ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Women should be given more options for pain management at gynecological appointments, according to first-of-its-kind guidance set forth by the national organization that sets practice standards for physicians.
https://www.goodmorningamerica.....com/wellness/story/
Vice President JD Vance and Ukrainian President Volodymyr Zelenskyy greeted each other and shook hands prior to Pope Leo XIV's inaugural Mass on Sunday. https://abcnews.visitlink.me/Ab4BpG
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အီရန်နှင့်အင်အားကြီးလေးနိုင်ငံ နျူကလီးယားအရေး ဆွေးနွေး
အီရန်နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်အပြင် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့နှင့်တူရကီနိုင်ငံတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အီရန်တာဝန်ရှိသူများက မေ ၁၆ ရက်တွင် ပြောသည်။
အဆိုပါ အင်အားကြီးလေးနိုင်ငံမှ ထိပ်တန်းကိုယ်စားလှယ်အဖွဲ့များနှင့် အီရန်တာဝန်ရှိသူများသည် မြို့တော်အစ္စတန်ဘူလ်တွင် တွေ့ဆုံခဲ့ကြပြီး သံတမန်နည်းလမ်းကို အကောင်းဆုံးအသုံးချရန် စိတ်ပိုင်းဖြတ်ထားပြီးနောက်ထပ် ဆွေးနွေးမှုများပြုလုပ်ရန် သဘောတူခဲ့ကြသည်။
အီရန်အနေဖြင့် သဘောတူညီချက်များကို ချိုးဖောက်ပါက ကုလသမဂ္ဂအရေးယူပိတ်ဆို့မှုများ ပြန်လည်အသက်ဝင်စေမည့် ယန္တရားတစ်ခုကို စတင်နိုင်ဖွယ်ရှိကြောင်း ဂျာမနီ၊ ဗြိတိန်နှင့် ပြင်သစ်တို့က လွန်ခဲ့သည့် ဒီဇင်ဘာလတွင် ပြောသည်။
အီရန်၏ နျူကလီးယားအစီအစဉ်ကို တားဆီးရန် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် အီရန်တို့အကြား ၂ဝ၁၅ ခုနှစ်ကသဘောတူညီ ချက်ရရှိခဲ့သည်။ သို့သော် သမ္မတဒေါ်နယ်ထရန့်၏ ပထမသက်တမ်းတွင် အမေရိကန်သည် သဘောတူစာချုပ်မှ နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခဲ့သည်။
လက်ရှိတွင် အီရန်သည် အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းမှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲများ အပြုသဘောဆောင်သည်ဟု နှစ်ဖက်စလုံးက ထုတ်ဖော်ပြောဆိုထားသည်။ အီရန်က ယူရေနီယံသန့်စင်မှုများ တိုးမြှင့်လုပ်ဆောင်လာမှုအတွက် စိုးရိမ်ပူပန်ကြောင်း နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီက မကြာသေးမီတွင် သတိပေးထားသည်။
အင်န်အိတ်ချ်ကေ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ယူကရိန်းတိုက်ပွဲပြန် ဒုဗိုလ်ချုပ်ကြီးကို မြေပြင်တပ်အကြီးအကဲအဖြစ် ပူတင်ခန့်အပ်
ရုရှားသမ္မတပူတင်သည် သုံးနှစ်ကြာယူကရိန်းစစ်ပွဲ၏ အဓိကတိုက်ပွဲများ၌ ထင်ရှားခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးအင်ဒရီမော်ဗီချက်ဗ်ကို ရုရှားမြေပြင်တပ်များ၏အကြီးအကဲအဖြစ် ရွေးချယ်ခန့်အပ်ခဲ့ကြောင်း ရုရှားပြည်တွင်းမီဒီယာများက မေ ၁၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အင်ဒရီမော်ဗီချက်ဗ်သည် ၁၉၇၆ ခုနှစ်တွင် ထိုစဉ်ကာလ ဆိုဗီယက်ကာဇက်စတန်၌ မွေးဖွားခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် ရုရှားနိုင်ငံ၏ အမြင့်ဆုံးဘွဲ့တံဆိပ်ဖြစ်သော ရုရှားသူရဲကောင်း ဘွဲ့တံဆိပ်ကို ရရှိထားသူဖြစ်သည်။
ရုရှားသမ္မတပူတင်သည် မြေပြင်တပ်များအကြီးအကဲကြည်းတပ်ဗိုလ်ချုပ်ကြီး အိုလက်ဂ်ဆယ်ယူကော့ဗ်ကိုနေရာမှဖယ်ရှား၍ အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးအဖြစ် ပြောင်းလဲခန့်အပ်ပြီးနောက် အင်ဒရီမော်ဗီချက်ဗ်ကို ရုရှားမြေပြင်တပ်များ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ယခင်ကရုရှားစစ်ဘက်၏ အလယ်ပိုင်းစစ်ဒေသအကြီးအကဲ အဖြစ်တာဝန်ယူခဲ့သော မော်ဗီချက်ဗ်သည် အဇော့ဗ်စတယ်လ် သံမဏိစက်ရုံ တိုက်ပွဲအပါအဝင် ယူကရိန်းစစ်ပွဲ၏ အဓိကတိုက်ပွဲအချို့ကို ဦးဆောင်ခဲ့သူဖြစ်သည်။
အဇော့ဗ်စတယ်လ် သံမဏိစက်ရုံတိုက်ပွဲတွင် ရုရှားတပ်များသည် ယင်းသံမဏိစက်ရုံအား ရက်ပေါင်း ၈ဝ ခန့် ဝန်းရံပိတ်ဆို့၍ တိုက်ခိုက်ခဲ့ရသည်။
ယင်းအပြင်မော်ဗီချက်ဗ်သည် ယူကရိန်းနိုင်ငံ ဒွန်းနက်စ်ဒေသရှိအက်ဗ်ဒစ်ဗ်ကာအမည်ရှိမြို့ကို ရုရှားတပ်များ ပြန်လည်သိမ်းယူရာတွင် ဦးဆောင်ခဲ့သူဖြစ်ကြောင်း ရုရှားအစိုးရမီဒီယာများက သတင်းထုတ်ပြန်ထားသည်။
မော်ဗီချက်ဗ်သည် ဆီးရီးယားပြည်တွင်းစစ်ကာလအတွင်း ရုရှားနိုင်ငံက စစ်ရေးအရကြားဝင်ပေးခဲ့ချိန်တွင် ပါဝင်ခဲ့ဖူးသူလည်းဖြစ်ကြောင်း သိရသည်။
ရိုက်တာ
#ပြည်တွင်းသတင်း
◼ ယမန်နေ့ညလှုပ်ခတ်သည့်ငလျင်မှာလည်း အသိသာဆုံးနှင့်အချိန်ကြာမြင့်စွာလှုပ်ခတ်ခဲ့ဟုဆို
မန္တလေးမြို့၌ ယမန်နေ့(မေ ၁၇ ရက်) ညကလှုပ်ခတ်ခဲ့သည့်ငလျင်မှာ မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့်ငလျင်ပြီးလျှင် အသိသာဆုံးနှင့်အချိန်ကြာမြင့်စွာလှုပ်ခတ်ခဲ့သည့်ငလျင်ဖြစ်ကြောင်း မန္တလေးမြို့ရှိ ဒေသခံများကပြောသည်။
ယမန်နေ့ည ၁၀ နာရီ ၂၄ မိနစ် ၄၈ စက္ကန့်တွင်၊ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့၏ အနောက်တောင်ဘက် ၆ မိုင်ခန့်အကွာဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ ဒသမ ၂ အဆင့်ရှိငလျင် တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်သည်။
“ပြီးခဲ့တဲ့မတ်လ ၂၈ ရက်ကလှုပ်ခဲ့တဲ့ငလျင်ပြီးရင် အခုလှုပ်တဲ့ငလျင်ကအပြင်းဆုံးနဲ့ အကြာဆုံးငလျင် လို့ပြောလို့ရတယ်။ ငလျင်လှုပ်တာကို မန္တလေးတစ်မြို့လုံးသိရှိခံစားရတယ်။ ရှေ့နောက်ဒုတ်ကနဲ စောင့်လှုပ်ပြီး ၁၀ စက္ကန့်လောက်ရမ်းတာ” ဟု မန္တလေးမြို့မှဒေသခံတစ်ဦးကပြောသည်။
အဆိုပါငလျင်လှုပ်ခတ်မှုကို မန္တလေးမြို့အပါအဝင် တံတားဦး၊ မြို့သာ၊ မတ္တရာ၊ မိုးကုတ်၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ နွားထိုးကြီး၊ ဝမ်းတွင်း စသည့်မြို့များတွင်လည်း သိသိသာသာ ခံစားခဲ့ရကြောင်း သိရသည်။
“ကျွန်တော်တို့လည်းသိသိသာသာခံစားရတယ်။ တော်တော်လည်းပြင်းပါတယ်။ လှုပ်တာကြားလည်း ကြားတယ်။ လှုပ်တဲ့အချိန်ကလည်းအကုန်အိပ်ရာထဲလှဲနေချိန်ဆိုတော့ ပိုသိသာတာလေ။ တချို့ဆို ကြောက်လို့အပြင်ကိုထွက်ပြေးကြတယ်။ နောက်တော့လမ်းပေါ်မှာလူတွေပိုများလာတယ်" ဟု ကျောက်ဆည်မြို့မှဒေသခံတစ်ဦးကပြောသည်။
ထို့ပြင် စဉ့်ကိုင်မြို့မှဒေသခံတစ်ဦးကလည်း မတ်လ ၂၈ ရက်နေ့နောက်ပိုင်းမှစတင်ကာ ငလျင်မလှုပ် သည့်နေ့တစ်နေ့မှမရှိကြောင်း၊ အင်းအားအနည်းအများသာကွာခြားသည်ဟုဆိုသည်။
မတ် ၂၈ ရက်ကအင်အား ၇ ဒသမ ၇ အဆင့်ရှိအင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု အကြိမ်ရေ(၁၇၀) ကျော်ရှိကြောင်းမိုးဇလက ထုက်ပြန်ထားသည်။
သတင်း - ပိုင်လေး