသမီးစိတ်ဓာတ်အပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲဆိုတာကို ပြန်စဉ်းစားစေပါတယ်။
ဒီထဲမှာနောက်ထပ် သူစိမ်းကလည်း မိဘကောင်းဖြစ်လာနိုင်တာကို ဒေါက်တာလှဦးရဲ့ မွေးစား မိဘ တို့ကို သာဓက ဖြင့်ဖော်ပြထားတာကိုတွေ့ရပါလိမ့်မယ်။ကြည်နူးစရာ အချစ် ဇာတ်လမ်းလေးပါ ပါတာမို့ ဖတ်ရှုသင့်ပါတယ်။
(စာဖတ်သူအနေနဲ့စိတ်ဝေဒနာရှင်ကို အဖြူအဖြစ်မမြင်ဘဲ သူမရဲ့အဖေ ဦးကိုလေး ကိုသာရောဂါကျွမ်းနေသူ တစ်ယောက်အဖြစ်သာတွေ့မြင်ပါတယ်။)
စာဖတ်သူ အမြင်အရ မေတ္တာမီးအိမ် သည် မေတ္တာပေးနည်းအပေါ် ပြန်လည်စဉ်းစားစေဖို့၊ မိသားစုအတွင်းနားလည်မှုတိုးစေဖို့အတွက် အသင့်တော်ဆုံးစာအုပ်တစ်အုပ်ဖြစ်ပါတယ်။ စိတ်ညစ်နေတဲ့အချိန်ထက် စိတ်အေးချမ်းတဲ့အချိန်မှာဖတ်ဖို့ အထူးသင့်တော်ပါတယ်။ မိဘများ၊ လူငယ်များအတွက် တန်ဖိုးရှိတဲ့ သင်ခန်းစာများနဲ့ ပြည့်နှက်နေတဲ့ စာအုပ်လေးတစ်အုပ်ပါပဲ။